ကျွတ်ပြန်ပြီဟဲ့ တစ်သီတင်း

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မည်သူ့ကိုမှ မရည်ရွယ်ပါ… တိုက်ဆိုင်မှုရှိပါကလည်း ကောင်းချီးပေးသွားကြပါ ☺☺☺…


မကြာမီအချိန်ကာလတွင် ၀ါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိပေတော့မည်ဖြစ်ရာ မြို့တိုင်း မြို့တိုင်းတွင် တစ်ဖုန်းဖုန်း တစ်ဒိုင်းဒိုင်းနဲ့ ကလေးများ လက်ကမြင်းတဲ့ ဗြောက်ဖောက်သံများ ဆူညံလျှက် ရှိပေသည်။ တစ်ချို့သော ဗြောက်တို့သည် ကလေးများ လက်ကမြင်းခြင်းမဟုတ်ပဲ လူကြီးများ လက်ကမြင်း သောကြောင့်ဖြစ်ပေသည်။ ကလေးများ အပျော်သဘောဖြင့် ဗြောက်ဖောက်ခြင်းသည် အသံကျယ်လောင်ခြင်း မရှိတတ်သော်လည်း လူကြီးများ လက်ကမြင်းသော ဗြောက်သည် ပတ်ဝန်းကျင်ကိုပင် အထိတ်တလန့် ဖြစ်စေတတ်ပေသည်။ အထိတ်တလန့်ဖြစ်သော ပတ်ဝန်းကျင်နှင့် ဗြောက်ဖောက်သူတို့ စကားများ ရန်ဖြစ်ကြ သည်ကိုလည်း တွေ့ရပေသည်။ ဗြောက်ဖောက်ခြင်းသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟုတ်လောက်ပါ။ ဘယ်အချိန်က ဘယ်လိုနည်းနဲ့ ဘယ်လိုလူမျိုးကများ မြန်မာပြည်အတွင်းသို့ မှောင်ခိုသွင်းလာသော ယဉ်ကျေးမှု မှန်းမသိပါ။ ယနေ့ခေတ်ကာတိုင်အောင် ဗြောက်အိုးများ မှောင်ခိုသွင်းကာ ရောင်းကောင်းနေဆဲပင်ဖြစ်သည်။ သာမန်လူငယ် လူရွယ်တို့အဖို့ ဗြောက်ဖောက်သံသည် ပြဿနာမဟုတ်သော်လည်း အသက်အရွယ်ကြီးလာ သော လူကြီးပိုင်းများအတွက် ဗြောက်ဖောက်သံသည် သေမင်းခေါ်သံဖြစ်သွားစေနိုင်ပါသည်။ တချို့မီးပန်းများသည် အလွန်ကျယ်လောင်သော အသံကို ပြုကာ ပေါက်ကွဲထွက်တော့ လူကြီးသာမက လူငယ်များပင် အလန့်တကြားဖြစ်တတ်သေးသည်။ နေရာတွင် ရုတ်တရက် အသက်ထွက်သွားစေနိုင်လောက်ပေသည်။ သို့ဖြစ်ရာ ဗြောက်အိုးဖောက်သူများအနေဖြင့် ဆင်ခြင်သတိပြုသင့်လှပါသည်။ အသက်ကြီးလာရင် သွေးတိုး ဆီးချို နှလုံးဆိုတဲ့ ရောဂါတွေက ၀င်လာတတ်တာမို့လို့ပါ။ ကိုယ်တိုင်မသိပဲနဲ့ အဲဒီရောဂါတွေကလည်း ဘယ်ကနေ ဘယ်လိုများ ၀င်ရောက်လာ သလဲမသိ။ ခွင့်ပြုချက်လည်းမယူ ခွင့်လည်းမတောင်းပဲ ၀င်လာတာတော့ ကျူးကျော်လာတယ်လို့ပဲ ဆိုရမလား။ ကျူးကျော်သူကိုတိုက်ထုတ်ရင်း အသက်ပါပေးလိုက်ရသူတွေလည်း ဒု နဲ့ ဒေးပါပဲ။ ကျူးကျော်သူ ရောက်နေကြောင်း မသိလိုက်ရပဲနဲ့ အသက်ပေးလိုက်ရသူတွေလည်း များမှများပါပဲ။ ကျူးကျော်သူကို လက်ရ ဖမ်းဆီးနိုင်ဖို့က အတော်မလွယ်ကူပေဘူးပဲ။ ဗြောက်အကြောင်းကနောက်မှ ရေးတော့မယ်ဗျို့။ ခုတော့ တိုင်းပြည်ရဲ့ Gross Domestic Product(GDP_စာတွေထဲဖတ်မိလို့ ရမ်းသမ်းရေးထားတာ ဘာမှန်းသေချာ သိတာမဟုတ်ဘူး)တိုးတက်ရေး နဲ့ လူသားမျိုးဆက်အတွက် ဆက်ရေးလိုက်ဦးမယ်။


