မိုးများဒေသများ သတိပြုသင့်

in #myanmar8 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


35065934_884314131761858_3741377570965291008_n.jpg

Photo credit : Facebook


ဘာရေးရမယ်မှန်းမသိဖြစ်နေလို့ မိုးရွာတာကို သတိပေးလိုတာကြောင့်ရော မိုးလေ၀သဆိုင်ရာကို ရေးတင်လိုက်ပါတယ်။ ကျွန်တော်တို့ Steemit မှာ ရာသီဥတုဆိုင်ရာ သတိပေးချက်တွေ အသိပေးချက်တွေ ရေးတင်ပေးမယ့် ပညာရှင်တွေ မရှိကြသေးတော့ သိသမျှလေးတွေကို မျှဝေပေးတဲ့သဘောနဲ့ ရေးခြင်းသာဖြစ်ပါ တယ်။ ပညာရှင်များကိုလည်း Steemit Platform မှာ စာလာရေးစေချင်ပါတယ်။ ဒါပေမယ့်လည်း ပညာရှင်များနဲ့ ရင်းနှီးမှုမရှိတာက ဘယ်လိုစည်းရုံးရေးဆင်းပြီး ရေးခိုင်းရမယ်မသိဖြစ်နေတယ်။ ကိုယ်ဖတ်ထားတဲ့ အသိပေးချက်၊ သတိပေးချက်လေးတွေကိုသာ ရေးတင်လိုက်တာအကောင်းဆုံးဖြစ်ပါမယ်။ မိုးလေ၀သဆိုတာကလည်း အမြဲတမ်းပြောင်းလဲမှုတွေရှိနေတယ်။ အချိန်နဲ့အမျှ ပြောင်းလဲတတ်လေတော့ အပြစ်ပြောခံရဖို့ကလည်း အတော်နီးစပ်တယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံက ပညာရှင်များက တကယ်ဖြစ်ပြီ ဆိုမှ သတင်းထုတ်ပြန်ပြီး အသိပေးချက်၊ သတိပေးချက်တွေလုပ်ကြတာတွေ့ရတယ်။ အဲဒီလိုသေချာပြီ တကယ်ဖြစ်ပြီဆိုမှ အသိပေးတော့ တခါတရံ ပြင်ဆင်ချိန်မရ နောက်ကျပြီး ဆုံးရှုံးမှုတွေ ဖြစ်လာကြရတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံကလူအများစုကလည်း မိုးလေ၀သကို အလေးမထား၊ အရေးမထား တတ်ကြပါဘူး။ တကယ်ဖြစ်လာမှ အမေကယ်ပါ၊ အဖေကယ်ပါအော်နေကြရတယ်။ ကာကွယ်ရမှာစိတ်မ၀င်စား၊ ပြင်ဆင်သင့်တာတွေ မပြင်ဆင်ပဲ ဖြစ်လာမှပဲ အော်နေကြသလားလို့ဗျာ။ မိုးလေ၀သ သတင်းက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ကြိုတင်ပြင်ဆင်မှုက ဘာမှအကျိုးမယုတ်ပါဘူး။ မဖြစ်လာတော့လည်း ဘာမှ အကျိုးမယုတ်သလို ဖြစ်လာတော့ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် ပျက်စီး ဆုံးရှုံးမှု အသက်အန္တရာယ်တွေကနေ လွတ်မြောက်နိုင်တာပေါ့။


02.png


ယခုလက်ရှိဖြစ်ပေါ်နေတဲ့ မိုးဆက်တိုက်ရွာသွန်းမှုကိုလည်း လွန်ခဲ့တဲ့ ရက်(၂၀)လောက်ကတည်းက အသိပေး၊ ပြင်ဆင်ပြီး လုပ်သင့်တာတွေလုပ်ထားဖို့ Facebook မှာ ရေးတင်ပေးနေတဲ့သူရှိပါတယ်။ နည်းပညာတိုးတက်နေ တယ်ဆိုတဲ့ နယ်သာလန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက နေ့စဉ် ရာသီဥတုအခြေအနေကို ရေးတင်လေ့ရှိပါတယ်။ ၀င်ရောက်ဖတ်ရှုကြသော်လည်း အချို့သောသူများက စေတနာကိုနားမလည်ပဲ ၀င်ရောက်ဆဲဆိုကြ၊ အပြစ်ပြောကြတာတွေ တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ်ရဲ့ကာကွယ်ရေး အကြောင်း၊ အနီးကပ် ဖြစ်ပေါ်နေချိန် တနည်း အရေးပေါ်အချိန်ဆိုတာတွေကို ဘယ်လိုနားလည်ခံယူထားကြ သည် မသိ။ သဘာဘေးဒဏ်အများကြီးမခံရတဲ့နိုင်ငံဖြစ်နေလို့လားတော့မသိ။ သိပ်ဂရုမစိုက်တတ်ကြပါ။ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အချိန်နဲ့အမျှ သတင်းပေးချက်၊ အသိပေးချက်၊ သတိပေးချက်တွေ ထုတ်ပြန်ပေးကြပါတယ်။ သတိပေးချက်ဆိုတာက အန္တရာယ်ရှိနိုင်လို့ သတိပေးချက်ဖြစ်လာတာပါ။ မိုးဆက်တိုက် ရွာသွန်းနေတယ်။ ဆက်လက်ပြီးတော့လည်း ရွာနိုင်သေးတယ်။ မြစ်ဘေး၊ ကမ်းဘေးနေထိုင်သူတွေ သတိထားကြရမယ်၊ တောင်များပြိုကျနိုင်တဲ့အတွက် ဂရုစိုက်ကြပါ စသည်ဖြင့် ပြောကြားနေခြင်းက အန္တရာယ်ဖြစ်လာနိုင်လို့ တတ်ကျွမ်းနားလည်တဲ့ပညာရှင်များက သတိပေးခြင်း ဖြစ်ပါတယ်။


