စိတ်ဓာတ်ခွန်အား (MORAL COURAGE)

in #myanmar9 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,


လောကကြီးကို စိတ်က ဦးဆောင် ဦးရွက်ပြုတယ်ဆိုသော စကားကို ငယ်စဉ်ကတည်းက ကြားဘူးခဲ့ပါသည်။ သို့သော်လည်း ဘာကိုဆိုလို မှန်းမသိခဲ့ပါချေ။ ယခုအချိန်တွင် စိတ် ၏ ဦးဆောင် ဦးရွက်ပြုတတ်ပုံလေးကို ထိုက်သင့်သလောက်တော့ နားလည်လာခဲ့ပါသည်။ အောက်မှာ ဖော်ပြထားတဲ့ ရာဘင်ဒြာနတ်တဂိုး(တဂိုး လို့အများခေါ်ကြပါသည်) Rabindranath Tagore ရဲ့ကဗျာကို ဖတ်မိပါသည်။

My Prayer.png


အထက်ပါကဗျာသည် အပြည့်အစုံကဗျာမဟုတ်ပါခင်ဗျာ။ စိတ်ပါဝင်စားသူများ အောက်ပါလင့်မှ ၀င်ရောက်နားဆင်နိုင်ပါသည်။

http://slideplayer.com/slide/3783277/

တဂိုး၏အထက်ပါကဗျာစာသားများသည် လူတစ်ယောက်ကို ခွန်အားများ တိုးပွားလာစေနိုင်ကြောင်း တွေ့ရပါသည်။ ထိုသို့ဆိုသော် ကျွန်တော့် အင်္ဂလိပ်စာကျွမ်းကျင်သူဟု အထင်ရောက်နေကြပါမည်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနည်းပါးပါသည်။ ဟို dictionary လှန်ရှာလိုက် ဒီ dictionary လှန်ရှာလိုက်ဖြင့် အချိန်တော်တော်အကုန်ခံပြီး ဘာသာပြန်ကြည့်ခဲ့ခြင်းဖြစ်ပါသည်။ အမှန်အကန် အတိအကျတော့ သေသေချာချာမသိပါ။ သို့သော် အကြမ်းဖျင်းအားဖြင့် နားလည်ခဲ့မိပါသည်။ ထို့ကြောင့် လူတို့အား စိတ်ဓာတ်ခွန်အားများတိုးပွားစေရန်အတွက် ရေးသားခဲ့ခြင်းဖြစ်ကြောင်းပြောပြခြင်းဖြစ်ပါသည်။ (ဘာသာပြန်အားခြင်းအား ထည့်မပေးတော့ပါခင်ဗျာ။ ဆရာများအကြား ရယ်စရာဖြစ်မည်စိုးသောကြောင့်ပါခင်ဗျာ)

TAGORE.png

Image from google


လူအဖြစ်သို့ရောက်ရှိလာသောအခါ ကျွန်တော်တို့သည် သဘာဝကပေးလိုက်သော ဆင်းရဲဒုက္ခများမှ ထွက်ပြေးတိမ်းရှောင်သွားရန် မဖြစ်နိုင်ကြချေ။ ထိုသို့ ထွက်ပြေးတိမ်းရှောင်သွားရန်မဖြစ်နိုင်သောကြောင့် ကျွန်တော်တို့၏ စိတ်ဓာတ်ခွန်အားများ၊ အရာရာကို ဇွဲရှိမှုများ၊ ကိုယ်တိုင်လုံ့လပြုအားထုတ်မှုများဖြင့် ဘ၀ ဒုက္ခများကို ရင်ဆိုင်ကြရပေမည်။ ထိုသို့ ရင်ဆိုင်ကြရာတွင်လည်း မျက်ကန်းရင်ဆိုင်ခြင်းမျိုးဖြင့် ရင်ဆိုင်မှုမပြုဘဲနှင့် ဥာဏ်ပညာ ထည့်သွင်းပြီး ရင်ဆိုင်မှ လူ့ဘ၀အောင်မြင်မှုများရရှိနိုင်ပေမည်။ အဓိကအားဖြင့်ဆိုရပါသော် မိမိတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် အရေးကြီးလှပေသည်။ မနောစိတ်အင်အားသည် အလွန်တန်ခိုးကြီးမားပေ သည်။ အကောင်းဘက်တွင် အသုံးချလျှင် အကောင်းများနှင့်ဆုံတွေ့နိုင်သလို အဆိုးဘက်တွင် အသုံးချမိပါကလည်း အဆိုးများနှင့်သာအကျိုးပေးနိုင်လေသည်။ မြတ်ဘုရားရှင်ကိုယ်တိုင်ကပင် စိတ် သည်သာအဓိကကျကြောင်း ဟောကြားထားခဲ့ပေသည်။ တရားခြင်း မတရားခြင်းတို့သည်လည်း စိတ်မှအခြေခံဖြစ်တည်လာကြပေသည်။