03.png


ကျူးကျော်သူ မရှိတဲ့လူတွေကိုလည်း တွေ့နေရပါသည်။ ရောဂါတော့ ရောဂါပဲ။ ဒါပေမယ့် သေသွားနိုင်လောက် တဲ့ရောဂါမဟုတ်သလို ကျူးကျော်ဝင်ရောက်နေတာကို မသိမ်းပိုက်နိုင်တဲ့သူတွေ၊ ကျူးကျော်နေမှန်း မသိတဲ့သူ တွေလည်း အများအပြားပင်ရှိနေပါသည်။ ထိုကျူးကျော်မှုသည်ကား နှလုံးသား ကျူးကျော်မှု ပင်ဖြစ်ပါသည်။ နှလုံးသားရေးရာ ပြဿနာတွေကို အတိုက်အခံလုပ် နှလုံးသားခြံကို ကျော်ခွဝင်လာသူကို အတင်းနှင်ထုတ်နေ သူတွေကို မြင်ရတဲ့အခါမှာလည်း သြော်- လူဖြစ်ရကျိုးမနပ်သူတွေပါတကား ၊ လူသားမျိုးနွယ်ကို မျိုးတုံးပျောက်ကွယ်သွားအောင်လုပ်နေသူများပါတကား လို့ မြည်တမ်းမိပါသည်။ အဲဒီလို လူတွေက လူမျိုးဆက်တုန်းအောင် ပြုလုပ်နေတဲ့ တရားခံတွေလည်း ဖြစ်ပါလိမ့်မယ်။ မျိုးဆက်တုန်းအောင် လူမျိုးဆက်ကို ပျောက်ကွယ်သွားအောင် အားပေး အားမြှောက်ပြုနေသူတွေသာဖြစ်လိမ့်မယ်။ အဲဒီလိုလူတွေ များလာရင်ဖြင့် လူသားမျိုးနွယ်ဆိုတာ တဖြည်းဖြည်း ပျက်သုဉ်း ပျောက်ကွယ်သွားနိုင်လေရဲ့။ ပပ၀တီလို ခုနှစ်ဆောင်ခန်းမီးလင်းလောက်တဲ့ မိန်းကလေးမျိုးမှ လိုချင်တယ် ဆိုသောသူများ ဂျွန်စောတို့နေထိုင်ရာ တိုင်းပြည်မှ ရိန်းဆိုသော မင်းသားလိုမျိုးကိုမှ အိမ်ထောင်ဖက်သတ်မှတ်လိုသူများ ရှိကောင်းရှိနေပေလိမ့်မည်။ ဘယ်လိုပင် မျှော်မှန်းထားသော်လည်း အိုး နဲ့ ဆန် တန်ရုံပဲရနိုင်တယ်ဆိုတာကိုမေ့လျော့ကာ လိုက်ရှာနေခြင်း ကြောင့် အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးသွားသူတွေက ပုပ်ပွသွားမယ့် သစ်သီးတွေဖြစ်ပြီး လူတကာရဲ့ နှာခေါင်းရှုံ့ကြည့်ခြင်းခံရနိုင်တာကို မေ့နေလို့ဖြစ်ပါလိမ့်မယ်။ သစ်သီးဆိုတာကလည်း ချိုမြိန်တဲ့အချိန်မှာ စားသုံး နိုင်မှ ချိုမြိန်ပြီး အချိန်လွန်သွားရင်တော့ အမှိုက်တောင်းကတောင် လက်မခံချင်ဖြစ်သွားလိမ့်မယ်နော်။


