Android System များအတွက် လေ့လာမိသလောက် (၄)

in #myanmar7 years ago (edited)

Android.jpg

မင်္ဂလာပါ Steemit Members များခင်ဗျာ..
ကျွန်တော်ရဲ့ Android System များအတွက် လေ့လာမိသလောက် (၄) ကို ဆက်ရေးပါမယ်.. အရင် Post များကို မဖတ်ရသေးရင်လည်း ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ.. ဒီ Post မှာ တော့ Android Phone တစ်လုံးရဲ့ အသွင်အပြင် လေးတွေကို ပြောပြချင်ပါတယ်..
လူတိုင်းလူတိုင်း ဖုန်းကိုင်နေပြီး ကိုင်တက်ကြပေမယ့် တစ်ချို့တွေအတွက် အခေါ်အဝေါ်လေးတွေ မသိမှာစိုးလို့ အသွင်အပြင်အကြောင်းနဲ့ အခေါ်အဝေါ်လေးတွေ ကို ပြောပြချင်ပါတယ်.. မသိသေးသူများအတွက်သာ ဖြစ်လို့ သိသူများကျော်သွားနိုင်ပါသည်။

အရင်ဆုံး ဖုန်းတစ်လုံးကို မျက်စိထဲ မြင်လိုက်ပါ.. သို့မဟုတ် ယခုPost ဖတ်စဉ် ကိုင်ထားသော ဖုန်းတစ်လုံးကို ကြည့်လိုက်ပါ...
Android Phone လို့ပြောတာဖြစ်တဲ့အတွက် ၉၉ရာခိုင်နှုန်းက Touch Screen နဲ့ ဖုန်းဖြစ်မှာပါ.. ကျွန်တော်ပြောမှာကလည်း Touch Screen ဖုန်း အကြောင်းပါပဲ.. ကျွန်တော် အခုကိုင်ထားတာ Samsung S7 Edge ဖုန်းဖြစ်လို့ ကျွန်တော်မြင်သလိုပဲ တန်းစီပြောတော့မယ် သို့ပေမယ့် ဖုန်းမော်ဒယ်တွေမတူတာနဲ့ အမျှ ကွဲလွဲမှုတွေတော့ ရှိမှာပါ.. ဘယ်လိုကွဲလွဲမှုပဲရှိရှိ ဒီပစ္စည်းဟာ ဒီပစ္စည်းပါပဲ...အောက်ကပုံလေးမှာ မျှားလေးတွေနဲ့ ထိုးထားပြီး နေရာများကို အောက်မှာ တစ်ခါပြန်ရှင်းပြပေးထားပါတယ် ကြည့်ကြည့်ပါခင်ဗျာ..

S7-edge-Coral-Blue_Front.jpg

in-galaxy-s7-edge-g935fd-sm-g935fzkuins-Back-61056963.jpg

အပေါ်က မျှားထိုးထားတဲ့ နံပါတ်အစဉ်အတိုင်း နည်းနည်းရှင်းပြချင်ပါတယ်.. သိပြီးသားတွေချည်းပေမယ့် ဖတ်ကြည့်ပေးပါဦး...

1. Front Camera
Front Camera ဖြစ်တဲ့ အတွက် ရှေ့ကင်မရာလို့ခေါ်ပါတယ်.. ဒါကိုတစ်ချို့လူတွေက နောက်ကင်မရာလို့သုံးနှုံးကြတာကြားဖူးပါတယ်..ဖုန်းရဲ့ အသွင်အပြင်ဟာ ကိုယ်နဲ့ မျက်နှာမူသုံးတဲ့ဘက်ကိုရှေ့လို့ခေါ်တာပါ.. ဒီကင်မရာရှိတဲ့ နေရာတွေဟာ ဖုန်းတစ်လုံးနဲ့ တစ်လုံးကွဲလွဲမှုရှိပေမယ့် များသောအားဖြင့် ဖုန်းရဲ့ အပေါ်ပိုင်းလွတ်နေတဲ့နေရာတွေမှာသာ ထည့်သွင်းကြပါတယ်...ဘာပဲဖြစ်ဖြစ် ကင်မရာဟာ ကင်မရာပါပဲ...ကင်မရာရဲ့ အရည်အသွေးဖော်ပြမှုများကို နောက် Post များမှ တင်ပြပေးပါမယ်.

