မှန်ကို ပြုံးပြခြင်း

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူသားတွေဟာ နေ့စဉ်နှင့်အမျှ စား ၀တ် နေရေးအတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ၀င်ငွေကို ရှာဖွေနေကြ ရပါတယ်။ အဲဒီလို ၀င်ငွေရှာဖွေကြရာမှာလည်း တခါတရံ ရောင်းချသူဖြစ်နဲ့ဖြစ်တတ်ပြီး တခါတရံမှာတော့ ၀ယ်သူစားသုံးသူအဖြစ်နဲ့ ရပ်တည်နေကြရပါတယ်။ ဒီလိုရပ်တည်နေကြတဲ့အခါမှာ အချို့သောလူများက ၀ယ်ယူသူနေရာမှာ ရောက်နေတဲ့အခါလည်း ၀ယ်ယူသူကအမှန်၊ ရောင်းချသူနေရာရောက်သွားပြန်တော့လည်း ရောင်းချသူကအမှန်လုပ်နေတတ်ကြတာကို အမြဲလိုလိုတွေ့ရပါတယ်။ ဒါကဘာကိုပြနေသလဲဆိုတော့ ကိုယ်ကပဲအမြဲတမ်းမှန်နေပြီး အခြားသူတွေကမှားနေတယ်လို့ ပြောတာနဲ့အတူတူပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက် ကိုယ့်ဘက်ကပဲ မှန်နေတတ်တဲ့ လူတွေကို မြင်ရပါတယ်။ တကယ်တော့ ကိုယ့်အတ္တ ကိုသာမြင်ပြီး သူများအတွက်မစဉ်းစားပေးကြတာလို့ပဲမြင်မိပါတယ်။ ကိုယ်ချင်းစာစိတ်လို့ပဲပြောရမလားတော့ မသိဘူး။ အလျော့ပေးတယ်ဆိုတာလည်း မရှိတတ်ကြတာတွေ့ရပါတယ်။ မှားနေမှန်းသိသော်လည်း အပြင်းအထန်ငြင်းခုံတတ်ကြပါသေးတယ်။ ရောင်းသူနေရာရောက်နေပြန်တော့ ၀ယ်သူကို ချေးများလိုက်တာ၊ ဒါမျိုးရှာကြည့် ဘယ်မှာမှမရှိဘူး၊ ဘာဘူး၊ ညာဘူး ဆိုပြီး ၀ယ်သူကို အပြစ်တင်နေတတ်ပါတယ်။ ၀ယ်သူနေရာ ရောက်နေပြန်တော့လည်း ဒီဆိုင်က ဆက်ဆံရေးမကောင်းဘူး၊ ဈေးကြီးတယ်၊ စိတ်မရှည်ဘူး အပြစ်တင်နေပြန် တယ်။ ငယ်စဉ်ကတည်းက အမှန်တော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့စကားလုံးလိုဖြစ်နေကြတယ်ထင်ပါ တယ်။ “ရောင်းသူ ၀ယ်သူ အသံတူ” ဆိုတဲ့စကားလုံးလေးပါ။ ရောင်းတဲ့သူက ဈေးရောင်းတဲ့သူရဲ့ အင်္ဂါရပ်တွေကို အလေးမထား၊ ၀ယ်သူကို အရေးတယူမဆက်ဆံတတ်ကြသလို ၀ယ်သူကလည်း ငါတို့က ဈေးလာဝယ်တာပဲ ကောင်းကောင်းဆက်ဆံရမှာပေါ့ ဆိုတဲ့ အတ္တကိုသာ ရှေ့တန်းတင်နေကြသလိုဖြစ်မယ်။ မှန်ရှေ့ရပ်ပြီး ပြုံးပြရင် ပုံရိပ်ကလည်း ပြုံးပြမှာ ဖြစ်ပြီး မဲ့ပြရင် ပုံရိပ်ကလည်း မဲ့ပြမှာပါ ရောင်းသူက မောက်မောက်မာမာ ခက်ခက်ထန်ထန်ဆက်ဆံတော့ ၀ယ်သူရဲ့ ပုံရိပ်ကလည်း မောက်မောက်မာမာ ခက်ခက်ထန်ထန်ပဲ ပေါ်လာတာပဲဖြစ်ပါမယ်။