04.png


နောက်တစ်ခုရှိသေးသဗျ။ ကြီးကြီးကျယ်ကျယ်တွေးတယ်လို့မထင်လိုက်ကြပါနဲ့။ လူပျိုကြီးအပျိုကြီးတွေ များနေတဲ့ တိုင်းပြည် တစ်နည်းဆိုရရင် အိမ်ထောင်မပြုကြတဲ့သူတွေများလာရင် နောက်တစ်နည်းပြောမယ်ဆိုရင် အိမ်ထောင့်တာဝန်တွေကို မထမ်းဆောင်ချင်တဲ့သူတွေများလာခဲ့ရင် တိုင်းပြည်ရဲ့စီးပွားရေးလည်း လျော့ကျ ပျက်စီးလာတတ်သဗျ။ ကိုယ့်ဖာသာကိုယ် တာဝန်မယူချင်တိုင်း Single is the best ဆိုပြီး အော်တဲ့သူတွေလည်း အော်နေကြလေရဲ့။ တကယ်တော့ အဲဒီလိုလူပျိုကြီး အပျိုကြီးတွေက အိမ်ထောင်မပြုချင်တာမဟုတ်တာတော့ သေချာပါတယ်။ အိမ်ထောင့်တာဝန်တွေကိုမယူချင်တာ အိမ်ထောင့်တာဝန်တွေကိုမယူချင်တာလည်း သေချာ သလောက်ပါပဲ။ တိုင်းပြည်စီးပွားရေး ကျဆင်းတာကလည်း လူပျိုကြီး အပျိုကြီးများပြားတဲ့အတွက်ဖြစ်တယ်ဗျို့။ ဘယ်နှယ့်ဗျာ ကိုယ့်ဖာသာအေးအေးဆေးဆေးနေချင်လို့ အိမ်ထောင်မပြုတာကို အပြစ်ရှာနေတယ်မထင်နဲ့ဗျ။ လူဦးရေးတိုးပွားနှုန်းကျဆင်းတာကတော့ သေချာသလောက်ပဲမဟုတ်လား။ သေချာတာတစ်ခုကတော့ လူပျိုကြီး အပျိုကြီးအတော်များများဟာ ဘာသာရေးတော့ ကိုင်းရှိုင်းတတ်ကြတာပဲ။ ဒါပေမယ့် တရားတော့ မရရှာဘူးထင်တယ်။ ဇီဇာကျတော့ အတော်ကြောင်ကြတာကိုးဗျ။ လွပ်လွပ်လပ်လပ်နေချင်တယ်လည်း ဆိုကြ သေးရဲ့။ မပိုင်ဝက်မွေးဆိုသလို အလုပ်ကိုလည်း လုပ်နေကြသေးရဲ့။ တူတွေ တူမတွေ ကလေးတွေကျတော့ အတော်ထိန်းချင်တတ်ကြတယ်။ အဖေ အမေ တူ တူမ မောင်နှမသားချင်းတွေအပေါ်တော့ အတော်ချစ်တတ်ကြရှာကြပါတယ်။ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်ကြသေးပါတယ်။ အခြားချစ်စရာမှ မရှိတော့ ဒါတွေပဲ ချစ်နေကြရရှာတာပေါ့ဗျာ။ ဒါပေမယ့် ကပ်စေးတော့အတော်နည်းကြပါတယ်။ ရည်းစားဆိုတာ မူးလို့ရှုစရာမရှိတဲ့သူတွေဖြစ်ပြီး အချစ်အကြောင်း၊ အိမ်ထောင်ရေးအကြောင်းကိုတော့ ဆရာကြီးတစ်ဆူ ဆရာမကြီးတစ်ဆူလို ကျွမ်းကျင် နေတယ်လို့ ကြွေးကြော်နေတတ်ကြသေးသဗျ။ ဒါလောက်ပဲ ရေးပြတာကောင်းလိမ့်မယ်။ နို့မို့ဆို အဆဲတောင်းသလိုဖြစ်နေလိမ့်မယ်။


