မင်းဘာသိလို့တုံး

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဘယ်သူ့ကိုမှ မေးခွန်းထုတ်ခြင်းမဟုတ်ပါ။ တစ်မျိုးမထင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိတဲ့ မေးခွန်းလေးကို ပို့စ်တင် ရေးသားခြင်းသာ ဖြစ်ပါတယ်။ ဒီမေးခွန်းမျိုးကိုလည်း လူတိုင်းကြုံဖူးကြမှာပါ။ ကိုယ်က နည်းနည်းလောက်သိထားတဲ့အကြောင်းတစ်ခုကို အခြားသူတစ်ဦးက မသိဘဲဝင်ပြောတဲ့အချိန်မှာ အများဆုံး ကြားရတတ်ပါတယ်။ ကိုယ်သိထားတယ်ဆိုရင် အခြားသူတွေကို မေးတတ်တဲ့မေးခွန်းလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမေးခွန်းကို မိမိကိုယ်ကိုတော့ ပြန်မမေးမိတတ်ကြပါဘူး။ ပြန်မေးမိတဲ့သူရှိရင်လည်း လူနည်းစုပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဒီမေးခွန်းကို သူများမေးတာထက် ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ပြန်ဖြေကြည့်တာက ပိုအကျိုးရှိလိမ့်မယ်လို့လည်း ထင်မိပါတယ်။ သူများကိုသာမေးတတ်ကြပြီး ကိုယ့်ကိုယ်ကို မေးမကြည့်ဖြစ်တာ တွေကို ပြောင်းလဲပြီး ကနေ့တော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိလိုက်တော့ ငါ သိတာ ဘာမှမရှိပါလား ဆိုသလိုပဲဖြစ်နေတယ်။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဟိုနည်းနည်း ဒီနည်းနည်းလေးတွေကို လျောက်ရေး လျောက်တင် လုပ်နေခဲ့တာ နှစ်တောင်ချီလာခဲ့ပါရောလား။ တစ်ချို့လည်း အမှန်အကန်တွေဖြစ်သလို တစ်ချို့စာတွေကတော့ ကိုယ့်စိတ်ထဲ ထင်ရာ မြင်ရာကို လျောက်ရေးတာတွေက များနေတယ်လို့လည်း မြင်လာမိတယ်ဗျို့။ ဒါပေမယ့် စာရေးတာကို ကိုယ်တိုင်အတွေ့အကြုံ ကိုယ်တိုင်အတွေးလေးတွေနဲ့ရေးနေရတော့ တစ်ခါတစ်ခါတော့လည်း ဘာမှမသိပေမယ့် အကျေနပ်ကြီး ကျေနပ်နေမိတာလည်း အမှန်ဖြစ်နေတယ်။ “ငါက”ွ ဆိုပြီး လက်မထောင်ချင် စိတ်တောင်ပေါက်ပေါက်လာတယ်။ အဲဒီ ငါကွ တော့ ဂဏန်းကောင်တွေလို လက်မတော့ မထောင်မိသေးပါဘူး။ လက်မထောင်မယ့်စိတ်ကူးလေးများပေါ်လာတိုင်း “မင်းဘာသိလို့တုံး” ကအရင်ဝင်ဝင်လာတော့ လက်ကို အပေါ် မမြှောက်ရဲတော့ပါဘူး။ မသိမသာတော့ ခါးလယ်လောက်ကနေ လက်မလေးတော့ ခိုးထောင်ချင်မိပါရဲ့။