2.Earpiece
Earpiece ဆိုတာ နားနှင့် ကပ်လျက် အနေအထားမှသာ ကြားနိုင်မယ့် နားစပီကာဖြစ်ပါတယ်... Ear Speaker လို့လည်း သုံးကြတာ တွေ့ဖူးပါတယ်.. ဘာပဲဖြစ်ဖြစ် သူ့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုက သီချင်းဖွင့်ဖို့ ဖုန်းလာရင် Ringtone မည်ရန်အတွက်မဟုတ်ပါဘူး.. နားဖြင့်ကပ်လျှက်မှသာ ကြားရမှာဖြစ်တဲ့အတွက် ဖုန်းပြောစဉ်လုပ်ငန်းနှင့် အခြားFrequency တိုင်းတာသောနေရာများတွင်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်.. ထို Earpiece ပျက်နေလျှင် ဖုန်းပြောသောအခါ အခြားဘက်မှ ပြောဆိုနေသည်ကို မကြားရနိုင်ပါ.. Main Speaker ဖွင့်မှသာလျှင်အဆင်ပြေမှာပါ.. ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းပြောရတာတော့ အဆင်ပြေတော့မှာမဟုတ်ပါဘူး .. Speaker ဖွင့်မှတော့ ပတ်ဝန်ကျင် ကြားရတော့မယ်လေ...စုံတွဲတွေ ဖုန်းပြောသည့်အခါ အတော်အဆင်မပြေလောက်ပါဘူး... အချို့ Keypad ခလုတ်ဖုန်းများတွင်တော့ ယင်း Earpiece Speaker ကို သက်သက်ထည့်သွင်းထားခြင်းမရှိဘဲ Ear ရော Main အတွက်ပါ Speaker တစ်လုံးတည်းသုံးကြပါသည်။ ဖုန်းပြောမှသာ အသံကို ဖုန်းရဲ့ System ကနေ Main Speaker ထွက်မည့် အသံလောက်မကျယ်လောင်စေရန် ချိန်ညှိပေးပါသည်။

3.Power Key
စက်ကိုစတင်နှိုးရန် ပါဝါဖွင့်ရန် နှင့် ဖုန်း Screen ငြိမ်းနေသောအနေအထားတွင်လည်း ပွင့်လာရန် အသုံးပြုရပါသည်။ Power Button (၀ါ) Power Key ဟုခေါ်ပါသည်။ ဒီလိုရေးရင် ကြောင်တောင်တောင်ဖြစ်ဦးမယ် ဒါပေမယ့် ရေးပါဦးမယ် ဘာလို့ဆို တစ်ချို့က တစ်ကယ်ကို အခုထိ မသိသေးသူများရှိတယ်ဗျ.. အံ့ရော အံရော... ဘာလဲဆိုတော့ Power Key ကို Long Press အကြာကြီးဖိထားမှ စက်က ပါဝါ ပွင့်လာမှာမျိုး (သို့) ပါဝါ ပိတ်ရန် Option ထွက်လာမှာမျိုးကိုမသိတဲ့သူတွေ ယနေ့ ၂၀၁၈ ထိ ရှိနေသေးတာကြောင့်ပါ... Power Key ကို ခေတ္တခဏ ဖိထားလျှင် ပါဝါ ပွင့်ပါသည်။ ပါဝါ ပွင့်နေစဉ် အနေအထားတွင်တော့ ပါဝါပိတ်ရန် Option ပေါါ်လာပါလိမ့်မည်... Option ပေါ်ပြီးသည်ထိ မလွှတ်ဘဲ ဆက်ဖိထားပါက Force Power Off အနေဖြင့် အတင်းအဓ္ဓမ ပိတ်ခိုင်းလိုက်ခြင်းဖြစ်သည်။

