တန်​ဖိုးဆိုတာ အရာရာတိုင်းမှာ ရှိတယ်

in #myanmar7 years ago (edited)

image

  • တန်​ဖိုးဆိုတာ ​အရာရာတိုင်းမှာ ရှိ​တယ်​ *

ဘဝမှာ ..မရှိမဖြစ်​ ကိုင်​စွဲရမဲ့ ​တန်​ဖိုးဆိုတာရှိတယ်
လူတိုင်း လူတိုင်း ၊​နေ့စဉ်​နဲ့အမျှ
ရှာ​ဖွေ​နေကျတာက ဘာများဖြစ်​​နေကြမလဲ...
ဒါမှဟုတ်​ ဘာ​တွေကိုရှာ​ဖွေ​နေကြမလဲဆိုတာကို
ကိုယ်​တစ်​​ယောက်​ကလွဲပြီး ဘယ်​သူကမှမသိနိုင်​ပါ
သို့​သော်​လဲ ကိုယ်​တစ်​​ယောက်ရှာ​ဖွေခြင်း​တွေက
နည်းလမ်းကျကျရှိဖို့​တော့လိုလိမ့်​မယ်​ ။
နည်းမရှိရင်​ လမ်းမရှိသလို လမ်းရှိရင်​လဲ
နည်းဆိုတာ ဘယ်​​တော့မှ ​ရှိလာနိုင်​မည်​မဟုတ်​ပါ။
ဒီ​တော့ ကိုယ်​ရှာ​ဖွေ​စု​ဆောင်းထားတဲ့အရာ​တွေကို
အတတ်​နိုင်​ဆုံး တန်​ဖိုးထားတတ်​​အောင်
ပြုပြင်​​ပေးရမယ်​ လူတိုင်း လူတိုင်း ၊​ခေါ်​ဝေါ်​ပြောဆို​နေကျတဲ့
တန်​ဖိုးဆိုတဲ့ သတ်​မှတ်​​ချက်​တွေကို​ ယုံကြည်​ရာအစွဲ​တွေ နဲ့
့ ရှေ့တန်းမတင်​မိ​အောင်​လို့ ကိုယ့်​ရဲ့စိတ်​ကို အတတ်​နိုင်​ဆုံး
ပြင်​ဆင်ထားနိုင်​ရမယ်​ ..။ ဘယ်​​အတွက်​​ကြောင့်​မို့
ပြင်​ဆင်​ခိုင်းရတာလဲလို့ တစ်​​ယောက်​တစ်​မျိုး
အ​တွေးအမျိုးမျိုး​တွေနဲ့ ၊​တွေး​နေကျမှာပဲ
ဟုတ်​ပါတယ်​ ..လူတိုင်း​တွေးထားသလိုမျိုးပါပဲ
ဘယ်​အတွက်​​ကြောင့်​ဆို​သော လူတိုင်းဟာ
စိတ်​ခြင်းမတူညီနိုင်​တဲ့အတွက်​ ရှာ​ဖွေစု​ဆောင်း
၊​နေခြင်းကလဲ မတူညီနိုင်​လို့ပါပဲ တန်​ဖိုးဆိုတဲ့
အရာတစ်​ခုကို တစ်​ချို့ချို့​​သော​ နေရာ​တွေမှာ
အကျိုးရှိ​အောင်​ အသုံးပြုတတ်​သလို တစ်​ချို့တစ်​ချို့​သော
၊​နေရာ​တွေမှာလဲ တန်​ဖိုးဆိုတာ အသုံးမဝင်​နိုင်​ဘူး..
ကိုယ်​ရှာ​ဖွေစု​ဆောင်း​ထားတဲ့ တန်​ဖိုး​တွေကို
မေ့​နေခဲ့မယ်​ဆိုရင်​ ၊​အောင်​မြင်​ခြင်းဆိုတာကို မရနိုင်​။
ချမ်းသာခြင်းကိုမကြုံနိုင်​ ။ ပြဿ နာအခက်​​တွေနဲ့ ကြုံ​တွေ့ရတတ်​တယ်​။
ဒီ​တော့ အမြဲတ​စေမထားမိတဲ့ တန်​ဖိုးဆိုတဲ့အရာတစ်​ခု​ကြောင့်
စို​ပြေခြင်း​တွေကင်း​ဝေးသွားတတ်​သလို လှပခြင်း​တွေ
ကွယ်​​ပျောက်​သွားတတ်​တယ်​ ။

