တန်ဘိုးရှိသောပုံပြင်လေးများ (valuable Stories_Ant and Grasshopper) Episode 2

in #myanmar8 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,



ကလေးသူငယ်များကို ပုံပြင်ပြောပြတတ်တဲ့ ဓလေ့လေးသည် လူမျိုးတိုင်းတွင် ရှိကြပါသည်။ ညအချိန်အခါတွင် ကလေးသူငယ်များအား အပျင်းပြေစေရန်အတွက်လည်းကောင်း၊ ဗဟုသုတရရှိစေရန်အတွက်လည်းကောင်း၊ အလွန်ဆော့သော ကလေးများအား ငြိမ်သွားစေရန်အတွက် လည်းကောင်း၊ ကလေးများကို သဘောပေါက်စေရန်အတွက် ပုံပြင်များကိုပြောပြလေ့ရှိကြပါသည်။ ကျွန်တော်တို့ငယ်စဉ်အခါက အဖွားက ပုံပြင်လေးများကို ပြောပြတတ်ပါသည်။ အများအားဖြင့်လည်း အဖွားများကသာ ပြောပြသည်ထင်ပါသည်။

ဒီတစ်ကြိမ်မှာတော့ လူတိုင်းကြားဘူးကြမှာဖြစ်တဲ့ပုံပြင်လေးတစ်ပုဒ်ကိုအခြေခံပြီး ဆာင်းပါလေးတစ်ပုဒ်ရေးလိုက်ပါတယ်ဗျာ..... အဲဒီပုံပြင်ကလေးဟာဆိုရင် အချို့ငယ်စဉ်ကစာတွေထဲမှာ သင်ဘူးကြမယ်ထင်တယ်..... ပုံပြင်ကလေးကို အောက်မှာ ဖောပြပေးလိုက်ပါတယ်...


