Snax အကြောင်းတစ်စေ့တစ်စောင်း(About Snax)

in #myanmar5 years ago (edited)

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


wallet 1 copy.png

တကယ်တမ်းပြောရရင်တော့ SNAX အကြောင်း ဘာမှ သေချာသိတာမဟုတ်ပါဘူး။ မျှဝေရေးသားရမယ်ဆို တော့ SNAX Account ဖွင့်ထားပြီးမှတော့ ဆက်လက်ချီတက်ရမယ်ဆိုတော့ကာ SNAX အကြောင်းမျှဝေရေးသား လိုက်ရခြင်းဖြစ်ပါတယ်။ ဒီလိုမှ ရေးမတင်ရင်လည်း TOKEN မရဘူးလို့ ဆိုတာကိုး။ ဒီတော့လည်း ရေးတင်ရတော့တာပဲလေ။ လိုချင်တာကိုးဗျ။ စာလုံးရေ (1000)ပြည့်အောင်ရေးရမယ်ဆိုတော့လည်း အများသားကလားဗျာ။ ရေးဆိုတော့လည်း ရေးရတာပဲဗျ။ သူများတွေ SNAX, SNAX ဖြစ်နေကြတော့ကာ ဘာလည်းဟဲ့ SNAX ဆိုဝင်စပ်စုရာကနေ SNAX Account ဖွင့်ဖြစ်သွားခြင်းဖြစ်ပါတယ်။ နောက်တစ်ခု Steemit ထဲမှာပဲ Post တင်ရတာဖြစ်လေတော့ကာ အခက်အခဲမရှိပါဘူးပေါ့။ Steemit မှာ Post တင်ပြီးသားဖြစ်သလို SNAX TOKENတကယ်တမ်း SNAX Account လည်းဖွင့်ရော ယောင်တောင်တောင်နဲ့ အချိန်အတော်ကြာသွားတယ်။ အဓိကအချိန်ကြာသွားတာကတော့ Chrome Extension ထည့်သွင်းတဲ့အချိန်မှာပဲ အချိန်အတော်ကုန်သွားတာပါ။


01.png


အခြားစာတွေကိုတော့ ရှည်ရှည်ဝေးဝေးရေးမတင်တော့ပါဘူး။ SNAX Account တစ်ခု ဘယ်လိုဖွင့်ရတယ်ဆို တာကို ရှေ့ကဆရာသမားများကလည်း သေသေချာချာရှင်းပြပေးပြီးပြီဖြစ်တဲ့အတွက်က တစ်ကြောင်း နောက်ပြီး ကိုယ်တိုင်က Snax.One သေသေချာချာ မသိတာကတစ်ကြောင်းကြောင့်ပဲဖြစ်ပါတယ်။ မနေ့က Sna.one ကို Sign Up လုပ်တော့ Snax.One Wallet ကိုအရင်ထည့်ရမယ်ဆိုတော့ Chrome Extension အရင်ထည့်ရပါတယ်။ မထည့်ပဲနဲ့ ရှေ့ဆက်ဘာမှလုပ်မရတော့ဘူးဖြစ်နေတယ်။ အထက်မှာရေးခဲ့သလို ဘာမှန်းသေချာမသိလေတော့ Steem Account နဲ့ ချိတ်လို့ရတယ်ဆိုတော့ Extension မထည့်ပဲနဲ့ Snax Account ထည့်ဖို့ကြိုးစားမိတာ ဘာမှလုပ်မရပဲ တိုင်ပတ်နေတယ်ပြောရမှာပဲ။ ကျွန်တော်ကတော့ ကွန်ပျူတာကနေ Snax Account ဖွင့်တာဖြစ်လေတော့ Chrome Extension ကို Chrome Browser နဲ့မှ အဆင်ပြေပြေထည့်သွင်းလို့ရတယ်။ အခြားဘယ် Browser နဲ့ အဆင်ပြေသေးလည်းတော့ မသိပါဘူး။ Phone ကနေဆိုရင်တော့ Yandex Browser မှာ Chrome Extension ထည့်သွင်းလို့ရတယ်လို့တော့ ပြောကြပါတယ်။