02.png


စတီးမစ်ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ အတည်ပေါက်နဲ့ စာတွေရေး ပို့စ်တွေတင် ဆရာလိုလို ဘာလိုလို လုပ်လာခဲ့တာ တစ်နှစ်ပင်ကျော်လာခဲ့ပေပြီ။ တစ်ခါ တစ်ခါမှာ ရေးခဲ့တဲ့စာတွေကို ပြန်မဖတ်မိရင် ဘာမှမဖြစ်သော်လည်း ကိုယ်ရေးထားတဲ့စာတွေကို ပြန်ဖတ်မိလေတိုင်း နောက်ကျော မလုံသလို ခံစားရတတ်ပါတယ်။ ကူးယူခိုးချပြီး စာတွေရေးနေလို့ နောက်ကျော မလုံတာလားလို့တော့ တစ်မျိုးမြင် မထင်လိုက်ကြပါနဲ့။ ကူးယူရင် ကူးယူတယ်လို့ဖော်ပြပြီး မှီငြမ်းရင် မှီငြမ်းတယ်လို့ ဖော်ပြပါတယ်။ ဒါဆိုရင် ဘာကိုနောက်ကျောမလုံတာလဲလို့ မေးချင်စရာဖြစ်လာလိမ့်မယ်။ ရေးထားတဲ့စာအများစုက ဘ၀အောင်မြင်ရေး တွေ၊ ဘ၀ကြီးပွားတိုးတက်ရေးတွေ၊ လုပ်ငန်းတိုးတက်ရေးတွေက အများစုဖြစ်နေတော့ နောက်ကျောမလုံဖြစ်မိ တာပါ။ ကိုယ့်ကိုယ်ကိုလည်း ပြန်မေးကြည့်မိပါတယ်။ “မင်းဘာသိလို့တုံး” လို့ မေးတဲ့အကြိမ်တိုင်းလည်း သေချာတဲ့အဖြေက ပေါ်မလာတတ်ပဲ အီးယောင်ဝါးနဲ့ပဲ အဆုံးသတ်သွားတတ်တယ်ဗျ။ နောက်ပြီးရေး တတ်သေးတာက လူမှုပေါင်းသင်းဆက်ဆံရေး တို့လိုအရာတွေ မိတ်ဆွေစစ်၊ မိတ်ဆွေတု ဆိုတာတွေကို ရေးတတ်သေးသမို့လား။ ဒီတော့လည်း ပြန်မေးကြည့်မိတာ “မင်းဘာသိလို့တုံး” ဆိုတဲ့ မေးခွန်းပါပဲ။ အဖြေက တော့ ထုံးစံအတိုင်း အီးယောင်ဝါးနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ကိုယ့်မှာ အပေါင်းအသင်းဆိုတာလည်း ရေတွက် လို့မရနိုင်လောက်အောင် များပြားနေတာလည်းမဟုတ်၊ အောင်မြင်တိုးတက်ကြီးပွားနေတဲ့သူတစ်ယောက်လည်း မဟုတ်။ ဘာမှမသိပေမယ့်လို့ ရေးတော့ရေးနေရမှာပဲမဟုတ်လား။ ဒီတော့လည်း ဆက်ရေးနေရတုံးပါပဲ။


03.png


စာတွေထဲမှာတော့ ရေးလိုက်မိပါတယ်။ လောကမှာ မိတ်ဆွေများခြင်းဟာ “ကောင်းမွန်တဲ့ အရည်အချင်း တစ်ရပ် ဖြစ်တယ်” လို့ဆိုပြီး သူများကိုတော့ ပြောလိုက်ရပေမယ့် ကိုယ့်မှာတော့ အိမ်ကလူတွေနဲ့တောင် တည့်အောင်မပေါင်းနိုင်သေးတဲ့အဖြစ်၊ ဗဟုသုတများပြားခြင်းကလည်း “ဘ၀မှာ လိုအပ်တဲ့ အရည်အချင်း တစ်ရပ်ပဲ” လို့ဆိုလိုက်ရပေမယ့် လက်ကမ်းကြော်ငြာတွေတောင် မဖတ်ဖြစ်တဲ့အဖြစ်၊ “ပေးကမ်းလှူဒါန်းခြင်းက ကောင်းမွန်တဲ့ဒါနမျိုးစေ့ ဖြစ်ပါတယ်” လို့ပြောပြီး ကိုယ့်ရှေ့က အလှူခံကို မောင်းထုတ်နေမိတဲ့အဖြစ်တွေကို တွေးမိတဲ့အခါ “မင်းဘာလိုက်နာနိုင်လို့လဲ” ဆိုတဲ့မေးခွန်းကြောင့် နောက်ကျောမလုံသလို ခံစားရပြန်တယ်ဗျ။ အကျင့်ဆိုတာကလည်း ဖျောက်ဖျက်ပစ်ဖို့ကလည်း အတော်ခက်တာကိုးဗျ။ အကျင့်ဆိုတာကလည်း ကျင့်လို့ ဖြစ်လာခဲ့တာပါပဲ။ ကောင်းတာကို အကျင့်လုပ်မိတာ ပြဿနာမဟုတ်ပေမယ့် မကောင်းတာကို အကျင့်လုပ်မိရင် ပြဿနာဖြစ်လာနိုင်တယ်။ သူများကို ဆရာလုပ်ရတာအကျင့်ကပါနေတော့ အာဘောင်အာရင်းသန်သန်နဲ့ ဆရာ လုပ်ချင်နေတုံးပါပဲဗျာ။ ဒါပေမယ့်လည်း ကောင်းတာကိုပဲ လမ်းညွှန်ချင်တဲ့အကျင့်လေးတစ်ခုတော့ ရနေပါပြီလေ။ ဒါကတော့စေတနာအကျင့်လို့ပဲပြောရတော့မှာပဲ။ ကောင်းတဲ့အကျင့်လို့လည်းဆိုနိုင်မယ်ထင် တယ်။ ဗေဒင်ဟောတဲ့သူလိုဖြစ်နေသလားတော့မသိပါဘူး။ “ဗေဒင်ဟောတဲ့သူက လနဲ့ကြယ်တွေသွားလာမှု လှုပ်ရှားမှုတွေကိုကြည့်ပြီး ဗေဒင်ဟောတာဖြစ်ပေမယ့် အိမ်မှာ ဘာတွေဘယ်လိုဖြစ်ပျက်နေတာကိုတော့ မသိဘူး” လို့ရေးထားတာကိုဖတ်မိတော့ “ငါလည်း အဲလိုဖြစ်နေပါပကောလို့” ကိုယ့်ဖာသာ မှတ်ချက်ပေး နေမိတယ်။


