မှတ်သားဖွယ်ရာ ကျီးပေါင်းရောဂါ(Cervical Spondylosis)

in #myanmar7 years ago (edited)

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။
The greatest wealth is health.

ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။
Heath is the better than wealth.

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။
Prevention is better than cure.


ကျီးပေါင်းရောဂါနှင့်ပတ်သတ်ကျန်းမာရေးဗဟုသုတလေးကို တင်ပေးလိုက်ပါသည်။

kyee paung copy.png

လွန်ခဲ့သော ၂ ရက်ခန့် Steemit Steeit Steemit ဆိုပြီး ရောဂါတွေတက်လိုက်တာ နောက်ဆက်တွဲ လေးတွေဖြစ်တဲ့ နောက်ကြောတွေရော ဇက်ကြောတွေရော မျက်စိကြောတွေရော အားလုံးတက်လို့ နေရတာမလန်းမဆန်းဖြစ်တာနဲ့ ဒီနေ့တော့ ဘယ် ဖုန်းမှ မကြည့် ဘယ်ကွန်ပျူတာမှ မကိုင်တော့ဘဲ နေလိုက်မယ်ဟဲ့လို့ နေလိုက်ရင်း ၀င်လာသော အတွေးတစ်ခုက အတော်ဒုက္ခပေးလေပြီပေါ့။ "အောင်မငီး ငါ အခုလို အကြောတွေ မကြာခဏတက်တက်နေတာ လူတွေပြောပြောနေတဲ့ ကျီးပေါင်းဆိုလား သာလိကာပေါင်းဆိုလား အဲဒီဘာပေါင်းများ ဖြစ်ချင်နေတာလားမသိ" စဉ်းစားမိလိုက်တော့ လန့်သွားတယ်။ စဉ်းစားမိပြီးတော့လည်း ကျီးပေါင်းအကြောင်း သိချင်လာတယ်။ မှတ်ထားသမျှတွေထဲက အချက်အလက်တွေပြန်ရှာ လူလည်ချွေးတွေတစ်လုံးလုံး ဖုန်တွေလည်းပေရောပေါ့ဗျာ။ အဲဒီတော့ ကျီးပေါင်းအကြောင်းနည်းနည်းရေးပါမယ်ခင်ဗျာ။ သည်းခံပြီးတော့သာ ဆုံးအောင်သာဖတ်ကြပါခင်ဗျာ။ အကျိုးတစ်ခုခုတော့ ရရှိမယ်လို့ပြောချင်ပါတယ်လို့။(ဘာအကျိုးမှမရှိရင်တောင် အနည်းဆိုး မျက်စိမှုန် မှုန်ပြီးသူများ ပိုမှုန်သွားစေရမယ် မျက်မှန်နေရသူများ ပါဝါတွေတိုး သွားစေရပါမယ်) ကြားမိ တွေးမိ မှတ်မိ ဖတ်မိ တွေ့မိ ကြုံမိ ကျန်းမာရေး ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်ခင်ဗျာ။ မှတ်သားမိသော ရှာဖွေမိသော အကြောင်းအရာများဖြစ်သလို ပညာရပ်ကို နားလည်တတ်ကျွမ်းသော ဆရာဝန်တစ်ယောက်မဟုတ်ပါ သောကြောင့် အမှားအယွင်းများရှိနိုင်သလို မပြည့်မစုံလည်းဖြစ်နိုင်သည်ကို နားလည် သည်းခံ ခွင့်လွှင်ခြင်း များဖြင့် ဖတ်ရှုပေးကြပါရန်လည်း ရှေးဦးစွာ အစီရင်ခံ တောင်းပန်ရင်း ပြောကြားအပ်ပါသည်ခင်ဗျာ(ဆောရီး မိန့်ခွန်းပြောနေတယ်မှတ်လို့)။

