စမ်းကြည့်လိုက်ပါ(Test This Technique)

in #myanmar8 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



test this technique copy.png

Image from google


ကျွန်တော်တို့သည် လူ့လောကကြီးအားကျောခိုင်းကာ ရဟန်းအဖြစ်တောထွက် တရားမကျင့်ကြံနိုင်သေးသမျှ ကာလပတ်လုံး လူပေါင်းများစွာနှင့်နေ့စဉ် ထိတွေ့ဆက်ဆံနေကြရဦးမည်ဖြစ်ပေသည်။ လူအများနှင့် ပြောဆိုဆက်ဆံခြင်းမပြုလိုလျှင်လည်း တစ်ဦးတည်းတောထွက်ကာ ရဟန်းအဖြစ်ခံယူပြီးနေထိုင်ရုံသာရှိတော့ သည်။ ထို့ကြောင့် လူအများနှင့်ဆက်ဆံရန်အတွက် လူတိုင်းအတွက် အသုံးဝင်နိုင်၊ အသုံးတည့်နိုင်မည်ထင်သော အကြောင်းအရာအချို့အား ရေးသားလိုပါသည်။ လူတိုင်းတကယ်အသုံးတဲ့မည့်အပြင် ငွေကြေးတစ်စုံတစ်ရာလည်း ကုန်ကျမည်မဟုတ်ဟုထင်ပါသည်။ ငွေမကုန်ပါဟုဆိုလျှင် ကျွန်တော်တို့မြန်မာအများစု အလွန်နှစ်သက်တတ် ကြသောကြောင့် အလိမ်ခံရသူများလည်း နည်းမည်မဟုတ်ပါ။ Steemit သည် မလိမ်ပါ။ တကယ်ပေးပါသည်။ ထို့အတူ ကျွန်တော်လည်း မလိမ်ပါ။ အမှန်အသုံးတဲ့မည့်နည်းစနစ်ကို အမှန်တကယ်ရေးသားပါမည်။ အမှန်တကယ်လည်း ငွေမကုန်ပါခင်ဗျာ။

ကမ္ဘာကျော်သူဌေးကြီးတစ်ဦးဖြစ်သူ ချားရွှပ်က "အလုပ်များကို ပြီးစီးအောင်လုပ်စေချင်လျှင် အပြိုင်အဆိုင်အလုပ်လုပ်လိုသောစိတ်ထားများ ပေါ်ပေါက်လာအောင် ဆွပေးရမည်။ ပိုက်ဆံရအောင်ဟူသော ယုတ်ညံ့သော စိတ်ထားဖြင့် ပြိုင်ဆိုင်စေခြင်းကို ကျွန်ုပ်မဆိုလို၊ တစ်ဦးထက်တစ်ဦး သာလိုသော ဆန္ဒဖြင့် ပြိုင်ဆိုင် စေခြင်းကိုသာ ကျွန်ုပ်ဆိုလိုသည်" ဟုပြောဆိုခဲ့ကြောင်းကိုမှတ်သားထားခဲ့ဘူးပါသည်။ အပြိုင်အဆိုင်ဆိုသည် မှာ အမြဲလိုအပ်နေသောအရာတစ်ခုဖြစ်မည်ပင်။ အပြိုင်အဆိုင်မရှိပါကလည်း တိုးတက်မှုနည်းပါးမည်ဖြစ်ပါသည်။ ခေတ်အဆက်ဆက်တွင် အပြိုင်အဆိုင်များကြောင့်တိုးတက်လာကြခြင်းဖြစ်သည်ကို သတိရသင့်ပေသည်။ စီးပွားရေး၊ နိုင်ငံရေးတို့တွင်လည်း အပြိုင်အဆိုင်မရှိက အေးဆေးစွာနေကြမည်ဖြစ်သည်။ စီးပွားရေးတွင် မိမိတစ်ဦးတည်းသာ လုပ်ကိုင်နေပါက ထိုလုပ်ငန်းသည် တိုးတက်မှု နှေးကွေးမည်ထင်ပါသည်။ ပြိုင်ဆိုင်ခြင်းသည် တိုးတက်ခြင်းအတွက် အထောက်အကူဖြစ်ပါသည်။ သို့သော် ထိုသို့ပြိုင်ဆိုင်မှုသည် ယုတ်ညံ့သောနည်းများဖြင့် ပြိုင်ဆိုင်စေခြင်းကို ရှောင်ရှားရမည်ဖြစ်သည်။ ယုတ်ညံ့သောပြိုင်ဆိုင်ခြင်းသည် အမှန်တကယ်တိုးတက်ခြင်းကို မဖြစ်ပေါ်စေနိုင်သည်ကိုလည်း တွေ့ရပါသည်။ လူအများနှင့်လုပ်ကိုင်ဆောင်ရွက်နေကြရပါသော မိတ်ဆွေအပေါင်း တို့အတွက်ဆိုပါက မိမိတို့သည် လူအများကို ထိန်းသိမ်းအုပ်ချုပ်နေရပါမူ မိမိလက်အောက်ရှိ ၀န်ထမ်းများအား စိတ်ဓာတ်တက်ကြွစေရန်နှင့်အပြိုင်အဆိုင်လုပ်ကိုင်ကြစေရန် မသိမသာ အားပေးသင့်သည်ထင်ပါသည်။ မသိမသာဟုဆိုရခြင်းမှာ မိမိတွန်းအားပေးခြင်းသည် သိသာနေမည်ဆိုပါက အလုပ်မဖြစ်နိုင်ဟုလည်း ထင်သော ကြောင့်ဖြစ်ပါသည်။ မိမိတို့နှင့်အတူလက်တွဲလုပ်ကိုင်ဆောင်ရွက်နေသူများ၏ စိတ်ဓာတ်အားများ တက်ကြွလာစေ ရန်၊ မှန်ကန်သော မခံချင်စိတ်ဖြစ်ပေါ်လာစေရန် နှိုးဆွပေးသင့်ပါသည်။