4.LCD
LCD (Liquid Crystal Display) ရုပ်ဖော်ပြပေးနိုင်ဖို့အတွက် အသုံးပြုရသော မှန်သားဖြင့်ပြုလုပ်ထားသော အရာဖြစ်ပါတယ်..
LCD ကို Display ဟုလည်းခေါ်ကြပါတယ်.. သူ့ရဲ့ လုပ်ငန်းက ကိုယ်ထိတွေ့ရန် လုပ်ငန်းဆောင်တာ လုပ်ဆောင်ခိုင်းစေရန်အတွက် ရုပ်ကိုဖော်ပြပေးရပါသည်။ Liquid ဆိုတဲ့အတိုင်း အရည်များဖြင့် တည်ဆောက်ထားခြင်းကြောင့် ဖုန်းအပေါ်ဖိမိရင် အရည်ပေါက်ကာ ရုပ်ထွက်နေရာများကို ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ဖုန်းများလွတ်ကျသောအခါ အသာအယာလွတ်ကျခဲ့ရင်တောင် မှန်တွင်းရှိ အရည်အိတ် လန့်ပြီးပေါက်ကာ အစင်းကြောင်း နှင့် အကွက်များထလာရခြင်းဖြစ်ပါတယ်.. နောက်ရေ၀င်ရင်လည်း ထိုအတွင်းသို့ ပြင်ပအရည် ၀င်က ရောနှောသွားရသည့်အတွက် ရုပ်ထွက်လာတော့မည်မဟုတ်ပါ... နည်းပညာပိုင်းဆိုင်ရာနှင့် အရည်အသွေးတိုင်းတာမှုများကို နောက်Post များတွင် တင်ပြပေးပါမည်။

5.Touch
Touch ဆိုတဲ့အတိုင်း ထိတွေ့မှုဖြစ်ပါတယ်..မှန်ကိုထိတွေ့မှုဖြင့် မိမိခိုင်းစေချင်သော လုပ်ငန်းကို လုပ်ဆောင်စေနိုင်ပါတယ်.. LCD နှင့် Touch တို့သည် ကွဲကွဲပြားပြားစီသာဖြစ်သည်။ အချို့ ဖုန်းမော်ဒယ်များတွင် LCD + Touch တွဲလျက်သာ လာကြသော်လည်း LCD နှင့် Touch သည်ရောနှောမနေပါ.. LCD ၏လုပ်ငန်းမှာ ရုပ်ထွက်ရန်တာဝန်ဖြစ်ပြီး Touch ၏အလုပ်သည် ထိတွေ့မှုဖြင့် ခိုင်းစေရန်ဖြစ်သည်။ Touch အတွင်းတွင် အာရုံခံစားမှု ကြိုးလိုင်းများပါဝင်ပါသည်။ ထို ကြိုးလိုင်းများ အစအနပျက်တောက်ပါက Touch ၏ လုပ်ဆောင်ချက်များသည် မမှန်ကန်တော့ဘဲ တောင်ထိလျှင် မြောက်အလုပ်လုပ်ဖြစ်လာပါလိမ့်မည်။

6.Glass
Glass မှန်သည် ဈေးမြင့် မော်ဒယ် များ၌သာ ထည့်သွင်းအသုံးပြုကြပါသည်။ သာမန် ဖုန်းများနှင့် အလယ်အလတ်တန်းစားဖုန်းများတွင် အသုံးပြုမှု မရှိသလောက် နည်းပါသည်။ Glass ဆိုသည်မှာ LCD နှင့် Touch အပေါ်တွင် သက်ဆိုင်ရာဖုန်းမော်ဒယ်၏ အရောင်အတိုင်း ထပ်မံအုပ်ထားသော မှန်သားဖြစ်သည်။ ဖုန်းအတွက် ၄င်း၏ လုပ်ငန်းဆောင်တာမှာ ဘာမှမရှိပါ.. Touch နှင့် Display ကို ကာကွယ်ရန်သာ ထပ်မံအုပ်ထားသော မှန်တစ်ချပ်ဖြစ်ပေသည်။ ထို့ကြောင့် သာမန်လွတ်ကျမှုမျိုးတွင် Glass ကွဲသော်လည်း Touch နှင့် LCD တို့ မထိခိုက်ပါဘူး.. Glass ၏ ဈေးနှုန်းမှာ အရမ်းဈေးမကြီးသော်လည်း နည်းပညာပိုင်းအရ ဖြုတ်တပ် လဲလှယ်ခြင်းသည် ပညာပါသောကြောင့် လက်ခမှာ ပို၍ဈေးကြီးပါသည်။ ထို Glass ကိုခွာလိုက်လျှင် အောက်ကပုံအတိုင်း အချပ်သက်သက်ဖြစ်သည်။

