သင့်စိတ် ကို သင်ပိုင်ပါသလား (Do you own your mind?)

in #myanmar7 years ago (edited)

thinking.jpg

စိတ်ဆိုးခြင်း ဒေါသထွက်ခြင်း ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းများသည် ကိုယ့်စိတ်နဲ့ ကိုယ့်ကို ဟုတ်မဟုတ် စဉ်းစားကြည့်ပါ မိတ်ဆွေ

သူလုပ်လို့ ငါစိတ်ဆိုးရတယ် သူလုပ်လို့ငါပျော်ရွှင်ရယ်မောနိုင်တာ ဆိုတဲ့ သူ့ကြောင့် ဆိုတဲ့စကားလေးတွေကို မကြာခဏကြားမိပါတယ်...

အဲဒီလို အခြားတစ်ယောက်ယောက်ကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှု ဖြစ်နေသောသူများထဲတွင် မိတ်ဆွေ ကိုယ်တိုင် တစ်ယောက်အပါအ၀င်ဖြစ်နေပါသလား မိတ်ဆွေ ပါမပါတော့မသိပါ ဒါပေမယ့် လူတော်တော်များများကတော့ အဲဒီအတိုင်းဖြစ်နေတာကိုသိရပါတယ် တစ်နည်းအားဖြင့်ပြောရ့င် ကိုယ့်စိတ်ကိုယ်မပိုင်ဘူးဖြစ်နေသူတွေကို အများဆုံးတွေ့နေရပါတယ်

သူငယ်ချင်းနှစ်ယောက် ဈေးဆိုင်တစ်ခုကို ပစ္စည်းတစ်ခု သွားဝယ်တယ် ဆိုင်ရှင်ကတော်တော်လေး လက်ပေါက်ကတ်ပြီး ဆက်ဆံရေးအင်မတန်ညံ့ပါတယ် သူငယ်ချင်းက ပစ္စည်းဝယ် ကျသင့်ငွေရှင်းပေးလိုက်ပါတယ် ပြန်အမ်းငွေစောင့်နေပါတယ် တော်တော်နဲ့ဆိုင်ရှင်ကပြန်မအမ်းပါဘူး ဘေးက သူငယ်ချင်း တော်တော်စိတ်တိုနေပေမယ့် ပစ္စည်းဝယ်တဲ့သူငယ်ချင်းကတော့ အေးအေးဆေးဆေး ပြုံးပြုံးရွှင်ရွှင် နဲ့ရှိနေကိုတွေ့ရတော့ အဖော်လိုက်လာတဲ့သူတော်တော်အံ့သြနေပါတယ် အတော်ကြာမှ ဆိုင်ရှင်က ပိုက်ဆံလာအမ်းပါတယ် ပစ္စည်းဝယ်တဲ့သူက ကျေးဇူးတင်ပါတယ်ခင်ဗျာ လို့ပြောလိုက်တော့ အဖော်လိုက်လာတဲ့ သူငယ်ချင်းနားမလည်နိုင်အောင်ဖြစ်နေပါတယ်

ဒါနဲ့ ဆိုင်ထဲကထွက်လာလို့ ဆိုင်ပြင်ရောက်တာနဲ့အဖော်လိုက်လာတဲ့သူငယ်ချင်းက မအောင့်နိုင်ပဲ သူငယ်ချင်းကို ပြောပါတော့တယ်
မင်းကွာ ဒီလောက်အပေါက်ဆိုးတဲ့ ဆိုင်မှာ မင်းမို့ ပစ္စည်းဝယ်နေသေးတယ် သူ့ဆိုင်တစ်ဆိုင်မှာဘဲ ဒီပစ္စည်းမျိုး ရောင်းတာမဟုတ်ပါဘူး အခြားဆိုင်တွေသွားဝယ်ရောပေါ့ကွာ ပိုက်ဆံပြန်အမ်းဖို့စောင့်ရတာလည်း အိမ်ထောင်ကျလောက်တယ် ဒါကိုတောင် မင်းက ကျေးဇူးတင်ပါတယ်ခင်ဗျာ လို့ပြောခဲ့သေးတယ်ကွာ ဆိုပြီး ဒေါသထွက်နေတဲ့လေသံနဲ့ပြောလိုက်ပါတယ် မိတ်ဆွေ လူတော်တော်များများက ဒီလိုအခြေအနေနဲ့ကြုံရင် ဒီလိုပဲဖြစ်နေကြတာကိုတွေ့မြင်ရပါတယ်

