ကင်ညာနိုင်ငံမှာတော့ ပလတ်စတစ်သုံးတဲ့သူကို အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်... ပလတ်စတစ်အိတ်ကို ဘယ်လိုအကြောင်းကြောင့်ပဲသုံးသုံး အပြစ်ဒဏ်ကို ထောင်ဒဏ် ၄ နှစ် ဒါမှမဟုတ် ဒဏ်ငွေအနေနဲ့ ဒေါ်လာ ၄၀၀၀၀ အထိ ပြင်းပြင်းထန်ထန် ဒဏ်ရိုက်တယ်လို့ဆိုပါတယ်... ဒေါ်လာ ၄၀၀၀၀ ဆိုရင် အခုမြန်မာငွေနဲ့များ တွက်ကြည့်မယ်ဆိုရင် သိန်း ၆၀၀ ကျော်မယ်ထင်တယ် မြန်မာပြည်လည်း အဲလောက်ဒဏ်ရိုက်ပစ်ရမှာ
ဟုတ် ကျွန်တော်လည်း ဖတ်ဖူးတယ် အကိုကြီးစိုး
ဒဏ်ငွေတော့ မမှတ်မိဘူး ပြစ်ဒဏ်ပေးတယ် ပြစ်မှုမြောက်တယ်လို့ တော့ ဖတ်ဖူးတယ်
ဒါမယ့်မြန်မာတွေကတော့ ဒဏ်ရိုက်လည်း ပျော်ပျော်ကြီးထောင်ထဲဝင်မယ့်သူစားမျိုးတွေက ခပ်များများမဟုတ်လား
ဘာပဲဖြစ်ဖြစ်ရေရှည်အကျိုးအတွက် ကျွန်တော်တို့ တွေ အတတ်နိုင်ဆုံး ပလတ်စတစ်လျော့ သုံးဖို့ ပဲ ဦးတည်ကြရတော့မယ်ထင်တယ်ဗျာ