$_57.jpg

7.Home Key (or) Home Button
Home ဆိုတာ ဘာသာပြန်ရင် အိမ် နောက်ပြီး မူလလို့ဘာသာပြန်လို့ရပါတယ်...
ဒီနေရာမှာတော့ မူလနေရာလို့ပြောပါရစေ.. မူလနေရာဆိုတာ ဖုန်းဖွင့်ဖွင့်ချင်း ရောက်ရှိမယ့်နေရာကို မူလနေရာလို့ခေါ်ပါတယ်..
Home Screen ပေါ့.. Home Key တိုင်းသည် များသောအားဖြင့် ဖုန်း၏ အောက်ဘက် အလယ်တွင် ထည့်သွင်းတပ်ဆင်လေ့ရှိပါတယ်..ကိုယ်က ဖုန်းကို အသုံးပြုနေစဉ် ဘယ်ထဲကိုပဲရောက်နေ ရောက်နေ Home Key နှိပ်လိုက်ရုံဖြင့် ဖြတ်သန်းခဲ့သမျှ အဆင့်တိုင်းအား တစ်ဆင့်ချင်းစီထွက်နေစရာမလိုဘဲ တစ်ခါတည်း Home Screen ဖြစ်တဲ့ မူလနေရာကိုရောက်သွားမှာဖြစ်ပါတယ်..
Home Button တွေမှာ .. Physical Button နဲ့ Virtual Button (Soft Key) ဆိုပြီး ၂မျိုးရှိပါတယ်... Physical Button ဆိုတာက ခလုတ်ကို နှိပ်လိုက်ရင် တဒုတ်ဒုတ်နဲ့ပါ အမှန်တကယ်ခလုတ်ဖြစ်ပြီး Vitual Button ကတော့ မှန်ပေါ်မှာ အိမ်ပုံစံ သင်္ကေတလေးသာပါမှာပါ.. Physical Button တွေကို စဉ်ဆက်မပြတ်တပ်ဆင်တဲ့ ဖုန်းများကတော့ Samsung , နဲ့ iPhoneများဖြစ်ပြီး Oppo, Vivo, Meizu, Xiaomi နှင့် အခြားသော တံဆိပ်အမျိုးမျိုးကလည်း အချို့မော်ဒယ်တွေမှာတပ်ဆင်ပြီးထုပ်လုပ်ပါတယ်... Physical ခလုတ်တွေနဲ့ Soft ခလုတ်တွေ ကွာခြားချက်က အမှန်တကယ် နှိပ်လို့ရတာနဲ့ နှိပ်မရတာ ကွာခြားသလို Physical ခလုတ်တွေမှာ အခြား Funtion တွေ ထည့်သွင်းထားတက်ပါတယ်.. ဥပမာ လက်ဗွေစနစ်ဖြင့် Lock ဖွင့်ခြင်း Finger Print နည်းပညာအပြင် အခြား Gesture နှင့် နှစ်ချက်နှိပ် သုံးချက်နှိပ် ရင်ဘာဖြစ်ညာဖြစ် စတဲ့ Feature မျိုးစုံကို ထုတ်လုပ်သူ စိတ်တိုင်းကျ ထည့်သွင်းနိုင်ပါသေးတယ်... Soft Key တွေမှာကတော့ နှိပ်ရုံသက်သက်အပြင် ထိုနည်းပညာများမပါဝင်နိုင်ပါဘူး... ယခုနောက်ပိုင်း Screen အပြည့်ထုတ်လုပ်လာကြသောအခါ Home Key ကို Physical Button, Soft Button များဖြင့် မထည့်သွင်းတော့ဘဲ On Screen တွင်ထည့်သွင်းလာကြပါတယ်... Power ဖွင့်မထား Screen On မထားသည့်အချိန်တွင် Home Key ကို မြင်နိုင်မှာ မဟုတ်ပါဘူး...