0.png


34888915_884314075095197_1882719319591223296_n.jpg

Photo credit : Facebook


နားလည်အချို့က မုန်တိုင်းဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကို မဖြစ်မီ ရက်ပေါင်းများစွာကနေ အသိပေးကြတယ်။ အဲဒီလိုအသိပေးတာကို စာသေချာမဖတ်၊ နောက်ရက်မှာဖြစ်မယ်ထင်တဲ့သူတွေကထင်။ နောက်ရက်မှာ ဘာမှမဖြစ်ဘူးဆိုပြီး ၀င်ဆဲတဲ့သူတွေကဆဲနဲ့ ကြာတော့လည်း အသိပေးတဲ့သူက စိတ်ပျက်ပြီး ဘာမှရေးမတင်တဲ့ဘူးဖြစ်မယ်။ ဘာမှရေးမတင်တော့ရင် ဘာမှ မသိရတော့ဘူး။ ကြိုတင်သိရင် ကြိုတင်ပြင်ဆင် ထားနိုင်တယ်။ နိုင်ငံတော်အစိုးရ၀န်ထမ်းတွေအနေနဲ့ကျတော့ မသေချာမချင်း အသိမပေးလိုကြဘူး။ အလုပ်ထိခိုက်မှာစိုးကြတယ်။ အပြင်က ပညာရှင်တွေကသာပဲ အသိပေးကြတယ်။ အဲဒီလိုပညာရှင်တွေကို ကိုယ်က မလေးစားရင် သူကလည်း လေးစားလိမ့်မယ်မဟုတ်ပါဘူး။ အပြန်အလှန်ပေါ့။ မှန်ကြည့်နေသလိုပေါ့။ ခန့်မှန်းချက်တွေဆိုတာကလဲ ပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်တယ်။ ပြောင်းလဲမှုကိုမသိပဲနဲ့ ရမ်းပြီး အပြစ်တင်လို့ မရနိုင်ဘူး။ ဒီတော့ အပြစ်တင်နေမယ့်အစား သတင်းလေးတွေစောင့်ဖတ်၊ ပတ်ဝန်းကျင်ကိုအသိပေး မျှဝေကြမယ်ဆိုရင် ပိုအကျိုးရှိလာနိုင်မယ်ထင်တယ်။ သိထားသင့်တာ သိထားကြတော့ ပြင်ဆင်သင့်တာ ပြင်ဆင်ထားလို့ရတာပေါ့။ အခုဆို နေရာဒေသအနှံ့ မိုးဆက်တိုက်ရွာနေတော့ သတိပြုစရာတွေအများအပြား ရှိနေမှာ အသေအချာပါပဲ။ တောင်ကျရေ၊ မြစ်ရေ၊ ချောင်းရေတွေ တိုးလာသလို ရေ၀င် ဧရိယာလည်း ပိုကျယ်လာတယ်။ လူနေဧရိယာ ကျဉ်းမြောင်းသွားတယ်။ မြို့တွေမှာဆို လျှပ်စစ်အန္တရာယ်ပါတိုးလာနိုင်တယ်။ လမ်းမမြင်ရပဲ ရေပြင်ပဲမြင်နေရတဲ့အချိန် ယာဉ်တွေအရမ်းကားရောဖြတ်မမောင်းသင့်ပါ။ အန္တရာယ်က မမြင်ရတဲ့ ရေအောက်မှာဖြစ်နေတတ်ပါတယ်။


