MSC Group 4 မှစကားသံများ

in #myanmar7 years ago

ခေါင်းစဉ်မြင်ပြီး တစ်ချို့ နားမလည်မှာစိုးရသေးတယ်...။ အဲ့ဒါကြောင့်မို့ MSC ဆိုတဲ့ စကားလုံးလေးကို အရင်မိတ်ဆက်ပေးချင်ပါတယ်..။MSC ဆိုတာ Myanmar Steemit Community ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်လေးပါ..။ Leader အကိုဟင်နရီအောင် ခေါင်းဆောင်ပြီး မြန်မာလူငယ်စာရေးဝါသနာပါသူ များကို Steemit ပေါ်မှာ အကူအညီပေးပြီး စည်းစည်းလုံးလုံး ကြိုးစားကြရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းငယ်လေးတစ်ခုဖြစ်ပါတယ်..။ ဒါက MSC ဆိုတာကြီးကိုမိတ်ဆက်ပေးတာပါ..။Post ဖတ်ပြီး MSC Group 4 တဲ့ ဟ ဆိုပြီး ဘာကြီးလဲ မသိမှာစိုးလို့..။ မြန်မာမှာ Steemit ကို ၀င်ရောက်လုပ်ကိုင်သူ လူငယ်များကိုလည်း Myanmar Steemit Community မှ ဖိတ်ခေါ်ပါတယ်..။ MSC မှာ ချမှတ်ထားတဲ့ စည်းမျဉ်းအချို့တော့ရှိပါတယ်..။ သေချာလေ့လာ ပြီး စိတ်ပါဝင်စားရင်လည်း ကြွလှမ်းခဲ့ကြဖို့ MSC မိသားစု ကိုယ်စားလည်းဖိတ်ခေါ်ပါတယ်ဗျာ..။ အဲ လေကြောရှည်နေတာ MSC နောက်က Group 4 ဆိုတာလေးလည်း နည်းနည်းရှင်းပြဦးမယ်ဗျာ..။

အခုနပြောသလို MSC က Steemit မှာ ၀င်ရောက်လုပ်ကိုင်နေသူ မြန်မာလူငယ်များကို ကူညီနေပါတယ် အဖွဲ့အစည်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လည်း MSC အဖွဲ့သားတွေ စိတ်အားတက်ကြွစွာ ရည်မှန်းချက်ပန်းတိုင်ကိုသွားနေကြဆဲပါပဲ..။ ဟုတ်ပြီ ဘယ်လိုကူညီနေတာလဲ ဆိုတော့ Leader အကိုဟင်နရီအောင်ဦးဆောင်ပြီး နိုင်ငံတကာမှ အကူအညီများရယူကာ မြန်မာနိုင်ငံမှ Steemit တွင်ဝင်ရောက်လုပ်ကိုင်သူ မြန်မာလူငယ်များအတွက် Voting များရရှိရန် Promotion ဆိုသော အစီအစဉ်ဖြင့်လုပ်ကိုင်ရာတွင် ယခုအခါ မြန်မာတွင်လုပ်ကိုင်သူ ရာဂဏန်းမျှရှိလာပြီဖြစ်သဖြင့် အုပ်စုငယ်လေးများ ထပ်မံခွဲကာ အလှည့်ကျစီ Promotion Posts များတင်ကာ Voting များရရှိစေရေး ကြိုးပမ်းနေကြပါသည်။ Voting ရရှိစေရေး အတွက် Promotion Post များကို ရွေးချယ်ရာတွင် သတ်မှတ်ထားသော စည်းကမ်းဘောင်အတွင်းမှ အရည်အချင်းရှိသူစာရေးသူများအား ရွေးချယ်ကာ စည်းကမ်းနှင့် ဖီလာဆန့်ကျင်ဖြစ်နေသော Post များကိုလည်း ဖယ်ထုတ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စာအရေးအသားကို တိုးတက်လာစေကာ ယခုဆိုလျှင် မြန်မာ့အရေးအသားများဟာ Tag ပေါင်း ထိပ်တန်း ၅၀ စာရင်းဝင်နေပြီပဲဖြစ်ပါတယ်..။ ထိုသို့ အုပ်စုငယ်လေးတွေခွဲထားတာ MSC မှာ ယခုထက်တိုင် အုပ်စုငယ် ၄ခုရှိနေပြီဖြစ်ပါတယ်..။ Group 1, Group 2, Group 3, Group 4 ဆိုပြီးတော့ပေါ့...။ ထို့ကြောင့် MSC Group 4 ဆိုတာ ဒီလောက်ဆို နားလည်မယ် မျော်လင့်ပါတယ်ဗျ..။ MSC ရဲ့ သမိုင်းကြောင်းကိုတော့ နောက်ကျ ရေးပါဦးမယ်...။ ကြိုးစားရုန်းကန်ခဲ့ရတာတွေ MSC မှာ အခက်အခဲများစွာကျော်လွှားခဲ့တာတွေ... ကျွန်တော်တော့မပါခဲ့ပါဘူး ဆရာ့ ဆရာတွေ အကြောင်းပါ..။

