Android System များအတွက် လေ့လာမိသလောက် (၁၃)
မင်္ဂလာပါ Steemit မန်ဘာများ ခင်ဗျာ...
ကျွန်တော် အရင် Posts မှ Setting အကြောင်းများကို ဆက်လက်၍ ပြောပြပေးပါမယ်... အားပေးကြပါဦးခင်ဗျ..
အောက်မှာ Setting ပုံကိုပဲ ထပ်မံထည့်သွင်းပြီး ပြောပေးပါမယ်...အောက်ပါပုံသည် Samsung Galaxy J7 Prime Android Version 6.0 UI တွင် ရိုက်ကူးထားသော Screenshoot ဖြစ်ပါသည်။ အခြားဖုန်းများနှင့် စကားလုံးများ ကွဲလွဲမှု ရှိနိုင်ပါသည်။ သို့ပေမယ့် သဘောတရားများမှာ အတူတူသာဖြစ်ပါတယ် ခင်ဗျာ။
ယခင်Post တွင် More connection settings အထိ တင်ပြခဲ့ပြီးဖြစ်သောကြောင့် ယခု More connection settings အောက်မှာ Smart Manager မှစတင် ဖော်ပြပေးပါ့မယ်..
Samsung ၏ Smart Manager သည် Third Party Software များကို ထည့်သွင်းထားသော Setting ဖြစ်ပါတယ်.. အချို့ဖုန်းများတွင်မပါဝင်ပါ... ဒါပေမယ့် Samsung တိုင်းလည်း မပါပါဘူး ... ပါတဲ့ Model မှ ပါတာပါ... ဒါပေမယ့် ဒီဖုန်း Setting ထဲမှာပါနေတော့ ထည့်ရေးမှဖြစ်မှာလေ.. တခြားဖုန်းတွေမှာတော့ Battery လို Setting ကတော့ ပါပါတယ်... တစ်ချို့Setting တွေလဲ ပါတက်ပါသေးတယ်... ဘာပဲဖြစ်ဖြစ် ပါခဲ့ရင် စကားလုံး အသုံးအနှုန်းသာ အနည်းငယ် ကွဲသွားနိုင်ပါတယ် သဘောတရားချင်းက တူတူပါပဲခင်ဗျာ..
Smart Manager အတွင်းသို့ ၀င်လိုက်လျှင် အထက်ပါ ပုံအတိုင်းမြင်ရပါမယ်....အရင်ဆုံး Battery ကို စပြောပေးပါမယ်.. Battery ကိုနှိပ်ပြီး ၀င်လိုက်ပါ...
Battery ပုံအကြီးကြီးနဲ့ Battery အား 54% ကျန်သေးတဲ့ အနေအထားပါ...
ဘေးမှာ Estimated usage time remaining တဲ့ Estimated ဆိုတာ ခန့်မှန်းတွက်ချက်ပေးထားတာပါ...အခု ကျန်နေသေးတဲ့ ဘက်ထရီအား 54% နဲ့ နောက်ထပ် 9နာရီ 54မိနစ် အသုံးပြုနိုင်သေးပါတယ်.... အခုလို Estimated ဆိုတာ သူတို့တွက်ထားပေးတာက Standby အနေအထားကိုသာ တွက်ပေးတာဖြစ်ပါတယ်... ကိုယ်က Wifi, Bluetooth, Internet, Phone ခေါ်တာတွေ Music, Video စသည်ဖြင့် အသုံးပြုနေတယ်ဆိုရင်တော့အဲ့လောက် မခံဘူးပေါ့...သူက ဖုန်းကို ဘာမှမသုံးဘဲ အဆင်သင့်အနေအထားမှာ တွက်ချက်ပေးထားတာဖြစ်ပါတယ်...သူ့အောက်မှာလဲ ရေးထားတဲ့စာရှိပါတယ်.... နောက်ထပ်အသုံးပြုနိုင်ဖို့အချိန် ခန့်မှန်းထားတာဟာ ဖုန်းရဲ့ Setting နှင့် ဖုန်းအသုံးပြုမှုပေါ် မူတည်ပါတယ်တဲ့... တကယ်လို့ ကိုယ်က Wifi ဖွင့်ထားမိပြီး Wifi ချိတ်ဆက်မိနေတယ်ဆိုရင်တော့ သူခန့်မှန်းထားတဲ့အချိန် အပြည့်မသုံးနိုင်ဘူးလေ.. နားလည်မယ်ထင်ပါတယ်.. ဟုတ်ပြီ ကျွန်တော်တို့ ဆက်ရအောင်... Battery ပုံဘေးမှာ Battery Usage ဆိုတဲ့ ခလုတ်ရှိပါသေးတယ် ၀င်ကြည့်လိုက်ပါ.. အောက်ကပုံလိုမြင်ရပါမယ်..
