အကျိုးအမြတ်

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အများစုသောလူတို့ဟာ အကျိုးအမြတ်လို့ဆိုလိုက်တာနဲ့ဘယ်အရာကို ပြေးမြင်တတ်ကြတယ်လို့ ထင်ပါသလဲ။ ချစ်မိတ်ဆွေတို့ရော ဘယ်အရာကိုပြေးမြင်တတ်ကြပါသလဲ? ပြောစရာတောင်မလိုလောက်ဘူးထင်ပါတယ်။ မပြောတော့ပါဘူး။ အကုန်လုံးသိပြီးသားပဲ။ သိပြီးသော်ငြားလည်း ပိုမိုမှတ်မိစေရန်အတွက် ထပ်မံ ထပ်မံ ရေးလိုက်ပါဦးမယ်။ မေ့နေရင်လည်း ပြန်မှတ်မိလာတာပေါ့။ တကယ်တော့ ဘယ်အရာကိုပဲ လုပ်လုပ် အကျိုးအမြတ်လို့ ပြောလိုက်ရင် ကိုယ့်မှာ ပိုက်ဆံ ဘယ်လောက်ရတယ်ဆိုတာကိုပဲ ထည့်တွက်တတ်ကြပါ တယ်။ လူတိုင်းလို့မဆိုပါဘူးနော်။ တော်ကြာရန်လုပ်နေမှာလည်းစိုးရသေးတယ်။ အကျိုးအမြတ်လို့ဆိုတဲ့နေရာ မှာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ငွေတစ်ခုတည်းကိုသာ မဆိုချင်ပါဘူး။ ငွေတစ်ခုတည်းကသာ လောကကို ဖန်တီးနေတာမဟုတ်ပါဘူး။ ငွေတစ်ခုတည်းသာ အကူအညီပေးနေတာမဟုတ်ပါဘူး။ ငွေတစ်တည်းသာ လူမှုရေးမဟုတ်ပါဘူး။ ဒါဆို ဘယ်လိုအရာတွေ ဘယ်လိုဥစ္စာတွေက အကျိုးအမြတ်လို့ဆိုနေတာလဲလို့မေးချင် ကြပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်အောင်မြင်နေသူတော့သိပါတယ်။ မသိဘူးလို့ပြောတဲ့သူဆိုရင် တော့ အဲဒီမသိဘူးလို့ပြောတဲ့သူတွေက မအောင်မြင်သေးတဲ့သူတွေလို့ပဲမှတ်ပေရော့။ အကျိုးအမြတ်ဆိုတဲ့အရာ တွေထဲမှာ မိတ်ဆွေအပေါင်းသင်းတစ်ယောက် တိုးသွားတာ၊ အသိပညာတစ်ခု တိုးသွားတာ၊ အတွေ့အကြုံ တစ်ခု တိုးသွားတာစတဲ့ အရာတွေက တစ်ခဏတာသာ ပြေလည်စေတဲ့ ငွေကြေးဆိုတာထက် ပိုပြီး တန်ဖိုးရှိတဲ့ အကျိုးအမြတ်တွေပါပဲ။ ဒါပေမယ့် အဲဒီလိုရလာတတ်တဲ့ မိတ်ဆွေ၊ အသိပညာ၊ အတွေ့အကြုံဆိုတာတွေကိုပဲ ပေးမယ်လို့ပြောလာခဲ့ရင်လည်း လက်ခံနိုင်တဲ့သူ ရှားပါလိမ့်မယ်။ လက်ရှိဆန်မရှိတာကို ကိုယ်တိုင်ဖြေရှင်းနိုင် တာက ငွေပဲဖြစ်တယ်မဟုတ်လား။ ပြောလိုတာက ငွေကြေးတစ်ခုတည်းကိုသာ အကျိုးအမြတ်လို့မမြင်ကြပဲနဲ့ မိတ်ဆွေ၊ အသိပညာ၊ အတွေ့အကြုံရတာတွေကိုလည်း အကျိုးအမြတ်တစ်ခုအဖြစ် မှတ်ယူနိုင်စေဖို့သာဖြစ်ပါ တယ်။