ကဲ ဒီတော့ အခုရေးမှာက MSC Group 4 မှ စကားသံများဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးမှာပါ..။ ရေးဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော်တို့ Group တစ်ခုချင်းစီတိုင်းမှာ Group အတွင်းမှ Member များ၏ အခက်အခဲများနှင့် စီစစ်မှုများပြုလုပ်ရန် Sub Leader အတိုခေါ် SL များကို ထပ်မံတာဝန်ပေးထားခြင်းရှိပါသေးသည်...။ အဲ ကျွန်တော်တို့ Group 4 ရဲ့ Sub Leader ကတော့ ကိုတင်ထွန်းနိုင်ဖြစ်ပါတယ်..။ သူ့ Steemit အကောင့်ကတော့ @htetwaihin ဗျ...။ ယခုလည်း Group 4 အတွင်း Member များယခုအပတ် Promotion Posts တင်ရာတွင် ခေါင်းစဉ်များ တူညီပြီး Member များလည်း ချစ်ခင်ရင်းနှီးမှု ရရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့ Group 4 အတွက် ဖွဲ့စည်းထားသော Facebook Messenger Chat Group 4 ထဲမှ ပြောကြဆိုကြသည်များကို "MSC Group 4 မှစကားသံများ" ဟူသော ခေါင်းစဉ်ဖြင့် အဖွဲ့သားတို့ ကိုယ်ပိုင်ဟန် ဖြင့်ရေးသားရန် ညွှန်ကြားထားသောကြောင့် ကျွန်ုပ်မအားမလပ်သော်ငြားလည်း ကွန်ပျူတာကြီးဖွင့်ကာ ယခု စာရိုက်နေရခြင်းဖြစ်ပေသည်။ မှန်မှန်ဆို ကျွန်တော်က အခုအကြောင်းအရာနဲ့ ပတ်သတ်ပြီး မရေးတက်ဘူးဗျ.. ဘာရေးရမှန်းလည်းမသိဘူး SL ကြီး ကိုတင်ထွန်းနိုင်ကို မရေးတက်ဘူးလို့ သွားပြောတော့လည်း ကျွန်တော့ကို ကြိမ်းမောင်းခံရတယ်.. အချိုစကားလေးတွေနဲ့ပါ ကြိမ်းမောင်းတယ်ဆိုတာက တော်ကြာ SL ကြီး ကိုတင်ထွန်းနိုင်ကို အပေါက်ဆိုးတယ် ထင်သွားမှာစိုးလို့ ပြန်ဖာရသေးတယ်.. သူက မရေးရေးအောင် တိုက်တွန်းလိုက်လို့ ရေးနေရပါတယ်..လို့ အရင်ဆုံး ပြောပါရစေ SL ရေ.....။