8.Back Key
Back Key ဆိုသည့်အတိုင်း နောက်ပြန်သည့် Key ဖြစ်ပါသည်။ Home Key နှင့် ကွာခြားချက်မှာ Home Key သည်ပြောခဲ့ပြီးတဲ့ အတိုင်း ဖုန်း၏ လမ်းကြောင်းအဆင့်ဆင့်အား မည်မျှပင် ဖြတ်သန်းခဲ့ပါစေ တစ်ချက်နှိပ်ရုံဖြင့် မူလနေရာသို့ ပြန်လည်ရောက်ရှိပါသည်။ သို့သော် ထိုလုပ်ဆောင်ချက်သည် အမြဲတမ်းအဆင်မပြေနိုင်ပါ... Back Key သည် ထို ဖြတ်သန်းလာသော အဆင့်တိုင်းအား တစ်ဆင့်ချင်းစီ နောက်ပြန်ဆုတ်တဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်.. ထို့ကြောင့် တစ်ဆင့် မှားနှိပ်မိထားသော် လည်းကောင်း လုပ်ငန်းပြီးစီး၍ တစ်ဆင့် ပြန်လည် ဆုတ်ချင်သော်လည်းကောင်း အင်မတန် အသုံးတည့်စေပါသည်။ Back Key များသည် မပါမဖြစ် Button တစ်ခု ဟုဆိုနိုင်ပါသည်။

9. Recent Key
ဖုန်းတစ်လုံး၏ ပြင်ပအသွင်အပြင်တွင် အောက်ခြေဘက် မျက်မြင်တည်ဆောက်ဖွဲ့စည်းမှုများကို ဟိုးယခင်ဖုန်းများတုန်းက
Back Key , Home Key, Search Key, Meun Key ဟုသုံးခဲ့ကြရာမှ ယနေ့ခေတ်ဖုန်းများတွင် Search Key မှာတော့ မရှိတော့လောက်အောင်ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် Menu Key ကတော့ ဈေးနှုန်းနည်း ဖုန်းများတွင် အသုံးပြုနေကြပါသေးတယ်... တန်ဖိုးမြင့် မော်ဒယ်မြင့် ဖုန်းများတွင်တော့ Menu Key ကိုဖယ်ကာ သူ့နေရာတွင် Recent Key ကို ထည့်သွင်းလိုက်ကြပါတယ်.. Recent Key ၏ လုပ်ဆောင်ချက်ကတော့ အင်မတန်ရိုးရှင်းပါတယ်... Recent ဆိုတာ မကြာသေးခင်က ဆိုတဲ့အတိုင်း မကြာသေးခင် လတ်တလော ဖွင့်လှစ်ခဲ့သော Application များကို အစဉ်လိုက်ပြပေးကာ Background တွင် Run နေပါသည်။ Android သည် Application တစ်ခုမှ ထွက်လိုက်သည်နှင့် ထို Application လုပ်ဆောင်နေမှု ရပ်တံ့မသွားပါ နောက်ကွယ်တွင် ဆက်လက် Run နေဆဲဖြစ်ပါတယ်..အဖွင့်များလာသောအခါ ဖုန်း၏ RAM စားသုံးမှု များလာသည့်အခါ ထို Recent Apps များကြောင့်လေးလံလာနိုင်ပါသည်။ ထိုအခါ Recent Key ကိုနှိပ်ကာ ဖွင့်ခဲ့ပြီးသော Application များကို ပိတ်နိုင်ပါသည်။ သို့သော Background တွင်တော့ အချို့သော Apps များက Run နေဆဲပဲဖြစ်ပါတယ်.. မရှင်းရသေးခင်ကထက်တော့ စက်ကအနည်းငယ်ပေါ့သွားမှာပါ.. Recent Key ရဲ့ လုပ်ဆောင်ချက်ကတော့ ဒါပါပဲ ဗျာ..

ကဲဒီ Post လည်း အနည်းနည်းနည်းရှည်သွားပြီဖြစ်လို့ လက်စသတ်ခွင့်ပြုပါ... နောက် Post ကျမှ ကျန်နေသေးတဲ့ Key (Button) များကို ဖော်ပြပေးပါ့မယ်ခင်ဗျာ .. ကျေးဇူးအထူးတင်ရှိပါတယ်..

Author : Arkar Phyo

@arkarphyo
12.12018
MSC-214

Sort:  

GREAT ARTICLE! :) I'm sorry, my SP is less than $0.01 so my upvote won't mean anything for you. And yeah, I am new in steemit so if you want, you can go and check my profile. :D

I don't understand.

This post has received a 0.49 % upvote from @booster thanks to: @arkarphyo.

This post has received gratitude of 0.78 % from @appreciator thanks to: @arkarphyo.

You got a 0.44% upvote from @upme requested by: @arkarphyo.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

This post has received a 0.6 % upvote from @boomerang thanks to: @arkarphyo

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63747.71
ETH 2543.33
USDT 1.00
SBD 2.66