wallet.png

Chrome Extension ထည့်ပြီးတာနဲ့ စာသားတွေကို Copy ကူးခိုင်းထားတယ်။ မှတ်ထားခိုင်းတယ်။ Code တွေကို မှတ်ထားရမယ်။ နောက်တစ်ကြိမ်ပြန်တောင်လို့မရဘူးဆိုတာတွေတွေ့ရတော့ တွေ့သမျှအကုန် Copy ယူထားလိုက်ရသေးသဗျ။ နောက်တစ်ခါတည်းစာတွေကို Copy ကူး Steemit မှာ Post တစ်ခါတည်းတန်းတင်ရ တယ်။ အချိန်ဘယ်လောက်သတ်မှတ်သလဲတော့မသိလိုက်ဘူးဗျ။ သူသတ်မှတ်ချိန်အတွင်း ယောင်တောင်တောင် လုပ်နေတာနဲ့ Post တင်လို့မရလိုက်ဘူးဖြစ်ပြန်ရောဗျ။ အဲဒီလို ယောင်တောင်တောင်နဲ့ သုံးခါလောက်ဖြစ်ပြီးတော့ အောင်မြင်သွားပါတယ်။ ခေါင်းစဉ်ကတော ကိုယ်တိုင်ပေးရပါတယ်။ ကျွန်တော်က တော့ Snax Account Authentication ဆိုပေးပြီး Post တင်လိုက်ပါတယ်။ PostSnax.One ကိုကြည့်တော့ 0 SNAX ကနေ 50 SNAX ဖြစ်သွားပါတယ်။ အဲဒါက Steemit Account နဲ့ချိတ်ဆက်လိုက်တဲ့ရတဲ့ ဆုကြေးပေါ့။ နည်းတယ်လို့ ထင်ရတာပဲနော။ အဲ နောက်ဆက်ပြီးတော့ Twitter မှာလဲ အဲဒီလို Post တင်ကြည့်တယ်။ Error ပဲတက်နေတယ်။ ထပ်တင်တယ်။ Error ပဲ ပြပါတယ်။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးဆိုတဲ့ထုံးကို နှလုံးမူပြီး မလျော့သောဇွဲနဲ့ လေးကြိမ် လေးခါ တင်လိုက်တော့လည်း Error ပါပဲ။ ဒါနဲ့ နောက်နေ့မှတင်မယ်ဆိုပြီး ရပ်နားထားလိုက်ပါတယ်။ ခုတော့ အဆင်ပြေသွားလို့ နောက်ထပ် 50 SNAX ထပ်ရထားပါတယ်။ စုစုပေါင်း 100 SNAX ပေါ့။ အခုလို စာရေးတင်ရင်လည်း Follower ရှိတဲ့အရည်အတွက်အတိုင်း SNAX TOKEN ရအုံးမယ်လို့ ပြောပါတယ် ရပါစေလို့ ဆုတောင်းမိပါတယ်။ SNAX Account မဖွင့်ရသေးလို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဖွင့်ထားရင် မမှားလောက်ဘူးလို့ထင်ပါတယ်လို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်။


စာရေးသူ(Author)___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

16-5-2019 ကြာသပတေးနေ့(Thursday)

Sort:  

ကျွန်​​တော်​​တောလအလုပ်​မအားလို့ဘာမှန်းကိုမသိ​သေးဘူး
ခေတ်​​နောက်​ကျ​နေပြီဗျာ

မှီအောင်လိုက်ပေါ့ဘဘယုရယ် အေးဆေးပါ ကျနော်လည်း ဘာမှန်းမသိပဲ လိုက်လုပ်နေတာပဲ ☺

အချိန်ရမှ လုပ်ကြည့်အုံးမယ် ကစိုးရေ အခုတော့ နားမလည်သေးဘူး

မေလကုန် နောက်ဆုံးထင်တယ် လမကုန်ခင် လုပ်ထား

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57617.33
ETH 3012.20
USDT 1.00
SBD 2.39