သူရေးခိုင်းတာတော့ ခေါင်းစဉ်က သိပြီးတဲ့အတိုင်း Group 4 မှစကားသံများတဲ့ဗျ...။ အဲ့လိုပြောရင် လိမ်ရာများရောက်နေမလားမသိဘူး...။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Chat Group မှာ စကားတွေထိုင်ပြောနေကြတာမှ မဟုတ်တာနော့အေ G4ကလူတွေ..။ Chat တယ်ဆိုတဲ့အတိုင်း ထိုင် Chat နေတာလေ စာရေးပြီးတော့..။ နောက်ပြီး စကားသံများလို့ ပြောရအောင်လည်း Group 4 ထဲမှာ ရောက်နေတာကြာပြီ အခုချိန်ထိ တစ်ခုမှ Voice Message လည်းမမြင်ဖူးခဲ့ပါဘူး..။ ပြောကြဆိုကြတာကလည်း မရှက်တမ်းပြောရရင် ဗရုတ်နဲ့ သုတ်ခ ဟာသဥာဏ်များ ယှဉ်ပြိုင်နေရသလားမှတ်တယ်..။ Steemit အကြောင်းကတော့ အလျင်းသင့်သလို အစည်းအဝေးလုပ်တဲ့ အခါမှာတော့ပြောကြတာပေါ့ဗျာ..။ ကျန်တဲ့အချိန်တွေကတော့ များသောအားဖြင့် အခုနပြောသလိုပဲ ဗရုတ်ရယ် သုတ်ခရယ်ကို လင်မယား မဖြစ်ဖြစ်အောင် ပေါင်းပေးထားပြီး ဘဘာဝကို ဟာသတွေဖြစ်အောင်ရေးပြီးတစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြ စကြနဲ့ အပြန်အလှန်ရေးနေကြတာပါဗျာ..။ စလို့ နောက်လို့ စိတ်ဆိုးရင် အပြန်အလှန် ခွက်စောင်းခုတ်နေကြပြန်ရောရယ် ..။ ဒါကြောင့်ပြောတာ ဟို SL ဆိုတဲ့ လူကြီးနှယ် ရေးခိုင်းမယ်ဆိုရင်လည်း ခေါင်းစဉ်ပေးရင် "MSC Group 4 မှ ဗရုတ်သုတ်ခ ဟာသစာသားများ" လို့ ပေးရမှာ.. အဲ့ SL ဆိုတဲ့ ကိုတင်ထွန်းနိုင်ဆိုတာ ဦးနှောက်ပျက်နေပုံရတယ်.. စကားသံတစ်ခုမှ မပါဘူးရယ်ဗျ...။ ပြောသာပြောရတာ အဲ့လူကြီးက စိတ်ရင်းတော့ကောင်းသလောက် သဘောဆိုးတယ်ဗျ..။ သူကသာရေးခိုင်းတာ သူက လိုက်ဖတ်တာလည်းမဟုတ်ဘူးရယ်..ငပျင်းလေ SL တာဝန်သာယူထားတာ ဖတ်ချင်မှဖတ်တာ အခုလည်း လိုက်မဖတ်မှန်းသိလို့ သူ့အကြောင်း နည်းနည်းစောင်းနေတာဗျ ..။

တကယ်တော့ စတာပါ SL ကြီးကိုက...တကယ်တော့ အဲ့လူကြီးက စိတ်အားထက်သန်စွာကြိုးစားသူပေါ့... မတော်တဆ လာဖတ်နေရင် သူလည်းဖြေသိမ့်လို့ရအောင်လို့ နည်းနည်းဖြည့်ဖာရသေးတာ...ကျွန်တော်တို့ Group လေးက အဲ့လိုပဲဗျ.. စလိုက်နောက်လိုက်နဲ့ ပြီးရင် ပြန်ချော့ရသေးတာ တစ်လုပ်ရယ်...။ ကဲ အခုတော့ သူပေးထားတဲ့ ခေါင်းစဉ် အတိုင်းလျာမရှည်တော့ပဲ MSC Group 4 မှ စကားသံများဆိုပြီးတော့ပဲTitle လေးပြေးရေးထားလိုက်ဦးမယ် ခဏနေပြန်လာမယ်..။ ခဏနော် ခဏ ခဏ...