Estimated Time လက်ရှိ ဘက်ထရီအားဖြင့် ဆက်လက်အသုံးပြုနိုင်မယ့် ခန့်မှန်းအချိန် ကို ဖော်ပြပေးထားပြီး ဖော်ပြပေးထားတဲ့ ခန့်မှန်းအချိန်ဟာ လွန်ခဲ့တဲ့ ၇ရက်အတွင်းအသုံးပြုခဲ့မှုအပေါ် ခန့်မှန်းတွက်ချက်ပေးထားတာဖြစ်ပါတယ်.. ဥပမာ လူတစ်ယောက်နဲ့ တစ်ယောက်က အသုံးပြုပုံချင်းမတူဘူးမလား... တစ်ယောက်က ဂိမ်းဆော့မယ်.... တစ်ယောက်က Facebook ခရေဇီ... တစ်ယောက်က သီချင်းဝါသနာရှင်.. ဆိုတော့ မတူတဲ့ အတွက် ဖွင့်ကြတဲ့ သုံးကြတဲ့ Application များဟာလဲ မတူညီနိုင်ပါဘူး... Application တစ်ခုနဲ့ တစ်ခုက လည်း ပါဝါ စားသုံးနှုန်းချင်းမတူတာကြောင့် ဒီဖုန်းတစ်လုံးကို လူတစ်ယောက်ပုံမှန် အသုံးပြုခဲ့တဲ့ ၇ရက်အတွင်းက ပုံစံအတိုင်းတွက်ချက်ကာ ခန့်မှန်းပေးထားခြင်းဖြစ်ပါတယ်... Graph ဖြင့်လည်း နေ့ရက် အချိန်ဖြင့် အသုံးပြုခဲ့တော့ ပါဝါကိုပြသပေးထားပါသေးတယ်..
သူ့အောက်မှာ Recent Battery Usage ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်မှာ Application တွေပြပေးထားပါတယ်....