02.png


အမယ် တစ်ချို့ကပြောသေးတယ်။ ဘာတဲ့ လူပျိုကြီး အပျိုကြီးဆိုတာ ရင့်လေ မွှေးလေဖြစ်တဲ့ သနပ်ခါး အမွှေးနံ့သာလိုဆိုပဲ။ ထပ်သရီး ဘယ်လာဟုတ်မလဲဗျို့။ ကြီးလေ ချဉ်လေ ကြာလေ ခါးလေဖြစ်တဲ့ ချဉ်ပေါင်ပင်တွေပဲ ဆိုတာကို နားမလည်ကြဘူးရယ်။ သနပ်ခါးပင်ကို ခုတ်ပြီး ဈေးကွက်ပို့ရင် သနပ်ခါးရင့်လေ ဈေးကောင်းရလေပဲကိုး၊ ချဉ်ပေါင်ကတော့ နဂိုတည်းကဈေးက ရသည်မဟုတ်တဲ့အပြင် ရင့်ထော်နေလျှင်တော့ ၀ယ်ချင်သူတောင် စိတ်ညစ်သွားတတ်တယ်နော်။ အရေးအကြောင်းရှိလာလို့ရင်တောင် အားကိုးစရာမရှိတော့ အဖေ အမေနဲ့ မောင်နှမသားချင်းတွေ၊ တူ တူမတွေကို အားကိုးနေရတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးကလည်း လူဦးရေး တိုးပွားမှုနဲ့ ဆိုင်မယ်လို့ထင်တယ်။ ဆိုင်မယ်ထင်တယ်လို့ပဲ ပြောတာပါ။ ဆိုင်တယ် မဆိုင်ဘူးတော့မသိပါဘူး။ ဒါကတော့ သေချာမသိလို့ ရမ်းသမ်းပြောခြင်းဖြစ်ပါတယ်။ GDP တွေတိုးတာမတိုးတာ အသာထားပေါ့လေ။ အဲဒါက ဆိုင်လေသလား မဆိုင်လေသလားမှ သေချာမသိတော့ကာ အဓိက သက်ဆိုင်တဲ့ လူသားမျိုးနွယ် ပျောက်ကွယ်မသွားရေးအတွက်ကတော့ အိမ်ထောင်မပြုပဲ လူပျိုကြီးတွေ အပျိုကြီးတွေလုပ်နေတဲ့ သူတွေနဲ့ သေချာပေါက် တိုက်ရိုက်သက်ဆိုင်နေတယ်။ ဒီတော့ ဒီနေရာ ဒီအချိန်ကနေပြီးတော့ လူပျိုကြီး အပျိုကြီးများကို တောင်းဆိုစရာရှိတစ်ခု ရှိလာပါပြီ။ လိုက်နာသင့်တယ်လို့လည်း ယုံကြည်မိပါတယ်။ သီတင်းကလည်း အခါခါ ကျွတ်ခဲ့ပြီ။ လူကတော့ ဒုံရင်း ဒုံရင်း ဖြစ်နေကြတာတော့ သိပ်မဟုတ်ပေဘူး။ အဲလိုမှ မဟုတ်ဘူးဆိုရင် လည်း သာသနာ့ဝန်ထမ်းရွက်ပြီး သာသနာအတွက် ကောင်းတဲ့ဘက်ကရပ်တည်ပေးတာအကောင်းဆုံးပဲထင် တယ်။ ကဲ ကဲ တောင်းဆိုစရာလေးကို လူသားမျိုးနွယ်စုကြီးတစ်ခုလုံးကိုယ်စား တောင်းဆိုလိုက်ပါတယ်နော်။


လူပျိုကြီး အပျိုကြီးများခင်ဗျား လူသားမျိုးနွယ်စုကြီး ဆက်လက်ရှင်သန် တိုးတက်နိုင်ရေး နှင့် လူဦးရေတိုးတက်ရေးတို့ အတွက် အမြန့် အမြန်ဆုံး အိမ်ထောင်ပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။


GDP ကိစ္စတိုးတက်ရေး တာဝန်လည်းရှိသေးသနော် ☺☺☺ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဘန်နီဖြိုးကတော့ လူပျိုကြီးတွေ အပျိုကြီး Move Move တဲ့ ☺