ကြားဖူးခဲ့သော ပုံပြင် (၂) _ ပုရွက်ဆိတ် နဲ့ နှံကောင်


ant and grasshopper.png

ကမ္ဘာမြေကြီးရဲ အလွန်သာယာလှတဲ့ တစ်ခုသော နွေဦးရာသီလေးရဲ့ နံနက်ခင်းလေးတစ်ခုမှာ
နှံကောင်တစ်ကောင်ဟာ မြက်ခင်းပေါ်မှာ မြူးတူးပျော်ပါးကခုန်နေပါသတဲ့... အဲဒီလို မြူးတူးပျော်ပါးနေချိန်မှာ အစာတွေကို စုဆောင်းသယ်ယူနေတဲ့ ပုရွက်ဆိတ်ကိုတွေ့ပါသတဲ့ဗျာ.... အဲဒီတော့ နှံကောင်က လှမ်းနှုတ်ဆက်လိုက်ပါတယ်... "ဟဲလို... ကိုပုရွက်ဆိတ်.... ကောင်းသောနံနက်ခင်းဘာ(အဲဒါတွေ စာထဲတော့ မပါပါ.. ဒီလိုတော့ နှုတ်ဆက်ကောင်းပါရဲ့ဆိုပြီး ထည့်ရေးလိုက်တဲ့ ကျွန်တော့်စိတ်ကူးပါ) ဘယ်သွားပြီး ဘာတွေလုပ်မလုပ်လဲဗျ" လို့ လှမ်းပြီးနှုတ်ဆက်စကားပြောရင်း မေးခွန်းလေးပါမေးလိုက်ပါတယ်...
ဒီတော့ ပုရွက်ဆိတ်က "ကောင်းသောနံနက်ခင်းပါ ကိုနှံကောင်.... အိမ်ပြန်မလို့ပါဗျ"လို့ ပြန်ဖြေတယ်ဆိုပဲ... နှံကောင် က "ကိုပုရွက်ဆိတ် ဘာတွေများ ထမ်းပိုးလာတာတုန်းဗျာ" လို့မေး လိုက်တဲ့အခါမှာ ပုရွက်ဆိတ်က "မိုးတွင်းအခါအတွက် အစာရေစာတွေ စုဆောင်းသယ်ယူနေတာပါ" လို့ပြန်ဖြေလိုတယ်တဲ့... ဒီတော့ နှံကောင်က "ကိုပုရွက်ဆိတ်ရယ်.... ခင်ဗျားနှယ်ဗျာ ဒီလောက် အလေးကြီးတွေ ထမ်းပြီးတော့များ အိမ်ပြန်ရတယ်လို့ဗျာ ခင်ဗျားကြည့်ရတာ ပင်ပန်းလိုက်ထာ နောက်ပြီး မိုးတွင်းဆိုတာကလည်း အဝေးကြီးလိုပါသေးတယ် " လို့ပြောပြန်သတဲ့... ပုရွက်ဆိတ်က " မိုးတွင်းအခါမှာ တချို့နေ့တွေမှာ မိုး အဆက်မပြတ်ရွာတတ်တော့ အစာရေစာထွက်ရှာဖို့ခဲယဉ်းတတ်တယ်လေ... ဒါကြောင့် အခုအချိန်ကစပြီး မိုးတွင်းကာလအတွက် ကြိုတင်စုဆောင်းနေရတာပါ ကိုနှံကောင်ရေ" လို့ ဘာကြောင့်သူအပင်ပန်းခံ သယ်ယူနေရသတလဲ ဆိုတဲ့အကြောင်းကို ပြန်လည်ရှင်းပြ ဖြေဆိုလိုက်တယ်ဆိုပဲ..... နှံကောင်က ဆက်ပြီးတော့ ပြောကြားတာလေးက "ဟုတ်ပါပြီဗျာ...လောကကြီးမှာ အဲဒီလောက် ပင်ပင်ပန်းပန်းနဲ့ အစာအတွက် ကြိုတင်စုဆောင်းနေစရာ ဘာလိုမှာလဲဗျာ... ပျော်ပျော်နေသေခဲတဲ့.... အချိန်တန်ရင် သူ့အလိုလို ဖြစ်လာကြမှာပါပဲလေ" လို့ပြောသတဲ့ဗျ.... ပုရွက်ဆိတ်က နောက်ထပ်ဘာစကားမှ ပြန်လည်ပြောကြားခြင်းမရှိတော့ဘဲ သူ့ရဲ့ အစာကိုသာ ထမ်းပိုးပြီး ဆက်လက်ထွက်ခွာသွားပါတော့သတဲ့....