လတ်တလော ဖွင့်ထားတဲ့ Application များကို ပြသပေးမှာဖြစ်ပြီး Application တစ်ခုချင်းစီတိုင်းရဲ့ ပါဝါစားသုံးခဲ့မှု ရာခိုင်နှုန်းကို ဖော်ပြပေးထားပါတယ်... Screenဆိုတာက 42% တဲ့.. Facebook က 15% တဲ့... Cell Standby ဆိုတာက 9% တဲ့ ဒီလိုပြပေးထားတယ် ပုံကိုကြည့်ပါ... ဒါဆိုရင် ဖုန်းဘက်ထရီရဲ့ ပါဝါအစားခဲ့ဆုံး အရာက Screen ဖြစ်ပါတယ်.. Screen ဆိုတာက ဖုန်းရဲ့ ရုပ်ပိုင်းဆိုင်ရာကို မြင်တွေ့စေနိုင်ရန် အလုပ်လုပ်နေသော LCD ဖြစ်ပါတယ်.. ဒီတော့ ကိုယ်တွေအသုံးပြုမှတော့ ဘာသုံးသုံး မြင်ရမှသုံးရမှာလေ....မမြင်ရဘဲ ရမ်းသမ်းနှိပ်လို့မှမဖြစ်တာဘဲနော့.... မြင်ဖို့ဆိုတာကလည်း LCD Screen ကို အသုံးပြုခိုင်းထားမှသာ မြင်ရမှာပေါ့...အဲ့တော့ Screen ပါဝါ စားသုံးမှုက အများဆုံးဖြစ်နေတာ ဖြစ်သင့်ပါတယ်... ဘာပဲသုံးသုံး ပြောချင်တာက ကိုယ်အသုံးအများဆုံး Application များနဲ့ ပါဝါစားသုံးမှု လွန်ကဲသော Application များကသာ ပါဝါစားသုံးမှု များနေမှာပါ... အောက်မှာ Facebook ဆိုရင် လတ်တလော အသုံးပြုထားရာမှာ ဘက်ထရီ ရှိတဲ့ အားရဲ့ 15% ကို သုံးစွဲခဲ့တာဖြစ်ပါတယ်.. ဒီလိုပဲ ဘယ်သူကခေါ်ခေါ် အဆင်သင့် ဖုန်းဝင်လာနိုင်စေရန် Sim Card လိုင်းတက်နေဖို့ Cell Standby ကလဲ အရေးပါလှတာကိုး.... အောက်မှာ ဆက်ကြည့်ရင် အစဉ်လိုက် ပါဝါစားသုံးခဲ့သော Application များကိုမြင်တွေ့နိုင်ဦးမှာပါ.. ဒါကိုသိထားခြင်းအားဖြင့် ကိုယ့်ဖုန်းက ဘက်ထရီ အရမ်းကုန်နေတယ် ဆိုရင် ဒီလို Setting တွေထဲမှာ သွားရောက်ဖြေရှင်းနိုင်တာပေါ့...Background နောက်ကွယ်ကနေ Run နေတဲ့ Application တွေကနေ ပါဝါစားသုံးမှုများနေတယ်ဆိုရင် ပိတ်သင့်ပိတ်လို့ရတာပေါ့ တစ်ချို့က မသိကြဘူး...ဘက်ထရီကစားလွန်းတယ် ... နောက်ထပ် ဘက်ထရီ အသစ်လဲလည်းစားနေတာပဲ စားမှာပေါ့.. Android ဆိုတာ သိထားကြတဲ့အတိုင်း Application တစ်ခုဖွင့်ထားပြီး Back Key , Home Key နှိပ်လိုက်ရုံနဲ့ ဖွင့်ထားတဲ့ Application က ပိတ်သွားတာမျိုးမဟုတ်ပါဘူး နောက်ကွယ်မှာ ဆက်လက် Run နေတာလေ.. ကွန်ပျူတာလိုပြောမယ်ဆို Minimize လုပ်လိုက်သလို အဆင်သာရှိပါတယ်.. Application တိုင်းမဟုတ်ပေမယ့် တော်တော်များများဟာ Background မှာ ဆက်လက် အလုပ်လုပ်နေဆဲပါ.. ဒါကြောင့် ဖွင့်ထားတဲ့ Application တွေများလာတဲ့နဲ့အမျှ ဘက်ထရီ ထောက်ပံ့မှုပေးရတာ များလာတဲ့အတွက် စက်ပါပူလာနိုင်ပါတယ်... RAM စားသုံးမှုများလာပြီး စက်ပါလေးလာနိုင်ပါတယ်.. RAM ဆိုတာကိုတော့ နောက် Post တွေကျမှ ဖော်ပြပေးပါမယ်... ဒီတော့ အခုနပြောသလို ဘက်ထရီ အားမနေ အားမခံ တဲ့ ပြဿမျိုးကို ဖြေရှင်းတဲ့နေရာမှာ ဖုန်းပြင်ဆိုင်ကို အရင်မသွားခင် ကိုယ့်ဖုန်းရဲ့ Setting ကို ကိုယ်အရင်စစ်ဆေးကြပါ.... အခုလို Background Running တွေတအားများနေပြီး ပါဝါစားသုံးမှုများနေလားပေါ့.. ဒီလိုဆို မလိုအပ်တဲ့ Application တွေကို ပိတ်ပစ်ရမှာပေါ့.. အဲ့လို ပိတ်ပစ်လိုက်ရင် ဘက်ထရီ အားမခံတဲ့ ပြဿနာ အဆင်ပြေသွားစေပါတယ်.. ပိတ်ဖို့အတွက် Application Manager မှ Running Tab တွင်ပိတ်နိုင်သလို အခုလို Battery Setting ထဲသို့ဝင်ကာ ပါဝါစားသုံးမှုများနေသော Application များကိုကြည့်၍ လိုအပ်သလို ပိတ်နိုင်ပါသည်။ ပိတ်ရန်အတွက် ပိတ်လိုသော Application ကိုနှိပ်ပြီး Force Stop ကိုနှိပ်လိုက်လျှင် ပိတ်သွားပါလိမ့်မည်... အောက်မှာFacebook သို့ဝင်ကာ ပိတ်ပုံကို ပြပေးထားပါတယ်....
![Screenshot_20180121-191046.png](
သို့သော် Android System အတွက် မဖြစ်မနေထောက်ပံ့ပေးနေရသော Softwareများကို ပိတ်ခွင့်မရှိပါဘူး.. ပိတ်ခွင့်ရှိလို့ရမ်းသမ်းပိတ်လိုက်ရင်လည်း စက်ပါပိတ်သွားပါဦးမယ်... ကားမောင်းနေတဲ့သူတစ်ယောက်ကို ကားပေါ်ကနေ ကန်ချလိုက်သလိုဖြစ်သွားမှာပေါ့...ဥပမာ Screen လိုမျိုး Application ကို သွားပိတ်ဖို့မဖြစ်နိုင်ပါဘူး...သူ့အလုပ်က Screen ကိုမြင်ရအောင်ပြသပေးနေရတာဖြစ်တာကြောင့် သူ့သွားပိတ်လိုက်မှတော့ကိုယ်က ဘာမြင်ရတော့မှာလဲ နော့... အဲ့လိုပေါ့...နားလည်မယ်ထင်ပါတယ်... ဒါဆိုရင် Battery Usage ကနေ ပြန်ထွက်ပြီး Battery Setting ကို ပြန်ဝင်ရအောင်...
Battery Setting သို့ပြန်ရောက်သောအခါ Power saving mode ကိုတွေ့ရပါမယ်...
ပါဝါ ချွေတာရေး အနေအထားပေါ့ ... သူ့အောက်မှာ 12နာရီ 46မိနစ် အသုံးပြုနိုင်သေးတယ်လို့ရေးထားတာ တွေ့ရမှာပါ...
အင်းလေ ပါဝါ ချွေတာပါတယ်ဆိုမှ ပုံမှန်ထက်တော့ အသုံးပြုလို့ရရမှာပေါ့.. ဟုတ်တယ်မလား... ဒါပေမယ့် ကန့်သတ်သွားမယ့် Setting တွေရှိပါတယ်.. Power saver mode အတွင်းသို့ဝင်လိုက်ပါ...