Screenshot_527.png


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

4-Oct-2018 ကြာသပတေးနေ့(Thursday)

Sort:  

ဥဥ လေး လပျိုကြီးဒေ အပျိုကြီးတွေကို အတော်စွံစေချင်နေပုံရပါတယ်ဗျာ ။ ဗျောက်အိုးဖောက်တာက ဘုရားနတ်ပြည်က ဆင်းတော့ နတ်တွေက နတ်လက်နက်တွေ ဝရဇိန်တွေ ဖောက်ပြီး လိုက်ပို့ကြလို့ ဖောက်နေကြတာလို့ဆိုပါတယ် မကောင်းဆိုးရွှားတွေ ပြေးတယ်ဆိုလား လန့်တယ်ဆိုလား ။ သူများပြောတာကြားဖူးတာပါ ။

အဲဒါက တရုတ်ပြည်ကမှောင်ခိုဝင်လာတဲ့အယူအဆနေမှာပါဟ ဘုရားနတ်ပြည်ကဆင်းလာတာကို ကြိုဆိုတာ မီးပုံးလေးတွ ဖယောင်းတိုင်လေးတွေနဲ့မီးထိန်ထိန်လင်းအောင် ထွန်းပြီး ပူဇော်ကြတာပါလေ အခုခေတ်ဗြောက်တွေသာ ဖောက်မိရင် ဘုရားတောင် နှလုံးရောဂါဖြစ်နိုင်လောက်တယ် ☺

နိုင်​ငံရဲ့တိုးတက်​မှုကို​ထောက်​ထား​သောအားဖြင့်​အပျိုကြီး၊လူပျိုကြီးများဒီဝါကျွတ်​ပြီးရင်​ကျွတ်​​ပေးကြပါလို့ထပ်​ဆင့်​တိုက်​တွန်းလိုက်​ပါတယ်​...အဟိ😜😝

Posted using Partiko Android

တိုက်တွန်းသင့်တာပေါ့ ☺

ကျွတ်ကျွတ်လွတ်လွတ်နေနိုင်ဖို့ အရေးကြီးတယ်

Posted using Partiko Android

အကျွတ်အလွတ်တွေရှိပါတယ်

ကောင်းလိုက်​တဲ့အကြံညာဏ်​ ဘဘကြီး​ထောက်​ခံပါတယ်

Posted using Partiko Android

ဘဘကြီးထောက်ခံလို့ မဖြစ်ပေဘူး လူပျိုကြီး အပျိုကြီးတွေ ထောက်ခံမှ ရမယ်ခင်ဗျ ☺

မယ်‌ကြည်‌‌တော့ ငို‌တော့မှာဘဲ။

ဟုတ်လို့လား ငိုမယ်ထင်ပါဘူး အဲဒီ @kyi ကလေ

လက်တို့ပြီးတော့ကို လိုက်ပြောပေးအုံးမှာ
GDPတိုးတက်ရေး အပျိုကြီး လူကြီးတို့အရေးဟေ့လို့

လူဦးရေတိုးတက်ပွားများရေး အပျိုကြီး လူပျိုကြီးတို့အရေး တို့အရေး တို့အရေး ☺

သင့်တော်သောအကြံဥာဏ်ကောင်းပါ

Posted using Partiko Android

ဟုတ် ဟုတ် ကျေးဇူးပါခင်ဗျာ

အဟား ကျန်​ကျန်​ဖန်​ဖန်​ ​ရေးတပ်​တယ်​ဗျာ

စိတ်ကူးပေါက်ရာရေးတင်တာပါဗျာ ☺

သီတင်းကျွတ်ပြီး တန်ဆောင်တိုင်

Posted using Partiko Android

ဟုတ်လို့လားဗျာ

ဒီပို့စ်​ဖတ်​ပြီး ကိုဒွန်​ကြီး​ပြေးမြင်​မိတယ်

ကိုဒွန်ကြီးပြေးမြင်မိတယ်ဆိုတာတော့လွန်တာပေါ့ အောင်ကြီးရယ် မတော်တာကွယ် ယွကျားချင်းချင်းတွေကို ☺

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60844.65
ETH 2995.69
USDT 1.00
SBD 3.88