Hardware နဲ့ Software ဆိုတာ
နည်းပညာ ပစ္စည်းစက်ပစ္စည်းတစ်ခုတွင် Hardware နှင့် Software ဆိုပြီးအဓိက ခေါ်ဝေါ်အသုံးပြုကြသည့် စကားလုံး ၂မျိုးရှိပါတယ်။ လူအများ မှန်တကယ်ထိတွေ့ကိုင်တွယ် နိုင်သည့် ပစ္စည်းများအားလုံးကို Hardware ဟုခေါ်ဝေါ်ပါတယ်..
ဥပမာ Desktop Computer တစ်လုံးတွင် ပါရှိသော ပစ္စည်းများဖြစ်သည့် System ပုံးအတွင်းရှိ Mother Board, CPU, RAM , Hard Disk, Power Supply, Monitor , Keyboard, Mouse များသည် Hardware များဖြစ်ကြသည်။ ထို့အတူ ဖုန်းများတွင် ပါရှိသော Touch မှန် Display မှန် နှင့် ဖုန်းအတွင်းရှိ Circuit Board များသည် Hardware များဖြစ်ကြသည်။ ၄င်းတို့အားလုံးကို အမှန်တကယ် မိမိတို့လက်ဖြင့် ကိုင်တွယ် ထိတွေ့နိုင်ပေသည်။ ထို့ကြောင့် နည်းပညာ နှင့် ပတ်သတ်သော ပစ္စည်းအားလုံးတိုင်း၏ ကိုင်တွယ်ထိတွေ့နိုင်သော အစိတ်အပိုင်းများအားလုံးကို Hardware ဟုခေါ်ပါသည်။
Software ဆိုသည်မှာ နည်းပညာ ပစ္စည်းအားလုံးတို့၌ Hardware နှင့်ဆန့်ကျင်ဘက် ကိုင်တွယ်မထိတွေ့နိုင်သော အရာများကို Software ဟုခေါ်သည်။ ဥပမာ ကွန်ပျူတာတွင် အသုံးပြုနေကြသော Office Word, Excel , Adobe Photoshop, Adobe Pagemaker များနှင့် ဖုန်းအတွင်းအသုံးပြုကြသော Music, Zapya, Gallery အစရှိသည်တို့သည် ၄င်းတို့၏ အမည်နာမသာ ခေါ်တွင်နိုင်ပြီး သူတို့အား မိမိတို့ ကိုယ်တွယ် မထိတွေ့နိုင်သောကြောင့် Software ဟုခေါ်ပါသည်။
ထို့ကြောင့် အလွယ်နည်းဖြင့် နားလည်အောင် ပြောရရင်တော့ Hardware နဲ့ Software ဆိုတာ ရုပ် နဲ့ နာမ် ဖြစ်ပါတယ်.. ကျွန်တော်တို့ ခန္ဓာကြီးသည် ရုပ်ဖြစ်ပြီး ကျွန်တော်တို့ စိတ်ခံစားမှု တိုင်းသည် နာမ်ဖြစ်သည်။ စိတ်မှ ရေသောက်ချင်လိုက်တာ ဆိုရုံနှင့် ကျွန်တော်တို့ ၀မ်းဗိုက်အတွင်းသို့ ရေရောက်ရှိသွားမည်မဟုတ်ဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်သည့် လက်ကိုအသုံးပြု ရေခွက်ကိုင်ကာ ပါးစပ်ဖွင့်ဟ လည်ချောင်းမှ မြိုချမှသာလျှင် ကျွန်တော်တို့ ဗိုက်ထဲသို့ ရေရောက်ရှိကာ ရေဆာခြင်းပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နာမ် ဖြစ်သည့် မိမိတို့စိတ်မှ ခိုင်းစေမှုအတွက် ရုပ်ဖြစ်သည့် ခန္ဓာကိုယ်ကို အသုံးချခြင်းဖြင့် လုပ်ငန်းပြီးမြောက်နိုင်မည်ဖြစ်သည်။ ရုပ်ဖြစ်သည့် ခန္ဓာကျိုးကန်းပျက်စီးနေခြင်းအတွက် နာမ်ဖြစ်သည့် စိတ်ဘယ်လောက်ပါပါ မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်ခြင်းရှိမည် မဟုတ်သည့်အတူ... ရုပ်ခန္ဓာကြီးရှိသော်ငြားလည်း စိတ်မပါလျှင် မည်သည့်အလုပ်မျှ လုပ်ချင်မည်မဟုတ်ပါ.. ထို့အတူ အလုပ်လုပ်ဆောင်ရန် ဦးနှောက်မှ အတွေးအခေါ် ပညာ မရှိလျှင်လည်းဘယ်အရာမျှ အဆင်ပြေချောမွေ့မည်မဟုတ်ပါ.. ထိုဦးနှောက်မှ အသိပညာဆိုသည်ကာ နောက်တွင်ရှင်းပြပေးမည့် Application Software နှင့်ဆင်တူပါသည်။ ထို့ကြောင့် Hardware နှင့် Software သည် ရုပ်နှင့်နာမ် သာဖြစ်သည်။ Hardware ချည်းပဲသက်သက်ဖြင့် Software အကူအညီမပါဘဲ အလုပ်လုပ်ခြင်းလုပ်ငန်း မပြီးမြောက်နိုင်သလို Software ရှိနေရုံနှင့်လည်း Hardware မရှိဘဲ အလုပ်မဖြစ်ပါ.. ဥပမာ သီချင်းဖွင့်ရန် Music Software နှင့် သီချင်းများရှိသောလည်း Sound Box မရှိလျှင် အသံထွက်လာမည် မဟုတ်ပေ..
အဲ့ဒီတော့ ကျွန်တော်တို့ လူတွေမှာလည်းပဲ ရုပ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးရှိတယ်။ စိတ်ဆိုတဲ့နာမ် တရားရှိတယ်။ ဒီတော့ Hardware နဲ့ Software ဆိုတာဟာလည်း ရုပ်နဲ့နာမ်လို့ပြောချင်တာပါပဲ။
Author : Arkar Phyo
@arkarphyo
11.2.18 (Sunday)
MSC-214


good post
Thanks
You got a 0.62% upvote from @postpromoter courtesy of @arkarphyo!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Thanks
ကောင်းတယ်အစ်ကို။အားပေးနေမယ်။