Power saving mode တွင်ဝင်ရောက်လိုက်လျှင် On ရန် ခလုတ်တွေ့မှာပါ... သူက GPS လို Location Services ကို ပိတ်မယ့်အပြင် Background တွင် Run နေသော Application များကို Data အသုံးပြုခွင့် ပိတ်ပင်မှာပါ.. Application တိုင်းတော့မဟုတ်ဘူးပေါ့ သူလိုအပ်တဲ့ Application များကို Background Data အသုံးပြုခွင့် ပိတ်ပေးခြင်းအားဖြင့် Battery အားကို ပိုခံစေမှာပေါ့... On လိုက်ပြီးတာနဲ့ ကိုယ်က တစ်ခါတည်း သုံးချင်တာလား သတ်မှတ်လို့ရပါတယ် .. On ပြီးပြီးချင်း အလုပ်လုပ်စေချင်တယ်ဆိုရင် Immediately ကိုရွေးထားရင် ချက်ချင်းအလုပ်လုပ်သွားမှာဖြစ်ပြီး On ထားသော်လည်း ဘက်ထရီအား ဘယ်လောက်ရာခိုင်နှုန်းမှ အလုပ်လုပ်ပါဆိုတာမျိုးကိုလည်းရွေးထားလို့ရပါသေးတယ် ပုံမှာကြည့်ပြီး လုပ်ဆောင်ပါ....အောက်ဆုံးက Restrict all background data ကို On ထားခြင်းဖြင့် Data သုံးစွဲနေသော Background Apps များအားလုံးကို ပိတ်ပင်ကန့်သတ်မှာဖြစ်ပါတယ်...
Battery Setting ကိုပြန်သွားပြီး Ultra power saving mode ကို ဆက်ပြောပေးပါမယ်... Ultra power saving mode ကလည်းပဲ ပါဝါကို ချွေတာရေး အနေအထားပါပဲ သူက ပိုပြီးချွေတာနိုင်သလို အသုံးပြုခွင့်များကိုလည်းပိုပြီး ကန့်သတ်ပါတယ်... လက်ရှိ ဘက်ထရီအား 54% နဲ့ နောက်ထပ် 35နာရီ 44မိနစ်သုံးနိုင်ဦးမှာလေ .... Battery Setting က ပုံကို ပြန်ကြည့်ပါ.. ဆိုတော့ Power Saving Mode ထက်ကို 3ဆလောက်ပိုသွားတာပေါ့... ဒီတော့ ဘာတွေကို ပိတ်ပင် ကန့်သတ်လိုက်လို့လဲ ဆိုတာ ကြည့်ရအောင် Ultra power saving mode ကိုဝင်လိုက်ပါဦး....
Ultra power saving mode ဟာဆိုရင် Home Screen အနေအထားဖြင့် Background အရောင်ကို အနက်ရောင်သာလျှင် အသုံးပြုခြင်းဖြင့် ကာလာထောက်ပံ့မှု မရှိစေဘဲ power စားမှုကို ပိုပြီးသက်သာလာစေပါတယ်... ထို့အပြင် ပုံတွင်ပါရှိသော Apps 6 ခုတွင် 3ခုသာ သတ်မှတ်ထားတဲ့ စာရင်းမှ Apps ကိုထပ်ပေါင်းနိုင်မှာဖြစ်ပြီး ခွင့်မပြုထားသော Apps များကို သုံးနိုင်မှာမဟုတ်ပါဘူး.... မပြောင်းလဲနိုင်တဲ့ ထားကိုထားရမယ့် Apps 3ခုက Phone , Messaes, Internet Browser ဖြစ်ပြီး သတ်မှတ်စာရင်းတွင် ထပ်ပေါင်းနိုင်သော Apps များကတော့ Calculator, Clock, Email, Facebook, Notes တို့ဖြစ်ပါတယ်... ထို့အပြင် Background Data များကို ကိုယ်တိုင်ရွေးချယ်ထားတဲ့ Apps နဲ့ System အတွက် မရှိမဖြစ်လိုအပ်သော Apps များအတွက်သာ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ကျန်Apps များအားလုံးအတွက် ကန့်သတ်ပိတ်ပင်မှာဖြစ်ပါတယ်... ဒါတင်မကသေးပါဘူး Wifi , Bluetooth များလဲ Ultra power saving mode On ထားချိန်မှာအသုံးမပြုနိုင်ဘူး.... Internet က Screen On အနေအထားမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး... Screen Off သွားတာနဲ့ အင်တာနက်ကို အော်တို ပိတ်ပေးမှာပါ... Power saving mode မှာရော Ultra power saving mode မှာရော Estimated ခန့်မှန်းထားတဲ့ အချိန်ဟာ ကိုယ်အသုံးပြုမှု ပေါ်မူတည်တယ်ဆိုတာသတိထားပါ.... သူတို့ ခန့်မှန်းထားတဲ့ အချိန်ဟာ Standby အနေအထားအတွက်သာဖြစ်ပါတယ်...