02.png


မြတ်ဗုဒ္ဓက မိတ်ဆွေကောင်းတစ်ယောက်ရှိတာက အရာအားလုံးကို ပြီးပြည့်စုံစေတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ရဲ့တန်ဖိုးက အဲဒီလောက်ကြီးမားတယ်ဆိုတာကို ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ အသိပညာတစ်ခုရဖို့ဆိုတာလည်း အချိန်တွေ ငွေတွေအများကြီးရင်းရတတ်တယ်မဟုတ်လား။ ဒီလိုပဲ အတွေ့အကြုံကို ငွေပေးဝယ်လို့မရ ဆိုပြီးပြောကြတယ်မဟုတ်လား။ ဒါဆိုရင် အဲဒီအရာတွေက တန်ဖိုးရှိတယ် လို့ဆိုရမှာမဟုတ်လား။ ငွေကြေးတစ်ခုတည်းကသာ အမြတ်အစွန်းမဟုတ်ဘူးဆိုတာ လက်ခံကြမယ်လို့ ထင်ပါတယ်။ မိတ်ဆွေကောင်းဆိုတာကလည်း ရှားပါးတဲ့ အဖိုးတန်အရာတစ်ခု၊ အသိပညာရဖို့ဆိုတာကလည်း အချိန်တွေ ငွေတွေပုံအောထားတာတောင် ရချင်မှ ရတတ်တာမျိုး၊ အတွေ့အကြုံတစ်ခုရဖို့ဆိုတာကလည်း ရချင်တိုင်း ရတာမဟုတ်တတ်တာပဲ။ ဒီတော့ ရှားပါးတန်ဖိုးရှိတဲ့အရာတွေလို့မှတ်ယူပြီး အကျိုးအမြတ်အဖြစ် သတ်မှတ်မယ်ဆို မမှားပါဘူး။ ဒီလို သဘောထားမျိုးကို လက်ခံထားနိုင်ပြီဆိုရင်တော့ လုပ်ငန်းတစ်ခုလုပ်ကိုင် ရာမှာလည်း အမြတ်မရှိပါဘူးကွာ။ ရှုံးသွားတယ်ဆိုတာ မရှိတော့ပါဘူး။ တစ်ခုခုတော့ အကျိုးအမြတ်ရှိမှာ အသေအချာပါ။ ငွေကြေးအရဆုံးရှုံးသွားတယ်ဆိုတာ ဟုတ်ချင်ဟုတ်မှာပေါ့။ ငွေကြေးဘာကြောင့်ဆုံးရှုံးသွား ရသလဲဆိုတဲ့အတွေ့အကြုံ၊ နောက်နောင် ဒီလိုအဖြစ်မျိုးမဖြစ်စေရတော့ဘူးဆိုတဲ့ အသိတစ်ခု၊ လုပ်ကိုင် ဆောင်ရွက်ကြရာမှာ ရင်းနှီးခဲ့တဲ့သူတွေက အကျိုးအမြတ်လို့ ယူဆသင့်တယ်ပါတယ်။ ဒါဆိုရင် နောက်တစ်ကြိမ် လုပ်ငန်းအတွက် ကြိုးစားရာမှာ ရခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့အသိ ပေါင်းစပ်ပြီး ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေကို ပေါင်းစုပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။


