Money Management လေးတွေထားပြီး လုပ်ဆောင်ပါ..

in #myanmar6 years ago

Money-management-790x527.jpg

မင်္ဂလာပါ Steemit Member အမျိုးတို့ ကျွန်တော်ဒီနေ့ရေးချင်တာလေးတစ်ခုက လူတိုင်းလူတိုင်း ဘ၀ရှေ့ရေးအောင်မြင်တိုးတက်ရေးအတွက် မိမိတို့ သက်ဆိုင်ရာ အလုပ်ကိုယ်စီမှာ Money Management လေးတွေထားပြီး အောင်မြင်တိုးတက်အောင် ကြံဆောင်နိုင်ကြဖို့ မျှဝေချင်ပါတယ်.. Money ဆိုတာ ငွေပါ.. Management ဆိုတာ စီမံခန့်ခွဲတာပေါ့.. ဒါကြောင့် ငွေကိုစီမံခန့်ခွဲတယ်လို့ပဲ အလွယ်ပြောရမှာပါပဲ..။ ဘယ်ငွေတွေကို စီမံခန့်ခွဲကြမလည်းဆို မိမိတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းအသီးသီးမှ ရရှိလာတဲ့ အကျိုးအမြတ် အမြတ်အစွန်းများကိုသေချာ စီမံခန့်ခွဲကာ အသုံးချရမှာပဲဖြစ်ပါတယ်..။ ငွေဆိုတာ ကမ္ဘာကြီးမှာ နေရာတစ်နေရာစာတော့ တန်ဖိုးအကြီးမားဆုံးတွေထဲက တစ်ခုဆိုတာ လူတိုင်းသိပြီးသားပါပဲ..။ ထိုငွေတွေကို တန်ဖိုးမထားတက်ဘူ စနစ်တကျ မသုံးစွဲတက်ဘူး စီမံမခန့်ခွဲတက်ဘူးဆိုရင် မြန်မာစကားပုံတစ်ခုရှိတာပေါ့... "လူမိုက်နဲ့ငွေ အတူမနေ" ဆိုသလို ဖြစ်သွားနိုင်ပါတယ်..။ ဒါကြောင့် မိမိတို့ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတက်ဖို့ အခြေခံ လိုအပ်ချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်ဗျာ..

စပြောရမယ်ဆိုရင်တော့ ငွေရေးကြေးရေးပိုင်းမှာ တစ်ချို့ အထင်မှားနေကြတာလေးတွေ ရှိကြပါတယ်.. ငွေကိုကောင်းကောင်းသုံးနိုင်ဖို့ သုံးစွဲဖို့ဆိုရင် ငွေများများရှိမှ ဖြစ်မယ်လို့ အထင်မှားတက်ကြပါတယ်..။ တကယ်တော့ ငွေကို ကောင်းကောင်းသုံးစွဲတက်ဖို့ဆိုတာက မိမိတို့ငွေကို နေ့စဉ် စနစ်တကျစီမံခန့်ခွဲတက်ဖို့လိုပါတယ်..။ မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိသားစုအတွက်ပဲဖြစ်ဖြစ် အခြားအကြောင်းရာများအတွက်ပဲဖြစ်ဖြစ် ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတက်ဖို့ အခြေခံ အချက်သုံးချက်ကိုလုပ်ဆောင်သင့်ပါတယ်..။
Money-in-jars-1.jpg

၁။ ဘတ်ဂျတ် (Budget) တစ်ခုဆွဲထားပါ။
၂။ ငွေစုဖို့ ပန်းတိုင်ထားပါ။
၃။ အကြွေးတွေကို ရှင်းထုတ်ပါ။

ဒီအချက် ၃ချက်ကိုသာ လက်တွေ့လုပ်ဆောင်သွားမယ်ဆိုရင် သင့်ရဲ့ လစဉ်ငွေကြေးလည်ပတ်မှုသာမက အနာဂတ်ငွေကြေးဆိုင်ရာတွေ အတွက်အများကြီး အကျိုးသက်ရောက်စေပါလိမ့်မယ်..။ အကြောင်းအရာ တစ်ခုချင်းစီကို အသေးစိတ်ပြောပြပေးပါဦးမယ်..။