မိမိတို့၏ အင်အားကြီးမားလှသော စိတ်ကို အကောင်းဘက်တွင်သာ အသုံးချရန်သင့်လှပေသည်။ လောကတွင် စိတ်ကစဥ့်ကလျားဖြစ်သဖြင့် ရူးသွပ်နေသူများကို လူတိုင်းမြင်ဘူး တွေ့ဘူးကြပေသည်။ ထိုသို့ စိတ်ဝေဒနာများကိုလည်း စိတ်ဖြင့်ပင်ပြန်လည်ကုသနိုင်ပေသည်။ ကစဥ့်ကလျားဖြစ်နေသော စိတ်တို့ကို စိတ်ပြုပြင်ခြင်းနည်းများဖြင့် ကုသပေးနိုင်ကြပေသည်။ ချစ်မိတ်ဆွေများမှာ ဒေါသနှင့်ကြုံ တွေ့နေသောအချိန်ကာလတွင် ဒေါသကို မျက်နှာပေါ်မှာ ဖော်မပြမိအောင်ကြိုးစားကြပါခင်ဗျာ။

သောကဖြစ်နေသော စိတ်ဆိုးဒေါသထွက်နေသော လူတစ်ယောက်၏မျက်နှာနှင့် စိတ်ပျော်ရွှင်မြူးတူး နေသော လူတစ်ယောက်တို့၏မျက်နှာများကို နှိုင်းယှဉ်ကြည့်လျှင်ပင် အလွန်ကွဲပြားခြားနားလျှက်ရှိ ကြသည်ကိုလည်း လူတိုင်း မြင်လွယ် တွေ့လွယ်ကြပေသည်။ သင့်၏ စိတ်တွင် ဒေါသထွက် နေခြင်းကို ထိန်းချုပ်ထားနိုင်ခြင်းသည် သင့်အတွက် အကျိုးစီးပွားများ တိုးပွားစေရုံသာမက သင်၏ စိတ်ကိုထိန်းချုပ်ရသဖြင့် စိတ်အင်အားကို တိုးပွားလာစေနိုင်ပါသည်။ ဒေါသမထွက်အောင် မည်သူမျှ မတားဆီးနိုင်။ အခြားသော လောဘ မေဟ များကိုလည်း မဖြစ်ပေါ်လာအောင် မည်သူမျှ မထိန်းချုပ်နိုင်ပါ။ လောဘ ဒေါသ မောဟ မထွက်နှင့်ဟုလည်း ကိုယ့်ကိုကိုယ် မဆုံးမနိုင်ပါချေ။ သို့သော် ဖြစ်ပေါ်လာသော လောဘ ဒေါသ မောဟ တို့အား မိမိတို့၏ ဥာဏ်ပညာ အသိ လေးဖြင့် မဖြစ်သင့်ဘူး မဖြစ်ရဘူး စသည်ဖြင့် မိမိကိုယ်ကိုယ် ပြန်လည်သတိပေးခြင်းဖြင့် ဆိုးဆိုးရွားရွား မဖြစ်ရလေအောင် ထိန်းချုပ်လို့တော့ ရနိုင်ပါသည်။ ထိုသို့ထိန်းချုပ်နိုင်ရန်အတွက်လည်း စိတ်ဓာတ်အင်အား စိတ်စွမ်းအင် လိုအပ်ပါသည်။