04.png


အထက်မှာရေးခဲ့သလိုပဲ အကျင့်ကပါနေပြီဖြစ်တော့လည်း သင်ခန်းစာ တစ်ခုကိုတော့ရေးလိုက်ပါဦးမယ်။ လူ့လောကကြီးမှာ မွေးကတည်းက ရလာတဲ့ ကိုယ်ခန္ဓာကိုယ်ကြီးကို အသုံးပြုပြီးတော့ အသက်မွေးဝမ်းကြောင်း ပြုခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ကြီး အင်မတန်ပင်ပန်းလိမ့်မယ်။ ၀င်ငွေလည်း အင်မတန်နည်းလိမ့်မယ်။ တတ်ထားတဲ့ပညာရပ်နဲ့ ငွေရှာမယ်ဆိုရင်တော့ ခန္ဓာကိုယ်တော့ထိုက်သင့်သလောက် သက်သာသွားသလို ၀င်ငွေလည်း အထိုက်အလျောက်အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ တကယ်လို့များ မိဘဆွေများအသိုင်းအ၀ိုင်းက ငွေကြေးတတ်နိုင်တဲ့အသိုင်းအ၀ိုင်းဖြစ်ခဲ့လို့ အရင်းအနှီးပြုပြီး ငွေရှာရမယ်ဆိုရင်တော့ ခန္ဓာကိုယ် မပင်မပန်းနဲ့ ငွေရှာနိုင်မှာဖြစ်ပြီး ၀င်ငွေလည်း အများဆုံးရရှိနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်တုံးကတည်းက အပြောခံလာရတဲ့ စကားလေးကို ခုချိန်ချစ်မိတ်ဆွေများကနေ ပြောမယ်ဆိုလည်း စိတ်မဆိုးပါဘူး။ ငယ်ငယ်က လူကြီးတွေ စကားဝိုင်းမှာ သူတို့ပြောတာကို နားထောင်တတ်တယ်။ သူတို့ပြောလို့ ကိုယ်သိတာလေးတွေပါနေပြီး မှားနေ တယ်ထင်ရင် “ကလေးစိတ်နဲ့ ဒီလိုမဟုတ်ဘူးဗျ အမှန်က ဒီလို” ဆိုပြီး ၀င်ဝင်ပြောမိတတ်တယ်။ ကလေးဆိုတော့ “မှန်တာကိုပြောရင် လူကြီးတွေက ချီးကျူးမယ်ထင်ပြီး” ပြောမိတာဗျ။ တကယ်တော့ ချီးကျူးတာ မခံရတဲ့အပြင် “ဟဲ့ကောင်လေး မင်း ဘာသိလို့တုံး ကလေးက ကလေးလိုမနေပဲ လူကြီးတွေထဲ ၀င်ရှုတ်နေတယ်” ဆိုပြီး အငေါက်တောင်ခံရတာ မှတ်မိနေပါသေးတယ်။ ကလေးဆိုတော့ ဘာမှလည်းမသိ၊ “လူကြီးတွေက လိမ်မပြောရဘူး၊ အမှန်ကိုပြောရမယ်” ဆိုတော့ အမှန်အတိုင်းပြောမိတော့လည်း အငေါက်ခံ အဆူခံထိတာကြာလာတော့ “အော် လူကြီးတွေလည်း အမှန်ပြောတာကို မကြိုက်ဘူးကိုး” လို့ ကလေးတွေးလေးတွေနဲ့တော့ တွေးခဲ့ဖူးပါတယ်။ “မင်းဘာသိလို့ ၀င်ပြောတာလဲ” ဆိုတဲ့မေးခွန်းက ကလေးဘ၀ ကတည်းက အမေးခံခဲ့ရတာဖြစ်ပေမယ့် “ငါဘာသိသလဲ” လို့ တစ်ခါမှ မစဉ်းစားမိခဲ့ရိုးအမှန်ပါဗျာ။ ခုလည်း မနေနိုင်မထိုင်နိုင် အထက်မှာ ဆရာလုပ်မိတော့ ကိုယ့်ကိုယ်ကို ပြန်မေးရဦးတော့မှာပါပဲ…


