You are viewing a single comment's thread from:

RE: N95 Respirator

in #myanmar7 years ago

I voted u.
"H1N1 ကူးစက်မြန်ဗိုင်းရပ်စ်ဟာ 5 မိုက်ကွန်လို့ခေါ်တဲ့ သေးငယ်သည့် အရာမျိုး ဖြစ်သောကြောင့် Mask ရဲ့အပေါက်တွေထဲကို လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်တယ်။" — မဇ္ဈိမ သတင်းဌာန

မဟုတ်ဘူး ခင်ဗျ။ Flu ဗိုင်းရပ်စ် တွေရဲ့ ပျမ်းမျှ အရွယ်အစားက ၀.၁၇ မိုက်ခရွန် ဖြစ်ပါတယ်။

N95, N99, N100 စတဲ့ မျက်နှာဖုံးတွေ အားလုံးဟာ ၀.၃ မိုက်ခရွန် အရွယ်အစား အထက်က လေမှုန်နဲ့ ရေမှုန်တို့ကို တားဆီးပေးနိုင်တာမျိုးပါ။ ရှေ့ဆုံး N က အမျိုးအစား (Non Oil Resistance) ဖြစ်ပြီးတော့ နောက်က ဂဏန်း ၂ လုံးက တားဆီးနိုင်တဲ့ ရာခိုင်နှုန်းကို ဖော်ပြပါတယ်။

ဆိုတော့ N95 မျက်နှာဖုံးတစ်ခု တပ်ထားမယ် ဆိုရင် ၀.၃ မိုက်ခရွန် ထက် ကြီးမားတဲ့ အရွယ်အစား အမှုန်အမွှားတွေကို ၉၅% တားဆီးပေးနိုင်ပါတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ဒါဆိုရင် မေးစရာရှိလာပြီ။ Flu ဗိုင်းရပ်စ်က ၀.၁၇ မိုက်ခရွန် ဆိုတော့ ဘယ်လိုလုပ်ကြမတုန်းပေါ့။ ဘယ်လိုလုပ်ကြမတုန်းဆိုတော့ တကယ်သာ လေထုထဲမှာ ၀.၁၇ မိုက်ခရွန် အရွယ်အစား ရောဂါပိုး သာ ပြန့်နေရင်တော့ N95 မပြောနဲ့ N100 ဝတ်ထားတောင် မတားနိုင်တော့ပါဘူး။ လူတွေလဲ တဖြုတ်ဖြုတ်နဲ့ ဖျားနာကုန်ဖို့သာ ရှိပါတယ်။

တကယ်တမ်း H1N1 ပျံ့နှံ့ပုံက သူ့ချည်းသပ်သပ် ရောဂါဖြစ်နေသူရဲ့ ခန္ဓာကိုယ်ကနေ ခွာထွက်ပြီး လေထဲဝင်သွားတဲ့ ပုံစံ မဟုတ်ဘူး။ carrier လိုအပ်ပါတယ်။ ရောဂါပိုးရှိသူ နှာချေလိုက်ချိန် ဖြစ်ဖြစ် ချောင်းဆိုးလိုက်ချိန် ဖြစ်ဖြစ်.. ဒီတော့မှ ရောဂါပိုးကပ်ငြိနေတဲ့ အရည်တစ်မျိုးမျိုးဟာ လေထဲကို အသေးဆုံး ၅ မိုက်ခရွန် အရွယ်အစားနဲ့ ပျံ့နှံ့ပြီး နောက်တစ်ယောက်က ထိမိမယ်။ ဒီထိမိတဲ့ လက်နဲ့ ပါးစပ်ထဲ ထည့်မိရင် ဖြစ်ပါစေ... ဒီလိုပါဝင်တဲ့ လေကို ရှူမိရင် ဖြစ်ပါစေ ကူးစက်တာမျိုး ဖြစ်ပါတယ်။

ဒါ့ကြောင့် N95 တပ်ရတဲ့ ရည်ရွယ်ချက်သည် ဗိုင်းရပ်စ်ကို ကာကွယ်တာမဟုတ်။ ၀.၃ မိုက်ခရွန် အရွယ်အစား အထက်က လေမှုန်နဲ့ ရေမှုန်တို့ကို တားဆီးပေးတာ ဖြစ်လို့ ဒီလို ၅ မိုက်ခရွန် အရွယ် အစား ရှိ ဗိုင်းရပ်စ်ပါဝင်တဲ့ အရည်မှုန်ကို ၉၅% ကာကွယ်နိုင်တာ အမှန်ပါပဲ။ သံသယ ဖြစ်စရာကို မလိုပါဘူး။

#kyawnge

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 60609.50
ETH 3014.13
USDT 1.00
SBD 3.90