03.png


လက်တွေ့တစ်ခုအနေနဲ့ Steemit မှာ စာရေးကြတဲ့ အတွေ့အကြုံကို စဉ်းစားကြည့်မယ်ဆိုရင် Steemit မှာ စာမရေးခင်က သိခဲ့တဲ့ အသိတရားတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ အတွေ့အကြုံတွေထက် များပြား လာတာကို မြင်နိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ရဲ့ Leader ကိုဟင်နရီအောင်(@kachinhenry)ကို အရင်ကမြင်ဖူး ဖို့မပြောနဲ့ ကြားတောင်မကြားဖူးခဲ့တာအမှန်ပဲ။ Leader နဲ့ ပေါင်းသင်း ခင်မင်မိတဲ့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမရခဲ့ပါဘူး။ Leader အနေနဲ့လည်း ဘယ်သူကိုမှလည်း ငွေကြေးအနေနဲ့ ထောက်ပံ့ပေး နေတာ မဟုတ်ပါဘူး။ ငွေကြေးအကျိုးအမြတ်ပေးနေတာ Steemit Platform ကပါ။ ဒါဆိုရင် အကျိုးအမြတ်မရှိဘူးလို့ ပြောရမလား။ ငွေကြေးအနေနဲ့ Leader ကပေးနေခြင်းမဟုတ်သော်လည်း ကူညီပေးမှု၊ အထောက်ပံ့မှုပေးနေတာတွေကြောင့် ငွေကြေးအကျိုးအမြတ် ရရှိနေခြင်းမဟုတ်ပါလား။ Leader နဲ့သာမက အခြားသောသူများနဲ့လည်း Steemit မှာ စာရေးတော့သိလာကြတယ်၊ ခင်မင်လာကြတယ်၊ အကူအညီတွေ ပေးလာကြတယ်။ အလှူအတန်းတွေ ပြုလုပ်ပြီး ကုသိုလ်တွေလည်း တိုးလာကြတယ်။ အပြင်မှာ တွေ့ပြီးလည်း မိတ်ဆွေဖြစ်လာတယ်။ ဗဟုသုတတွေတိုးလာတယ်။ ပြောမယ်ဆိုရင် ရလာခဲ့တဲ့ အကျိုးအမြတ်တွေက နည်းမယ်မဟုတ်ပါဘူး။ ဒီထက် ဒီထက်လည်း အကျိုးအမြတ်ရနိုင်ပါသေးတယ်။ ငွေကြေး အကျိုးအမြတ်ကို ရတာကို ပြောတာမဟုတ်ဘူးနော်။ အခုဆိုရင် နယ်စုံက မိတ်ဆွေအပေါင်းအသင်းတွေ အတော်တိုးလာတယ်ဗျ။ ဒါက အကျိုးအမြတ်တစ်ခုပဲ။ ကချင်ပြည်နယ်ကို ခရီးထွက်ဖြစ်မယ်ဆိုရင် အသိမိတ်ဆွေမရှိမှာ မပူရသလို စင်္ကာပူများသွားမယ်ဆိုရင်လည်း ထမင်းမကျွေးတောင် အိပ်စရာနေရာလေးတော့ရမှာပါ ☺☺☺ Steemit ကမိတ်ဆွေတွေက ပိုပြီးခင်မင်စရာကောင်းနေတယ်လို့ကော မထင်မိကြဘူးလား။ ကျွန်တော်ကတော့ အဲလိုထင်မိပါတယ်။ ဒါက ကျွန်တော့်ရဲ့ အကျိုးအမြတ် အပေါ်မှာ မြင်တဲ့အမြင်ကိုသာ ပြောပြခြင်း ဖြစ်ပါတယ်။ ဒါမျိုးလိုက်လုပ်ရမယ်လို့တော့မဆိုပါဘူး။