how many bone.jpg

ကျွန်တော်မှတ်သားမိသည်မှာ မွေးကင်းစ ကလေးလေးတွေရဲ့ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၇ဝ နီးပါးလောက် ရှိသည်ဖြစ်ကြောင်းမှတ်သားမိပါတယ်ဗျာ။ အဲဒီအရိုးတွေဟာ ကျွန်တော်တို့တစ်တွေ အချိန်တွေကုန်လာတာနဲ့အမျှ အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာတဲ့အခါမှာတော့ အရိုးတွေဟာ ကလေးဘ၀တုန်းကလို အရေအတွက်မများတော့ဘဲနဲ့ လျော့သွားတယ်လို့သိမှတ်ရပါတယ်။ ကျွန်တော်တို့ အသက်အရွယ်တွေကြီးရင့်လာတဲ့အခါမှာ အရိုးတွေဟာ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်သွားကြတယ်လို့ဆိုပါတယ်။ အဲဒီလို အရိုးတွေပေါင်းစပ်သွားတဲ့အတွက် နောက်ဆုံးမှာ တော့ ငယ်စဉ်က အရိုးပေါင်း ၂၇၀ က အရိုးပေါင်း ၂ဝ၆ ရိုး လောက်ပဲ ကျန်တော့နယ်လို့ ဖတ်ရှုမှတ်သား ရပါတယ်။

အဲဒီအရိုးတွေထဲမှာမှ ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို အဓိကအထောက်ပံ့ပေးနေတဲ့ အရိုးကတော့ကျောရိုးမကြီး(Spinal Column)ဖြစ်တယ်လို့ မှတ်သားမိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ကျောရိုးဆစ်တွေအကြောင်းကိုလည်း အနည်းငယ် နားလည်သင့်တယ်ထင်ပါတယ်ဗျ။ ကျောရိုးဆစ်ဆိုတာကတော့ စုစုပေါင်း အရိုးအဆစ် ၃၃ ခုနဲ့ တွယ်ဆက် တည်ဆောက်ထားပါသတဲ့ဗျာ။ ကျွန်တော်တို့ရဲ့ လည်ဂုတ်ကနေပြီး မြီးညောင်းရိုးအထိ ၂၈ လက်မ နီးပါးခန့်အရှည်ရှိတယ်လို့ မှတ်သားဘူးပါတယ်။

spinal column copy.png

ကျွန်တော်တို့ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးအကြီးဆုံးသော အရိုးကြီးဖြစ်သလို ကျွန်တော်တို့ကို ဒုက္ခ အပေးနိုင်ဆုံးသောအရိုးလဲ ဖြစ်တယ်လို့ ဆိုကြပါတယ်ခင်ဗျာ။ သတိပြုဆင်ချင်ရမယ့် အချက်တစ်ခုဖြစ်ကြောင်းပါခင်ဗျာ။ အရိုးရဲ့တည်ဆောက်ပုံတွေကို ခန္ဓာဗေဒ(Anatomy)ဆိုတဲ့ဘာသာရပ်မှာ လေ့လာကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ။ အခုတော့ကျီးပေါင်းကိုဆက်ရပါအုံးမယ်။(ဟိုဝင် ဒီဝင် လျောက်ဝင်နေလို့ ခရီးဖင့်နောက်ကျနေရင် ပရိုမိုးရှင်းလေးမမီလိုက်မစိုးလို့ပါးးD)

What is Cervical Spondylosis?

Cervical spondylosis is a condition in which there is deterioration of the vertebrae, discs, and ligaments in the neck or cervical spine.
It is also known as arthritis of the neck, cervical osteoarthritis, or degenerative osteoarthritis.
The condition usually appears in men and women older than 40 years, and it progresses with age.
Men usually develop it at an earlier age than women do. It can lead to bouts of stiffness and neck pain.