၁။ ဘတ်ဂျတ် (Budget) တစ်ခုဆွဲထားပါ။
ဘတ်ဂျတ်တစ်ခုကို သေချာဆွဲထားပြီး ၀င်ငွေ ထွက်ငွေ စာရင်းကို သေချာမှတ်ပါ..။ ဒီလိုလုပ်ဆောင်ခြင်းဟာ အရမ်းရိုးရှင်းတယ်ထင်ရပေမယ့် တစ်ချို့တွေက ဒီလိုလုပ်ခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရနေကြပါတယ်..။ ဘတ်ဂျက်ကိုမိမိရဲ့ ပန်းတိုင်နဲ့ ငွေကြေးပိုင်ဆိုင်မှုတွေအတွက် လမ်းညွှန်တစ်ခုသဖွယ် ခံယူထားပါ..။ မိမိတို့ လစဉ် အသုံးစရိတ်တွေကို လျော့ချဖို့နဲ့ မလိုအပ်ဘဲ ငွေသုံးစွဲမှု မဖြစ်အောင် ဘတ်ဂျတ်ဆွဲထားတာက အကူအညီဖြစ်စေပါမယ်..။ ဒါ့အပြင်ငွေတွေက ဘယ်လိုကုန်သွားလဲ.. ကိုယ်ရေးဆွဲထားတဲ့ အစီအစဉ်အတိုင်း သုံးဖြစ်ရဲ့လားဆိုတာတွေကို သေချာသိနိုင်မယ်..။

၂။ ငွေစုဖို့ ပန်းတိုင်ထားပါ။
မိမိတို့မှာ စနစ်တကျ ရေးဆွဲထားတဲ့ ဘတ်ဂျတ်သာရှိမယ်ဆိုရင် ငွေစုဖို့ပိုလွယ်လာပါလိမ့်မယ်..။ ဘာလို့လဲဆိုရင်တော့ တစ်လမှာ အပိုငွေ ဘယ်လောက်ရှိတယ်ဆိုတာ ဘတ်ဂျက်အားဖြင့်သိနိုင်လို့ပဲဖြစ်ပါတယ်..။ဘာအတွက် ငွေစုသင့်တာလဲ..။ တစ်ခုက အရေးပေါ်အခြေအနေတွေ အတွက် ငွေစုပါ..။ ဒီလိုလုပ်ထားခြင်းဖြင့် မမှော်လင့်ဘဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးအခြေအနေ ၊ အိမ် ၊ ကားပြုပြင်ရတာ အလုပ်ပြုတ်သွားတဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ အကြွေးတင်စေခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်..။ဘ၀ရဲ့ တစ်ဆစ်ချိုး အကွေ့အပြောင်းတွေနဲ့ ကြုံလာတဲ့အခါမှာ သူများဆီကနေ ငွေချေးရတဲ့ အခြေအနေကနေ ကင်းဝေးမယ်..။ ကိုယ့်မှာ ရေရှည်အတွက် ငွေအလုံအလောက် စုမိပြီးသားလဲ ဖြစ်နေပါလိမ့်မယ်..။ ငွေစုတဲ့အခါမှာ ၃လစာ အသုံးစရိတ်အတွက် ပန်းတိုင်ထားပြီးစုပါ..။ အရေးပေါ်အခြေအနေအတွက် ငွေစုထားတာဟာ ရေရှည်အစီအစဉ်တွေ အတွက် အရမ်းကောင်းတယ်..။ အလုပ်က အနားယူတဲ့အခါမျိုး ပင်စင်ယူတဲ့အခါ လုပ်မယ့် အစီအစဉ်တွေ အိမ်ပြုပြင်တာတွေ ပညာသင်ယူဖို့နဲ့ အပန်းဖြေခရီးတွေ ကောင်းကောင်းထွက်လို့ရပြီပေါ့...။ဒါကြောင့် ငွေစုတာက ငွေကို ချွေတာရာရောက်ရုံသာမက ကိုယ့်ရဲ့ပန်းတိုင်ရောက်ဖို့ လမ်းခင်းထားသလိုဖြစ်စေပါတယ်..။

၃။ အကြွေးတွေကို ရှင်းထုတ်ပါ။
ကိုယ့်မှာရှိနေတဲ့ ဘယ်အကြွေးမဆို ရှင်းထုတ်နိုင်အောင် လုပ်ရပါမယ်..။ အရင်ဆုံးအကြွေးစာရင်းကို ချရေးထားပါ..။ ကိုယ့်မှာတင်နေတဲ့ အကြွေးအပေါ် ထပ်ဆင့်အကြွေးမတင်အောင် လုပ်နိုင်တယ်..။ အကြွေးနည်းလေလေ ကြေအောင်ဆပ်ဖို့ ပိုလွယ်လေပဲ..။ အကြွေးကြောင့်လ လစဉ် အသုံးစရိတ်ကို ဘယ်လိုထိခိုက်နေလည်းဆိုတာ သိအောင်လုပ်ပါ..။ သိပြီဆိုရင် အကြွေးတွေကိုလျော့ချဖို့ အစီအစဉ်ဆွဲပြီး တဖြည်းဖြည်း ဆပ်သွားမယ်ဆိုရင် နောက်ဆုံးမှာ အားလုံးကြေအောင်ဆပ်နိုင်မှာပါ..။ သတိပြုရမယ့် အရာတစ်ခုက အကြွေးကိစ္စနဲ့ ငွေစုတာကို မျှမျှတတကိုင်တွယ်ဖို့ လိုပါလိမ့်မယ်..။ တကယ်လို့ ပေးရမယ့် အကြွေးက ပမာဏ အရမ်းများနေတယ်ဆိုရင် အရေးပေါ်အခြေအနေအတွက် ငွေအရင်မစုပဲ အကြွေးအရင်ဆပ်ဖို့လိုတယ်..။ ဘယ်အချိန်မှာ အကြွေးတွေကို ကြေအောင်ဆပ်မလဲဆိုတာ ပန်းတိုင်ထားပြီးလုပ်မယ်ဆိုရင် တိုးတက်မှုကို မြင်လာရလိမ့်မယ်..။
Consultant.jpg