လူအများစုသည် ဖြစ်ပေါ်လာသော လောဘ ဒေါသ မောဟ တို့ကို ထိန်းချုပ်ရန်မကြိုးစားပါဘဲနှင့် ထို လောဘ ဒေါသ မောဟ တို့နောက်သို့လိုက်မိသောကြောင့် ကြီးစွာသော ပြင်မရတော့သော အမှားကြီးများကို ကျူးလွန်မိသွားကြပေသည်။ အသိလေးဖြင့် ထိန်းချုပ်နိုင်လိုက်လျှင် အမှားမဖြစ်နိုင်တော့ပါ။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေရာတွင် တစ်ခါတရံ မခံချင်စိတ်ဖြစ် ပေါ်အောင် လောဘ ဒေါသ မောဟ များဖြစ်ပေါ်လာအောင် ဆွတတ်သူများနှင့်တွေ့လျှင် မိမိသည် အရှုံးများစွာကြုံတွေ့ရ နိုင်ပါသည်။ online တွင် ငွေကြေးရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ကိုင်နေသော ချစ်မိတ်ဆွေများပိုမို သိရှိမည်ထင်ပါသည်။ ရပ်သင့်သည့်အချိန်တွင် မရပ်မိဘဲ လောဘနောက်သို့ ဆက်လက်လိုက်ပါမိခြင်းကြောင့် မိမိရသင့် ရထိုက်သော ငွေကြေးများမရတော့သည့်အပြင် မိမိပိုင် ငွေကြေးများ ဆုံးရှုံးသွားသောအခါမှ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း မျက်ရည်စို့နေရသူများ အများအပြားကြုံဘူးကြမည်ထင်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည်မှာ ကျွန်တော်အမြင်ပြောရမည်ဆိုလျှင် လောဘဖြစ်လာသည်ကို စိတ်ဓာတ်ခွန်အားဖြင့် မတွန်းလှန်နိုင်ခြင်းကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်ခြင်းဟု ထင်မြင်မိပါသည်။ ဒေါသလည်းထို့အတူ ထိန်းချုပ်သင့်လှပေသည်။

Untitled-1 copy.png


လူတိုင်း လူတိုင်းသည် ခြေတစ်လှမ်းတည်းဖြင့် တောင်ထိပ်ကိုရောက်ချင်ကြသည်။ မိမိတို့၏ ခွန်အား ဥာဏ်အားကို အများကြီးစိုက်ထုတ်ရန်မလိုဘဲ တောင်ထိပ်သို့ ရောက်နိုင်မည့် လမ်းကို အမြဲတမ်းရှာဖွေ နေကြပါသည်။ ထို့အတူ ကျွန်တော်တို့သည် လမ်းပြပေးရန်အတွက်လည်း တောင်တက်ဖူးသူများအား လမ်းမေးတတ်ကြပါသည်။ ထိုသို့မေးမြန်းပြီး အလွယ်တကူတက်ရလျှင် လူအများတက်ကြသော်လည်း တောင်တက်လမ်းတွင် အန္တရာယ်များ ရှိနေသည်ဆိုပါက လှည့်ပြန်သွားမည့်သူများ အများအပြားရှိနေမည်ဖြစ်ပါသည်။ စိတ်ဓာတ်ခွန်အား ပြည့်ဝသူနှင့် စိတ်ဓာတ်ခွန်အား မပြည့်ဝသူများသည် ထိုကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ချိန်တွင် ကွဲပြားခြားနားစွာ ထွက်ပေါ်လာကြပေသည်။ စိတ်ဓာတ်ခွန်အားပြည့်ဝသူများသည် တောင်ထိပ်သို့ရောက်ကြရပြီး စိတ်ဓာတ်ခွန်အားမပြည့်ဝသူများသည် တောင်ထိပ်သို့ ဘယ်သောအခါမျှ ရောက်ရှိနိုင်ခြင်းမရှိသလို သာယာလှပသော ရှုခင်းများကိုလည်း ခံစားရတော့မည်မဟုတ်ချေ။ ငယ်စဉ်က သင်ကြားခဲ့ဘူးသော စာပုဒ်တစ်ပုဒ်ရှိပါသည်။ လူတိုင်းလည်း ဖတ်ဘူးမည်ထင်ပါသည်။ ကောင်းစွာမှတ်မိခြင်းမရှိပေမယ့် စိတ်ဓာတ်ခွန်အားဖြင့် ရန်သူကိုအောင်နိုင်ခဲ့ ခြင်းဖြစသောကြောင့် မှတ်မိသလောက်ရေးပေးလိုက်ပါတယ်ခင်ဗျာ။ ရှေးအခါက ဘုရင်တစ်ပါးဟာ စစ်တိုက်ရာမှာ ရှုံးနိမ့်ပြီးထွက်ပြေးနေရပါတယ်။ ထိုသို့ထွက်ပြေး တိမ်းရှောင်ရာတွင် ဂူကြီးတစ်ခုအတွင်းသို့ ၀င်ရောက်ပုန်းအောင်းနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အဆိုပါ ဘုရင်ကြီးဟာ စိတ်ဓာတ်များက အလွန်အင်မတန် ကျဆင်းနေချိန်ဖြစ်နေမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ စိတ်ဓာတ်ကလည်းကျ ရန်သူတွေဖမ်းမိသွားမှာကိုလည်းကြောက်နေရပါတယ်။ ထိုသို့ရှိနေစဉ်အခိုက်မှာ ဂူအမိုးမှ မှ ပြုတ်ကျလာတဲ့ ပင့်ကူ တစ်ကောင်ဟာ ဂူအမိုးကို ပြန်လည်ရောက်ရှိဖို့ ကြိုးစားနေတာကို တွေ့တော့ ဘုရင်ကြီးက စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေမိပါတယ်။ ပင့်ကူလေးဟာ ပြုတ်ကျလိုက် ပြန်တက်လိုက်ဖြင့် အကြိမ်များစွာ ရှိနေပေမယ့် ဆက်လက်တက်နေဆဲပါဘဲ။ ဒီလိုနဲ့ နောက်ဆုံးမှာ ဂူရဲ့ အမိုးပေါ်ကို ရောက်ရှိသွားပါတယ်။ ဒါကိုတွေ့လိုက်ရတဲ့ ဘုရင်ကြီးက အင်မတန်တန်ဘိုးကြီးမားတဲ့ အသိတရားတစ်ခုနဲ့အတူ စိတ်ဓာတ်အင်အားများ ပြန်လည်ရရှိလာပြီး တကွဲတပြားရှိနေတဲ့ သူ့ရဲ့ စစ်သည်များကို လိုက်လံစုစည်းပြီး ရန်သူကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဘုရင်ကြီးရရှိလိုက်တဲ့ အသိတရားလေးကတော့ ပင့်ကူလေးတစ်ကောင်တောင် အကြိမ်ကြိမ်ကြိုးစားပြီး လိုရာရောက်အောင် တက်နိုင်သေးရင် ငါလိုလူတစ်ယောက်က ဘာလို့ ငါ့ထီးနန်းကို ပြန်ရအောင် မလုပ်ဆောင်နိုင်ရမှာလဲ ဆိုတဲ့ အသိတရားလေးပါ။ ထိုအချိန်တွင် ဘုရင်ကြီးရဲ့ စိတ်ဓာတ်ခွန်အားကလည်း အပြည့်ဖြစ်နေမှာ အလွန်သေချာပါ တယ်။