See more ----
http://www.medicalnewstoday.com/articles/172015.php
http://drsshealthcare.com/disease/cervical-spondylitis.php

ကျီးပေါင်းရောဂါဆိုတာ

ကျီးပေါင်းရောဂါဆိုတာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအဆစ်တွေဟာ နှစ်ပေါင်းကြာမြင့်လာတဲ့အခါ တဖြည်းဖြည်းချင်း ပျက်စီးလာတဲ့ ရောဂါမျိုးအဖြစ်သတ်မှတ်ရမယ်ထင် ပါတယ်။ အဓိကအားဖြင့် ကျောရိုးဆစ်မကြီးတွင် ဖြစ်တတ်သောရောဂါဖြစ်ကြောင်း သိရှိရပါသည်။ ပျက်စီးယိုယွင်းပြီးဖြစ်ပေါ်လာသောရောဂါဖြစ်ပါသောကြောင့် ယခုလိုဆေးပညာ တိုးတက်နေသောခေတ်ကာလတွင်ပင် လုံးဝပျောက်ကင်းအောင် ကုသရန်မဖြစ်နိုင်သေးပါ။ ခံစားနေရသော ဝေဒနာသက်သာစေရန်သာ ကုသနိုင်ပါကြောင်း သိမှတ်မိပါသည်။

ဂုတ်ကြီးပေါင်း၏ရောဂါလက္ခဏာ(Cervical Spondylosis)

ဂုတ်မှာဖြစ်တတ်လို့ ဂုတ်ကျီးပေါင်း(Cervical Spondylosis)လို့ ခေါ်ကြပါတယ်။ ကျီးပေါင်းသည် အဓိကအားဖြင့် ကျောရိုးမတလျောက်မှာဖြစ်တတ်ပါတယ်။ အခြားသောကျီးပေါင်းရောဂါများသည်လည်း အတူတူပင်ဖြစ်ကြမည်ထင်ပါသည်။ ဂုတ်ကျီးပေါင်းရဲ့ အလွယ်တကူသိနိုင်တဲ့ လက္ခဏာတွေကတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။

လက်ပြင်အောင့်သလို တင်းပြီး နာကျင်စွာ ခံစားနေရပြီး အနေရခက် အခံရခက်ဖြစ်တတ်ပါတယ်။

ပခုံးကနေ လက်ချောင်းတွေ ထိ အပ်နဲ့ ထိုးသလို တဆစ်ဆစ် ထုံကျင် နေတာလဲ ရှိတယ်။

ဘယ်ဘက်လက်ကြောမှာ ဖြစ်ရင် နှလုံးရောဂါနဲ့ မှားတတ်ကြပါတယ်။

ကျီးပေါင်းရောဂါ စတင်ဖြစ်ပေါ်ပုံ

ကျောရိုးဆစ်ရိုးတွေရဲ့ အလယ်မှာကျောရိုးနာဗ်ကြိုး(Spinal Cord) တစ်ချောင်းက ဖြတ်သွားပါတယ်။ အဲဒီ ကျောရိုးမရဲ့ တစ်ဖက် တစ်ချက်စီကနေထွက်လာတဲ့ အာရုံကြော သေးသေးလေးတွေက အာရုံခံစားမှုတွေ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကို ဖြစ်စေကြောင်းကိုလည်း မှတ်သားမိကြောင်းပါ။

ကျွန်တော်တို့တစ်တွေဟာ အသက်အရွယ် ကြီးရင့်လာကြတဲ့အခါမှာတော့ အရိုးတွေ အကြားမှာရှိတဲ့ကြားခံလွှာ(Intervertebral Disc)က ကြွပ်ဆတ် လာကြောင်း၊ နှစ်ပေါင်းများစွာ အဖိ ခံထားရ တာကြောင့် ကြားခံလွှာဟာ ပိပြားလာရကြောင်း သိရပါတယ်။ အဲလို အဖိခံရပြီး ပြားချပ်လာတဲ့အတွက် ရရှိလာတဲ့အကျိုး ရလဒ် ကတော့ ကျောရိုးအဆစ်တွေ ကျွံပြီး အထဲမှာရှိတဲ့ ကျောရိုးမ သို့မဟုတ် ကျောရိုးက ထွက်လာတဲ့ အာရုံကြောတွေကို သွားဖိပြီး ကျီးပေါင်းရဲ့ လက္ခဏာတွေ စတင်ခံစား လာရလေ့ရှိကြောင်းကိုလည်း မှတ်သားသိရှိရပြန်ပါတယ်။

