Markdown အားအသုံးပြုပြီး ဇယားဆွဲခြင်း(Draw Table Using Steemit Markdown for Beginners)

in #myanmar8 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



markdown.png


နည်းပညာနှင့်ပတ်သက်သောရေးသားခြင်းများကို ရေးရန်အချိန်ပေးရပါသည်။ ထိုသို့အချိန်မပေးဘဲနှင့် မှားယွင်းရေးသားမိမည်ကိုစိုးရိမ် သောကြောင့် အခြေခံလေးများအား ရေးသားခြင်းမပြုခဲ့သည်မှာလည်း အတော်ကြာခဲ့ပါပြီ။ ထို့ကြောင့် ယခုအခါ လူသစ်များအတွက် နှင့် Markdown ကို အသုံးပြုရန်အတွက် အလွယ်တကူ နားလည် နိုင်ကြပါစေရန် ဇယားပုံစံအသုံးပြုနည်းလေးကို ရေးသားပေးလိုက်ပါသည်။ အချို့သော ဆရာများရေးသားထားသော Posr များလည်း ရှိခဲ့ပါသည်။ သို့သော်လည်း ထုံးစံအတိုင်း မည်သူမျှဖတ်ကြပုံမရပါ။ အသုံးချလိုသောအချိန်မှသာ ဟိုလူ့မေး ဒီလူ့မေးဖြင့် အချိန်တွေကုန်နေခြင်းကို မြင်တွေ့နေရသည့်အတွက် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်နားလည် ထားသလောက်ကိုသာ ရေးပေးခြင်းဖြစ်ရာ အမှားအယွင်းများပါရှိလာပါက ပြုပြင်ပေးကြပါရန်လည်း တောင်းဆို ပါသည်။ ယခု Post သည် နားလည်ပြီးသူ ဆရာသမားများအတွက်မဟုတ်ပါ။ မသိသေးသူများ၊ လူသစ်များအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ အမှားအယွင်းပါလာပါကလည်း ခွင့်လွှတ်သီးခံကြပါကုန်လော့။ ပြုပြင်ပေးကြပါ ကုန်လော့။ နာယူရန်အဆင်သင့်ပင်ဖြစ်ပါသည်။ ယခုရေးသားခြင်းသည် Markdown အတွက် အသုံးပြုနည်းများထဲမှ ဇယားပုံစံဖြင့်ရေးသားလိုပါက အသုံးပြုနိုင်ရန်အတွက် ရေးသားထားခြင်းသာဖြစ်ပါသည်။ အခြားသော အသုံးပြုနည်းများ ကျန်ရှိပါသေးသည်။ ဆက်လက်လေ့လာရန်လည်း တိုက်တွန်းလိုက်ပါသည်။


markdown 1.png


ယခု ရေးသားလိုသည်မှာ Markdown ကိုအသုံးပြုခြင်းဖြင့် ဇယားအား မိမိတို့၏ Post ထဲတွင် အလွယ်တကူ ထည့်သွင်းနိုင်ရန်အတွက် ရေးသားလိုက်ပါသည်။ အခြားသောနည်းစနစ်များလည်း အများအပြားကျန်ရှိနေပါသေး သည်။ အခြားအကြောင်းအရာများအား ကောင်းစွာ နားလည်ခြင်းမရှိသေးကြောင်းကိုလည်း ၀န်ခံရပေမည်။ ကျွန်တော်သိထားသည့် နည်းစနစ်ဖြင့် နားလည်သလိုပြန်လည်ရေးသားပေးခြင်းဖြစ်ပါသည်။ အလွယ်တကူဟုပြောဆိုရခြင်းသည် မသိလျှင် အလွန်ခက်ခဲတတ်ကြောင်းကိုနားလည်ကြမည်ထင်ပါသည်။ လေး ငါး နှစ် ကြာအောင် လိုက်လံရှာဖွေနေသော အရာတစ်ခုကို တစ်မိနစ်အတွင်း သိသွားခဲ့ခြင်းဖြစ်သော်လည်း အချိန်သည် လေး ငါး နှစ် ကုန်ဆုံးရပေသည်။ ထိုသို့နှစ်ချီအောင် လေ့လာထားခဲ့သော ပညာရပ်တစ်ခု သို့တည်းမဟုတ် အသိပညာတစ်ခုကို အလွယ်တကူ ချပြမိသောအခါ အများစုသည် တန်ဖိုးမထားတတ် ကြောင်းကိုလည်းတွေ့ရပါသည်။ ငွေကြေးတစ်စုံတစ်ရာမပါပဲနှင့် သင်ကြားပေးကြသော ဆရာများအား လေးစားမှုနည်းပါးတတ်သည်ကိုလည်း တွေ့မြင်ရပါသည်။ ငွေကြေး တောင်းခံကာ သင်ကြားပေးသော ဆရာများကိုမူ လေးစားကြ၊ ကြောက်ရွံ့ကြပေသည်။ အလကားကို အလကား လိုသာ သဘောထားကြသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသော မြန်မာတို့၏ အလေ့အထတစ်ရပ်လားမသိပါ။ အခြားသူများ၏ နိုင်ငံများတွင်မူ အလကားဆိုသောအရာမရှိကြောင်းသိရသည်။ သားသမီး နှင့် မိဘပင်လျှင် အလကားမရကြပါချေ။ မြန်မာပြည်တစ်ခုသာ အလကားရသည်ထင်ပါသည်။ MSC တွင် ဆရာတင်လှိုင်ဦးသည် သူ့၏ ကိုယ်ပိုင်ချိန်မရှိသလောက်ဖြစ်သည့်တိုင်အောင် လူသစ်များအား အခကြေးငွေ တစ်စုံတစ်ရာယူခြင်း မပြုဘဲနှင့် သင်ကြားပေးနေပါသည်။ ဆရာတင်လှိုင်ဦးကဲ့သို့ စေတနာ သက်သက်ဖြင့် သင်ကြားသောဆရာအား လေးစားရန် ချစ်ကြောက်ရိုသေရန် သတိမှရပါလေစ။ ငွေကြေားတောင်း ယူခြင်းဖြင့် သင်ကြားပေးနေကြကြောင်းကိုလည်း အချို့နေရာများတွင် တစ်စွန်းတစ်စ ကြားသိရသည်မှာလည်း စိတ်မကောင်းစရာပင်ဖြစ်ပါသည်။ လမ်းကြောင်း ဘေးချော်သွားမိသည်။ ခွင့်လွှတ်ပါခင်ဗျာ။ ပြောရင်းအာရုံနောက် ပါသွားလို့ပါ။ Markdown ဖြင့် ဇယား အလွယ်တကူ ထည့်သွင်းခြင်းအား အောက်တွင် ဖော်ပြပေးလိုက်ပါသည်။ သေချာစွာ လေ့လာရေးဆွဲနိုင်ကြပါစေ။