04.png


ဒီလိုတွေပြောတော့ တစ်ဖက်စွန်းရောက်ပြီး ငွေမရရင်နေဆိုပြီး လုပ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ငွေကြေး အတွက်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာတော့ ငွေကြေးအကျိုးအမြတ် ရကို ရရှိမှ လုပ်ငန်းလည်ပတ်လို့ရမှာ ဖြစ်ပါတယ်။ ငွေကြေးအကျိုးအမြတ် ရှိမှလည်း စီးပွားရေးလုပ်ငန်းက ရေရှည် ရပ်တည်နိုင်မှာပါ။ တစ်ချို့သောသူတွေက အခြားသောအလုပ်တွေအပေါ်မှာ အကျိုးအမြတ်ဆိုတာ ထည့်ထည့် ပြောတတ်ကြ လို့ပါ။ အခြားသောအလုပ်ဆိုတာ ဘယ်လိုဟာတွေလဲလို့ စဉ်းစားစရာမလိုပါဘူး။ လူမှုရေးလုပ်ငန်း လိုအရာတွေ ပရဟိတ္တလုပ်ငန်းလိုအရာတွေအပေါ်မှာ ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွား အလကားကျောင်းတယ် လို့ ပြောတတ်ကြပါတယ်။ လူမှုရေးလုပ်ငန်းကို အခြေပြုပြီး ကြီးပွားအောင်မြင်သူတွေရှိသလို ပရဟိတ္တ လုပ်ငန်းကြောင့် အောင်မြင်ကျော်ကြားနေသူတွေ လောကမှာ အများကြီးရှိနေတာ အလွယ်တကူ မြင်နိုင်ပါ တယ်။ လူမှုရေးလုပ်ငန်းက ငွေကြေးမရတာလူတိုင်းသိသလို ပရဟိတ္တလုပ်ငန်းကလည်း ငွေတွေရနေမှာ မဟုတ်ပါဘူး။ အချိန်ကုန်တယ် လူပန်းတယ် လူမုန်းခံရတယ်ဆိုတဲ့ အမြင်ကို မြင်တတ်တဲ့သူအချို့ရှိနေဆဲပါ။ ဘကြီးနွားအလကားကျောင်းတယ်လို့ ထင်နေသူတွေ အများကြီးရှိနေဆဲပါ။ လူမှုရေးလုပ်နေသူတွေ၊ ပရဟိတ္တ လုပ်နေသူတွေမှာတောင် လုပ်သာလုပ်နေပေမယ့် အဲဒီအမြင်ရှိသူတွေ ရှိနေမှာပါ။ လူတစ်ဦးတစ်ယောက် အနေနဲ့ နိုင်ငံတော်တာဝန်ရှိသူတစ်ယောက်ကို တွေ့ဖို့ရန်လွယ်ကူမှာ မဟုတ်ပေမယ့် လူမှုရေးအဖွဲ့အစည်း၊ ပရဟိတ္တလုပ်ငန်းအနေနဲ့တော့ အလွယ်တကူ တွေ့ဆုံနိုင်သလို အလွယ်တကူ ဆွေးနွေးနိုင်တာတွေက ငွေကြေးအမြတ်ထက် အများကြီးသာနေပါတယ်။ ဖန်တီးတတ်သူတွေအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အလွယ်တကူ အဆင်ပြေနေတာ မြင်နိုင်မယ်ထင်ပါတယ်။ ဒီတော့ကာ အကျိုးအမြတ်ဆိုတာကို ငွေကြေး တစ်ခုတည်းကိုသာ မမြင်ကြပဲ အခြားသော အကျိုးအမြတ်ပေါင်းများစွာ ရရှိနိုင်တယ်ဆိုတာကို အသိရှိကြပါစေကြောင်း ရေးသားရင်း ရပ်နားခွင့်ပြုပါဗျာ။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

21-Sept-2018 သောကြာနေ့(Friday)

Sort:  

ဒွန်ကတော့ ကျိုးနေပြီ၊ မြတ်တော့မှာပေါ့နော်၊ ဘကြီးတင်တော့ တိုင်ပျောက်နေလို့ (၇)ရက်လောက် လိုင်းမတက်နိုင်ဘူး။

တိုင်ကဘယ်သူဖြုတ်ခိုးသွားလို့တုံးဆာတင်... ဆာဒွန်က ကျိုးတာမှမဟုတ် အနွှာခံလိုက်ရတာပဲ ☺☺☺

အ‌တွေ့အကြုံနဲ့ မိတ်‌‌ဆွေ‌ကောင်းကို ‌ငွေနဲ့ဝယ်‌ယူလို့ မရသလို ‌ငွေနဲ့လည်းတိုင်းတာလို့ မရပါဘူး။တန်‌ဘိုးဆိုတာ သူ့‌နေရာနဲ့သူ တန်‌ဘိုးရှိကြတာပါ။အကျိုးအ မြတ်‌က ခံယူသူအ‌ပေါ် မူတည်‌ပါတယ်‌။

