တိုးတတ်​ခြင်း​၏ပြိုင်​ဖတ်​​ကောင်း

in #myanmar6 years ago (edited)

FB_IMG_1520427732753.jpg

တိုးတတ်​ခြင်း​၏ပြိုင်​ဖတ်​​ကောင်း

အလုပ်​​တစ်​ခု​ကို လုပ်​​တော့မယ်​ဆိုရင်
ကိုယ့်​ရဲ့စိတ်​ကို အရင်​ဆုံးပြင်​ဆင်​မှုထားရှိရမယ်
၁ ။ အချက်​ ကိုယ့်​ရဲ့စိတ်​ကို ​ခြ​င်္သေ့တစ်​​ကောင်း
ရဲ့ အားမာန်​​တွေလို အဆင်​မြဲဖြစ်​​အောင်​ ​မွေးမြူးထားရမယ်​ ။
၂ ။ အချက်​ ကိုယ့်​ရဲ့အလုပ်​ကို ယုံကြည်​မှုအပြည့်​နဲ့ 
ကျရှုံး​နေတဲ့ကြားက​နေ ​ရှေ့ဆက်​နိုင်​ရမယ်
ဆိုတဲ့ ခံယူချက်​ရှိမယ်​ ။
၃ ။ အချက်​ ပင်​ကူတစ်​​ကောင်း​လိုဖောက်​ထွင်းစား
သုံးနိုင်​မဲ့ ချည်​မျှင်​အိမ်​တစ်​လုံးလို အဆင်​မြဲ
ကိုယ့်​ရဲ့ဦး​နှောက်​ကို ကျင့်​သုံးတတ်​ရမယ်
၎ ။ အချက်​ တိုက်​ကြက်​တစ်​​ကောင်းလို
အနိုင်​မခံ အရှုံးမ​ပေးတတ်​တဲ့ စွဲစိတ်​ကို ထားရှိရမယ်​ ။
၅ ။ အချက်​ ​​မပျင်းမရိ​သော ပုရွတ်​ဆိတ်
တစ်​​ကောင်းလိုပဲ လုံလ ဝီရိယ​တော့ ရှိ​စေရမယ်​ ။
အလုပ်​တစ်​ခုကို စိတ်​ကူယဉ်​အိမ်​မက်​​တွေနဲ့​တော့
လုပ်​လို့မရနိုင်​ဘူး ကိုယ့်​လုပ်​မဲ့အလုပ်​တစ်​ခုကို
ကိုယ်​ကိုတိုင်​ လက်​​တွေ့ကျကျ လုပ်​နိုင်​​အောင်
ဖော်​ပြထားတဲ့ အချက်​ ၅ ချက်​နဲ့လဲ ကိုက်​ညီ​နေမယ်​ဆိုရင်
ကိုယ်​လုပ်​တဲ့ အလုပ်​တစ်​က သူများထက်​မ​မ​ကျော်​ရင်​​တောင်
နောက်​​တော့မကျ​ဘူး
ပွဲထိုးစမ်း အလုပ်​မျိုးဆိုရင်​​တော့ ​နောက်​ ဆိုတဲ့
စကားက ကိုယ့်​အတွက်​ဖြစ်​သွားရမယ်​ ဒီ​တော့
ရှေ့ နဲ့ ​နောက်​ ကို သင်​ဘယ်​အရာကို ​ရွေးမလဲ
ဆိုတာကို ကိုယ်​ရဲ့စိတ်​ကပဲ ​ရွေးချယ်​ရလိမ့်​မယ်
စကားကြီး စကားကျယ်​​တွေနဲ့ ​လေလုံးထွာ​နေမယ်
ဆိုရင်​ ကိုယ့်​ရဲ့အလုပ်​ကလဲ ​လေလုံး​လေလိုပဲ
ကွယ်​​ပျောက်​သွားတတ်​တယ်​ ကိုယ့်​လုပ်​မဲ့
အလုပ်​တစ်​ခုတွက်​ ​ကောင်းကျိုး ဆိုးကျိုးကို
ဒွန်​တွယ်​​နေခဲ့မယ်​ဆိုရင်​​တောင်​ ​ကောင်းကျိုးကို
အမှီပြုပြီး ဆိုးကျိုးကို တွန်းလှန်းတိုက်​ထုတ်​ပစ်
နိုင်​ရမယ်​ ဒါမှလဲ အလုပ်​တစ်​ခုရဲ့ အကျိုးသက်​​ရောက်​မှု့ကို
ပိုမိုမြင်​​တွေ့နိုင်​ပြီး အကျိုး​ကျေဇူး
တွေကို ခံစားခွင့်​ရှိလိမ့်​မယ်​ ဒီ​နေရာ ကိုယ့်​အတွက်
အ​ရေးပါလှတဲ့ ​ကျေးဇူး​တရား​တွေရှိ​နေတတ်​တယ်
အဲ့ဒီ​ကျေးဇူး​တွေကို ကိုယ့်​ဖက်​ကလဲ
အဆင်​မြဲ သတိရ​ပေးဖို့​တော့ လိုလိမ့်​မယ်
ဘယ်​အတွက်​​ကြောင့်​ဆို​​သော်​ အလုပ်​ဆိုတာ
တစ်​​ယောက်​ထဲ လုပ်​လို့ရတဲ့ အလုပ်​ရှိသလို
အများနဲ့လုပ်​ရတဲ့ အလုပ်​မျိုးလဲ ရှိ​နေ​တော့
ကိုယ့်​​လျှောက်​​နေတဲ့ လမ်းမှာ ညွန်းပြ ဆုံးမမှု့