team.png

Image from google


လူအများနှင့်ဆက်ဆံကြရာတွင် သဘောတူညီချက်ရရှိစေရန်အတွက် စကားပြောဆိုရန်လိုအပ်လာသောအခါတွင် လူအများအား မိမိပြောဆိုသောစကားကိုလက်ခံနိုင်သောစကားမှစတင်ပြောဆိုသင့်သည်ထင်ပါသည်။ လက်မခံ နိုင်သောစကားမှ စပြောမိသည်ရှိသော် ထိုစကားအတွက် သဘောတူညီချက်ရရှိစေရန်မှာ အလွန်ပင်ခဲယဉ်း သွားတတ်ကြောင်းကိုလည်း သတိပြုစေချင်ပါသည်။ အခြားသူများသဘောတူညီစေရန်အတွက် အလွန်လွယ်ကူ ရိုးရှင်းသောစကားများ အများအပြားရှိပါသည်။ ဥပမာအားဖြင့်ဆိုရသော် ဒီကနေ့ ရာသီဥတုက အင်မတန်ပူတယ်ဗျာ ဆိုသော လက်ရှိရာသီဥတုနှင့်ဆိုင်သော စကားသည် အလျင်အမြန် ခေါင်းငြိမ့်စေနိုင် သော စကားဖြစ်သည်မဟုတ်ပါလားခင်ဗျာ။ လူတို့၏ သဘောသဘာဝအရ မိမိတို့နှုတ်မှထွက်သွားသော စကားတစ်ခွန်းကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကာကွယ်တတ်သော သဘောရှိကြောင်းကို နားလည်ရန်လိုအပ်ပါသည်။ မှားယွင်းစွာပြောမိသော်လည်း မှားကြောင်းဝန်ခံရန်အတွက်လည်း အင်မတန်ဝန်လေး တတ်ကြသည်မဟုတ်ပါလား။ ထို့ကြောင့် လူအများ၏ သဘောတူညီချက်တစ်ခုရယူရန်ရှိပါက အလျင်အမြန် သဘောတူနိုင်သော စကားတစ်ခွန်းမှစတင်သင့်ကြောင်းပါခင်ဗျာ။