02.png


ရောင်းသူပဲဖြစ်ဖြစ် ၀ယ်ယူသူပဲဖြစ်ဖြစ် ဘယ်နေရာမှာရောက်နေ ရောက်နေ ကိုယ့်ဟန်မူယာ စကားပြောဆိုပုံ အတိုင်းတစ်ဖက်ကလည်းပြန်လာတတ်တာကို သိထားကြရပါမယ်။ ဒီလိုသိထားရင် ကိုယ်တိုင်က ဆင်ခြင်ပြီး ရောင်းသူနေရာရောက်ရောက် ၀ယ်သူနေရာရောက်ရောက် အဆင်ပြေစေနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးလေးစားစားဆက်ဆံတတ်ဖို့အရေးကြီးတယ်လို့လည်း ထင်မိပါတယ်။ ကိုယ်တွေ့လေးတစ်ခု ရေးပြချင်ပါတယ်။ ဈေးဝယ်တာတော့မဟုတ်ပါဘူး။ MP3 MP4 သွင်းကြတဲ့ဆိုင်တစ်ဆိုင်ဆိုကြပါစို့ရဲ့။ အဲဒီဆိုင်မှာ လူတစ်ယောက်က သူ့ဖုန်းထဲကို သီချင်းလေးတွေထည့်ခိုင်းပါတယ်။ ဆိုင်က ၀န်ထမ်းလေးများက ဖုန်းဆိုတော့ မန်မိုရီကတ်(SD Card)ကိုဖြုတ်ပြီး သီချင်းသွင်းတယ်(အဲဒီအချိန်တုံးက ဖုန်းမန်မိုရီက သိပ်မရှိသေးတော့ ဖုန်းထဲကို တိုက်ရိုက်ထည့်ပေးလို့မရပါဘူး)ပြီးတော့ ဖုန်းထဲကို မန်မိုရီကတ်ပြန်ထည့် ပေးလိုက်ကြတယ်။ အဲဒီလိုနဲ့ နောက်တစ်နေ့ မနက် ဆိုင်ဖွင့်ပြီးချိန်လောက်မှာ မနေ့က သီချင်းသွင်းပေးလိုက်တဲ့ လူကပြန်လာတယ်။ ဘာဖြစ်လို့လဲလို့မေးကြတယ်။ သီချင်းတွေရှာမရဘူးလို့ပြောတာနဲ့ ၀န်ထမ်းလေးတွေက ဖုန်းကိုယူကြည့်တယ်။ သူတို့လည်း သီချင်းတွေရှာမရတော့ ဖုန်းကိုနောက်ဖုံးဖွင့်ပြီး မန်မိုရီကတ်ကိုထုတ်ဖို့ကြည့်တော့ မန်မိုရီကတ်က ကျိုးနေတာတွေ့ရတော့ ဆိုင်ဝန်ထမ်းများက မန်မိုရီကတ်က မကောင်းတော့လို့ သီချင်းမရတာလို့ပြောလိုက်တယ်။ သီချင်းလာသွင်းတဲ့လူက မန်မိုရီကတ်က ဘယ်လိုလုပ် ကျိုးနေတာလဲမသိဘူးဗျ။ ကျွန်တော်လည်း ဘာမှမလုပ်တတ်ဖူး။ သီချင်းလည်း အခုမှ သွင်းဖူးတာလို့ပြန်ပြောပြီး ဘာလုပ်ရင်ရမလဲမေးတယ်။ မန်မိုရီကတ်အသစ်ဝယ် ဒါမှမဟုတ် အာမခံပါတော့ ဆိုင်ကိုပြန်သွားပြီး လဲလို့ရတယ်လို့ ၀န်ထမ်းလေးတွေကပြောလိုက်တယ်။ ဒါနဲ့အဲဒီလူလဲ မန်မိုရီကတ်ဝယ်ခဲ့တဲ့ဆိုင်ထွက်သွားတာ တွေ့ရတယ်။ တစ်နာရီလောက်နေတော့ အဲဒီလူပြန်လာတယ်။ သူ့မန်မိုရီကတ်က ထက်ပိုင်းကျိုးသွားတာဖြစ် တဲ့အတွက် လဲလို့မရဘူး။ အာမခံမရဘူးပေါ့။ ဒါနဲ့အသစ်တစ်ကတ်ဝယ်လာခဲ့ရတယ်။ အဲဒီအထိက ပြဿနာမရှိ သေးဘူး။ ဆက်ပြီးတော့ သီချင်းသွင်းတဲ့လူက သူ့မန်မိုရီကတ်က ၀န်ထမ်းလေးတွေ သီချင်းသွင်းရင်းကျိုးတာ မင်းတို့ကြောင့်ဖြစ်တာလို့ ပြောလာတယ်။ အဲဒီမှာပြဿနာစတော့တာပါပဲ။ ၀န်ထမ်းလေးကလည်း သူ့ကြောင့် မဟုတ်ဘူး။ သီချင်းသွင်းသူကလည်း မင်းတို့ကြောင့် အပြိုင်ငြင်းကြတော့တာပါပဲ။ သီချင်းလာသွင်းသူလည်း သူ့မန်မိုရီကတ်ပျက်စီးတဲ့အပြင် ဒေတာတွေပါဆုံးရှုံးတော့ ဒေါသထွက်လာပြီးပိုဆိုးကုန်တယ်။


