အဖေ(FATHER)

in #myanmar7 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families,


အဖေ _ Father


A father is the male parent of a child. Besides the paternal bonds of a father to his children, the father may have a parental, legal, and social relationship with the child that carries with it certain rights and obligations.

For more info : https://en.wikipedia.org/wiki/Father



father copy.png

Image from google


လူ့ဘောင်လောကတွင် သား သမီးများအား အဖေနှင့်အမေအားမည်သူ့ကိုချစ်သလဲလို့ မေးကြည့်မည်ဆိုလျှင် အမေ့ကိုချစ်ကြောင်းပြောကြမည့်အများအပြားရှိကြပါသည်။ အဖေကို ချစ်သည်ဟုပြောသောသူများလည်း ရှိတော့ ရှိမည်ထင်ပါသည်။ သို့သော် နည်းပါးလိမ့်မည်ဟုထင်ပါသည်။ အဖေဆိုတာ ကိုးလလွယ် ဆယ်လမွေးခဲ့ရတာ မဟုတ်ပေမယ့် ကိုးလလွယ် ဆယ်လမွေးဖွားနိုင်စေရန်အတွက် အဖက်ဖက်က ပြုစု ယုယ နေခဲ့ရတာ အဖေပဲ ဖြစ်ပါသည်။ အဖေသည် သူတစ်ပါးတို့၏ အစော်ကားမခံကြရစေရန်အတွက်လည်း မိသားစုရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးနေတာလည်း အဖေပဲ ဖြစ်ပါသည်။ သားသမီးများအား မွေးဖွားလာသည့်အချိန်မှ သူသေဆုံးသွားသည့်အချိန်ထိ သူ့ဘ၀တစ်ခုလုံးကို သားသမီးများအား ပုံအောပေးထားတတ်ကလည်း အဖေသာ ဖြစ်ပါသည်။

အနန္တဂိုဏ်းဝင် ဖြစ်သည့် အဖေကို အမေနှင့် တန်းတူ တန်ဖိုးထားနိုင်ကြပါစေရန်အတွက် ရေးသားခြင်းဖြစ်ပါသည်။ အဖေ၏ ကျေးဇူးတရားများအကြောင်းကို ဖော်ညွှန်းကြသည်မှာလည်း အမေကို ဖော်ညွှန်းကြသော စာများထက် နည်းပါးမည်ဟုလည်း ထင်မြင်ယူဆမိပါသဖြင့် အဖေ ဟု အမည်တပ်ထားသော ယခု ဆောင်းပါးအား ရေးသား လိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်၏ ငယ်စဉ်ဘ၀အတွေ့အကြုံများနှင့် ဖတ်ဖူး မှတ်ဖူးသောစာများအား အခြေခံပြီး ရေးသားလိုက်ခြင်းဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် အနန္တဂိုဏ်းဝင် ဖေဖေ တို့အား ဂုဏ်ပြုလိုက်ခြင်းဖြစ်ပါသည်။

အဖေဖြစ်သူတို့၏ သဘောသဘာဝသည် အမေဖြစ်သူများကဲ့သို့ ငြင်သာ ချင်မှ ငြင်သာ ပေမည်။ အဘယ့်ကြောင့် ဆိုသော် အမေသည် မိန်းမ တစ်ယောက်ဖြစ်ပြီး အဖေသည် ယောက်ျားတစ်ယောက်ဖြစ်သောကြောင့်ပါပေ။ မိန်းမ သဘာဝနှင့် ယောက်ျားသဘာဝတို့သည် တူညီခြင်းမရှိသည်ကို အခြားသော နေရာ၊ အခြားသောကဏ္ဍများတွင် ခွဲခြားပြောဆိုဆက်ဆံကြပါသော်လည်း အဖေ ဆိုသော ယောက်ျားကြီးကိုဖြင့် အဘယ်သို့သော အကြောင်းကြောင့်များ ယောက်ျား သဘာဝအဖြစ် သဘောမထားမိခဲ့ကြပါသလဲ မသိပါ။

အဖေဖြစ်သူတို့သည် ယောက်ျား သဘာဝအရ ပါးစပ်မှ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း နှုတ်ထွက်စကားလုံးများဖြင့် သားသမီးများအား ဆက်ဆံကောင်း ဆက်ဆံကြပေမည်... သို့သော်လည်း အဖေဖြစ်သူတို့ရဲ့ရင်ထဲမှာတော့ သားသမီးများအတွက် အင်မတန်နူးညံ့တဲ့ နှလုံးသားတစ်စုံရှိနေကြပါတယ်...