inter.png

Image From eHealthStar.com

ဖြစ်တတ်သည့်သဘာဝ နှင့် ရောဂါလက္ခဏာ

ကုပ်ကျီးပေါင်း ကနေ ကျောရိုးနာဗ်ကြိုး(Spinal Cord) ကို သွားထိရင်ရောဂါ ပိုမိုဆိုးရွာလာတတ်ကြောင်းလည်းသိရပါတယ်။ ကျောရိုး အထက် အာရုံကြော အရင်းပိုင်းကို ထိခိုက်လို့ ခန္ဓာကိုယ် အောက်ပိုင်းမှာ အားနည်းလာတယ်။ အထူးသဖြင့် ကျောရိုးက ထောက်ပံ့တဲ့ ခြေထောက်ရဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ခြေထောက်တွေမှာ အားမရှိတော့သလိုဖြစ်ပြီး အကြောတွေ တောင့်တင်း လေးလံလာတတ်ပါတယ်။ လမ်းလျှောက်ရာမှာ ပုံစံ မမှန်တော့ဘဲယိမ်းယိုင် နေတတ်ကြောင်း သိရှိရပါတယ်။ ဖြစ်ပေါ်နေတဲ့ ပုံစံက ဒူး အဆစ်ရောင် တာနဲ့လဲ မှားတတ်တယ်။ ညဘက် ဆီး မကြာခဏ သွားတတ်တဲ့ လက္ခဏာက ကျောမှာရှိတဲ့ အာရုံကြောမကြီးအ ပေါ် ဖိထားခြင်းခံရတဲ့အတွက် သက်ရောက်မှု ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလို ဝေဒနာခံစားနေရတာကို စောလျင်စွာ ဆေးကုသမှုမခံယူဘဲဘဲ နေလိုက်ရင် နောက်အချိန်ကြာလာတဲ့အခါမှာတော့ ဆီးတွေ ဝမ်းတွေကို မထိန်းနိုင် တာမျိုး ဖြစ်လာတဲအထိ ဆိုးရွားလာတတ်ကြောင်းကိုလည်း သိမှတ်ရပါတယ်။ ထိုထက်ပိုမိုဆိုးရွားလာပါက အောက်ပိုင်းသေသွားတတ်ကြောင်းလည်းမှတ်သားခဲ့ဘူးပါသည်။