yes i agree.png

Image from google


ဈေးရောင်းသူအများအပြား မှားယွင်းစွာကျင့်သုံးတတ်သောအလေ့အကျင့်တစ်ခုရှိပါသည်။ နေရာတိုင်းတွင်လည်း မြင်တွေ့နိုင်ပါသည်။ ထိုမှားယွင်းသောအကျင့်တစ်ခုသည်ကား စကားအများအပြားအား ပြောဆိုနေပြီး ၀ယ်သူ အား ပြောဆိုခွင့်နည်းနည်းသာ ပေးတတ်သော အလေ့အကျင့်ပင်ဖြစ်ပါသည်။ တကယ့်လက်တွေ့တွင် မိမိမှ စကား ပြောဆိုချင်သကဲ့သို့ လူတိုင်းသည်လည်း သူတို့၏ထင်မြင်ချက်များ၊ အယူအဆများကို ပြောဆိုချင်တတ်ကြသည်။ ထို့ကြောင့် ဈေးဝယ်လာသူအား သူ့ယူဆချက်၊ သူ့ထင်မြင်ချက်တို့အား ပြောသည်ကို စိတ်တိုင်းကျပြောနိုင်စေရန် အထောက်အပံ့ပေးခြင်းသည် ဈေးရောင်းကောင်းစေမည့် နည်းစနစ်တစ်ခုဖြစ်ပါသည်။ ဈေးဝယ်လာသူတို့ပြောချင် သောစကားများအား နားထောင်ပေးခြင်းဖြင့် ဈေးရောင်းကောင်းစေသည်မှာ အမှန်ဖြစ်သော်လည်း သူတို့သိလိုသော အကြောင်းအရာများကို လိုတိုရှင်း အမြန်ဖြေဆိုပေးကြရမည်ဖြစ်ပါသည်။ စကားကြောရှည်နေလျှင် သေချာပေါက် ဈေးမ၀ယ်ပဲပြန်ထွက်သွားပါလိမ့်မည်။ ဈေးရောင်းရန်အခက်တွေ့နိုင်ပါ သည်။ တကယ့်လက်တွေ့ဖြစ်ပျက်ဘူးသော အကြောင်းအရာလေးတစ်ခုအား ထည့်သွင်းရေးသားသွားပါမည်။ ထိုအကြောင်းအရာသည် ကျွန်တော်တို့မြန်မာနိုင်ငံတွင်တော့မဟုတ်ပါ။ အမေရိကန်နိုင်ငံတွင် ရောင်းချခြင်းနှင့် ပတ်သက်သော အကြောင်းအရာတစ်ခုဖြစ်ပါသည်။ အောက်ပါအကြောင်းအရာသည် မိမိမတတ်နိုင်သောကြောင့် လုံးဝအထက်ပါနည်းကို အသုံးပြုလိုက်ရသောလူတစ်ယောက်အကြောင်းဖြစ်ပါသည်။ ဖတ်ရှုကြည့်လိုက်ကြပါစို့။


success.png

Image from google


အမေရိကန်နိုင်ငံ၏ အကြီးဆုံးကားကုမ္ပဏီတစ်ခုသည် ကားများတွင် အသုံးပြုရန်အတွက် အ၀တ်စများလိုအပ် လျှက်ရှိရာ အ၀တ်စရောင်းသော ကုမ္ပဏီများသို့ လိုအပ်သော အ၀တ်စများတင်သွင်းပေးနိုင်သော ကုမ္ပဏီများအား စကားကမ်းလှမ်းလျက်ရှိပါသည်။ ကန်ထရိုက်အဖြစ်ယူခြင်းဟုခေါ်ဆိုရမည်ထင်ပါသည်။ အ၀တ်စရောင်းသော ကုမ္ပဏီကြီးသုံးခုမှ နမူနာစများကို ကားကုမ္ပဏီကြီးသို့ပို့လိုက်ရာ အရာရှိများမှ စမ်းသပ်ကြည့်ရှုကြပြီး ကြိုက်နှစ်သက်သဖြင့် ထိုကုမ္ပဏီသုံးခုအား တွေ့ဆုံရန်ချိန်းဆိုလိုက်ပါသည်။ ချိန်းဆိုသောနေ့တွင် ကန်ထရိုက်ရရှိ ရန်အတွက် အ၀တ်စကုမ္ပဏီမှ အရောင်းကိုယ်စားလှယ်အသီးသီးစေလွှတ်ပြီး လာရောက်တွေ့ဆုံကြရန် အကြောင်းကြားလိုက်ပေသည်။ ဂျီဗီအာ ဆိုသည့် အထည်ကိုယ်စားလှယ်တစ်ဦးသည် မော်တော်ကားကုမ္ပဏီရှိရာ မြို့သို့ မရောက်မီ လမ်းမှာပင် လည်ချောင်းရောဂါဖြစ်ပေါ်ခံစားလာရပါသည်။ သူကိုယ်တိုင် ပြန်ပြောသည့်အကြောင်းအရာအား အောက်တွင်ဖော်ပြလိုက်ပါသည်။