သားသမီးများအား အမှားအယွင်းအတွက် ရိုက်နှက်ဆုံးမကောင်း ဆုံးမမည်ဖြစ်သော်လည်း ရိုက်နှက်ဆုံးမပြီးသော အခါ တစ်ယောက်တည်း မည်သူမျှမမြင်အောင် ယောက်ျားမဆန်၊ ယောက်ျားရင့်မကြီးတန်မဲ့ တိတ်တိတ်လေး မျက်ရည်ကျနေတတ်တာလည်း အဖေပါ...


crying father.png

Image from google



မိသားစုကိုလုပ်ကျွေးနေကြသော အဖေတိုင်းကတော့ ငွေကြေးကို အလျှံပယ် ရှာဖွေနိုင်ချင်မှ ရှာဖွေနိုင်ကြပါလိမ့် မယ်... သူဗိုက်ပြည့်ဖို့ ထမင်းမစားရချင်နေပါစေ... ဒါပေမယ့် သူ့မိသားစုကိုတော့ ထမင်းမငတ်အောင် ကျွေးမယ့်သူဟာ အဖေပါ...

အဖေဆိုတာ ပညာတွေအများကြီးတတ်တဲ့ ပညာတတ်တစ်ယောက်ကြီးတစ်ယောက် ဖြစ်ချင်မှဖြစ်ပါ လိမ့်မယ်... ပညာမွဲ တောသား တစ်ယောက်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်... ဒါပေမယ့် သူ့သားသမီးတွေကိုတော့ ပညာတတ်ကြီးတွေဖြစ်စေချင်ကြပါတယ်... ပညာတတ်ကြီးတွေအဖြစ် မြင်ချင်ကြပါတယ်...

အဖေဆိုတာ အရက်သမားတစ်ယောက်ဖြစ်ချင်ဖြစ်နေလိမ့်မယ်... လူဆိုး လူမိုက်တစ်ယောက်ဖြစ်ချင်ဖြစ် နေပါလိမ့်မယ်... ဒါပေမယ့်... သားသမီးတွေကိုတော့ လူလိမ္မာတွေအဖြစ်မြင်ချင်ကြတယ်... လူလိမ္မာလေးတွေ ဖြစ်စေချင်ကြပါတယ်...

အဖေဆိုတာ အများအတွက်တော့ လူလိမ်တစ်ယောက်ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်... ဒါပေမယ့်...သူ့သားသမီး တွေရှေ့မှာတော့ အင်မတန်ရိုးသားတဲ့ အဖေတစ်ယောက်ဖြစ်နေပါလိမ့်မယ်... သားသမီးများကိုလည်း ရိုးသားသူများအဖြစ်ကိုပဲ မြင်ချင်ကြပါတယ်... ရိုးသားတဲ့ သားသမီးများသာ ဖြစ်စေချင်ကြပါတယ်...

အဖေဆိုတာ အခြားသူများရဲ့ ဖိနပ်တွေကို မကိုင်ချင်ပေမယ့်လည်း ကိုင်ပေးရတဲ့၊ သူများတကာရဲ့ အခိုင်းခံ၊ အအော်ငေါက်ခံနေရတဲ့ သာမန်ဝန်ထမ်းလေး တစ်ယောက် ဖြစ်ချင်ဖြစ်ပါမယ်... သားသမီးတွေကိုတော့ သူလိုဖိနပ်ကိုင်ပေးရတဲ့ သာမန်ဝန်ထမ်းလေးဘ၀ကို မြင်ချင်ကြတာမဟုတ်ပါဘူး...

အဖေဆိုတာ သူတို့ရဲ့ ယောက်ျားမာနတွေကို ခ၀ါချထားပြီး မိသားစု စား ၀တ် နေ ရေး အတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်နေတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ.... အဖေဆိုတာ သားသမီးများအတွက် လမ်းမှားမရောက်ကြစေရန် လမ်းညွှန်ပြသပေးတတ်တဲ့ လင်းလက်တောက်ပနေတဲ့ ကြယ်ကြီးတစ်လုံးဖြစ်ပါတယ်...