“မင်းဘာသိလို့တုံး”


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

8-Oct-2018 တနင်္လာနေ့(Monday)

Sort:  

ဘာမှ မသိပါရှင့်

Posted using Partiko Android

တူတူပါပဲဆိုနေတာ

အကိုphoto desginတွေဘယ်လိုလုပ်တာလည်းဆိုတာ ပြောပြပါအကိုရေ

Posted using Partiko Android

Photoshop ထဲမှာ ပြန်လုပ်တာပါ

ဘာမှတော့ တိကျထူးခြားပြီး သိလို့ မဟုတ်ပါဘူး
သိသလောက် ရေးတင်ရတာပါ့ဗျာ
ကိုယ် လိုက်မလုပ်လို မရပေမယ့် လိုက်လုပ်တဲ့သူတော့ ရကောင်းပါရဲ့ အောင်မြင်မှုတွေ😁😁

Posted using Partiko Android

အဲဒါအမှန်ပဲ ဗေဒင်ဆရာက ကံဇာတာမကောင်းပေမယ့် ကံဇာတာကောင်းနေသူကိုတော့ အထောက်အပံ့ပေးလို့ရတာပေါ့လေ ☺

ဘားမှ သိဘူးနော်

ဘာဘာ ဘာမှမသိဘူး(မင်းသိင်္ခိ) ☺

သိပါဘူးဗျ

Posted using Partiko Android

အနော်လည်း မသိလို့လေ ☺

အသိက ကန့်သတ်ချက်ရှိတာပေါ့၊အကုန်အစင်သိတယ်ဆိုတာတော့ တို့မြတ်စွာဘုရားပဲရှိတယ်။ ကိုယ်သိတာသူမသိ သူသိတာကိုယ်မသိပဲ။ ဒီတော့ကိုယ်သိတာကိုယ်ရေးပေါ့၊သူများသိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပဲ။ သူတို့ဘာတွေသိထားပြီးပြီလည်းမှကိုယ်မသိတာ ။ သို့ပေမယ့် ပေတံတစ်ခုတော့ရှိတယ်။ ကိုယ်ရေးတာက လူတိုင်းသိပြီးသားကြီး၊ထူးမခြားနားကြီး၊ ရိုးအီကြီးဆိုရင်တော့ မန့်တွေကိုကြည့်လိုက် အားနာပါးနာမန့်နေကြရင် ကိုယ်စာမဟုတ်သေးဘူးမှတ်လိုက်တယ်

Posted using Partiko Android

မှတ်ထားလိုက်ပြီဗျာ

လန့်​ ထာဆရာရယ်
"မင်းဘာသိလို့တုံး"ဆို​တော့
"ဟုပ်​ကဲ့....အ​နော်​ဘာသိဘူးဂျ ...အဟီး"

မလန့်ပါနဲ့ မိုးပေါ်ထောင်ဖောက်လိုက်တာပါ သိဘူးနော် ☺

အဲဒိmassageကို သိပ်‌ကြိုက်‌မိပြီဗျို့။ဆရာစိုး ဘာသိလို့လဲ။ကိုမ‌ဟော်‌ ဘာ လိုက်‌နာလို့လဲလို့ မ‌မေးနဲ့‌နော်‌။

အေးလေ သူများတော့ မေးခွန်းမေးပါဘူး ကိုယ့်ဖာသာပြန်မေးမိတော့ ဒွတ်ခတွေ့တော့မှာမို့ အရှိန်ပြန်ထိန်းနေရတာလေ ☺

သိသလောက်ပြန်မျှဝေတယ် မသိတာတွေ ရေးတဲ့စာတွေဖတ်ရင်းသိရတယ် steemit မှာ အကျိုးလျော့တာမရှိဘူးထင်ပါတယ် ကွီးစိုး

မသိတာတွေ မသိတာတွေ သိလာတာတွေတော့ မသိရာကနေ သိလာ သိလာရာကနေမျှပေါ့ ☺

တားတားတို့ကိုလည်း သနားပါဦးဗျာ ဘာဘာားမှမသိ ။

ဘာာာာ သိဘူး

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.034
BTC 63582.29
ETH 3267.43
USDT 1.00
SBD 3.93