image

ဘဝမှာ ပိတ်​ထားမိတဲ့ တန်ဖိုးတစ်​ခုကို
ပြန်​ဖွင့်​တတ်​ဖို့အတွက်​ ကိုယ်​ကိုတိုင်​ပြန်​ရှာတတ်​ရမယ်​ ။
တစ်​ခု​တော့ရှိတယ်​ တန်​ဖိုးတစ်​ကို
ရှာ​ဖွေ​တော့မယ်​ဆိုရင်​ ​ကိန်းဂဏန်းမဖြစ်​​သေးတဲ့
သုံညတစ်​​လုံးကို တန်​ဖိုးမရှိပါဘူးကွာဆိုပြီး
ဥ​ပေက္ခာ မပြုမိ​အောင်​ ​သတိရှိရလိမ့်​မယ်
ဘယ်​အတွက်​​ကြောင့်​ဆို​သော်​ တစ်​ က​နေ ကိုး ထိ
၊​ရှေ့မှာ စီ​နေတဲ့ ကိန်းဂဏန်း​တွေရဲ့ ၊​နောက်​ကွယ်​မှာ
တန်​ဖိုးရှိ​အောင်​လို့ လိုက်​ပြီးဖြည့်​​စီ​ပေး​နေရတဲ့
သုံညတစ်​​လုံး​ကြောင့်​၊ ကိန်းဂဏန်း​တွေအဖြစ်
၊​ပြောင်းလဲ​ပေးသွားတဲ့ တန်​ဖိုး​တွေကို
မြင်​​အောင်​ကြည့်​တတ်​ဖို့ကို နမှုနာတစ်​ခု သွင်
ဖြစ်​​စေချင်​တယ်​..။ ဘယ်​အရာမဆို ခန့်​မှန်းထားလို့မရတဲ့
အရာ​တွေမှာ ၊ တန်​ဖိုးဆိုတာ သူ​နေရာနဲ့သူ ရှိ​နေပြီးသားပါ
အဲ့ဒီ​တော့ ​ဘယ်​အရာကိုမဆို
၊​သေး​သေး ကြီးကြီးပဲဖြစ်ဖြစ် ​​အ​လေးအနက်​နဲ့ထားရလိမ့်​မယ်
ဒါမှလဲ တန်​ဖိုးတစ်​ခုကိုဖွင့်​ဆိုဖို့အတွက်​ နည်းလမ်း​ကောင်း​​သော့ချက်​​တွေ
ရှာ​ဖွေစု​ဆောင်​လို့ရနိုင်​မယ်​​ ။ ကိုယ်​ပိတ်​ထားမိတဲ့
တန်​ဖိုးတစ်​ခုကို ပြန်​ပြီး အစားထိုးနိုင်​ဖို့ဆိုတာ
နည်းနည်း​တော့ ခက်​ခဲလိမ့်​မယ်​ သို့​သော်
အရင်​က ၊​လျှောက်​လှမ်းခဲ့တဲ့ လမ်း​တွေမှာ​ရော
၊​ချော​ချော​မွေ့​မွေ့နဲ့ ၊​လျှောက်​လှမ်းခဲ့ဖူးသလားလို့
ပြန်​​တွေးကြည့်​ရမယ်​ ဒါမှလဲ တန်​ဖိုးဆိုတာ
၊​နေရာတိုင်းမှာ ရှိ​နေပါပဲလားဆိုတာကို သိမြင်
ခံစားလာရမယ်​ ဒါဟာ ပိတ်​ထားမိတဲ့ တန်​ဖိုးကို
ရှာ​ဖွေဖို့အတွက်​ လမ်းစတစ်​ခုပါပဲ ။