--------xxxxx--------xxxxx---------xxxxx-------xxxxx------

အဲ အဲ Title လေး ဟိုဦးနှောက်မရှိတဲ့ Sub Leader ကြီးပြောသလိုပဲ ရေးခဲ့ပြီ....။ ပြောလက်စနဲ့ အဲ့ လူအကြောင်းလေးဆက်ပြောမယ်ဗျာ.. ရေးခိုင်းတာတော့ စကားသံများတဲ့ စကားသံဆိုတာ G4 က ပြောကြဆိုကြတဲ့ စာသားလေးတွေကို ရည်ညွှန်းတယ်ထင်ပါရဲ့..။ စာသားလေးတွေမပြောခင် Groupထဲမှာ ပေါ်ပြူလာဖြစ်တဲ့ လူတွေနဲ့ သူတို့ရဲ့ စရိုက်အချို့ကို အရင်မိတ်ဆက်ပေးဦးမယ်... တစ်ထိုင်တည်းတော့ စာတွေရေးနိုင်ဘူးဗျ...။ တစ်လတစ်ခါတင်ရမှာတဲ့လေ... အခုက ပထမဆုံးဆိုတော့လောလောဆယ် အခုနပြောသလိုGroup ထဲမှာ ပေါ်ပြူလာဖြစ်တဲ့ လူတွေအရင် မိတ်ဆက်ပေးမယ်... ပထမဆုံး လက်စနဲ့ကတော့ အခုန ကြောင်တိကြောင်တောင် SL ကို အရင်မိတ်ဆက်ပေးမယ်...။ သူ့နာမည်က တင်ထွန်းနိုင်တဲ့ဗျ...။ ငယ်နာမည်ကတော့ ထက်ဝေဟင်တဲ့...။ အခု Steemit အကောင့် နာမည်ပေးထားတာကလည်း ထက်ဝေဟင်ဆိုပြီးပေးထားတယ် @htetwaihin တဲ့လေ..။ အဲ့လူက အသက်၂၇ ကျော်နေပြီရယ် ပြောရမယ်ဆို ၃၀ပြည့်တော့မှာ လူ့သက်တမ်း တစ်ဝက်ကျိုးနေပြီ.. ငယ်စိတ်မပျောက်သေးတာလား သူငယ်နာမစင်သေးတာလားတော့ မသိဘူးရယ်... ပေးထားတဲ့ အကောင့်နာမည်ကြည့်ပါ့လား ထက်ဝေဟင်တဲ့လေ ငယ်နာမည်ကိုပေးထားတာ...။ အဲ့ဒါကြောင့်ပြောပါတယ် ကြောင်တောင်တောင် မနိုင်ဘူးလား စဉ်းစားကြည့်ပေါ့..။ SL သာ တာဝန်ယူထားတာရယ် အရေးအကြောင်းဆို အဲ့လူက လိုင်းကားပေါ်ရောက်နေတာ ဘယ်ကနေ ဘယ်ကိုသွားနေလည်းမေးရင် အလုပ်ရှာနေတာချည်းပြောတာ... အလုပ်မရှိသေးတဲ့ ကလေးတစ်ယောက်ပေါ့ဗျာ...။ တကယ်တော့ အဲ့လူ အလုပ်ပြုတ်လာတာ နှပ်ချေးတွဲလောင်းနဲ့ ပဲဖြစ်နေလို့တဲ့လေ...ဒီကြားထဲ G4 ထဲမှာ ဗရုတ်သုတ်ခပြောမယ်ဆို သူကထိပ်ဆုံးကပဲ...။ အော် မေ့နေလို့ G4 ထဲမှာ သူ့ကိုယ်သူ နာမည်ပေးထားတာရှိသေးတယ် "နှင်း" တဲ့လေ ပေးထားတဲ့ နာမည်ကိုက အဆန်းကြီးရယ် ကြည့်ပါ့လား "နှင်း" တဲ့ မိန်းမနာမည်ကြီး...။ အာ့ကြောင်ပြောတာ ပေါကြောင်ကြောင်ပါဆိုနေမှ...။ ဒါတောင်ပြောရဦးမယ် ကျွန်တော်တို့ MSC မှာ လစဉ် စာရေးကောင်းသူကို Best Author Reward ဆိုပြီး MSC ကနေ ဆုတွေပေးသေးတယ်ဗျ... သူက အဲ့ဆုကို ရထားဖူးသေးတယ်..။ဒီလောက် ပေါကြောင်ကြောင် နိုင်တဲ့လူက စာရေးအကောင်းဆုံးဆုရသတဲ့ စဉ်းစားလို့ကိုမရဘူးရယ်..။ နှင်းလို့သာ ပြောသာ ပေါင်းထားတဲ့နာမည်က hin တဲ့လေ။ အများကလည်းပြင်ဖတ်ပေးကြပါတယ်။ နောက်ကျမှ သူပြောတဲ့ စာသားလေးတွေ SS လေးတွေနဲ့ တင်ပေးဦးမယ်....။ တော်တော်လေး တော်တဲ့အချက်တစ်ခုတော့ရှိတယ် ဟာသဥာဏ်တော့ အတော်ရွှင်တဲ့လူရယ်...။ တကယ့်လူ အဲ့လူ သူနဲ့စကားပြောရင် အူတက်အောင်ရယ်နေရတာရယ်..။ အခုတော့ အဲ့လူ ပုံလေးကိုပဲ တင်ပြီး မိတ်ဆက်ထားပါမယ်...။ အောက်မှာ ရှုစားလိုက်ကြဦး.. အော် မေ့လို့ မကြည့်ခင် သောက်ရေခွက်လေး ဘာလေး ဘေးချထားဦး ကိုယ်တွေလို မချောတော့ မိတ်ဆက်ပေးချင်လို့ ပြသာပြရတာ အားနာလို့ပါ..။ အဆိုးကြီးလည်း မဟုတ်ပါဘူး..ကြည့်ပြီးမှ ဝေဖန်ကြ ဟီးဟီး...။