star.png

Image from google



ကားပေါ်မှာ ကားခရဖို့ အကြိမ်ကြိမ်အော်တောင်းနေရတဲ့ ကားစပယ်ယာ အဖေတွေ... သူတစ်ပါးပစ္စည်းတွေကို ထမ်းပိုးသယ်ပေး နေရတဲ့ ကူလီအဖေတွေ၊ သူတစ်ပါးရဲ့ အမှိုက်တွေကို မရွံမရှာ လိုက်လံကြုံးနေကြရတဲ့ စည်ပင်အဖေတွေ ရှိပါတယ်... သူတို့တွေ ဟာလည်း သားသမီးတွေကိုတော့ အဲလို အလုပ်တွေ မလုပ်စေချင်တာ အမှန်ပါပဲ... သားသမီးတွေရှေ့မှာတော့ ဘာမှ မဖြစ်သလို ဟန်ဆောင်ကောင်းကောင်းနဲ့ နေတတ်တာလည်း အဖေပါ... မိသားစု (သို့မဟုတ်) သားသမီးများအပေါ်ကျရောက်မည့် အန္တရာယ်ကိုလည်း ဘယ်သူမှ မသိအောင် မိသးစုရဲ့ ရှေ့မှာရပ်တည်ပြီး အမြဲတမ်းကာကွယ်ပေးတတ်တာလည်း အဖေပါ...


Father Saves Their Children at The last Minute

Video from You Tube


အဆုံးစွန်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ... အဖေဆိုတာ အဖေပါပဲလေ...
ဘ၀တွင် အဖေကို မချစ်တတ်ခဲ့သူများ အများအပြားပင်ရှိခဲ့ကြောင်း စာများအားဖတ်ရှုခဲ့ဘူးပါတယ်... အဖေဆိုတာ သေသာသွားသည်အထိ ကောင်းကောင်းမွန်မွန် စကားပြောခြင်းပင် မရှိသော သားသမီးများအားလည်း မြင်ဘူး တွေ့ဘူးခဲ့ပါတယ်... အမေကို အလွန်အင်မတန်ချစ်ပြီး အဖေဖြစ်သူကို ရန်လုပ်တတ်သော သားသမီးများအားလည်း တွေ့ဘူး မြင်ဘူးခဲ့ပါတယ်...ဘယ်သူတွေ အကျိုးယုတ်သည်ဟု ထင်ပါသနည်း... တမ်းချင်းလေးတွေဖြင့် ကျန်ရစ်သူ သားသမီးများ ၀မ်းနည်းပက်လက်ဖြစ်နေသူများကိုလည်း တွေ့ခဲ့ဘူးပြီ....
အရက်သမား အဖေတစ်ယောက် သား သမီးများကိုတော့ အလွန်အင်မတန်ချစ်ခင်ခဲ့ဘူးတယ်လေ... ချစ်ရှာပေမပေါ့... သူ့ရင်နှစ်သည်းခြာ သားသမီးလေးတွေကိုး... သားသမီးများအကြောင်းပြောရင်ဖြင့် မမောနိုင် မပန်းနိုင် တပြုံးပြုံး ဖြင့်နေတတ်သူမှာ အဖေများပင်... အရက်သောက်တတ်သောအဖေလည်း အဖေတစ်ယောက်ပင် ဖြစ်တယ်လေ...

အရက်သောက်တတ်တဲ့အဖေအတွက် အဖေကို တမ်းတမိတဲ့ တမ်းချင်းလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါ တယ်...

ညစဉ် ညတိုင်း အရက်မူးပြီး ပြန်လာတတ်တဲ့ အဖေ ဆိုတဲ့ လူကြီးတစ်ယောက်ကို မချစ်ခဲ့ပါဘူးအဖေ.. အရက်မူးပြီး ပြန်လာတိုင်း အမေ က ဆူတိုင်း အလုပ်တွေ ပင်ပန်းလွန်းလို့ပါ မိန်းမရာ လို့ အကြောင်းပြ ဆင်ခြေပေးတတ်တဲ့ အဖေ ဆိုတဲ့လူကြီးကို သား သိပ်အမြင်ကတ်ခဲ့ပါတယ်... မိသားစုကို ရှာဖွေကျွေးမွေးရခြင်းရဲ့ စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုကို သား နားမလည်ခဲ့ပါဘူး...