heavy rain.png

Image from google


ဒီလိုနဲ့ မိုးရာသီကို ရောက်ရှိလာခဲ့တယ်ဆိုကြပါစို့..... နေ့စဉ်ရက်ဆက်မိုးရွာနေပေမယ့် ပုရွက်ဆိတ်ကတော့ မိုးအေးအေးနဲ့ သူ့ရဲ့ အိမ်ထဲမှာ အစာရေစာလုံလောက်စွာနဲ့ ဇိမ်ကျကျ တီဗီလေးကြည့်လိုက်... အစာလေးစားလိုက်နဲ့ နေနေပါသတဲ့...... အဲဒီလိုအချိန်မှာ ပုရွက်ဆိတ်ရဲ့ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်သံကြားလိုက်ရတယ်...... "ဒေါက်၊ ဒေါက်၊ ဒေါက်" ဒါပေမယ့် မိုးသံ လေသံတွေကြားထဲမှာ တီဗီကြီးဖွင့်ထားတဲ့ ပုရွက်ဆိတ်က ချက်ခြင်း တံခါးခေါက်သံကို မကြားမိဘူးတဲ့.... "ဒေါက် ဒေါက်...ဒေါက် ဒေါက်....ဒေါက် ဒေါက်" တံခါးခေါက်သံဟာ ပိုပြီးပြင်းထန်လာသလို ရပ်မသွားဘဲ အဆက်မပြတ် ပေါ်ပေါက်လာနေတဲ့အတွက် ဇိမ်နဲ့ နှပ်နေတဲ့ ပုရွက်ဆိတ် ဟာ တံခါးကို မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်ပေးလိုက်ရပါတော့သတဲ့.... တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ တံခါးဝမှာ တစ်ကိုယ်လုံးမိုးရေတွေ စွဲစွဲစိုပြီး ချမ်းတုန်နေတဲ့ နှံကောင်ကို တွေ့လိုက်ရပါတဲ့... ဒီတော့ ပုရွက်ဆိတ်က "အော... ဘယ်သူများလဲလို့ဗျာ ကိုနှံကောင်ကိုး" လို့ပြောလိုက်သတဲ့.... "ဟုတ်ပါတယ်ဗျာ... ကျုပ် ကို စားစားလေးတစ်ခုခုလောက် ပေးပါလားခင်ဗျာ.. ကျုပ်မှာ အခုလောလောဆယ်စားစရာ ပြတ်နေလို့ နည်းနည်းလောက် ဖြစ်ဖြစ် ပေးပါဗျာ... မိုးကလည်း အဆက်မပြတ်ရွာနေတော့ အစာရှာထွက်ဖို့ကလဲ အဆင်မပြေလို့ပါဗျာ" တောင်းတောင်းပန်ပန်နဲ့ အစာတောင်းသတဲ့ဗျ... ဒီတော့ ပုရွက်ဆိတ်က "အဲဒါကြောင့် ခင်ဗျားကို ကျုပ်မပြောခဲဘူးလား... ကြိုတင်စုဆောင်းထားပါလို့" နှံကောင် က "ဟုတ်၊ ဟုတ်ပါတယ်ဗျာ။ ခု ဗိုက်ကလည်းအရမ်းဆာ ချမ်းကလည်းချမ်းနေလို့ စားစရာလေး နည်းနည်းလောက်ဖြစ်ဖြစ်" နှံကောင်ရဲ့ စကားတောင် ဆုံးအောင်မပြောလိုက်ရပါဘူးတဲ့... ပုရွက်ဆိတ်ပြန်ပြောလိုက်တာက "တော်တော်... ကျုပ်ခင်ဗျားကို အစာမပေးနိုင်ဘူး၊ ခင်ဗျားက အစာကို ကြိုတင်စုဆောင်းခြင်းမရှိဘဲ အလေလိုက်နေတာ ပျော်မြူး ကခုန်တာလေ... ဆက်ပြီး ကခုန် နေပါလားဗျာ... ကျုပ်ကတော့ အစာလုံးဝမပေးနိုင်ပါဘူး... ကျုပ် တံခါးရှေ့ကနေ ချက်ချင်းထွက်သွားပါ" လို့ပြောပြီးပြီးချင်း တံခါးကို ဂျိုင်းကနဲ နေအောင် ပိတ်လိုက်တော့သတဲ့.... ပုရွက်ဆိတ်က လိုအပ်တဲ့ အစာရေစာကို မပေးတဲ့အပြင် မောင်းထုတ်ခြင်းကို ခံလိုက်ရတဲ့အတွက် နှံကောင် ဟာ ကြီးစွာသောနောင်တနဲ့အတူ ၀မ်းနည်းပက်လက်ဖြစ်ကာ ထွက်ခွာသွားရပါတော့သတဲ့...


