အ​ဝေ​ရောက်​ ၊​မေ. သို့

in #myanmar7 years ago

IMG_20180121_115837.jpg

(အ​ဝေး​ရောက်​​ ၊​မေ သို့ )


၊​မြောက်​ပြန်​​လေတို့
အ​သော့နှင်​ခရီးဆက်​လာတဲ့အခါ
သတိရခြင်း​အ​ငွေ့အသက်​​တွေက
ရင်​ထဲကိုရိုက်​ခတ်​လာခဲ့တယ်​။

ချစ်​ခြင်းဖွဲ့သံစင်​တွေ​ကို​တေးသီဖို့အတွက်
ရင်​ခွင်​ဦး အကြင်​နာမျက်​၀န်း​တွေကို
၊​မျှော်​လင့်​​စွာ​စောင့်​စား​နေမိတယ်​​မေ။

အမှတ်​တရ​တွေကို​မေ့ပြစ်​နိုင်​ဖို့တွက်
သတိရခြင်း​တွေကို လျစ်​လျူရှုထား​သော်​လဲ
ခံစားလွယ်​တဲ့နှလုံးသားဟာ
ထင်​သ​လောက်​မရင့်​ကျက်​နိုင်​​သေးဘူး​မေ။

သံ​ယောဇဉ်​ ၊​နှောင်​ကြိုးမျှင်​​အိမ်​က
လွတ်​​မြောက်​နိုင်​​ရုန်းထွက်​​နေ​​သောလဲ
တိုက်​ဆိုင်​မူ့​တွေ ရှိလာတဲ့အခါ
၊​မေ့ကို သတိရမိတယ်​​လေ ။

IMG_20180121_120117.jpg

၊​မျှော်​လင့်​ချက်​များစွာနဲ့
လွမ်းတစ်​ညရဲ့ ကြည်​စိုးခြင်း​တွေက
ချစ်​ခြင်းရဲ့သ​ဘောတရားကို
နာကျင်​ခြင်းေ​တွ ၊​ရောပြွန်း​နေတဲ့
၊​ကော်​ဖီတစ်​ခွက်​လို ခါးသက်​လွန်းပါတယ်​ ။

၊​ဝေးရ​တော့မယ်​ဆိုတဲ့အသိ​နဲ့
ပြိုကျ​လာတဲ့ မျက်​ရည်​တံတိုင်​​တွေက
ဒူး​ထာက်​စွာဦးညွှတ်​မိတဲ့မာနတရား​တွေကို
စာနာခြင်း အကြည့်​တချက်​နဲ့
လည်​ပြန်​ကာလှည့်​ကြည့်​ပါဦးလို့
၊​တောင်းဆိုမိ​နေတယ်​​​မေ ။
ဟိုးအ​ဝေး..မိုးကုတ်​စက်​၀ိုင်း​အောက်​မှာ
ကြင်​နာခြင်းအလွမ်းမီးအိမ်​​တွေ
လင်းလက်​​နေသူရဲ့ ချစ်​ခြင်း​တွေဟာ
၊​မေ့အတွက်​ လမ်းပြ​နေဆဲ​မေ ။

နှလုံးသားမှာ
ချစ်​ခြင်း တံတိုင်း​တွေခတ်​လို့
သမုဒယ​များစွာချည်​​နှောင်​ထားတဲ့
သံ​ယောဇဉ်​ လမ်းက​လေးမှာ
လှပတဲ့​ ရောင်​စုံပန်းခင်း​လေး​​တွေကို
၊​မေ့အတွက်​ ယ​နေ့ထက်​တိုင်
စိုက်​ပျိုးထားပါတယ်​ဆိုတာကို
အ​ဝေး​​ရောက်​​မေ သိပါ​စေ​လေ....။
@arkarsoe

Sort:  

Wow what language is this? I've never seen this writing before!

this is myanmar pome
Love me rose betrufule girl

ဖတ်လို့ကောင်းတယ်

ဟုတ်​ကဲ့ပါအား​ပေးမူ့အတွက်​​ကျေဇူး

This post has received a 1.83 % upvote from @boomerang thanks to: @arkarsoe

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 59592.00
ETH 2545.54
USDT 1.00
SBD 2.54