Cervical Spondylosis. Symptoms

Source : YouTube


ကုသခြင်းများ

ကျီးပေါင်းရောဂါကို ကုသနည်းတွေက ဖြစ်ပေါ်နေတဲ့ရောဂါလက္ခဏာတွေ အပေါ်မူတည်ပြီး ကုသမှုများလည်း ကွဲပြားသွားတတ်ကြောင်း သိရှိရပါတယ်။ အများအားဖြင့်တော့ ရောဂါပိုဆိုး မလာအောင် နဲ့ ခံစားနေကြရတဲ့ ဝေဒနာကို ခေတ္တခဏ သက်သာ စေဖို့သာ တတ်နိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ အလွယ်တကူ အိမ်မှာတင် ခေါင်းလေ့ကျင်းခန်း၊ ဇက် လည်ပင်း ကုပ် လေ့ကျင့်ခန်းများ လုပ်ပေး နိုင်ပါကြောင်းလည်းမှတ်သားရပါတယ်။ ခေါင်းလှည့် လေ့ကျင့်ခန်း တစ်နေ့ သုံးကြိမ် (၅) မိနစ်စာ လောက် လုပ်ပါ။ တင်းနေတဲ့ ကုပ်ကို ရေနွေးအိတ် သုံးပြီး အပူကပ် ပေးနိုင်တယ်။ ဆရာဝန် ဆီသွားရင် အကိုက်အခဲ ပျောက်ဆေး၊ အကြောလျှော့ ဆေးမျိုး ပေးတတ် တယ်။ သိပ်မဆိုးရင် လည်ပင်းထောက်(Cervial Collar)ကို နေ့တစ်ဝက်လောက် တပ်ခိုင်းပြီး ဝေဒနာကို သက်သာလာစေတတ်တယ်။ ကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရောဂါမသက်သာပါက ကျွမ်းကျင်သော ဆေးပညာရှင်များထံသို့ သွားရောက် အကြံဥာဏ်ယူတာတော့ အကောင်းဆုံးဖြစ်လိမ့်မည်ထင်ပါသည်။

အဆစ်ထဲကို စတီး(Steel) အစားထိုးပြီး ကုသတဲ့ နည်းရှိသော်လည်း ဘေးထွက် ဆိုးကျိုးကတော့ အလွန်များတယ်လို့ ကျွမ်းကျင်သောဆရာဝန်များကဆိုပါတယ်။ ထိုကဲ့သို့ အဆစ်ကို စတီးအစားထိုး ကုသခြင်းသည်လည်း ရောဂါတော့ လုံးဝကင်းကင်းရှင်းရှင်း ပျောက်ကင်းစေခြင်းမရှိဘဲ ခံစားနေရသောဝေဒနာကို ခေတ္တခဏသက်သာ စေရုံသာဖြစ်ကြောင်းလည်းသိရှိမှတ်သားရပါတယ်။ အင်မတန် အင်မတန် အထူးသတိထားသင့်ပါသည် ချစ်မိတ်ဆွေများခင်ဗျာ။

အထက်ဖော်ပြပါကုနည်းများဖြင့် ကုသပြီးသော်လည်း ခံစားနေရတဲ့ဝေဒနာ သက်သာမှု မရှိရင်တော့ နောက်ဆုံးနည်း အနေနဲ့ အရိုးအဆစ်များကို ခွဲစိတ်ခြင်းနည်းပဲ ရှိတော့ကြောင်းလည်း သိမှတ်ရပါတယ်။ အရိုးအဆစ်များကို ခွဲစိတ်နည်းမှာလည်း အမျိုးမျိုးရှိကြောင်း သိရှိရပါတယ်။

အရိုး အဆစ် နေရာများကို ခွဲစိတ်ပြီး ပျက်စီး နေတဲ့ အစိတ်အပိုင်းများကို ရှင်းလင်းခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်ရတယ်လို့ဆိုပါတယ်။
ပျက်စီးတဲ့ အရိုး နေရာမှာ ကြားခံတစ်ခုနဲ့ အစားထိုး ထည့်ထားရကြောင်း နှင့် တချို့ကလည်း မလှုပ် နိုင်အောင် သတ္တုပြား တစ်ခုနဲ့ အစားထိုးကြတယ်လို့လည်းသိရပါတယ်။

ယောဂကျင့်ခြင်းဟာလည်း ကျီးပေါင်းရောဂါသာမက အခြားသော ရောဂါများကို သက်သာ ပျောက်ကင်းစေသည့်အပြင်နုပျိုလန်းဆန်းသဖြင့်နေ့စဉ်အချိန်တစ်ခုသတ်မှတ်ပြီး ပြုလုပ်သင့်ပါကြောင်း အကြံပြုပါတယ်ခင်ဗျာ။