ဒီအချက် သုံးချက်က ငွေကြေးစီမံခန့်ခွဲမှု အတွက် အခြေခံလိုအပ်ချက်တွေဖြစ်ပြီး.. တစ်ခုနဲ့ တစ်ခုချိတ်ဆတ် ပတ်သတ်နေတယ်ဆိုတာ ကိုယ်တိုင်သတိထားမိလာလိမ့်မယ်..။ ဘတ်ဂျတ်ရေးဆွဲထားပြီး ရေးဆွဲထားတဲ့အတိုင်းလုပ်တာက ငွေစုဆောင်းဖို့နဲ့ အကြွေးတွေကို ရှင်းထုတ်နိုင်မယ်..။ အရေးပေါ် အခြေအနေတွေ အတွက် ငွေစုထားမယ်ဆိုရင် အကြွေးအသစ်တွေထပ်မတင်ဖို့ အကူအညီဖြစ်စေမယ်..။ မိမိတို့ရဲ့ ဘတ်ဂျတ်စာရင်းကို မကြာမကြာ ပြန်သုံးသပ်တာက အိမ်တွင်း အသုံးစရိတ်တွေ လျော့ချဖို့ ရေရှည်အတွက် ငွေစုဖို့ အကူအညီဖြစ်စေလိမ့်မယ်..။ ဒါကြောင့် ဒီအခြေခံ သုံးချက်ကို လက်တွေ့ အသုံးချပြီး ငွေကြေးကို ကောင်းကောင်းကိုင်တွယ်နိုင်ကြပါစေ...

Author : Arkar Phyo

@arkarphyo
28.3.2018 (Wednesday)
MSC-214

Sort:  

ကျေးဇူးပါပဲ့ဗျာ နည်းစနစ်ကျကျလေးသိရလို့

ဟုတ်ကဲ့ပါ စာမေးပွဲလည်းအောင်မြင်ပါစေ

ငွေ​ကောင်း​ကောင်းမစုတတ်​​သေးဘူး ကွာကာ​ရေ

စုထား စုထား စုလို့ရတာနဲ့ ထိုင်​စားကြမယ်

ခုမှ သဘောပေါက်လား

အွန်း

ွေင ချင့်​ချိန်​သုံးစွဲတတ်​သူ​တွေ တိုးတက်​ကြီးပွားတာ​ပေါ့

ကြီးပွားလောက်ပါတယ်

ဘတ်ချက်တချက်တချက်လွန်တေယ်ဗျို့

ကျွန်တော်က တစ်ချက် တစ်ချက် မဟုတ်ဘူး လတိုင်းလွန်နေတာ

အခုချိန်ထိ ငွေစုတဲ့အကျင့်က မရှိသေးဘူး။စုရမယ် ကွာကာရေ ကျေးဇူးပါ။

ဟုတ်​စုထားအကို​ရေ ဒါမှ ​နောင်​​ရေး စိတ်​ချရမှာ

ကျေးဇူးပါ ကွာကာ​ရေ .. ​သေချာ​လေး လုပ်​ကြည့်​အုံးမယ်​ဗျာ ..

ဟုတ်​အကို ​ကျေးဇူးတင်​ပါတယ်​ ဗျာ

မန်းနီးမန်းနေ့မန့်ကိုနိုင်အောင်လုပ်နိုင်ရင်ဘယ်တော့မှမရှုံးဘူးလို့ပြောတာပဲကွာကာရေ။

အမ် ဘာကြီးလဲ နားမလည်ဘူး

နည်းလမ်းလေးတွေသိခဲ့ရလို့ ကျေးဇူးပါကိုအာကာ

ဟုတ်​အကို ​ကျေးဇူးတင်​ပါတယ်​ဗျ

စိတ်ကူးဘဲ ရှိပီး မလုပ်ဖြစ်သေးပါဘူး ကွာကာရယ်

မလုပ်​ဖြစ်​တာ မလုပ်​​သေးလို့ဖြစ်​မယ်​ အကို​ရေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58118.57
ETH 2462.81
USDT 1.00
SBD 2.38