Screenshot_2.png

နောက်တစ်ယောက်မိတ်ဆက်မယ်ဗျာ... အဲနေဦး ဘယ်သူပါလိမ့် စဉ်းစားလိုက်ဦးမယ်... အော်သိပြီ ... ဒီတစ်ခါတော့ ကောင်းတာလေးရေးရမယ်.. ကောင်းတာလေးဆို ကောင်းတာလေးတွေပဲ ရေးရမှ ဖြစ်မယ့်တစ်ယောက်ဖြစ်နေလို့ဗျ.. ဘုန်ကြီးပေါ့ဗျာ... ဘုန်းကြီးဆိုတော့လည်း မကောင်းတာလေးတွေ ရေးချင်ပေမယ့် ရေးလို့မရဘူးဗျ.. ငရဲကြီးမှာဆိုးရတယ်.. ဘာဖြစ်လည်းဗျာ ကလေးတွေပြောသလို ငရဲကြီးတော့ ငရဲလေး နိုင်တာပေါ့.. နည်းနည်းတော့ထည့်ရေးရမယ် ဟီးဟီး...။ ဦးဇင်းဘွဲ့ ဘာမှန်းမသိ "အရှင်ဂုဏပီယ" တဲ့ တကယ်တော့ သူရေးထားတာ အင်္ဂလိပ်လိုကြီးရယ်... အဲ့ဦးဇင်း လူကသာ တောရဦးဇင်းရယ်.. ရေးထားတဲ့ နာမည်က အင်္ဂလိပ်လိုဆိုတော့ ကျုပ်လည်းဖတ်တက်ဘူးဗျ.. အခုလေးတင်ပြေးမေးရတာ ဦးဇင်းဘွဲ့နာမည်က ဘာလဲဆိုပြီးတော့.. ဂုဏပီယ တဲ့ မှတ်ထားဦး... အဲ့ဦးဇင်း ဓမ္မာစရိယ အောင်ထားသလားတော့မသိဘူး.. အဟော အပြောတော့ အင်မတန်ကောင်းတယ်ဗျ...။ ကျွမ်းကျင်ရာ လိမ္မာရာပေါ့.. သူကတော့ တရားဓမ္မအကြောင်း နှံ့စပ်သူဖြစ်လေတော့ တရားဓမ္မနဲ့ ဟောကြားတာတော့ အတော် ကောင်းတယ် ထင်ရတယ်ဗျ..။ အခုမှ အကြံရတယ် အဲ့ဦးဇင်းကို ပြောရဦးမယ် တရားပွဲများလာပင့်ရင် ဟောကြားပါလားလို့...။ နောက်တစ်ခုရှိသေးတယ် အရေးအသားလည်းအတော်ကောင်းတယ်ဗျ.. ကောင်းဆို အခုပြီးခဲ့တဲ့ January လက Steemit က ပေးအပ်တဲ့ Best Author Reward ကို ဆွတ်ခူးထားတာ အဲ့ဦးဇင်းလေ.. "ယို့ယွင်းနေသော သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းရအောင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အရေးအသား အကောင်းဆုံးဆုရထားတာ သွားမလုပ်နဲ့ ဆရာကြီးရယ်..