အောင်မြင်စေကြောင်း

in #myanmar7 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


success copy.png


Steemit Platform တွင် သူ့ Coin ကိုယ့် Coin အပြိုင်ကြဲပြီး အစုလိုက် အဖွဲ့လိုက် Coin တွေထုတ်ကြ Coin တွေပေးလာကြသလို Coin တွေကို ရောင်းနေကြတာတွေလည်း ရှိလာပါတယ်။ ဒီလို အပြိုင် အဆိုင်နဲ့ Coin တွေထုတ်ကြ ရောင်းကြပေမယ့် ကိုယ်ကတော့ လုပ်တတ်တာလေး တစ်ခု နှစ်ခုလောက်ကိုပဲ လုပ်ထားခဲ့တယ်။ မလုပ်တတ်တာ ကိုယ်နဲ့ မကိုက်တာဆို ဖွင့်မကြည့်ခဲ့ဘူးလေ။ နားမှမလည်ပဲကိုး။ ဖွင့်ကြည့်ပြန်ရင်လည်း မျက်စိ နောက် ခေါင်းကိုက်ပြီး ပြန်ထွက်လာရတာပါပဲ။ ဒီတော့ ကိုယ်နားလည်သလောက်ပဲ လုပ်ထားတယ်ပေါ့။ အများကြီးလည်း မရှိပါဘူး။ Steem Hunt, Snax, Minnow နဲ့ Esteem တို့ပဲရှိပါတယ်။ အဲ Game အနေနဲ့ကတော့ Drug Wars နဲ့ Next Colony နှစ်ခုတော့ စမ်းလုပ်ထားတာ ရှိတယ်။ Drug Wars ကနေ Future Token ထုတ်ပေးပြီး Steem နဲ့လည်း လဲလှယ်လို့ရတော့ မဆိုးဘူး။ Share လုပ်ရင် Upvote လေးကလည်း ရသေးတယ်။ Next Colony ကတော့ ခုချိန်ထိ ဘာမှရသေးဘူး။ Minnow ကတော့ PAL coin ပေးတယ်။ ဒါပေမယ့် ဘယ်လိုရသလဲဆိုတာတော့ သေချာမသိသေးဘူး။ Esteem လိုပဲ သူ့ site ထဲကနေ Post တင်ရင်ရတယ်ပြောတယ်။ ခုတစ်လော Steemit Platform နဲ့ ဆင်ဆင်တူတဲ့ WEKU ဆိုတာကလည်း တစ်ခေတ်ပြန်ထလာနေတာတွေ့ရပြန်တယ်။ WEKU ကတော့ Steemit နဲ့ တူတဲ့အတွက် လုပ်မယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် Steemit မှာတောင် အလျဉ်မီအောင် စာမရေးဖြစ်နိုင်တာ WEKU ပါတိုးလာရင် ပြာယာတွေခတ်ပြီး တလွဲတွေဖြစ်ကုန်မှာကလည်း စိုးမိသေးသကိုး။ တစ်နေ့က Group ထဲမှာ တောင်ပြော မြောက်ပြော လျှောက်ပြောရာကနေ WEKU တစ်ဒေါ်လာက Bitshares မှာ မြန်မာကျပ်ငွေ 90 ကျပ်လောက်တန်ကြေးပေါက်တယ်ဆိုလားပဲ။ ကိုယ်တော့ ၀င်မကြည့်တတ်လို့ မသိပါဘူး။ Steemit မှာတောင် ကိုယ်ရေးတဲ့စာ သူများကလာဖတ်၊ သူများရေးထားတဲ့စာ ကိုယ်ကဖတ် ဒီလိုလေးလောက်ပဲမို့လို့သာ အဆင်ပြေပြေလုပ်နေနိုင်တာရယ်။ ရှုတ်ရှုတ်ထွေးထွေးဆို လုပ်တတ်ဘူး။