မိတ်ဆွေ သင်ဆိုရင်ရောဘယ်လိုခံစားရမှာပါလဲ ဘယ်လိုတုံ့ပြန်မှာ ပါလဲ

think.jpg

ပစ္စည်းဝယ်တဲ့သူငယ်ချင်းပြောတာကို နားထောင်ကြည့်လိုက်ပါ ခံစားချက် တစ်ခုခုတော့ မိတ်ဆွေတို့ထံမှာ ကျန်ရစ်နေခဲ့မယ်ထင်ပါတယ်

ပစ္စည်းဝယ်တဲ့သူငယ်ချင်းက အဲဒါသူ့စိတ်နဲသူလေကွာ ငါ့စိတ်မှ မဟုတ်ပဲ သူ့စိတ်နဲ့သူဖြစ်နေတာ ငါစိတ်နဲ့ဘာမှ မဆိုင်ဘူးလေကွား မင်းက ဘာဖြစ်လို့စိတ်တိုဒေါသထွက်နေတာလဲ မင်းစိတ်ကို ဟိုဆိုင်ရှင်က ပိုင်သွားတာပဲ မင်းဟိုဆိုင်ရှင်ကြောင့်ဒေါသထွက်နေတာ စိတ်ဆိုးနေတာ ဆိုတော့ မင်းစိတ်ကို ဆိုင်ရှင်ကပိုင်သွားတာပဲ မင်းစိတ်ကို မင်းမပိုင်တော့ဘူး လို့ပြန်ပြောလိုက်ပါတယ်...
အမှန်ပါပဲ ခင်ဗျာ ကျွန်တော်တို့အတော်များများက အဲဒီအတိုင်းပဲ ဖြစ်နေကြပါတယ်ခင်ဗျာ ကိုယ့်စိတ်ကို ကိုယ်မပိုင်ဘဲ ကိုယ့်စိတ်ကို သူများက ပိုင်နေတဲ့သူတွေဖြစ်နေကြပါတယ်..မိတ်ဆွေရော ကိုယ့်စိတ်ကို ပိုင်ပါသလား

"သူတစ်ပါးကြောင့် ပျော်ရတယ်။" "သူတစ်ယောက်ကြောင့် ပျော်ရတယ်။"
"သူတစ်ပါးကြောင့် စိတ်ဆင်းရဲရတယ်။" "သူတစ်ယောက်ကြောင့် စိတ်ဆင်းရဲရတယ်။"

ကိုယ်ရရှိနေတဲ့ အပျော်တွေက အခြားသူတစ်ယောက်ဆီကလာနေတာဖြစ်နေကြပါတယ် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဟာ အဲဒီ့ တစ်ယောက်ယောက်အပေါ် မှီခိုနေသလို ဖြစ်သွားပါတယ်။

အဲ့တော့ အဲ့တစ်ယောက်ယောက်ကပဲ ကိုယ့်ကို စိတ်ဆင်းရဲအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆိုးအောင် ဒေါသဖြစ်အောင်လည်း လုပ်နိုင်သွားပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေအားလုံး သူ့လက်ထဲကို ဝကွက်အပ်လိုက်သလိုပါ။ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို တစ်ယောက်ယောက်လက်ထဲမှာ ရှိနေတာဟာ အဓိပ္ပာယ်ကော ရှိပါရဲ့လား မိတ်ဆွေ

စဉ်းစားကြည့်ရင် ကိုယ်ကိုတိုင် အစားမစားနိုင်လို့ အခြားသူတစ်ယောက်က အစာခွံ့ကျွေးနေသလိုဖြစ်နေသလိုပါပဲ ကိုယ့်ကို စိတ်ချမ်းသာအောင်ထားမှာ ကိုယ်ကိုတိုင်လား အခြားသူတစ်ယောက်လား ကိုယ့်ဘ၀ကို တန်ဖိုးထားမယ်သူဆိုရင်တော့ ကိုယ်ကိုတိုင် တန်ဖိုးရှိအောင်လုပ်ပါ...

ကိုယ့်စိတ်ကို သူတစ်ပါး လက်ထဲမှာ ထိုးအပ်ထားမလား ဒါမှမဟုတ် ကိုယ်ကိုတိုင် ထိမ်းချုပ်မလား

သင်၏ စိတ်ခံစားမှုများအားလုံးကို သူတစ်ပါးရဲ့ ချုပ်ကိုင်မှု အောက်တွင် ထားရှိမှာလား စဉ်းစားပါ မိတ်ဆွေ

ကိုယ်စိတ်ကို ပိုင်နိုင်သူများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ....

Steemit fellow အားလုံး အောင်မြင်ကြပါစေ...

Photo from google.

ansoe logo copy.png

@ansoe

https://steemit.com/@ansoe

Sort:  

စိတ် အကြောင်းဆိုတော့ စိတ်ဝင်စားတာအမှန်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63267.39
ETH 2572.65
USDT 1.00
SBD 2.80