ကဲ ကျွန်တော်တို့ Battery Setting ကိုပြန်သွားကြရအောင်...
S Power Plannng ဆိုပြီးရှိပါတယ်.. Samsung ရဲ့ သီးသန့် ပါဝါ အစီအစဉ်ပေါ့...
Reserve battery for calls ကို ၀င်ကြည့်လိုက်ပါ...
Reserve battery for calls ရဲ့ အလုပ်လုပ်ပုံက ကိုယ်က ကြိုတင် သတ်မှတ်ထားတဲ့ ဘက်ထရီအားရဲ့ ရာခိုင်နှုန်းရောက်တဲ့အချိန်မှာ ကျန်တဲ့ Applications များကို အသုံးမပြုစေတော့ဘဲ Disable လုပ်လိုက်မှာပါ... Phone, Messages ၂မျိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်... Reseve battery for calls ကို On လိုက်ရင် ဘယ်လောက်ရာခိုင်နှုန်းရောက်ရင် အလုပ်လုပ်ပါဆိုပြီး ထားမယ့်ဘက်ထရီအားကို 15% Default သတ်မှတ်ပေးထားပါတယ်... ပြောင်းလဲချင်ရင်လဲကိုယ်တိုင်ပြောင်းနိုင်ပါတယ်....အောက်ပုံကြီးပြီးလုပ်ဆောင်ပါ...
ယခင် Power saving mode များဟာ ကန့်သတ်ချက်တွေများလို့ မသုံးချင်ရင်လဲ S Power Planning မှာ Extend battery time ဆိုတာ ရှိပါသေးတယ်... Extend battery time ရဲ့ အလုပ်လုပ်ပုံဟာ ကန့်သတ်ချက်များမရှိဘဲ ပုံမှန်သုံးနိုင်မှာဖြစ်ပြီး Battery ခံမယ့် အားကိုပဲ ဆွဲဆန့်ပေးလိုက်တာပါ... ကြိုက်နှစ်သက်ရင် အသုံးပြုနိုင်ပါတယ် ပုံမှာ Level အလိုက်ရွေးချယ်ထားနိုင်ပါတယ် ....ကြည့်လိုက်ပါဦး..
ပုံမှာဆိုရင် ဘယ် Level က ဘယ်လောက်ခံနိုင်ဦးမယ်ဆိုတာ ကြည့်ပြီး ရွေးချယ်ပေးနိုင်ပါတယ်...
နောက်Setting တစ်ခုဖြစ်တဲ့ Fwd calls when no battery မှာတော့ ဖုန်းအား 15% ရောက်တဲ့အချိန်ရောက်ရင် ဖုန်းဆီဝင်လာမယ့် အ၀င်Call တွေကို ကိုယ့်ဖုန်းထဲကို မ၀င်စေတော့ဘဲ အခြားဖုန်းတစ်လုံးလုံးကို လွှဲပြောင်းထားခြင်းဖြင့်လည်း ဖုန်းအ၀င်Call များကို မလွတ်တမ်းလက်ခံပြောဆိုနိုင်ပါတယ်.. ထို့အပြင် ၀င်လာမယ့် မက်ဆေ့များကိုပါ Auto လွှဲပြောင်းပေးနိုင်ပါသေးတယ်...