for car.png

Image from google


ကျွန်ုပ်ပြောရန်အလှည့်ရောက်သောအခါ ကျွန်ုပ်တွင်အသံမထွက်နိုင်တော့ပါ။ စကားတိုးတိုးပြောရန်ပင်မစွမ်းနိုင်ပါ။ ကျွန်ုပ်အခန်းအတွင်းသို့ ၀င်သွားသောအခါ အထည်ဘက်ဆိုင်ရာလူကြီး၊ အ၀တ်စ၀ယ်ယူသော တာန်ခံအရာရှိ၊ အရောင်းဘက်ဆိုင်ရာ ဒါရိုက်တာလူကြီး၊ ကုမ္ပဏီ၏ ဥက္ကဌတို့နှင့် ရင်ဆိုင်ရပါတော့သည်။ ကျွန်ုပ်လည်း အသံထွက် စေရန် အတတ်နိုင်ဆုံးဖြစ်ညှစ်ပြီး စကားပြောဆိုရန်ကြိုးစားပါသော်လည်း ကြွက်အော်သံကဲ့သို့ အသံထွက်ရုံမှတပါး မတတ်နိုင်တော့ပါချေ။

သူတို့သည် စားပွဲခုံတစ်ခုတွင်ဝိုင်းဖွဲ့ထိုင်ကြသည်ဖြစ်ရာ ကျွန်ုပ်သည် အောက်ပါစကားတို့ကို စက္ကူတစ်ရွက်ပေါ် တွင် ချရေးပါသည်။ "ဥက္ကဌကြီးခင်ဗျာ၊ ကျွန်တော့်မှာ အသံဝင်နေသောကြောင့် ကျွန်တော်သည် စကားမပြော နိုင်ပါ" ထိုအခါ "ကိုင်း ဒါဖြင့် မောင်ရင့်ကိုယ်စား ကျုပ်ကပဲပြောရတာပေါ့" ဟု ဥက္ကဌကြီးက ကျွန်ုပ်အား ပြောပါသည်။ ထို့နောက် ဥက္ကဌကြီးသည် ကျွန်ုပ်၏ နမူနာအ၀တ်စများကို တစ်ခုပြီးတစ်ခု ထုတ်ပြကာ သူတို့၏ ကောင်းကြောင်းကိုချီးကျူးလေ၏။ ကျွန်ုပ်၏ အ၀တ်စများနှင့် အပြန်အလှန်ဆွေးနွေးကြရာ ဥက္ကဌကြီးမှာ ကျွန်ုပ်၏ကိုယ်စား ပြောရသည်ဖြစ်သောကြောင့် ကျွန်ုပ်၏အ၀တ်စများကောင်းကြောင်းကိုသာ ခုခံပြောဆိုလေ၏။ ကျွန်ုပ်မှာမူကား ပြုံးရုံ၊ ခေါင်းငြိမ့်ရုံ နှင့် လက်ဟန် ခြေဟန် ပြရုံမှတစ်ပါး ဆွေးနွေးပွဲတွင် မည်သို့မျှ ၀င်ရောက် ဆွေးနွေးနိုင်ခြင်းမရှိပါချေ။ ထိုထူးခြားသော ဆွေးနွေးပွဲပြီးသောအခါ အ၀တ်စ ကိုက်ရေ ငါးသိန်းကျော်ရှိသော ကန်ထရိုက်လုပ်ငန်းကို ကျွန်တော်ပင်ရရှိခဲ့ပါသည်။ ကန်ထရိုက်၏ တန်ဖိုးမှာ စုစုပေါင်းဒေါ်လာပေါင်း တစ်သန်းနှင့် ခြောက်သိန်းဖိုးမျှရှိလေသည်။ ကျွန်ုပ်တစ်သက်တာတွင် ယခုကဲ့သို့ ကြီးမားသော ကန်ထရိုက်ကို မရခဲ့ဖူးပါချေ။ ကျွန်ုပ်အသံမ၀င်ခဲ့ပါက ဘယ်နည်းနှင့်မျှ ယခုကန်ထရိုက်လုပ်ငန်းကို မရနိုင်ကြောင်း ကောင်းစွာသိရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်၏အထင်အမြင်ကတစ်မျိုး၊ ဟိုရောက်သွားသောအခါ တွေ့ရသည်ကတစ်မျိုး ဖြစ်နေသောကြောင့်ပင်တည်း။ ထို့ကြောင့် တစ်ခါတစ်ရံ တစ်ဖက်သားကို အပြောခိုင်းခြင်းဖြင့် မည်မျှအကျိုးရှိသည် ကို ကျွန်ုပ်သည် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရပေတော့သည်။