heaven and hell.png

Image from google


နောက်ဆက်တွဲလေးအနေနဲ့ကတော့ တစ်ခုသော အချိန်ကာလမှာတော့ တောမီးကြီး အကြီအကျယ် လောင်ကျွမ်းသွားရာကနေ ပုရွက်ဆိတ်ရော နှံကောင်ပါ ကြီးမားတဲ့ တောမီးကြီးဘေးကနေ လွတ်အောင်မရုန်းထွက်ကြဘဲ သေဆုံးသွားကြရတာပေါ့နော်... အဲဒီလို သေဆုံးသွား ကြပြီးတဲ့နောက်မှာ ပုရွက်ဆိတ် နဲ့ နှံကောင်ဟာ ကောင်းကင်ဘုံရဲ့ စစ်ဆေးရေးဌာနကို ရောက်သွားကြပါသတဲ့ဗျာ.... အဲဒီ ကောင်းကင်ဘုံစစ်ဆေးရေးဌာနရဲ့ တာဝန်ကျ စစ်ဆေးရေးမှူးများဟာ သေဆုံးပြီး ရောက်ရှိလာတဲ့သူတွေရဲ့ အသက်ရှင်စဉ်က ဖြစ်ပျက်မှု မှတ်တမ်းတွေကို ဖတ်ရှုစစ်ဆေး ကြရပါသတဲ့.... ပုရွက်ဆိတ် နဲ့ နှံကောင် တို့လည်း အစစ်ဆေးခံဖို့ အလှည့်ကျ စောင့်နေကြရပါသတဲ့... အဲဒီလို သူတို့အလှည့်ရောက်ဖို့ စောင့်နေတဲ့အချိန်မှာ နှံကောင် ကို တဲ့အသံ ကြားရတယ်.... " နှံကောင် စစ်ဆေးရေးမှူးရှေ့ကို လာပါ"... လို့ ခေါ်လိုက်သတဲ့..... စစ်ဆေးရေးမှူးရှေ့မှောက်ရောက်တော့ "သင်ဟာ အသက်ရှင်နေထိုင်စဉ်တုန်းက အလုပ်ကို ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်ခဲ့ခြင်းမရှိဘူး...အပျော်အပါး အလောင်းအစား နဲ့ဘဲအချိန်ကုန်နေခဲ့တယ်... သူတစ်ပါးအားလည်း ကူခြင်းခဲ့ဘူးခြင်းမရှိခဲ့ဘူး.... သင်ဟာ အကုသိုလ် ဖြစ်စေမယ့် လုပ်ငန်းတွေကိုသာ တစ်သက်လုံးလုပ်လာခဲ့တယ်...ဒါကြောင့်... အသင်နှံကောင် သင်ဟာ ကောင်းကင်ဘုံနဲ့မထိုက်တန်ပေဘူး....ဒါကြောင့်...သင် ငရဲပြည်သို့သွားရမယ်" လို့ အမိန့်ချမှတ်လိုက်တဲ့အချိန်မှာဘဲ နှံကောင်ဟာ "ဗျာ...ကျနော် ကနော်" အထစ်ထစ်နဲ့ပြန်ပြောဖို့ကြိုးစား မိပေမယ့် စစ်ဆေးရေးမှူးက " မဗျာနဲ့....သွားစမ်း... နှံကောင်ကို ငရဲပြည် လိုက်ပို့လိုက်ကြ" လို့ တာဝန်ကျအမှုထမ်းတွေကို ပြောကြားလိုက်ပါသတဲ့..... အဲဒီနောက်... ပုရွက်ဆိတ်အလှည့် ရောက်ရှိလာပါတော့တယ်.... "ဟိုကောင် ပုရွက်ဆိတ် ငါ့ရှေ့ကိုလာ" လို့ခေါ် စစ်ဆေးရေးမှူးက ခေါ်လိုက်တယ်တဲ့.... ပုရွက်ဆိတ်ကတော့ ငါက မကောင်းမှုအကုသိုလ်ကို လုပ်မထားမိပါဘူးလေ...ဘာကြောက်ရမလဲ...နှံကောင်သာ အကုသိုလ်တွေလုပ်လို့ ငရဲသွားရတာ" ဆိုပြီး စိတ်ထဲ တွေးပြီး စစ်ဆေးရေးမှူးရှေ့ကို ရောက်လာပါသတဲ့.... စစ်ဆေးရေးမှူးက "ပုရွက်ဆိတ် သင်ဟာ အသက်ရှင်စဉ်အခါက အလုပ်ကိုကြိုးကြိုးစားစားနဲ့လုပ်ကိုခဲ့တယ်" လို့ပြောလိုက်တဲ့အခါ ပုရွက်ဆိတ်က "ဟုတ်ကဲ့ စစ်ဆေးရေးမှူးကြီးခင်ဗျာ... အဲဒါအမှန်ပါဘဲ" လို့အားရပါးရ ထောက်ခံလိုက် တယ်ဆိုပဲဗျ... စစ်ဆေးရေးမှူးက ဆက်လက်ပြီး "သင်ဟာ ပစ္စည်းဥစ္စာတွေကို လောဘတကြီး ကြိုးစား ပမ်းစားရှာဖွေခဲ့တယ်.... ဒါပေမယ့်လည်း...သင်ဟာ အခြားသူများအား မျှဝေပေးခြင်း... လှူဒါန်းပေးကမ်းစွန့်ကြဲခြင်း လုံးဝမလုပ်ခဲ့ဘဲနဲ့ အလွန်တရာ အတ္တကြီးခဲ့တယ်.... ဒါကြောင့် သင်ဟာလည်း ကောင်းကင်ဘုံနဲ့ မထိုက်တန်ဘူး... သင်လည်းပဲ ငရဲပြည်နဲ့ပဲ ထိုက်တန်တယ်" လို့ ပြောလိုက်တဲ့အချိန်မှာပဲ "ဗျာ" လို့တစ်လုံးထဲအော်နိုင်ပါတော့တယ်..."သူ့ကိုလည်း ငရဲပြည် ပို့လိုက်တော့" လို့ စစ်ဆေးရေးမှူးက အမိန့်ပေးလိုက်ပါတော့တယ်..... ကဲ... ပုံပြင်လေးကတော့ ဒါပါဘဲခင်ဗျာ... ဒီပုံပြင်လေးက ဘာတွေများ သင်ခန်းစာ ရရှိနိုင်ပါမလဲခင်ဗျာ...