အမှန်တကယ်ပါဗျာ

နေ့စဉ် ကုသိုလ် ဥစ္စာ ပညာ တစ်ခုခု တိုးတတ်နေဖို့ လိုပါတယ်

ကောင်းမှုတစ်ခုနေ့စဉ်ပြုလို့ပြောရမှာပဲ ကိုဟိန်းရေ

သိပ်မှန်ပါတယ်ရှင်
ငွေကြေး၊ ပညာ၊ အတွေ့အကြုံ
ဒါတွေဟာ ယူတတ်ရင် အကျိုးအ မြတ်ချည်းပဲပေါ့

အဓိကစီးပွားရေးမဟုတ်ခဲ့ရင်တော့ ငွေကြေးတစ်ခုတည်းနဲ့ မဆုံးဖြတ်သင့်ဘူးထင်တယ် အဓိကစီးပွားရေးမှာဆိုရင်တောင် တစ်ခါတစ်ရံမှာ ငွေကြေးတစ်ခုတည်း မကြည့်သင့်တဲ့အချိန်တွေရှိပါတယ်ဗျ

ကျွဲကူးရေပါပေါ့လေ... မိတ်ဆွေလည်းရ ၀မ်းလည်းဝ ချင်ပါဘိ..။ steemit ရောက်တဲ့ အကျိုးအမြတ်ကတော့ ဘယ်အရာမဆို သမန်ကာ လျှံကာ (စာလုံးပေါင်းမှားလျှင် ခွင့်လွတ်ပါ) မနေတော့ဘဲ လေ့လာစူးစမ်းပြီး ရေးစရာရှာနေမိတော့တာပါပဲ...ဟီး။

ကောင်းတဲ့အကျိုးတရားတွေက အတော်များပါတယ်ဗျာ

အလုပ်တစ်ခု အပ်တာ ပဲ ဖြစ်ဖြစ် လုပ်တာပဲဖြစ်ဖြစ်
အကျိုးအမြတ်ဆိုတာရှိပါတယ် ဒါပေမယ့် တစ်ချို့ က ငွေကို အဓိကထားတယ်
တစ်ချို့ က ငွေကြေးအနည်းငယ်လောက်ပဲဦးတည်တယ်
တစ်ချို့ က စေတနာကို အကျိုးအမြတ်ယူတယ်
ကူသိုလ်ကိုယူတယ် အများကြီးပေါ့ အကိုစိုးရဲ့ Post က အများကြီး လမ်းညွှန်အသိပေးထားတော့
စာဖတ်သူတို့ တော့မသိဘူး ကျွန်တော့်အတွက်တော့ အကျိုးအမြတ်ရှိသွားပါတယ်ဗျာ

ကောင်းလှပါတယ်ဗျာ ဘာရရ ကောင်းတယ်လို့ပဲပြောချင်ပါတယ်

ဝိုး မိုက်တယ် ငွေ ကြေးတွင်မက အပေါင်းအသင်းမိတ်ဆွေ ဗဟုသုတတွေပါ ပေါများလာတယ် ကောင်းလိုက်တဲ့ပိုစ်လေးဗျို့
လူငယ်တွေ သိမြင်နိုင်ကြပါစေ။

အမှန်က လူဂျီးတွေက ပိုဆိုးနေထာ ☺☺☺

ဟုတ်ပါတယ်အကို။ငွေတစ်ခုထဲက မပြည့်စုံပါဘူး

အခြားအကျိုးအမြတ်တွေကို မြင်နိုင်ပါစေ

အပေါင်းသင်းကောင်းရတာလဲ အကျိုးအမြတ်ပါ ဥစိုး😁

ယူတတ်ရင် အကျိုးအမြတ်ပါပဲဗျာ

တန်ဖိုးရှိတဲ့စာသားလေးတွေပါခင်ဗျာ။အရာရာကို ငွေနဲ့ တိုင်းတာပြီး အကျိုးအမြတ်တွက်နေလို့တော့ အမှားဘက်ကို တဖြည်းဖြည်း ဦးတည်သွားနိုင်ပါတယ်။တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ မိတ်ဆွေကောင်းတွေ ပျောက်ဆုံးသွားနိုင်တာပေါ့။ကောင်းမွန်သော post လေးပါခင်ဗျာ။

အခုလိုလာရောက်အားပေးတဲ့အတွက် ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43