yoga.png

တရုတ်ဆေးပညာအပ်စိုက်ကုထုံးဖြင့်ကုသခြင်းကလဲ အကျိုးရှိနိုင်ပါတယ်။
မြန်မာ့ရိုးရာဆေးနည်းများဖြင့်ကုသခြင်း၊ မြန်မာတိုင်းရင်းသမားတော်များနှင့်ဆွေးနွေးတိုင်ပင် ကုသခြင်းများလည်း လုပ်ကိုင်နိုင်ပါသည်။ အကျိုးတော့ယုတ်မည်မဟုတ်ပါ။ မြန်မာ့တိုင်းရင်းဆေးများ၊ မြန်မာ့ဆေးနည်းတိုများသည်လည်း အလွန်အစွမ်းထက်ကြပါသည်။ တစ်ချို့သော တိုင်းရင်းနည်းစနစ်များသည်လည်း ဆေးပညာလောကတွင် အသိအမှတ် မပြုသော်လည်း ကောင်းကျိုး ရနိုင်သောနည်းလမ်းအများအပြားရှိနေကြပါသည်။

ဘယ်အချိန်မှာစတင်ခံစားရမလဲ

ကျီးပေါင်းရောဂါဖြစ်လာပါက အရိုးများပျက်စီးမှုသည် အနှေးနဲ့ အမြန်ဘဲ ကွာပါသည်။ အဲဒီလိုပျက်စီးနေတဲ့ အရိုးအဆစ် အမြစ်တွေက အာရုံခံကြောတွေကို ဖိမိတဲ့အခါမှာ ကျီးပေါင်း လက္ခဏာတွေကို စတင် ခံစားလာ ရတတ်ကြောင်း မှတ်သားမိပါတယ်။
ဘယ်အချိန်မှာ စတင် ခံစားရလဲဆိုတာကတော့ တစ်ယောက် နဲ့ တစ်ယောက်တော့ မတူနိုင် ပါကြောင်းလည်း သိရှိရပါတယ်။ ရောဂါဝေဒနာခံစားနေရသူရဲ့ အသက်အရွယ်၊ အလုပ်အကိုင်၊ အစားအသောက်၊ အနေအထိုင် ပေါ်လဲမှာလည်းအများကြီး မူတည်ပါတယ်။ အချို့သောသူများတွင် အဆိုးကြီးမဟုတ်ပေမယ့် တချို့ကတော့ မခံမရပ်နိုင်လောက်အောင် နာကျင်စွာ ခံစားကြရတတ်ကြောင်းသိရှိရပါတယ်။ ကျီးပေါင်းရောဂါခံစားနေရသော လူအားလုံးတွင် တူညီချက်တစ်ခုကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ ရောဂါအခြေအနေပိုဆိုး လာတတ်တာပဲ ဖြစ်တယ်။