ဘယ်လိုသင်ခန်းစားလေးတွေ ရယူသင့်သလဲ ဆိုတာ ကျွန်တော့်အမြင်ကို တင်ပြပေးချင်ပါသည်။ ကျွန်တော့်အမြင်သာဖြစ်ပါသောကြောင့်
ချစ်မိတ်ဆွေများ၏ အမြင်ကိုလည်း အောက်မှာ ရေးသားဖော်ပြသွားနိုင်ပါသည်။ အငြင်းပွားရန်တော့မရှိပါခင်ဗျာ။

ဘာသာအယူဝါဒ အသီးသီးတို့တွင် နတ်ပြည် ငရဲပြည် ကိုလက်ခံကြသော အထောက်အထားများ အများအပြားရှိကြပါသည်။ တနည်းအားဖြင့် သေလွန်လျင် ငရဲ သို့မဟုတ် နတ်ပြည် တစ်ခုခုသို့ရောက်ရှိနိုင်ကြောင်းကိုတော့ လက်ခံကြကြောင်း မြင်တွေ့ရပါသည်။ လူ တိရစ္ဆာန်သတ္တ၀ါအားလုံးတို့သည် စား ၀တ် နေ ရေး အတွက် လှုပ်ရှားရုန်းကန်ပြီး ရှာဖွေစုဆောင်းကြနေကြရသည်မှာ အမှန်ပင်ဖြစ်ကြပေသည်။ ထိုသို့စားဝတ်နေရေးအတွက် ရှာဖွေ စုဆောင်းကြရာတွင် အဆင်ပြေနေကြသူများလည်းရှိတတ်ကြသလို အဆင်မပြေသူများ လည်းရှိကြပေသည်။ လုပ်တိုင်းတော့ အောင်မြင်နေကြသည်မဟုတ်။ ကံ ဥာဏ် ၀ီရိယ ဆိုသော အကြောင်းတရား သုံးပါးကို အမှီပြုပြီး အောင်မြင်ခြင်း တနည်းအားဖြင့် စီးပွားဖွေရှာရာတွင် အလွယ်တကူ ရှာဖွေရရှိနိုင်ခြင်း၊ ရှုံးနိမ့်ခြင်း တနည်းအားဖြင့် စီးပွားဖွေရှာရာတွင် ပင်ပန်းခက်ခဲစွာ ရှာဖွေကြပါသော်လည်း မအောင်မြင်နိုင်ခြင်း တို့ကို ကြုံတွေ့နေကြရပေသည်။