03.png


အဲဒီမှာ ဘေးကကြည့်နေတာ မနေနိုင်တော့လို့ ၀င်ဖြေရှင်းပေးဖို့ကြိုးစားကြည့်လိုက်ပါတယ်။ သီချင်း လာသွင်းသူရဲ့ ဖုန်းနဲ့ ကျိုးသွားတဲ့မန်မိုရီကတ်ကို ယူပြီးကြည့်လိုက်ပါတယ်။ ဘယ်လိုဖြစ်တာလဲ မေးကြည့်လိုက်ပါတယ်။ ၀န်ထမ်းလေးကလည်း သူ့ကြောင့်မဟုတ်ကြောင်းငြင်းဆဲ၊ သီချင်းလာသွင်းသူက လည်း ဖုန်းရဲ့အဖုံးတောင်မဖွင့်တတ်ကြောင်း ဆက်ငြင်းနေကြပါသေးတယ်။ မန်မိုရီကတ်ကိုထည့်ကြည့်တယ်။ ထည့်ရတာနဲနဲခက်တာတွေ့တယ်။ အထိုင်မကျတာမြင်ရတော့ ၀န်ထမ်းကလေးတွေက အထိုင်မကျပဲနဲ့ ဘက်ထရီကို ဖိချရာကနေ ကျိုးသွားတာလို့မြင်မိတော့ ၀န်ထမ်းလေးဘက်ကမှားနေတယ်။ ဒီတော့ သီချင်းလာ သွင်းတဲ့သူကို ၀န်ထမ်းကလေးများက အမှတ်တမဲ့နဲ့မို့ မတော်တဆဖြစ်ပြီးကျိုးသွားပါတယ်လို့ပြောလိုက်တော့ ၀န်ထမ်းလေးက ငြင်းဖို့ကြိုးစားနေပြီး သီချင်းသွင်းသူကတော့ နည်းနည်းကျေနပ်သွားပုံရပါတယ်။ သူမှန်တယ် ပြောလိုက်တာကိုး၊ ကျေနပ်မပေါ့လေ။ ဒီတော့ ဘယ်လိုလုပ်ပေးစေချင်ပါသလဲလို့မေးတော့ သီချင်းလာသွင်းက မန်မိုရီကတ်အသစ်ဝယ်ထည့်လိုက်ရတယ်။ ဒေတာတွေဆုံးရှုံးကုန်တယ်။ မန်မိုရီကတ်အသစ်ဝယ်ထည့်လိုက်ရ တဲ့အတွက် (၆၀၀၀)ကုန်သွားတယ်။ အဲဒီမန်မိုရီကတ်ဖိုးရချင်ပါတယ်လို့ပြောလာပါတယ်။ ဟုတ်ကဲ့ ၀န်ထမ်းလေးတွေဘက်ကမှားတာဖြစ်တဲ့အတွက် မန်မိုရီကတ်အတွက် လျော်ပေးသင့်ပါတယ်လို့ ထောက်ခံပေး လိုက်တယ်။ ၀န်ထမ်းလေးကတော့ သူလျော်ပေးရတော့မှာဖြစ်လို့ မျက်စိမျက်နှာပျက်နေတယ်။ ဆက်ပြောလိုက်ပါတယ်။ သူတို့ရဲ့အမှားဖြစ်တာမှန်နေပေမယ့် သူတို့က ချက်ချင်းလျော်မပေးနိုင်ပါဘူး။ ကြားကစိုက်လျော်ပေးရမှာဖြစ်ပါတယ်။ လကုန်မှ သူ့လစာဖြတ်ယူရမှာဖြစ်ပါတယ်။ ဒီတော့ ၀န်ထမ်းလေးကို ငဲ့ညှာတဲ့အနေနဲ့ မန်မိုရီကတ်အသစ်ဖိုး(၆၀၀၀)အပြည့်မယူပဲ တစ်ဝက်(၃၀၀၀)ပဲယူဖို့ပြောကြည့်လိုက်ပါတယ်။ သီချင်းလာသွင်းသူလည်း လက်ခံပါတယ်။ ရပါတယ်ဆိုပြီးပြောတော့ (၃၀၀၀)ချက်ချင်းထုတ်ပေးလိုက်တော့ လက်ထဲကိုင်ထားပါတယ်။
အဲဒီမှာ ပြောလိုတာက သူပြောသွားခဲ့တဲ့စကားလေးပါ။ ၀န်ထမ်းများနဲ့ အလုပ်ရှင်များ သတိပြုဆင်ခြင်သင့်တဲ့ အချက်တစ်ချက်ပါပဲ။ သင်ခန်းစာယူသင့်တယ်လို့လည်းထင်ပါတယ်။ သူပြောသွားတာကတော့-----