မိမိတို့၏ ဇယားသည် မည်သို့ဆွဲမည်ကိုတော့ သိထားမှ ဖြစ်ပေမည်။ ဇယားကွက်အများအပြားကိုတော့ ဆွဲရမည်မဟုတ်ပဲ ကော်လံ (Column) သုံးခုသာ ခွဲနိုင်မည်ဖြစ်ပါသည်။ အောက်တွင် ဥပမာအနေဖြင့် Promotion တင်ရန်အတွက် နေ့ရက်ဇယားကိုဆွဲပြထားပါသည်။


အုပ်စုအလိုက် Promotion တင်ရန် စာရင်း


Date to Post
Group
Promotion Date
14-1-18(Sunday)
3
15-1-18(Monday)
15-1-18(Monday)
4
16-1-18(Tuesday)
16-1-18(Tuesday)
1
17-1-18(Wednesday)
17-1-18(Wednesday)
2
18-1-18(Thursday)
18-1-18(Thursday)
3
19-1-18(Friday)
19-1-18(Friday)
4
20-1-18(Saturday)

myanmar steemit community 1x1.png


အထက်ပါပုံစံ ရရှိစေရန်အတွက် အောက်ဖော်ပြပါအတိုင်း ရေးသားထားရခြင်းဖြစ်ပါသည်။ အောက်ပုံအား ကြည့်ရှုလေ့လာပါခင်ဗျာ။


Untitled-1.png


အောက်တွင် အသုံးပြုရမည့် စာသားများအားခွဲခြားပြပေးထားပါသည်။


pipe copy.png


နောက်တစ်ခု ရေးသားပေးလိုပါသေးသည်။ လူအများစုလည်းအသုံးတည့်မည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော်လည်းအမြဲလိုလိုထည့်သွင်း အသုံးပြုတတ်သော Markdown နည်းစနစ်လေးတစ်ခုဖြစ်ပါသည်။ အောက်ပုံကို ကြည့်လျှင်သိနိုင်ပါသည်။ သိပြီးသူများအနေဖြင့် ကျော်သွားပါခင်ဗျာ။ မသိသေးသောသူ လူသစ်များအတွက် အသုံးပြုနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။


Untitled-2 copy.png


အထက်ဖော်ပြပါ Markdown နည်းလေးအားအသုံးပြုရန်မှားလည်း ရိုးရှင်းလွယ်ကူပါသည်။ အောက်ဖော်ပြပါတိုင်းရေးသားနိုင်ပါသည်။

[ ] အထဲတွင် မိမိတို့အရောင်ဖြင့်ဖော်ပြလိုသောစာများအားရေးထည့်ပါ။ ( ) ထဲတွင် မိမိတို့ဖော်ပြလိုသော Link အား ကူးယူပြီး Paste ချပေးလိုက်ပါ။ သတိပြုစရာမှာ ကြားတွင်အပိုများ ဖြစ်သော Space မရှိရပါ။