။ ဆရာကြီးဆို သူ့ကို ရိုသေနေရတာလေ .. ရိုသေရတာလည်းမပြောနဲ့ သူက သင်္ကန်းမှ မချွတ်တာ...ဟီးဟီး...။ အခုတောင် ဒါရေးတာ သူ့ Post လေး ဖတ်ရင်းရေးနေတာ... အဲ့ ဦးဇင်းက အာဝဇွန်းတော့ အတော်ရွှင်တယ်ဗျ...။ ကျုပ်စိတ်ညစ်တိုင်း အဲ့ဦးဇင်းကြီးပဲ သွားသွားအပူရှာတယ်ရယ် သူကလည်း အဟောအပြောကောင်းတာကိုး..။ အဲ့ဦးဇင်းမကောင်းတဲ့အချက်ကတော့ ကတိမတည်တာပဲ ... လူမှုရေး နားမလည်ဘူးရယ်.. ဘယ်နားလည်မလဲ သူက လူမှမဟုတ်တာ... လူမဟုတ်ဘူးဆိုလို့ တမျိုးမမြင်နဲ့ သံဃာကိုးဗျ..။ သံဃာဆိုလို့ ပြောရဦးမယ်... စာသင်တိုက်မှာ စာသင်တာဆိုတော့ အပြင်လုပ်ငန်းမရှိတော့ ဦးဇင်းကြီးက အလှူအတန်းရှိမှသာ ငွေသုံးစွဲခွင့်ရမှာကိုး...။ တကယ်တော့ ပြောသာပြောတာ သံဃာဆိုတာ ငွေကိုင်လို့ မရဘူးထင်တာပါ့... အာပတ်သင့်တယ်ဆိုလားဘာလားပေါ့..။ ဆိုတော့ကာ အလှူအတန်းလုပ်မယ့်သူနည်းသေးတယ်ထင်ပါတယ် ဦးဇင်းကြီးက ... ဆင်မြန်းထားတဲ့ သင်္ကန်းဆိုရင် ပါးလှပ်နေတာပဲ.. ကြာပြီကိုး ဒီတစ်ထည်ပဲ ရေလဲ ဒီတစ်ထည်ပဲ ဆွမ်းစားသွားဆိုတော့ကာြဲကာတော့လည်း လော်ျပါများတော့ ပါးလာတာပေါ့့.. ဒါကြောင့်အခုတောင် စဉ်းစားနေတာ သင်္ကန်းလေးများ လှူရင်ကောင်းမလားလို့ ဦးဇင်းကြီးကို... ဧကသီပါးတာ အကြောင်းမဟုတ်ဘူး.. သင်းပိုင်ကြီးပါးနေရင် ပြဿနာလေ နေရောင်ထဲ ထွက်ရဲမယ်မထင်ဘူး.. နေရောင်ထဲ မထွက်ရဲတော့လည်း ညမင်းသားလုပ်ပြန်ရင်လည်း ဗရုတ်ကျဦးမယ်လေ...။ အဲ့တော့ သင်္ကန်းလေး တစ်ထည် လှူပါဦးမယ်လို့ စိတ်ကူးရင်း မိတ်ဆက်ပေးလိုက်တယ် ပုံလေး ကြည့်လိုက်ဦး

