Bokeh(ရှေ့ပြတ်နောက်ဝါး) ဓာတ်ပုံတွေကို ရိုက်မယ်

in #myanmar7 years ago (edited)

Bokeh effect.jpg

ဖုန်းဖြင့်Bokeh Effect ဓာတ်ပုံတွေကို ဖန်တီးချင်သောသူများအတွက်

Bokeh စနစ်ဆိုတာကတော့ ဓာတ်ပုံတစ်ပုံကို ရိုက်လိုက်တဲ့အခါမှာ Subject တွေကိုပဲ ထင်ရှားအောင်ပြသပြီး နောက်ခံ(Background ) ကို မြင်ကွင်းအတွင်းမှာဝါး သွားအောင်ပြုလုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Bokeh စနစ်နဲ့ ဓာတ်ပုံတွေကို ဖန်တီးရင် ဘယ်လိုဖြစ်လာမှာလဲဆိုတော့ ကိုယ်ရိုက်လိုက်တဲ့ဓာတ်ပုံမှာ မိမိဖော်ပြချင်တဲ့ အရာဝတ္တု Subject တွေကိုသာ ထင်ရှားအောင်ပြသပြီး မလိုအပ်ဘူးလို့ထင်တဲ့ နောက်ခံရုပ်ပုံတွေကို ၀ါးသွားအောင်ပြုလုပ်တဲ့ Camera Effect တစ်ခုဖြစ်ပါတယ်။ Bokeh Effect ကိုသုံးလိုက်ရင် မိမိဖော်ပြစေချင်သောရှေ့မှ ရုပ်ပုံကို ပိုပြီး ရုပ်လုံးကြွလာစေပါတယ်။

Bokeh Effect 000.jpg

Bokeh Effect ကို Back Camera နှစ်လုံးပါတဲ့ (Dual Camera) ဖုန်းတွေရဲ့ Camra Feature ထဲမှာ မြင်တွေ့နိုင်ပါတယ်။ Back Camera နှစ်လုံးပါဝင်တဲ့ ဖုန်းတွေမှာပဲ Bokeh Effect ဓာတ်ပုံတွေကို ဖန်တီးပြီး ရိုက်နိုင်တာလားဆိုရင်တော့ မဟုတ်ပါဘူး။

Back Camera နှစ်လုံးမပါဝင်တဲ့ ဖုန်းတွေမှာ Bokeh ဓာတ်ပုံတွေကို ဖန်တီးချင်တယ်ဆိုရင် ဖန်တီးလို့ ရပါတယ်။ ဒါပေမဲ့ Back Camera နှစ်လုံးမပါတဲ့ ဖုန်းတွေမှာဆိုရင်တော့ ဆော့ဝဲလ် အကူအညီကို ရယူရပါလိမ့်မယ်။ Bokeh Effect ဓာတ်ပုံတွေ ဖန်တီးဖို့အတွက် Android ဖုန်းတွေမှာဆိုရင်တော့ AfterFocus ဆိုတဲ့ ဆော့ဝဲလ် ကို အသုံးပြုနိုင်ပါတယ်။

AfterFocus မဟုတ်ပဲ Bokeh Effect စနစ်သုံးနိုင်တဲ့ အခြား Android App တွေလည်း အများကြီးရှိပါတယ်။ ဒီ apk က အသုံးပြုရတာ ရိုးရှင်း လွယ်ကူတဲ့အတွက် ဒီ apk ကို ညွှန်းရခြင်းဖြစ်ပါတယ်။

Bokeh.jpg

AfterFocus Apk ကို အသုံးပြုချင်ဆိုရင် အောက်ကလင့်ကနေ အလွယ်တကူ အခမဲ့ ဒေါင်းယူနိုင်ပါတယ်

Download Link ----- https://apkpure.com/afterfocus/com.motionone.afterfocus

AF.gif

AfterFocus App ကို Download လုပ်ပြီးပြီဆိုရင်တော့ ဆော့ဝဲလ် ကိုဖွင့် ပြီး အသုံးပြုနိုင်ပါပြီ။ ဒီ apk ထဲမှာပါတဲ့ ကင်မရာစနစ်ကို တိုက်ရိုက်ဖွင့်ပြီး ရိုက်တဲ့အခါမှာလည်း Bokeh စနစ်ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဖုန်းက ကင်မရာတစ်လုံးတည်းပဲပါတဲ့ဖုန်း ဖြစ်နေမယ်ဆိုရင် apk ထဲက ကင်မရာရဲ့ Bokeh စနစ်ပြုလုပ်ပေးခြင်းဟာ သိပ်ပြီးကောင်းမွန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် apk ထဲမှာ Bokeh စနစ်ကိုပိုပြီး ပီပြင်ကောင်းမွန်အောင်ပြုပြင်ရမှာဖြစ်ပါတယ်။