04.png


အလျော်လိုချင်လို့မဟုတ်ပါဘူး။ အဖိုးတန် ပစ္စည်းကြီးတစ်ခုလည်း မဟုတ်ဘူး။ တန်ဖိုးမကြီးပေမယ့် သူတို့ အမှားကို မှားတယ်လို့ ၀န်မခံပဲ ခံငြင်းနေလို့ ပြန်လာပြောတာပါ။ ဒါကို ဆိုင်ရှင်က သိချင်မှ သိလိမ့်မယ်။ ဆိုင်ရှင်တွေလည်း သိစေချင်လို့ပါ။ ဒီဝန်ထမ်းတွေကို ဆိုင်ရှင်တွေအနေနဲ့ ဆက်လက် ခိုင်းနေဦးမှာပါ။ တန်ကြေးနည်းတဲ့ မန်မိုရီကတ်ပျက်စီးသွားလို့ ဘာမှမဖြစ်ပါဘူး။ သူတို့တွေလည်း လျော်ပေးနိုင်ပါကြတယ်။ တကယ်လို့များ သိန်းဆယ်ဂဏန်းတန်တဲ့ပစ္စည်းတစ်ခုကို အခုလို သေသေချာချာ ကိုင်တွယ်ခြင်းမပြုပဲ ပျက်စီးအောင်လုပ်ခဲ့ရင် သူတို့လျော်ပေးဖို့ လွယ်ကူပါ့မလား။ ဆိုင်ရှင်ကိုယ်တိုင်ကရော လျော်ပေးချင်ပါ့မလား။ နောက်နောင် ဒီလိုကိစ္စတွေ မဖြစ်စေချင်လို့ လာပြောတာပါ။ လျော်ပေးတဲ့ပိုက်ဆံလည်း မယူချင်ပါဘူး။ သူတို့အမှားကို မှားတယ်လို့ ၀န်ခံစေချင်လို့ လာပြောတာဖြစ်ပါတယ်။ ၀န်မခံပဲနဲ့ ပေငြင်းနေလို့ အခုလိုပေရှည်သွားရတာပါ။ ဆိုင်ရှင်ရော ၀န်ထမ်းလေးတွေကိုပါ နားလည်စေချင်လို့ ပြောရခြင်းဖြစ်ပါတယ်။ ၀န်ထမ်းကောင်းမှ လုပ်ငန်းကောင်းမှာပါ၊ လုပ်ငန်းကောင်းမှလည်း ဆိုင်ရှင်ကောင်းမှာပါ။ စိတ်မရှိကြပါနဲ့ဗျာ။ ဟာ ကိစ္စရှိပါဘူးဗျာ ကျေးဇူးတောင်တင်ပါသေးတယ်လို့ပြန်ပြောလိုက်ပြီး ဒီအတွက် တောင်းပန်ကြောင်းပြော ဆိုလိုက်ပါတယ်။ သူလည်း အတော်ကျေနပ်သွားတဲ့အပြင် ထပ်ပြောသွားပါသေးတယ်။ အခုလို အမှားကို ဖြေရှင်းပေးပြီး ထိုက်သင့်သလို တာဝန်ယူပေးတဲ့အတွက် နောင်လည်း ဒီမှာလာပြီးအားပေးပါမယ်။ သွားလိုက်ပါဦးမယ်