YES NO copy.png

ကျီးပေါင်းမဖြစ်အောင်သတိဆောင်

ကျီးပေါင်းရောဂါ မဖြစ်ပွားအောင် အနေအထိုင် ဆင်ခြင်ကြပါရန်အတွက် တိုက်တွန်းနှိုးဆော်အပ်ပါသည် ချစ်မိတ်ဆွေများခင်ဗျာ။ ဘာတွေကို သတိပြု နေထိုင်သင့်လဲဆိုရင်တော့
မိမိတို့ရဲ့ ထိုင်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံ မှန်ကန်ဖို့ လိုအပ်တယ်။ ဥပမာအားဖြင့် ထိုင်တဲ့အခါ ခါးမတ်မတ်ထား၊ ရှေ့တည့်တည့် ရှုပြီးထိုင်ပါ။ ဖုန်းသုံးစွဲသူများလည်းအထက်ပါပုံအတိုင်း ဂရုစိုက်အသုံးပြုသင့်ပါတယ်ခင်ဗျာ။
အိပ်တဲ့အခါမှာလည်း ခေါင်းအုံးတစ်လုံးကိုသာအသုံးပြုပြီးအိပ်ပါ။ အချို့သောသူများသည် ခေါင်းအုံးကို ဆင့်ပြီးအိပ်တတ်ကြလို့ပါ။ ခေါင်းအုံးများကို ထပ်ပြီးအိပ်ခြင်းကိုရှောင်ကျဉ်သင့်ကြောင်းပါ။ ကျီးပေါင်း အတွက် ထုတ်လုပ်ထားတဲ့ အလယ်တွင်အချိုင့်ပါသော သီးသန့်ခေါင်းအုံးမျိုး နဲ့ အိပ်သင့်ကြောင်း အကြံပေးထား ပါတယ်။
နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းတစ်ခု အနေဖြင့် ခေါင်း ဇက် လေ့ကျင့်ခန်းများ သာမက ခါး လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ကြောင်း၊ ခြေ လက် လေ့ကျင့်ခန်းများကိုလည်းလုပ်သင့်ကြောင်း အကြံပြုထားပါတယ်။ လေ့ကျင့်ခန်းကို အလွန်အကျွံ ပင်ပင်ပန်းပန်းဖြစ်အောင်လည်း မပြုလုပ်သင့်ပါ။ ဖြေးဖြေး မှန်မှန်သာလုပ်သင့်ပါကြောင်းလည်းအကြံပြုထားပါတယ်။ ကိုယ် အလေးချိန်ကိုလည်း တတ်နိုင်သမျှ ထိန်းပါ။ အမျိုးသမီးများအနေဖြင့် ဒေါက်မြင့်ဖိနပ်၊ ခွာမြင့်ဖိနပ်များ မစီးသင့်ပါကြောင်းလည်း အကြံပြုထားပါ တယ်။ ကျီးပေါင်းဝေဒနာထတဲ့ အချိန်မှာ မျက်စိ အာရုံစိုက် ရတဲ့လုပ်ငန်းတွေကို တတ်နိုင် သမျှ ရှောင်ထား ရပါမယ်။ ဖြစ်နိုင်လျှင် လုံးဝ(လုံးဝ)မလုပ်ပါနှင့်။ တီဗွီမကြည့်ပါနှင့်။ ကွန်ပျူတာသုံးခြင်း၊ မိုဘိုင်းဖုန်းသုံးခြင်း၊ စာအုပ်ဖတ်ခြင်းများလုံးဝမပြုလုပ်ရန်လည်း အကြံပေးထားပါတယ်။ အကြံပေးချက်များကို လိုက်နာလျှင် ရောဂါဝေဒနာခံစားရမှုများသက်သာနိုင်ပါတယ်ခင်ဗျာ။

ကွန်ပျူတာအသုံးပြုသူများအတွက် မှန်ကန်သောနည်းစနစ်ဖြင့်ထိုင်တတ်စေရန်အတွက် ကျွန်တော်ယခင် ရေးသားခဲ့ပြီးဖြစ်သော ကွန်ပျူတာအသုံးပြုသူများအတွက် သတိထားစရာ Carpal Tunnel Syndrome(CTS) ရောဂါ (Attention of Carpal Tunnel Syndrome For All Computer Users) တွင်လေ့လာဖတ်ရှုနိုင်ပါသည်။(ကြော်ငြာဝင်သွားသည်)

Spinal Cord met.png

အေးနေသောရေများကို လုံးဝ(လုံးဝ)မကိုင်ပါနှင့်။ ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ မီးပူတိုက်ခြင်းစသည့်လုပ်ငန်းများကိုလည်း လုံးဝမလုပ်ပါနှင့်တဲ့(ဒီအချက်ကတော့ အိမ်ရှင်မတွေအကြိုက်ဖြစ် မယ်ထင်ပါ့ဗျာ အိမ်ရှင်ထီးတွေတော့ မသက်သာဘူးမှတ်ပါ အဟိ) အဲကွန်းအခန်းတွင်းထဲတွင်မနေပါနှင့်၊ ပန်ကာလေမခံပါနှင့်။ ခံစားနေရသော ဝေဒနာကို ပိုမိုဆိုးရွားသွား စေနိုင်ပါသည်။ ရေချိုးသောအခါတွင်လည်း ရေကိုအေးမနေပါစေနှင့်။ နွေးသောရေ ပူသောရေဖြင့်သာ ချိုးပါ။