Leader ကိုဟင်နရီအောင်၏ Blog

ဆရာတင်လှိုင်ဦး၏ Blog

ဆရာသက်ကိုဇော်၏ Blog

ဆရာညီညီဝင်း၏ Blog

ဆရာဒွန်ဂျွန်၏ Blog

ဆရာအတာဦး၏ Blog

ဆရာဒိုမီလေး၏ Blog

အထက်ဖော်ပြပါစာတမ်းများအား Markdown နည်းဖြင့်ရေးသားထားခြင်းဖြစ်ရာ ထိုစာတန်းများပေါ်သို့ နှိပ်ပါက ညွှန်းထားရာနေရာသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ ထိုစာများ ထိုကဲ့သို့ပေါ်နေစေရန်အတွက် ရေးသားရန် Markdown နည်းစနစ်ကို အောက်ပုံတွင် ဖော်ပြထားပါသည်။


Untitled-1 copy.png


ကျွန်တော်နားလည်ထားသလောက်ကိုသာရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ နောက်ထပ် Markdown ဖြင့် လှပစွာရေးသားခြင်းများလည်းကျန်ရှိပါသေးသည်။ ဆက်လက်လေ့လာသင့်ပါသည်။ စာရေးခြင်းနှင့်ပတ်သက်ပြီး လှလှပပ တန်ဆာဆင်ရေးသားခြင်းမျိုးသာဖြစ်ပါသည်။ Account နှင့် ပတ်သက်ခြင်းတော့မရှိပါ။ ယခုစာများအတွက် ရပ်နားခွင့်ပြုပါခင်ဗျာ။

ဆက်လက်လေ့လာလိုပါက အောက်ဖော်ပြပါ link ကိုဝင်ပြီးလေ့လာနိုင်ပါသည်။

What is Markdown?

Markdown is a way to style text on the web. You control the display of the document; formatting words as bold or italic, adding images, and creating lists are just a few of the things we can do with Markdown.

For more information : https://guides.github.com/features/mastering-markdown/

https://steemit.com/steemit/@thecryptofiend/markdown-basics-for-beginners


Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

18-Jan-2018 ကြာသပတေးနေ့(Thursday)

Sort:  

very thank you ကွီးစိုး မေ့နေပြီ တစ်ချို့

သေချာမရေးနိုင်ဘူး ရေးချင်ရင်အချိန်ပေးမှ စိတ်တိုင်းကျတော့ မရေးဖြစ်တော့ဘူးဟ

အရမ်းအထောက်အကူ ပေးတဲ့ ပိုစ်ပါပဲ ကိုစိုးရေ။ welcome.

ကျေးဇူးပါကွှီးရွှေရေ လူသစ်တွေအတွက်ရေးသာရေးနေတယ်လာမဖတ်ကြဘူးဗျ

ကိုစိုး pro တင်​ဗျာ ဒီpost

တင်ဆိုလို့တင်ပေးလိုက်ပီ ဖတ်မဖတ်တော့မသိ

Resteem ပါ ကွီးစစ်ကိုင်းရေ😁😁အထောက်အကူအရမ်းဖြစ်ပါတယ်

ဟုတ်ပါပြီ လာဖတ်ပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာ

good knowledge!

ကျေးဇူးတင်ပါတယ်ဗျာ

အရမ်းကို အကျိုးရှိစေပါတယ်ဗျာ ဖတ်လိုက်ရတာ ကျေးဇူးပါ အစ်ကိုရယ်

တစ်ခုခုရသွားတယ်ဆိုတာဖတ်တဲ့သူတော်လို့ဖြစ်မယ်ဗျ

ကျေးဇူးကိုစိုး

လာဖတ်လို့ကျေးဇူးတင်ပါတယ်

One Two Three
Four Five Six

နောက်တစ်နည်းလည်းရှိသေးတယ်အကို
Steemitကညီ့အထင်HTML editorသဘောမျိုးပါပါတယ်အကို
အဲတော့html tagအချို့ထည့်သွင်းအသုံးပြုလို့ရတယ်လို့ထင်မိပါတယ်Screenshot_20180118-180130.png

html အချို့ ရပါတယ် browser မှာ အကုန်မရပါ

အဲတာတော့ဟုတ်တယ်အကို
Commonဖြစ်တာလောက်လေးဘဲရတာထငိတယ်

ဟုတ်ကဲ့ နားလည်ပီးသူများအတွက်တော့မဟုတ်ပါဗျာ လူသစ်များအတွက်ဖြစ်ပါတယ်ဗျ ကျေးဇူးတင်ပါတယ်

အကိုပြောတဲ့နည်းတော့မသိဘူးဗျဟီး
ညီကညီတင်ရင်းသတိထားမိတာလေးကို ပြန်ပြောပြရုံပါ
အကို့နည်းတော့တကယ်မသိတာပါ
အခုလိုပြောပြပေးတာကျေးဇူးပါဗျာ

ကိုစိုးရေ မင်္ဂလာပါဗျ ကျနော်လည်း စာမရေးဖြစ်တာကြာ တော့ မဆုံဖြစ်ဖူး ဗျာ

မင်္ဂလာပါ ရှင်

မင်္ဂလာပါ

Coin Marketplace

STEEM 0.10
TRX 0.32
JST 0.032
BTC 112516.40
ETH 4069.45
USDT 1.00
SBD 0.65