လို့ပြောပြီး ပိုက်ဆံ(၃၀၀၀)ကိုပြန်ပေးကာထွက်သွားပါတယ်။ မှန်ပါတယ်။ တချို့ကိစ္စတွေမှာ ပိုင်ရှင်ကမသိလိုက်ပဲ ပြဿနာအဖြစ်ရောက်သွားတာတွေ ရှိနေမှာပါ။ အဲဒီလိုပြဿနာဖြစ်တာနဲ့ လုပ်ငန်းနာမည် ထိခိုက်တော့တာပါပဲ။ နောင်လည်း အဲဒီလူက မဆက်ဆံတော့ အားလုံးဆုံးရှုံးရပါတယ်။ ၀န်ထမ်းရော ပိုင်ရှင်တွေရောပေါ့။ ကိုယ်ကကောင်းကောင်းမွန်မွန်ဆက်ဆံပြီး မှားကြောင်း ၀န်ခံလိုက်တဲ့အတွက် ပြဿနာ ငြိမ်းသွားရပါတယ်။ ဆက်ပြီး ငြင်းနေမယ်ဆို ဖောက်သည်ဆုံးရှုံးသွားသလို နာမည်လည်း ပျက်သွားပါမယ်။ တနည်းအားဖြင့်ဆိုရင် မှန်ကို ပြုံးပြခြင်း သာဖြစ်ပါတယ်။ တကယ်လို့များ မှန်ကို မဲ့ပြမိခဲ့ရင် -----------------------------



ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

3-Sept-2018 တနင်္လာနေ့(Monday)

Sort:  

ဥပမာ‌ပေးတာ‌လေးကြိုက်‌တယ်‌။ တစ်‌ဘက်‌လူဖက်‌က ‌တွေးမ‌ပေးတာဟာ အဓိက ပြဿနာပါ။‌ကျေးဇူးပါဦးစိုး။သတိထားပါ့မယ်‌။

ကြိုက်တာယူ တစ်ထောင်ပဲ ကိုမဟော်ရေ ☺☺☺

တစ်​ကယ်​လို့များဘူးခံငြင်းခဲ့ရင်
ဆိုင်​လဲ နာမည်​ပျက်​မယ်
ဖောက်​သည်​လည်းဆုံးရူံးရ​တော့မယ်​​လေ 😳😳

အမှန်ပဲဗျ

ကိုယ်ပြုံးလျှင် သူ ပြုံး
သူ ပြုံးတော့ ကိုယ် ပျော်
မှန်ကြည့်သော်...

အမှန်ပ ကိုဟိန်းရ

ဝန်​ထမ်း​ကောင်းမှ အဆင်​​ပြေမယ်​ထင်​မိတယ်

ကိုယ်တာဝန်ကိုကျေရင် အားလုံးအဆင်ပြေသွားမှာပါ အောင်ကြီးရ

ဆိုင်ဝန်ထမ်းတွေ တော်တော်များများက ဝန်ထမ်းစိတ်ဘဲရှိပြီး ဆိုင်ရှင်စိတ်မရှိတာလည်း ပါတယ် ကိုစိုးရေ

နှစ်ဦး နှစ်ဖက်ပါပဲ အထိအခိုက်နည်းနည်းလေးမှ မခံဘူး ဓားသွားပေါ်လျောက်နေရသလိုပဲပေါ့

ဈေးရောငိးခြင်းအနုပညာပါဘဲ ကွီးစိုးရာ

အားလုံးက ကြည့်တတ်မယ်ဆို အနုပညာပါပဲဗျာ

သမီးအဖြစ်က မှန်ကိုပြုံးပြတာတောင်
မှန်ကငိုပြတာ :P

စိတ်ကျန်းမာရေးပြဖို့လိုပီ

နှစ်ဖက်မြင်တက်ဖို့ လိုတာပေါ့နော် ဦးစိုး။

နှစ်ဖက်မြင်ဖို့တော့လိုတာပေါ့ ကိုကိုရယ် နှစ်ဖက်ချွန်တော့မလုပ်နဲ့နော် ☺☺☺

ဟိဟိ လုပ်ဘူး 😁

ကိုယ်ကြည့်သော မှန်ရဲ့အရိပ် ကိုယ်ပါပဲလေ

အဲဒါ အဲဒါ မေ့နေတတ်ကြလို့ပါ ကိုညီရ

အ​ရောင်းအ၀ယ်​​နေရာမှာလည်း​သူ့အတတ်​ပညာနှင့်​သူရှိတာပါဘဲ...ခုလိုဖြစ်​ရင်​​နောက်​တစ်​ခါဒီဆိုင်​မသွား​တော့ဘူး​လေ...

နောက်တစ်ဆိုင်သွားတာမသွားတာထက် နာမည်ပျက်သွားရင်တော့ ရေစုန်မျောလိုက်ပီဆိုသလိုပေါ့ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62922.70
ETH 2543.02
USDT 1.00
SBD 2.83