Screenshot_224.png


ဒီတော့ ဟို Coin ဒီ Coin ဟို Token ဒီ Token လျှောက်မလုပ်ထားတော့ ကိုယ့်လက်ထဲမှာ အမျိုးအစားများများ ရှိဘူးလေ။ ဒီတော့ ဈေးလေးဘာလေးတက်မယ်ဆိုရင်လည်း လောလောဆယ် ဆုတောင်းက ကိုယ့်လက်ထဲရှိ နေတဲ့ Token လေးတွေ ဈေးတက်ပါစေလို့။ သူများတွေရှိတဲ့ Token တို့ Coin တို့ ဈေးမတက်ပါစေနဲ့လို့ ဆုတောင်းတာမဟုတ်ပါဘူး။ ကိုယ့်ထဲရှိတာလေးတွေ ဈေးမြန်မြန်တက်ပါစေလို့ ဆုတောင်းမိတာပါ။ ထွက်သမျှ token တွေ Coin တွေအကုန်လုံးကို လိုက်လုပ်နိုင်တဲ့သူတွေကိုလည်း ချီးကျူးပါတယ်ဗျာ။ ကိုယ်တိုင်ကတော့ Steemit မှာ Post တင်နိုင်ဖို့အရေး အပြေးအလွှားလုပ်နေရတဲ့ကြားတဲက မီးကပျက်ပျက်နေလေတော့ အချိန်မီ Post မတင်နိုင်တဲ့ရက်တွေက များများလာတယ်။ ဘယ်လို Coin တွေ ဘယ်လို Token တွေထွက်လာထွက်လာ ကိုယ်နဲ့ကိုက်ညီနေတာက Steemit ပဲရှိနေလေတော့ Steem ဈေးလေးမြန်မြန်တက်လာပါစေပဲ ဆုတောင်းမိတယ်။ အားလုံးလဲ အဲလိုပဲ ဆုတောင်းနေကြမယ်လို့ထင်ပါတယ်။ Coin တွေ Token တွေကလည်း များမှ များ ဆိုတော့ လုပ်နိုင်သူတွေအတွက်တော့ တစ်ချိန်ချိန်မှာ အကျိုးရှိနိုင်လိမ့်မယ်လို့ထင်ပါတယ်။ အလကားရထားတာတွေဆိုတော့ကာ ယူနိုင်ရင် ယူထားတာ မမှားဘူးပေါ့။ ပေးတော့လည်း ရတာပေါ့။ အခုလက်ရှိအချိန်မှာ ဟို Site ဒီ Site တွေကလည်း Coin တွေ ထုတ်ဖို့ Token တွေ ထုတ်ဖို့ ကြိုးစားနေကြတာ လည်းတွေ့ရတယ်။


Screenshot_226.png


အဲ မေ့ကျန်သွားတယ်။ ကိုယ်သိထားတာလေးတွေတော့ အကုန်ရေးရမှာပေါ့။ DLike အကြောင်းကို နည်းနည်း ရေးတင်ခဲ့တယ်။ DLike ကနေ Up to Date ဖြစ်တဲ့ Link တွေ Share လုပ်ရင် သူက Vote ပေးတယ်ဆိုတဲ့ အကြောင်းလောက်ပဲရေးတင်ခဲ့ပါတယ်။ အဲဒီ DLike မှာကလည်း Token ရှိသဗျ။ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ DLike Token တွေရသလဲဆိုတာတော့ မလေ့လာဖြစ်ဘူး။ မလေ့လာဖြစ်ဆို အဲဒီလိုအပိုင်းတွေမှာ မကျွမ်းကျင်ဘူးလေ။ Link လေးတွေကို တစ်နေ့ နှစ်ခု Share လုပ်ပြီး ရတာလေးယူနေခဲ့တာပဲ။ အဲဒီထက်ပိုပြီး တော့ DLike Token အကြောင်း မသိဘူး။ ၀ါသနာပါသူများတော့ လေ့လာသင့်ပါတယ်။ DLike Token က အလကားပေးတာလား၊ ၀ယ်ယူရမှာလားဆိုတာကိုလည်း မသိဘူး။ ဒါတွေအားလုံးက Steem Blockchain ကိုအခြေခံပြီးတော့ Coin တွေ Token တွေကို ထုတ်ကြတာဖြစ်တော့ Steemi Blockchain ကြီးလည်း မြန်မြန် အောင်မြင်ပါမှ ဖြစ်မယ်။ ဒီတော့ Steem Blockchain ကြီးလည်း မြန်မြန်အောင်မြင်ပါစေလို့လည်း ဆုတောင်းရမှာပဲ။ Site အသီးသီးက သူတို့ရဲ့ ကိုယ်ပိုင် Token တွေကို နည်းအမျိုးမျိုးနဲ့တော့ အောင်မြင်အောင် ကြိုးစားနေကြတယ်။ အောင်မြင်မယ် မအောင်မြင်ဘူးကိုတော့ မသိပါဘူး။ အောင်မြင်တဲ့ Coin အောင်မြင်တဲ့ Token ကို လက်ထဲမှာ ရထားရင်တော့ ထောပြီပေါ့။ ထောကြပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ။