Untitled-1.png


34963399_884313998428538_4319130777712328704_n.jpg

Photo credit : Facebook


ယခုအခါနေရာဒေသအနှံ့ မိုးဆက်တိုက်ရွာနေတာဖြစ်သလို အချို့ဒေသတွေမှာ လေပါတိုက်ခတ်လာတတ်ပါတယ်။ အသိဥာဏ်ပညာ ဆင်ခြင်တုံတရားရှိကြတဲ့သူများကတော့ အချက်အလက်တွေပေါ်မှာ စဉ်းစားကြတယ်၊ ဝေဖန်ကြတယ်၊ အကြံပြုဆွေးနွေးတိုင်ပင်ကြပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆို တွေးကြည့်ကြတယ်ပေါ့။ အသိဥာဏ်ပညာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့သူများ ကတော့ ဖြစ်လာကာမှ ပြေးကြည့်ကြတယ်။ ပြေးကြည့်ပြီးမှ ယုံကြည်တတ်ကြတယ်။ ဒါကို ဂုဏ်ယူတတ်ကြတာက လက်တွေ့မှ ယုံတဲ့ လက်တွေ့သမားတဲ့။ နိုင်ငံတကာမှာ ကိုယ်ပိုင်ဂြိုလ်တုတွေ လွှတ်တင်ထားပြီး အချိန်ပြည့်စောင့်ကြည့်နေတယ်။ သတင်းတွေအချိန်နဲ့အမျှ ထုတ်လွှတ်ပေးနေတယ်။ ကျွန်တော်တို့ဆီမှာတော့ အဲဒီသတင်းတွေကို ကြည့်တတ် ဖတ်တတ်တဲ့သူတွေက မျှဝေပြီး သတိပေးနေတာ တောင် ဟဟ ပဲရမယ် လုပ်နေကြတုံး။ ကိုယ်တိုင်ထိမှ တောင်ပြေးရမလို မြောက်ပြေးရမလိုတွေဖြစ်ပြီး အဖေ အမေ အော်နေလဲ ဆုံးရှုံးမှုတွေကို ခံစားကြရပါတယ်။ စိတ်ဓာတ်အရကျွန်တော်တို့နိုင်ငံမှာ ပြုပြင်သင့်တာတွေ အများကြီးရှိနေသေးပေမယ့် မပြုပြင်ကြသေးပါဘူး။ ကျွန်တော်တို့လူမျိုးတွေ အမြင်ကျယ်ကျယ်ထားနိုင်ပြီး အသိပညာဗဟုသုတွေ အမြန်ဆုံးတိုးတက်ဖွံ့ဖြိုးလာကြပါစေကြောင်း ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


Credit image source : https://www.facebook.com/htayt?hc_ref=ARQvqY4EnCC9uFw74NB6JHPe4BRnx-HH8XdlGwqOCExxNEK9p4tPr7HFtqMd7Jq1khc


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

11-Jun-2018 တနင်္လာနေ့(Monday)

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Congratulations @ansoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဟုတ်တယ် ကိုစိုးရေ မိုးကြီးရေလျံ လေမုန်တိုင်းတိုက်ဒီသတင်းတွေကို အစောကြီးကတည်းက မီဒီယာအစုံမှာ တင်ပြသတိပေးနေကြတယ်ဗျ။ ဒါကိုသတိမမူကြ တန်ဘိုးမထားကြတာလေ။

အဲဒီတော့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတာပေါ့ကွှီးရွှေ

အပြစ်ပြောမို့ချောင်းနေတဲ့ ရွှေမန်မာတွေပါဆို😁😁
တစ်ကယ်ကြုံရင်ယုံကြပါတယ် သေမှသာသေရော😂😂😂

အပြစ်ပြောနေတာမှတ်လို့လား မကောင်းတဲ့အကျင့်တွေကို ပြောပြနေထာဘာ ကိုမိုးဇော်ရယ် ကောင်းမှ မကောင်းပဲနော ဘာမှ ဟုတ်ဖူး ရေးစရာမရှိလို့ ကောက်ရေးပလိုက်တာ ☺☺☺

ကိုစိုးကအပြစ်မပြောဘူး
Fbကလူတေကပြောတာကိုပြောတာပါ
ဟိုနေရာဒီနေရာကြည့်လိုက်ရင် အဆဲလေးနဲ့မှပွဲစည်တာလေ😁😁😁

မိုးက ခုတော့ နဲနဲပဲ ရွာတော့တယ် ဦးစိုးရေ.. တော်သေးတာပေါ့ မယ်ကြည် မနက် ၆နာရီထ ရုံးသွားရတာ မိုးရွာရင် မထချင်ဘူး ပျင်းနေတာပါဆို😁

ဟုတ်ပါတယ်ဆရာ
မမြင်ရတဲ့ နေရာက အန္တရာယ်က အတော်ကြောက်ဖို့ကောင်းတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 62636.77
ETH 1685.70
USDT 1.00
SBD 0.40