အချုပ်အားဖြင့်ဆိုရသော် ကျီးပေါင်းရောဂါသည် ဖြစ်ပွားလာပါက အရှင်းပျောက်ကင်းအောင် ကုသနိုင်သောရောဂါမဟုတ်မူပဲ မိမိတို့ကိုယ်တိုင် ဂရုစိုက်ခြင်းသာလျှင် ကာကွယ်ခြင်း၊ ကုသခြင်းမည်ပါသောကြောင့် မဖြစ်ခင်ကပင် ကြိုတင်ရှောင်ရှားနိုင်ကြပါရန် ချစ်မိတ်တွေများအား ကျန်းမားရေးအသိ ကျန်းမာရေးသတိအတွက် အကျိုးမျှော်လို့နှိုးဆော်ရေးသားလိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့__

(အနည်းငယ်သော ကျန်းမာရေး ဗဟုသုတရရှိသွားမယ်ဆိုရင် အလွန်ဝမ်းမြောက်ကျေနပ်မိမည်ဖြစ်ပါကြောင်းနှင့် ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသောကြောင့် ဗဟုသုတအနေဖြင့်မှတ်သားကြပါရန် အမှားအယွင်းများပါရှိပါက ထောက်ပြဝေဖန်ပြောကြားပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်)

Photo Credit to Google.

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

27-8-2017(Sunday)

Sort:  

အရမ်းကောင်းတယ် ဘရို ဒေါက်တာ လမ်းညွန်တဲ့ဆေးနည်းတွေကလည်း စုံလို့ အရမ်းကျေးဇူးပါနော်

နဲနဲလေးပဲဖြစ်စေ ကျန်းမာရေးအတွက် ဗဟုသုတရရှိပြီးလိုက်နာမယ်ဆိုရင် အင်မတန်ဝမ်းမြောက်ပါတယ်ဗျာ ခုလိုပြောကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ

Nice post

အခုလိုအားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ

Thank you for your health tips.

တစ်စုံတစ်ရာအကျိုးရှိသွားမယ်ဆို ပင်ပန်းရကျိုးနပ်ပါတယ် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ

ကျေးကျေး ဗဟုသုတများကြီးရ

ကျေးဇူးဆရာ မောင်း

ငင့် ဒူ..ဟူ..ဟူ..

ကျန်းမာရေးအသိတွေ တိုးသဗျာ good post bro

အာ့ဆိုရင်ကို အပင်ပန်းခံရကျိုးနပ်ပါပြီဗျာ ကျေးဇူးလည်းတင်ပါတယ်ဗျ ကျီးပေါင်းရန်ကနေ ကာကွယ်နိုင်ပါစေဗျာ

ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ..လူတွေအားလုံးကျန်းမာကြပါစေဗျာ

ကျေးဇူးပဲ ဆရာစိုးရေး, Steemit Myanmar လုပ်ပြီးနောက်ပိုင်း လေ့ကျင့်ခန်းတွေတောင် မလုပ်ဖြစ်တော့ဘူး... အရင်က မှ gym တွေဘာတွေ သွားသေးတာ.. jogging လောက်တော့ ပြန်လုပ်မှ ဖြစ်မယ်

ကျနော်ဆို ဘာမှကိုမလုပ်ဖြစ် သူများသာပြောနေထာ ဆရာရေ ကျန်းမာရေးတော့ ဂရုစိုက်မှဖြစ်မယ်ဗျ

great content! and thanks again for following!

thanks bro

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62539.28
ETH 2437.94
USDT 1.00
SBD 2.67