hell in.png

Image from google


လူဆိုသည်မှာ အသိဥာဏ်ရှိသော သတ္တ၀ါတစ်ကောင်ဖြစ်ပေသည်။ အခြားသော သတ္တ၀ါများထက် ပိုမိုပြီး အသိဥာဏ်ရှိပေသည်။ ထိုသို့ အသိဥာဏ်ရှိသော လူ တို့သည် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းခြင်းဖြင့် လည်းကောင်း၊ ဖေးမပေးခြင်းဖြင့်သော်လည်း အပြန်အလှန် မှီခို သင့်လှပေသည်။ စီးပွားလည်းမရှာ ရသမျှ သုံးဖြုန်းပျော်ပါး နေခြင်းဖြင့်လည်းကောင်း၊ ကောင်းမှုကုသိုလ် ပြုလုပ်ရန် မေ့လျော့နေခြင်းဖြင့်လည်းကောင်း အချိန်တန် သေလွန်ခဲ့ပါသော် ပုံပြင်ထဲမှ နှံကောင် ကဲ့သို့ပင် ငရဲသို့ သွားရမည်မှာ သေချာသလောက်ရှိပေမည်။ ရသမျှ ငါ့အတွက် ဆိုသောသူများအတွက် ငါ့အတွက်သာ စဉ်းစားပြီး မိမိလောက်မှ အဆင်မပြေသူများအား ထောက်ပံ့ကူညီမှုမပြုဘဲဖြင့်လည်းကောင်း၊ ကောင်းမှုကုသိုလ် ပြုလုပ်ရန် မေ့လျော့နေခြင်းဖြင့်လည်းကောင်း ပုံပြင်ထဲမှ ပုရွက်ဆိတ်နှင့် အလားသဏ္ဍာန် တူညီနေပေလိမ့်မည်။ သေလွန်လျှင် သွားရော့ဒယ်အိုး ပေါ့။ အချုပ်အားဖြင့် ဆိုသော် ကံကောင်းထောက်မလွန်းသဖြင့် လူ အဖြစ်သို့ရောက်ရှိနေချိန်တွင် ကောင်းမှု ကုသိုလ်များကို မမေ့ မလျော့ဘဲနှင့် ကုသိုလ်ကောင်းမှုတွင် မွေ့လျော်ခြင်းဖြင့် လူဘောင် လူ့လောကကြီးကို သာယာအောင် ကြိုးပမ်းအားထုတ်ပေးခြင်းဖြင့် လက်ရှိ နောက်နောင် ကောင်းစားမည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ရပါသည်။


talk story.png

Image from google


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

9-10-2017(Monday)

Sort:  

မှတ်သားစရာပုံပြင်တွေပါ...

မှတ်ထားစရာ မှတ်ထားပါ

မှတ်ထားပါတယ်ဗျာ...
နောက်လည်း ပြောပြနော်..

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ပုံပြင်ဖတ်ပီး ပြန်အိပ်ချင်သွားဘီ

အိပ် အိပ် ဆာချစ်

ပုံပြင်နဲ့ပညာပေး
ကောင်းပါရှင်

ကျေးဇူးတင်ပါတယ်ခင်ဗျ ခုလိုလာရောက်ဖတ်ရှုပေးတဲ့အတွက်

သုတ ရသတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ က်ုစိုးရေ!

လာရောက်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ကိုသန့်

waiting for more from you ansoe! keep motivating!

yes, i will try. thanks

ပုံပြင်​ အသံကြားရင်​ အိပ်​ချင်​တာ

ပျင်းရင်လဲပျင်းတယ်ပြောပါကွာ ပုံပြင်လွှဲချပါနဲ့

Sleep and sleep!

အိပ်ယာဝင်ချိန်ပါ

Coin Marketplace

STEEM 0.10
TRX 0.32
JST 0.032
BTC 111173.74
ETH 3990.46
USDT 1.00
SBD 0.66