အဲဒီအရက် တွေသောက်သောက်လာပြီး အမေ့ကို ကလေးတွေကို ဂရုမစိုက်ဘူးဆိုပီး ရန်လုပ်တတ်တဲ့ အဖေ ဆိုတဲ့ လူကြီးတစ်ယာက်ကို မုန်းခဲ့ပါတယ်အမေ... မူးပြီးအိမ်ပြန်ရောက်တိုင်းလည်း "ဟေ့ မိန်းမ- ငါ့သားသမီးတွေကို မင်း ထမင်းကျွေးပြီးပလား" လို့ မေးတတ်တဲ့ အမူးသမား လျှာလေး အာလေး သံကြီးတွေကိုလည်း မုန်းခဲ့ပါတယ်... သားတစ်ယောက်အနေနဲ့ အဖေ ဆိုတဲ့ လူကြီးကို ချစ်ရကောင်းမှန်း မသိခဲ့ဘူးအမေ...

အဲဒီ အဖေ ဆိုတဲ့လူကြီးက အရက်မူးလာတိုင်း အရက်နံ့တွေ ထောင်းလမောင်းထနေတဲ့ ပါးစပ်ကြီး၊ သူ့နှာခေါင်းကြီးနဲ့ သားတို့ကို အားရပါးရ နမ်းရှိုက်တတ်တဲ့ အဖေ ဆိုတဲ့ လူကြီးရဲ့ အနမ်းတွေကို သားမနှစ်ခြိုက်ခဲ့ဘူး... အဲဒီလိုနမ်းတိုင်းလည်း အင်မတန် စိတ်တိုခဲ့ပါတယ်... သားသမီးဆိုတာ အဖေတစ်ယောက်အတွက် အင်အားဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး...

လူတွေက "သားလေး မင်း အဖေ နဲ့ မင်း အမေ ဘယ်သူ့ကို ပိုချစ်လဲ" လို့ မေးခွန်းမေးတိုင်း အမေ့ရင်ခွင် ထဲ အတင်းတိုးဝင်သွားပြီး "အမေ့ကိုပဲချစ်တယ်" လို့အဖြေပေးတိုင်း ပြုံးပြီးတော့ "အဖေ့ကိုကော မချစ်ဖူးလားကွ" လို့ မေးခွန်းပြန်မေးရင်း ပါးလေးနှစ်ဖက်ကို ဖွဖွလေးလိမ်ဆွဲပြီး ငါ့သားချိုးဖို့ ရေသွားခပ်အုံးမယ် လို့ပြောပြီး ထွက်သွားတတ်တဲ့ အဖေ ဆိုတဲ့ အဲဒီလူကြီးကို သားဘယ်လိုမှ နားမလည်တတ်ခဲ့ပါဘူး...

"အဖေနဲ့အတူတူ မြို့ထဲလိုက်ခဲ့ပါလားသား မုန့်တွေအများဝယ်ကျွေးမယ်" လို့ခေါ်တိုင်း အဲဒီအဖေဆိုတဲ့လူကြီးနဲ့ မလိုက်ချင်လို့ ဇွတ်အတင်းငြင်းတတ်ပေမယ့် မြို့ထဲကအပြန် ခေါက်ဆွဲကြော်တွေ၊ ချိုချဉ်လေးတွေ၊ မုန့်တွေ ၀ယ်ဝယ်လာတတ်တဲ့ အဲဒီ အဖေဆိုတဲ့လူကြီးကို သားကျေးဇူးမတင်တတ်ခဲ့ပါဘူး...

မူးလာရင် အာလေး လျာလေးကြီးနဲ့ သီချင်းတွေ အော်ဆိုပြတတ်တဲ့ အဖေ ဆိုတဲ့လူကြီးကို "နားညီးတယ်" လို့ပြောတိုင်း "သားကသီချင်းမကြိုက်ဖူးလား" အမြဲတမ်းမေးတတ်တဲ့ အဖေဆိုတဲ့လူကြီးကို ဘယ်လိုမှ နားမလည်တတ်ခဲ့ပါဘူး...

သားကိုချစ်လို့ ဆိုပြီး သူ့ရဲ့ကြမ်းတမ်းတဲ့လက်အစုံနဲ့ ပွေ့ချီလိုက်တိုင်း အားပါးတရ အော်ငိုတတ်တဲ့သားကို ချိုချဉ်လေးတွေ မုန့်လေးတွေပေးပြီး ချော့တတ်တဲ့ အဖေဆိုတဲ့ လူကြီးကို ပြန်လည်ထွေးဖက်ထားရမယ်မှန်း မသိခဲ့ပါဘူး....