Tech-1.gifTeech-2.gif

Bokeh စနစ်ကို ပိုပြီးကောင်းမွန်လာစေဖို့အတွက် ဆော့ဝဲလ် ထဲက Edit ထဲမှာ အလွယ်တကူပဲ ပြုပြင်နိုင်ပါတယ်။(ပြုပြင်နည်းကို အောင်မှာ SS ရိုက်ပြထားပါတယ်) Apk ထဲက ကင်မရာစနစ်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံကိုပဲ ပြင်မယ်ဆိုရင်တော့ အလွယ်တကူပဲ တစ်ခါတည်း ပြင်နိုင်ပါတယ်။ ဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံတွေထဲက ရွေးချယ်ပြီးပြုပြင်မယ် ဆိုရင်တော့ apk ကိုဖွင့်ပြီး Album ကိုနှိပ်ပါ။ Album ထဲမှာကိုယ် ပြုပြင်ချင်တဲ့ပုံကို ရွေးချယ်လိုက်ပါ။

Tech-3.gifTech-4.gif

ပြီးရင် Focus လုပ်ဖို့ နောက်ခံ Background ကို ၀ါးသွားစေဖို့အတွက် Tool တစ်ခုကို ရွေးရပါမယ်။ ၀ါးချင်တဲ့ နောက်ခံ Background တွေကို ဒီ Tool နဲ့ တစ်ချက်စီပွတ် ဆွဲလိုက်တာနဲ့ အားလုံးပျက်သွားမှာပါ။ Focus နေရာကို မှတ်သားတာကောင်းရင် တစ်ချက်တည်းနဲ့ နောက်ခံ Background တွေကို ၀ါးသွားစေမှာပါ။

Tech-5.gifTech-6.gif

Tech-7.gifTech-8.gif

နောက်ခံ Background အားလုံးကို ဖျက်လိုက်ပြီးရင်တော့ Focus လုပ်ထားတဲ့ အစိတ်အပိုင်းနေရာလေးပဲ ကွက်ပြီးကျန်ခဲ့မှာပါ။ ဖျက်ပြီးရင်
အပေါ်ထိပ် နားမှာရှိနေတဲ့ Next ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ နောက်ခံ Background ကိုဝါးထားတဲ့ Bokeh Effect ဓာတ်ပုံတစ်ပုံကို ရရှိပြီဖြစ်ပါတယ်။

Tech-9.gifTech-10.gif

အောက်ဘက်ဘားတန်းထဲမှာရှိနေတဲ့ Blur ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် နောက်ခံ Background ကိုလိုအပ်သလောက်အတိုင်းအတာအထိ ဝါး အောင်လုပ်ချိန်နိုင်တဲ့ Blur စနစ်နဲ့ Focus ရဲ့ဘေးသားတွေကို ပိုပြီးတိ ကျကောင်းမွန်အောင် လုပ်နိုင်တဲ့ Feather စနစ်တွေကိုပါ ထပ်ပြီးချိန် ညှိနိုင်ပါတယ်။

လုပ်ဆောင်ချက်တွေအားလုံး ပြီးပြီဆိုရင်တော့ Save ကိုနှိပ်ပြီးပုံကို Save လုပ်လို့ ရပါပြီ။

iOS ဖုန်းတွေမှာဆိုရင်တော့ နောက်ဘက်ကင်မရာနှစ်လုံးပါ တဲ့ iPhone 7 Plus မှာပဲ Bokeh စနစ်ကို အသုံးပြုနိုင်တာ တွေ့ပါတယ်။ iPhone 7 Plus မဟုတ်တဲ့ အခြား iPhone မော်ဒယ်တွေအတွက်ဆိုရင်တော့ TADAA ဆိုတဲ့ App ကိုအသုံးပြုပြီး Bokeh Effect ဓာတ်ပုံတွေကိုဖန်တီး နိုင်ပါတယ်။ TADAA အပြင် Bokeh စနစ်သုံးနိုင်တဲ့ အခြား App တွေ လည်းရှိပါတယ်။ TADAA ကတော့ အခမဲ့ရနိုင်တဲ့အပြင် သုံးရတာလွယ်တဲ့အတွက် ဒီ Apk ကိုဖော်ပြရခြင်း ဖြစ်ပါတယ်။

TDDA.gif

အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ........

@ansoe

https://steemit.com/@ansoe

Sort:  

အင်မတန်ကောင်းပါတယ်... စာလည်းမှန်တယ် ကြောင်းကျိုးလည်း ဆီလျော်မှုရှိတယ်။ အများကြီးဆက်ရေးပါဦး

အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ ကြိုးစားပါမယ့်ခင်ဗျာ

thanks for sharing. good post.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84