Screenshot_3.png

လောလောဆယ်တော့ အဲ့၂ယောက်အကြောင်းပဲ မိတ်ဆက်ပေးဦးမယ်ဗျာ..လူပေါင်း ၂၀ကျော်ရှိတယ်ဆိုတော့ နောက်မှ အေးအေးဆေးဆေး လေး မိတ်ဆက်ပေးမယ်...။ အခုတော့ဒီလောက်နဲ့ပဲ ကျေနပ်ပါဦးဗျာ.. မအားလည်း မအားတော့ ဒါလေး အရင်ရေးလိုက်တာပါ..။

Author : Arkar Phyo

@arkarphyo
11.2.2018 (Sunday)
MSC-214

Sort:  

သူမအားတာ အတော်စွာသားပဲ ၊ အားယားနေရင်တော့ မလွယ်ဘူး ။

တော်သေးတယ်ဟေ့ မအားလို ပဲ အားများအားရင်တော့ msc ကလူတွေ အကုန်ချရေးလောက်တယ်

ဟီးဟီး ငဖြိုးကတော့လုပ်ပြီး G2 ထဲလာမှ ရေးမယ်

မအားလို့သာ တော်တော့တယ်၊
ရေးထားတာအရှည်ကြီးပဲ 😁

အံမယ် အမ ဟန်နီဆာရာ အမ Post လည်းဖတ်ဦးမယ်

တော်သေး ခုမှ g-4 ထဲမှာတွေ့ကြလို့
ငယ်ပေါင်းတွေ ဆိုလို့ကတော့ အကုန် ပေါ်ပီ

အင်းဆို မမမြန်မာရဲ့ စူပါပါဝါဆိုလား ထည့်ရေးမှာ နောက်တစ်Post ကျရင်

g 4 ရဲ့ cele တွေပါ

ကွီးရွှေရောင်မြန်မာ က ထိပ်ဆုံးကပါ

မရေးရှာပါဘူး ဟဲဟဲ

အေးဆို ဒါတောင် နေ့လည်က ကသက်ရောက်လာလို့ ဖြတ်လိုက်ရတာ ဒီလောက်နဲ့ စိတ်တောင်မကောင်းဘူး ဒါနဲ့ SL ကြီးတောင် လာမမန့်သေးဘူးရယ် စိတ်ဆိုးနေတာလား မသိဘူး ဟီးဟီး

ဘာဖြစ်နာလဲ ငပြည့်ရ

ကွာကာကြီး.. မအားလို့​တော်​​သေးတယ်​ .. ကျန်​တဲ့သူ​တွေ မျက်​ခုံးလှုပ်​ထားကြပါဗျို့ .. 😂😂

အမ် အဲ့လောက်တောင်ပဲလား ကိုမြန်မာပြည်သားရယ်

ငင့် sl ကြီးကိုတော့ တော်တော်ချစ်တာပဲနော် ဦးဇင်းအကြောင်းလည်း ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးတတ်တယ် ဟီးးး ဘာပဲဖြစ်ဖြစ် မအားတဲ့ကြားက ဟာသဖောက်လို့  ဝမ်းသာပီတိ ဖြစ်ရ၏

တင်ပါ့ ဘုရား ဦးဇင်းအကြောင်းပြီးသားပြီဆိုတော့ကာ စိတ်အေးအေးချမ်းချမ်းသာသာ နေပါတော့ဘုရား

တော်သေးတယ် မအားလို့ပဲ။အားများအားရင် အရင်ဘ၀အထိပါရေးမလားမသိဘူး။ငယ်ကျိုးငယ်နာတေဖော်နေတယ်။စကားသံများရေးပါဆိုမှ။ :(

ငမ့်​ စတာဘာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71