image

တစ်​ချို့က​တော့ ပစ္စည်းဥစ္စာ​တွေကို တန်​ဖိုးလို့
၊​​ခေါ​ဝေါ်ကြတယ်​ တစ်​ချို့ကြပြန်​​တော့လဲ
ဂုဏ်​ပကာသန​တွေနဲ့ ကြွယ်​ဝချမ်းသာ​နေတာကို
တန်​ဖိုးတစ်​ခုလို့ ထင်​မြင်​ကြမယ်​ အ​တွေးအမျိုးမျိုးနဲ့
တန်​ဖိုးအမျိုး​မျိုးတွေနဲ့ ရပ်​တည်​​နေကြသလို
ယုံကြည်​ရာ​တွေကို စွဲသုံး​နေတတ်​ကြတယ်
မတူညီတဲ့ ခံစားချက်​တစ်​ချို့ကို အမှားပဲလို့
မြင်​တတ်​ကြသလို မတူညီတဲ့ ခံစားချက်​တစ်​ချို့
ကိုလဲ အမှန်​ပဲလို့ မြင်​တတ်​ကြတယ်​ ။
ပိတ်​ထားမိတဲ့ တန်​ဖိုးတစ်​ခုကို ဖွင့်​​တော့မယ်
ဆိုရင်​ တန်​ဖိုးတစ်​ခုကို​ပြောင်းလွှဲ​ပေးနိုင်​တဲ့
သ​င်္ကေတတစ်​ခုက အမှားနဲ့အမှန်​ပဲ
အဲ့ဒီအမှားအမှန်​ကို ပြုပြင်​​ပေးနိုင်​ခဲ့မယ်​ဆိုရင်
တန်​ဖို့တစ်​ခုတွက်​ အ​ထောက်​ကူတစ်​ခု​တော့
ဖြစ်​သွားနိုင်​ပါတယ်​ ။ ဒီ​တော့ တန်​ဖိုးမရှိဘူးဆိုတဲ့
အရာအားလုံးကို ၊​သေတ္တာတစ်​လုံးထဲမှာ ထည့်​ပြီး
သိမ်းထားကြည့်​ပါ တစ်​ချိန်​ချိန်​မှာ
တန်​ဖိုးရှိဖို့အတွက်​ အဲ့ဒီ​သေတ္တာ​လေးကို ပြန်​ပြီး
ဖွင့်​ကြည့်​ရတတ်​တယ်​ ဘာဖြစ်​လို့လဲ ဆို​တော့
တန်​ဖိုးမရှိပါဘူးဆိုတဲ့ အရာအားလုံးက
သူအလိုလို ဖြစ်​လာခဲ့ခြင်း မဟုတ်​တဲ့အတွက်
၊​ကြောင့်​ပါပဲ ကိုယ့်​စိတ်​က တန်​ဖိုးမရှိပါဘူးဆိုပြီး
သိမ်းထားမိတဲ့ ၊​သေတ္တာတစ်​လုံးထဲမှာ
လုံလထကြွမှု​တွေနဲ့ မိတ်​​ကောင်း​​ဆွေး​ကောင်းတို့က
၊​ပေးကမ်းထားတဲ့ အင်းအား​တွေ ။ ကိုယ်​ပိုင်​ရှာ​ဖွေ
ထားတဲ့ အကြံဥာဏ်​​တွေ ​။ ကောင်းမွန်​​သော
ကိုယ်​ကျင့်​တရား​တွေနဲ့ ရှာ​ဖွေတတ်​​သော
အသိ အလိမ္မာ​တွေ ။ ယုံကြည်​ခြင်း​တွေ ။
ခိုင်​မာမှု​တွေ ။ စိတ်​၏​စေညွန်းရာ အဖုံဖုံတို့ကို
၊​ပေါင်းစပ်​ထားတဲ့ ဗဟု သုတများစွာတို့ဟာ
သိမ်းထားမိတဲ့ ၊​သေတ္တာထဲမှာ ​ရှိ​​ကောင်း​​ရှိ​နေနိုင်​လို့ပါပဲ။
ဒီ​တော့ ပိတ်​ထားမိတဲ့ တန်​ဖိုးကို နားလည်းလာတဲ့အခါ သိမ်းထားတဲ့
၊​သေတ္တာတစ်​လုံးရဲ့တန်​ဖိုးကို သိလာလိမ့်​မယ်​ ဒါ​ပေသိ
ပိတ်​ထားမိတဲ့တန်​ဖိုးတစ်​ခုကို ပြန်​ပြီး အသုံးဝင်​လာ​စေတဲ့
အရာအားလုံးဟာ နဂိုက တန်​ဖိုးမရှိပါဘူးဆိုတဲ့
အရာအားလုံးကို စွန့်​လွှင့်​ပစ်​ခဲ့မယ်​ဆိုရင်
ကိုလိုချင်​တဲ့ တန်​ဖိုး​တွေကို လက်​လွတ်​ရူံးဆုံးရတာနဲ့
အတူတူပါပဲလားဆိုတာကို ​တစ်​​နေ့ တန်​ဖိုးကိုသိလာတဲ့အခါ
ကြုံ​တွေ့လာနိုင်​တဲ့ အသိအမြင်​​လေး​တွေကို 
၊​တွေး​တောမိခဲ့ခြင်းဖြစ်​ပါတယ်​...။
@arkarsoe
photo.google

Sort:  

ကောင်းတယ်ဖတ်လို့

ဟုတ်​ကဲ့ပါအစ်​ကို​ရေး အား​ပေးမှုအတွက်​​ကျေဇူးပါဗျို

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60244.17
ETH 2333.72
USDT 1.00
SBD 2.47