ု
ပုံမှာဆိုရင် Enter Number နေရာမှာ မိမိတို့ လွှဲပြောင်းချင်သော ဖုန်းနံပတ်ကိုထည့်သွင်းနိုင်သလို Contact ကို နှိပ်ကာ Contact List မှလည်း ရွေးချယ်နိုင်ပါတယ်... သတ်မှတ်ထားလို့ရပါတယ်... ဒါဆိုရင် ဖုန်း ဘက်ထရီအား 15% ရောက်ပြီဆိုရင် ဖုန်းဆီ မ၀င်တော့ဘဲ Auto Forward လုပ်ပေးသွားမှာပေါ့... နောက်ပြီး Auto send text message ကိုရွေးထားခြင်းဖြင့်လဲ ဖုန်းကိုလွှဲပြောင်းသလို မက်ဆေ့တွေကိုပါ သတ်မှတ်ထားသော နံပါတ်သို့ မက်ဆေ့ပို့သွားမှာပါ...
Battery Setting ကိုပြန်သွားလိုက်ရင် App power saving ဆိုတာရှိပါသေးတယ်... Detail ဆိုတာနှိပ်လိုက်ရင် အောက်ကပုံကို မြင်ရမှာပါ...
App power saving ကို On ထားခြင်းဖြင့် ၃ရက်ကျော်အသုံးမပြုတော့သော Apps များကို Powerသုံးစွဲခွင့် ပေးမပေး သတ်မှတ်နိုင်ပါတယ်.. ဒါကတော့ လိုအပ်သလိုသတ်မှတ်ကြပါခင်ဗျာ..
အောက်ဆုံးက Percentage on status bar ကို ဖွင့်ခြင်းဖြင့် ကိုယ့်ဖုန်းလက်ရှိ ဘက်ထရီအားကို Notification Bar မှာ မြင်တွေ့နိုင်ပါတယ်... ဒီလောက်ဆို အနည်းငယ် နားလည်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ... Smart Manager အတွင်းမှ ကျန်ရှိနေသော Settings များကို နောက် Posts များတွင် ဖော်ပြပေးပါမယ်ခင်ဗျာ... ကျေးဇူးတင်ပါတယ်
Author : Arkar Phyo
@arkarphyo
22.1.2018 (Monday)
MSC-214
ကျေးဇူးပါ bro
ရေးနိုင်တာဟယ်
Pro တွေဆိုတော့ ရေးနိုင်ပါတယ်
ပညာရတယ်ဗျာ..plz v and c me back @mgtoetat
ဟုတ်ပြန်လာပေးပါမယ်
MIUI 9 rootဖောက်တာတငိပေးပါဦး
အဝေးကြီးလိုသေးတယ် ဟီးဟီး အဲ့အဆင့်ထိရေးဖို့က တော်တော်ဝေးအူးမှာ
Thanks for sharing your knowledge
Thanks ပါ ခင်ဗျာ
ဗဟုသုတရပါတယ်ဗျ
ဗဟုသတ ရရင်ရေးရတာ ကျေနပ်ပါတယ် ခင်ဗျာ
နည်းပညာပိုင်းဆိုတော့ချချ ကျနော်လဲ phone services ပဲ အစ်ကို
ဟုတ်လား ဘယ်မြို့မှာ ဖွင့်တာလဲ ကျွန်တော်ကတော့ ဖုန်းဆားဗစ်မဟုပါပု ၀ါသနာရှင်ဘာ မှားရင်လည်း ဝေဖန်ပါအူးခင်ဗျာ
Screenshot တွေ သေချာဂရုတစိုက်ရိုက်ပြီးစေတနာပါပါနဲ့အသေးစိတ်ရေးပြထားတဲ့အတွက်ကျေးဇူးပါဗျ
ဟုတ်ကဲ့ ကျေးဇူးပါအကို အကိုအားပေးတာ အားရစရာကြီး ဟီးဟီး
MI ph တွေ ph့ ဘဲ root ဘယ်လိုဖောက်ရလဲ ပြောပြပါလား bro,unlock ဖြစ်ပြေီ
ဟုတ်ရေးပါမယ် တော်တော်တော့ ကြာပါဦးမယ်ခင်ဗျ
Thanks for sharing knowledge.
Thanks ပါ ခင်ဗျာ