သစ်တစ်ပင် နှင့် တောအုပ်တစ်အုပ် (A Tree and The Forest)

in #myanmar7 years ago

သစ်တစ်ပင်နှင့်တောအုပ်တစ်အုပ်

index.jpg

နိုင်ငံတစ်နိုင်ရဲ့တိုးတက်ရေးကို တောအုပ်တစ်အုပ် နှင့် ထိုတောအုပ်ထဲမှ သစ်ပင် တစ်ပင်လို ရှုမြင်ရန်လိုအပ်ပါသည်။

images.jpg

တောအုပ်ကြီးစိမ်းလန်းစိုပြည်ရေးတွင် ထို တောအုပ်ထဲတွင်ပေါက်ရောက်နေသော သစ်ပင်တစ်ပင်ချင်းစီက အသီး အရွက် အပွင့် ပင်စည် အကိုင်း အခက်တို့ ဝေဆာစည်ပင်နေရန်လိုအပ်ပါသည်။ သစ်ပင်တစ်ပင်ချင်းစီက ပိုးကိုက် ခြောက်သွေ့ကာ မဖွံ့မဖြိုး မရှင်မသန် မကြီးမထွား ဖြစ်နေပါလျှင် တောအုပ်ကြီးသည်လည်း စိမ်းလန်းစိုပြည်သော တောအုပ် ဖြစ်မလာနိုင်ပါ။

180dimg_1951.jpg

သစ်ပင် တစ်ပင်ချင်းစီကတော့ အသီး အပွင့် တို့ဖြင့် ဝေဆာစိမ်းလန်းပါ၏။ သို့သော် ဟိုနေရာ တစ်ပင် ဒီနေရာ တစ်ပင် ဟိုကမ်းပါး တစ်ပင် ဒီတောင်စောင်း တစ်ပင် စသဖြင့် နေရာ အနှံ့ တကွဲတပြား ပေါက်နေရင် စိမ်းလန်းစိုပြည်တဲ့ သစ်တောအုပ်တစ်အုပ်မဖြစ်နိုင်ပါ။

dfdfdfdfdsewerereerewrewrew.jpg

စိမ်းလန်းစိုပြည် လှပဝေဆာတဲ့ သစ်တောအုပ်တစ်အုပ်ဖြစ်ရေးတွင် တောအုပ်အတွင်းရှိ သစ်ပင်တစ်ပင်ချင်းစီက စိမ်းလန်းစိုပြည် ခိုင်ခံ့ဝေဆာရန် လိုအပ်သလို တစ်စုတစ်ဝေးတည်း တည်ရှိပြီး တစ်ပင်နှင့်တစ်ပင် အညှာချင်းထပ် အရွက်ချင်းဆိုင် အခက်ချင်းယှက် စုစည်းနေပါမှ နေပြောက်မထိုးသော စိမ်းလန်း စိုပြည်သော သစ်တောအုပ် တစ်အုပ်ဖြစ်လာနိုင်မည် ဖြစ်ကြောင်းကို သတိပြုသင့်ပါသည်။

Nem-találom-a-kiutat-a-családi-káoszból.jpg

ထိုသို့ စုပေါင်းတည်ရှိနေကြမှာလျှင် စိမ်းလန်းစိုပြည်သော သစ်တောအုပ် တစ်အုပ် ဖြစ်နိုင်သလို အကျိုးခံစားခွင့်လည်းပိုလာမည် သဘာဝဘေျးွှရာယ်များကလည်း အလွယ်တကူ ဖျက်ဆီးနိုင်မည် မဟုတ်ပါ။ တစ်ပင်ချင်းစီး တစ်နေရာစီ ကောင်းနေချင်းသည် သစ်တောမဖြစ်နိုင်သလို အကျိုးခံစားခွင့် သဘာဝဘေးအန္တရာယ်လည်း အလွယ်တကူ ဖျက်ဆီးနိုင်မည်ဖြစ်ပါသည်။

စုပေါင်းဆောင်ရွက်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်း(Team work)အလေ့အကျင့်များ ကျွန်တော်တို့နိုင်ငံတွင် အားနည်းနေပါသည်။

တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်နိုင်အောင်ကြိုးစားကြစေရန်တိုက်တွန်းအပ်ပါသည်။

အောင်မြင်အောင်ကြိုးစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Photo from Google.

@ansoe

https://steemit.com/@ansoe

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68161.91
ETH 2649.30
USDT 1.00
SBD 2.68