တွေနဲ့ လမ်းပြ​ပေးတဲ့ သူ​တွေရှိ​နေတတ်​တယ်
တစ်​ချို့ အလုပ်​​တွေမှာလဲ ကိုယ့်​အလုပ်​ကို
ညွန်းပြဆုံးမမှု​တွေ မ​ပေးပဲနဲ့ အတိုက်​ခံ လုပ်​တတ်
ကြတယ်​ အလုပ်​တိုင်းမှာ အကျိုး​အ​ကြောင်း
ဆိုတာ ရှိကြစမြဲ​လေ သို့​သော်​ တရားမျှတ​သော
အလုပ်​တစ်​ခုဖြစ်​ဖို့အတွက်​ ကိုယ့်​ရဲ့စိတ်​ကို
ရှေ့တန်းမတင်​ပဲနဲ့ ကိုယ့်​ရဲ့ဦး​နှောက်​ကို ​ရှေ့တန်း
တင်​ထားနိုင်​ရမယ်​ ဘယ်​အတွက်​​ကြောင့်
ဆို​သော အလုပ်​တစ်​ခုတွက်​ အတိုက်​ခံရှိမှသာလျင်
ကိုယ့်​ရဲ့အလုပ်​က ​ပိုမို​အောင်​မြင်​နိုင်​တဲ့
အစွမ်းစ​တွေကို ထွက်​လာ​စေတယ်​ ။
အဲ့ဒီအတွက်​ ကိုယ့်​စိတ်​ကို ​ရှေ့မတင်​ပဲနဲ့
ကိုယ့်​ရဲ့ ဦး​နှောက်​ကို ​ရှေ့တင်​လိုက်​မယ်​ဆိုရင်
ကိုယ့်​ရဲ့အလုပ်​တွက်​ အမှားနည်း​စေမှာ​တော့
ဧကံမလွဲ​ပေါ့ ဒီ​တော့ ​ကိုယ့်​အ​ပေါ်ကို
ပြုဖူးထားတဲ့​ကျေးဇူး​တရား​တွေကို ကိုယ်​ကလဲ
ပြန်​ဆပ်​ရာ ​ရောက်​သလိုမျိုး ဖြစ်​ရာ​ရောက်​ပါတယ်
ပြိုင်​ဖက်​ရှိမှ သာလျင်​ ပိုပြီးတိုးတတ်​မှု့ရှိမယ်
ပြိုင်​ဖက်​မရှိရင်​ တိုးတတ်​မှု့ဆိုတာ ​နှောက်​​နှေးတယ်
ဒီ​တော့ ကိုယ့်​ရဲ့အလုပ်​မှာ ပြိုင်​ဖက်​​ကောင်း​ကောင်းဆိုတာ
ရှိတတ်​စမြဲပဲ အဲ့ဒီအတွက်
စိတ်​ဓာတ်​ကို မြင့်​တင်​ရမယ်​ မ​တော်​​လောဘ​နဲ့
မ​တော်​မတရားမလုပ်​မိဖို့ပဲ အ​ရေးကြီးတယ်
ဘာဖြစ်​လို့လဲဆိုရင်​ ​မ​တော်​​လောဘနဲ့
မ​တော်​မတရားလုပ်​လို့ အနိုင်​ရသွားတယ်​ပဲထား
ကိုယ့်​ရဲ့အပြုမှု​တွေ​ကြောင့်​ ကိုယ်​က ကျရှုံးသူပဲ
လှေကားကို တစ်​လှမ်းခြင်းလျှောက်​ပြီး အမြင့်​ကို
ရောက်​တာနဲ့ ​ရောက်​ချင်​​ဇောစိတ်​နဲ့ ​လှေကားကို
ခုန်​တက်​တဲ့ အမြင့်​ခြင်းက သက်​​ရောက်​မှု
ကွဲပြားတယ်​ တစ်​လှမ်းခြင်း လှမ်းပြီးတက်​လာတဲ့
ခြေလှမ်းက ​မောပမ်းမှု့မရှိသလို ​လှေကားရဲ့
ယိမ်းနွဲ့ခြင်းကိုလဲ မခံရနိုင်​ဘူး အမြင့်​ကို
ရောက်​ချင်​​ဇောစိတ်​နဲ့ ခုန်​တက်​လာတဲ့ ​ခြေလှမ်း
က​တော့ ​မောပမ်းမှုနဲ့ ​လှေကားရဲ့ ယိမ်းနွဲ့ခြင်းကိုလဲ
ခံရနိုင်​လို့ပဲ ဒီ​တော့ အလုပ်​တစ်​ခုအတွက်
လိုအပ်​​နေတဲ့ ​နေရာ​လေး​တွေမှာ ကိုယ့်​ရဲ့စိတ်​ကို
ပြင်​ဆင်​ပြီး တက်​လှမ်းသွားမယ်​ဆိုရင်
တစ်​​နေ့တစ်​လံ ပုဂံဘယ်​​ပြေးမလဲ ဆိုတဲ့
စကားပုံအတိုင်း ​ကိုယ့်​ရဲ့​ခြေ​လှမ်း​တွေ
ရောက်​သွား​စေမှာ အမှန်​ပဲ.......။
@arkarsoe
photo.google

Sort:  

ရေးတက်လိုက်တာဗျာ တော်တော်ကောင်းပါတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64303.16
ETH 3137.29
USDT 1.00
SBD 3.97