အထက်ပါအချက်အကြောင်းအရာများကို ဖတ်ရှုကြည့်ခြင်းဖြင့် လူတို့သည် မိမိသည်သာအကြီးကျယ်ဆုံးအဖြစ် ခံယူတတ်သောစိတ်၊ အရာဝင်လိုသောစိတ်၊ မိမိတို့၏ ဂုဏ်သိက္ခာကို အလေးထားကာကွယ်လိုသောစိတ်တို့ကို ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း ယနေ့မှကာ အခြားသူများအား ဦးစားပေး ခြင်းဖြင့် အောင်မြင်ခြင်းအသီးအပွင့်များကို ရယူခံစားကြပါစို့ဟု ပြောကြားရင်း ရပ်နားလိုက်ပါသည်။

ဦးနုရေးသားသောမိတ္တဗလဋီကာမှ အချို့သောအကြောင်းအရာများအား ထုတ်နှုတ်ရေးသားပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-12-2017 ကြာသပတေးနေ့(Thursday)

Sort:  

နှစ်သက်မိပါတယ်ဗျာ ...
ကြိုးလည်း ကြိုးစားပါ့မယ် ...

ဝမ်းသာပါတယ်ဗျာ

MSC လက်အောက် ကို ရောက်လာတဲ့  လူသစ်တွေ ကျွန်တော်လဲ တတ်နိုင်တဲ့ ဘက်ကနေ တွဲ ခေါ်ပေးပါမယ် အကို။အကိုတို့admin တွေ ဘယ်လောက်ထိ လူသစ်ကို တွဲ ခေါ်တယ်ဆိုတာ promotiom မှ admin တွေ နောက်ဆုတ်ပေးနေတာ မြင်မိပါတယ်။

အခေုလိုကြားရတာ ဝမ်းသာပါတယ်ဗျာ ကျေးဇူးလည်းတင်ပါတယ်ဗျာ

ဗဟုသုတရရှိတဲ့စာပေတွေအများဆုံးရေးသားတင်ပြတက်တဲ့အကိုစိုး
တကယ်ဗဟုသုတရရှိပါပေတယ်ခင်ဗျ

အခုလိုမန့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ဗဟုသုတများများ ရကြပါစေ

ဖတ်​လို့​ကောင်းတယ်​ ကိုစိုး

ကျေဇူးတင်ပါတယ်ဗျာ များများဖတ်ပေးပါ

ကျင့်သုံးလိုက်နာသင့်တဲ့ အချက်တွေပါအစ်ကို ကောင်းပါတယ်ဗျ

ကျင့်သုံးနိုင်မယ်ဆို အကျိုးမယုတ်နိုင်ပါဘူးဗျာ

ကျွန်တော်တို့လိုလူသစ်တွေ အဖို့ ဗဟုသုတတိုးပွားစေပါတယ်အစ်ကို

ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော့်စာများကိုအချိန်ပေးဖတ်ရှုရလို့ အနည်းငယ်သောဗဟုသုတလေးကို ရရှိသွားမယ်ဆိုရင် အပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ

ပြိုင်ဆိုင်မှုနဲ့
အခွင့်အရေးဖြစ်ထွန်းမှုနှစ်ခုပေါင်းပြီး
သာဓကတစ်ခုအနေနဲ့ရေးလိုက်တာပေါ့နော် ကိုစိုး
ကိုစိုး၊ဆရာတင်နဲ့၊အစ်ကိုဟင်တို့ရဲ့postတွေက ဗဟုသုတ ဟင်းလေးအိုးကြီးကိုဖြစ်နေပါပြီ။
ကျေးဇူးတင်တယ်ကိုစိုး။

အော် မဟုတ်ရပါဘူးဗျာ ကမိုးဇော်ရာ😘

စမ်းကြည့်ပါ့မယ် လေ ....

စမ်းပါ စမ်းပါ ကလေးတွေကို ကောင်းကောင်းစည်းရုံးပါ ရိုက်ပဲနေပါနဲ့လေ

The @OriginalWorks bot has determined this post by @ansoe to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

Congratulations @ansoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.08
TRX 0.28
JST 0.035
BTC 101414.57
ETH 3321.86
USDT 1.00
SBD 0.50