လောဘ ဒေါသ မောဟ တို့သည် လူကိုပူဆွေးစေသော လက်ဆောင်များကိုသာ ပေးတတ်ကြပေသည်။ ထိုသို့သော မကောင်းသည့် အကျိုးတရားများကိုသာ သယ်ဆောင်လာတတ်ကြသော ဧည့်သည်များကို အိမ်ရှင်ဖြစ်သော ကျွန်တော်တို့ ကိုယ်တိုင်က စိတ်ဓာတ်ခွန်အားပြည့်ဝစွာဖြင့် တွန်းလှန်ကြရမည်ဖြစ်ကြောင်းကို သတိပေး ပြောကြားရင်းဖြင့် ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

14-9-2017(Thursday)

Sort:  

waiting for more from you ansoe! keep motivating!

yes, I am trying to keep my motivate

လုံးဝ
heartကို ထိတယ်ဗျာ 😁👏👏👏👏👏👏👏👏👏👏👏

ဆေးရုံမြန်မြန်ပြတော့ heart အကြောင်းမပါဘဲ heart ထိသွားတယ်ဆိုတော့ ရောဂါအခံရှိနေလို့ဖြစ်မယ်ဗျ ပရို မမီစိုးလို့ သေချာတောင်မဖတ်ဘဲတင်လိုက်ထာ ဟီး

ဟီး
ရောဂါက ရင့်နေပီလေ 😄😄😄🏂🏂🏂

ပင့်ကူကို အတုယူရမယ် ဟီဟီ

ယူချင်ရာယူပါ ရသွားတာ အမြတ်ဆိုရင်ပေါ့ ကောင်းတာယူပါ

ဒီဆောင်းပါးဖတ်ပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိခဲ့ပါတယ်။ အိမ်ရှင်နဲ့ ဧည့်သည်အဖြစ် နှိုင်းယှဉ်သုံးနှုန်းပြထားတာကို တကယ်သဘောကျမိပါတယ်။

တစ်ခုခုရသွားတယ်ဆိုရင် ပင်ပန်းရကျိုးနပ်ပါတယ်ခင်ဗျာ အခုလို ဖတ်ရှု ဝေဖန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ

thanks for sharing keep it up

yes, thanks brother.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 64592.00
ETH 1923.19
USDT 1.00
SBD 0.39