Screenshot_220.png


ကိုယ့်ဆီမှာက အပေါ်မှာရေးခဲ့သလို Hunt, Future, Snax, Esteem ကပေးထားတာလေးတွေပဲရှိတယ်။ အများကြီးမဟုတ်ပေမယ့် ဈေးတက်လာရင် ဈေးကွက်မှာ ပေါက်လာမယ်ဆိုရင်တော့ ဆိုးဘူးလေ။ Pal Coin ကတော့ ရှိသေးဘူး။ သူက အခြေအနေကောင်းနေတယ်လို့ ပြောရမလားပဲ။ WEKU ကလည်း မြန်မာငွေ 90 ရတယ်ဆိုတော့ သူလေးလည်း ဆိုးပါဘူးပေါ့နော်။ မကြာခင်ကမှ WEKU Account လေးလည်း ထဖွင့်ဖြစ်တယ်။ စာတော့ ကောင်းကောင်းရေးမတင်ဖြစ်သေးဘူး။ မီးကလည်း မှန်မှန်လာပြီး၊ အလုပ်ကလည်း ပါးနေမယ်ဆိုရင်တော့ များများနဲ့မြန်မြန်ရေးတင်မယ်လို့တော့စိတ်ကူးမိပါရဲ့။ အခုလောလောဆယ် သူ့ပေါက်ဈေးလေးတွေနဲ့ သူတော့ ရှိနေတော့ လုပ်ရတာ အဆင်ပြေနေသေးတာပဲ။ Steem Blockchain ကိုအခြေခံပြီး Coin တွေထုတ်၊ Token တွေ အပြိုင်အဆိုင် ထုတ်နေကြပြီဆိုတော့ကာ မကြာမီကာလမှာ ကျွန်တော်တို့ရဲ့ Steemit Platform ကြီးလည်း အောင်မြင်လာတော့မယ်လို့ ထင်ပါတယ်။ အားတင်းကြိုးစား ရှေ့ဆက်သွားပေါ့လေ။ အဲ စာရှည်ရှည်မရေးချင်ပါဘူးဆိုနေကာမှ အတော်ရှည်သွားပြန်ပြီ။ နောက်ဆုံးအကြံပြုလိုတာကတော့ အချိန်ရရင် ရတဲ့သူတွေက ရသမျှ Coin တွေ Token တွေကို ရယူထားကြ မယ်ဆိုရင် အရှုံးမရှိတဲ့အတွက်ကြောင့် ယူထားသင့် တယ်ဆိုတဲ့အကြောင်း တိုက်တွန်းရင်းနဲ့ပဲ ရပ်နားလိုက်ပါ တယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-6-2019 ကြာသပတေးနေ့(Thursday)

Sort:  

Hello, Welcome to Snax 🕊 🕊 🦜

If you like, you are welcome to get FREE SNAX Tokens by following @corenet and commenting the latest post from @corenet 🙏

Link: https://steemit.com/snax/@eos.sweden/get-free-snax-first-1000-followers-of-corenet


Get FREE SNAX Tokens 💰 from Snax BP sweden
Snax-SAMS-Campaign-H10.png

Rules/Conditions:
👉 Step 1: Follow the steemit account @corenet
👉 Step 2: Write a comment to the latest published post by @corenet

Posted using Partiko Android

မဆိုးရုံတော့ ရနေပါတယ်ဗျ😁😁

Posted using Partiko Android

မဆိုးဘူးဆိုတာ ကောင်းတော့မယ်လေ

PAL coin က ဘယ်လိုရှာရတာလဲ ကိုစိုးရေ

အဲဒါပြသနာပဲ ကျွန်တော်လည်းသေချာသိဘူး ကိုဟိန်း ပို့စ်တင်ထားတယ် palnet.io ကနေဝင် ထုံးစံအတိုင်းချိတ်ပြီး ပို့စ်တင်ရတာပဲသိတယ်

ကျွန်တော်တို့တော့ တစ်ဖြည်းဖြည်း အလှမ်းတွေ ဝေးလာတာပါဘဲ အကိုရေ

တတ်နိုင်သလောက်တော့ကြိုးစားနေဆဲပါပဲ ကိုယ်နဲ့ကိုက်တာပဲရွေးတော့တယ်လေ

ဘာမှမလုပ်​ဖြစ်​​သေးပါဘူး...အလကားရတာယူထားနိုင်​ရင်​မရှုံးပါဘူး😀

Posted using Partiko Android

ယူထားနိုင်ရင် ကောင်းတာပေါ့

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 61841.06
ETH 1754.65
USDT 1.00
SBD 0.38