အရုပ်တွေကိုဆက်ကစားရင်း ဆက်မရတော့ စိတ်တိုပြီးလွှင့်ပစ်တတ်တဲ့သားကို အားရပါးရ ရီပြီး ဒါက ဒီနေရာ ဒါက ဒီလိုဆက် ဆိုပြီး သင်ပေးတတ်တဲ့ အဖေ ဆိုတဲ့ လျှာရှည်တဲ့လူကြီးကို သား မုန်းခဲ့မိပါတယ်... လင်းလက် တောက်ပတဲ့ လမ်းပြကြယ်ကြီးဆိုတာကို သားမသိခဲ့ပါဘူး...

အမေကို ပြန်ပြောလို့ဆိုပီး သားကိုရိုက်တော့ သား အိမ်နဲ့မျက်နှာချင်းဆိုင် ဒေါ်လေးအိမ်မှာ တနေကုန်အောင် သွားပုန်းနေတော့မှ ပြာယာခတ်အောင်လူတွေ လွှတ်ပြီးရှာခိုင်းတဲ့ အဖေဆိုတဲ့လူကြီး...သားကိုရှာမတွေ့တော့ လိုက်ရှာသမျှလူတွေကို ဒေါသတွေထွက် ရန်လုပ်နေတဲ့ အဖေဆိုတဲ့လူကြီးကို သား အရမ်းမုန်းခဲ့မိပါတယ်.... ဆုံးမမှုကို မနာယူတတ်ခဲ့ပါဘူး...

မြစ်ထဲမှာ ရေချိုးနေချိန် သားရေနစ်နေတာတွေ့တော့ အမေက အသံကုန်အော်ဟစ်နေပေမယ့် အဖေ က ၀ုန်းကနဲ ရေထဲကို ခုန်ဆင်းပြီး သားကို ရေထဲကနေ တွဲခေါ်ကမ်းကိုဆွဲယူခဲ့တဲ့...အဖေဆိုတဲ့ လူကြီး.... သွေးလွန်တုတ်ကွေးဖြစ်ပြီး အပြင်းဖျားတော့ စိတ်တွေအရမ်းပူပြီး သားကိုပွေ့ချီ ဆေးရုံရောက်အောင် တစ်ချက်မနားပဲ အတင်းပြေးသွားခဲ့တဲ့ အဖေ ဆိုတဲ့ လူကြီးကို သားရဲ့ အသက်သခင်ကျေးဇူးရှင်မှန်း လုံးဝမသိခဲ့ ပါဘူး...

အလုပ်ကအပြန် မူးပြီးစက်ဘီးနဲ့ပြန်လာတဲ့ အဖေဆိုတဲ့လူကြီး ကားနဲ့တိုက်မိလို့ သူချစ်တဲ့မိသားစုနဲ့ လောကကြီး ကိုထားခဲ့ပြီး တမလွန်ခရီးကို တစ်ယောက်တည်းထွက်သွားခဲ့ရတယ်... ဘာကြောင့် အမေငိုနေတာလည်း မသိခဲ့ပါဘူး... အဲဒီအဖေဆိုတဲ့လူကြီးအတွက် ၀မ်းနည်းရမှန်းလည်း သား မသိခဲ့ပါဘူး...


accient.png

Image from google


အဲတာတွေကို နားလည်သိတတ်တဲ့အရွယ်ရောက်တော့ အဖေဆိုတဲ့ လူကြီးက သားတို့ မိသားစုကို ထားရစ်ခဲ့ပြီး တမလွန်ရွာမှာ အေးချမ်းစွာ အနားယူအိပ်စက်နေခဲ့ပါလားပေါ့ အဖေရယ်...

အခုချိန်မှာတော့...သားလေ... ညညအလုပ်ကပြန်လာချိန်တိုင်း မူးမူးလာတတ်တဲ့ အဖေ ဆိုတဲ့လူကြီးကို သားလွမ်းနေမိတယ်..အဖေရယ်... ဖြစ်နိုင်ရင်လေ...အဖေရေ...သားတို့ဆီကို ညတိုင်း ညတိုင်း မူးမူးပြီး ပြန်လာခဲ့ပါအုံးလား...

အရက်နံ့တွေ တထောင်းထောင်းထနေတဲ့ အဖေရဲ့ နှာခေါင်းနဲ့ သားတို့ကိုလာပြီး နမ်းလှည့်ပါအုံးလား အဖေရယ်... အရက်မူးလာတိုင်း အာလေး လျှာလေးကြီးနဲ့ သီချင်းတွေ အော်ဆိုနေတဲ့ အသံကို ကြားချင်ပါတယ်... ပြန်လာပြီး ဆိုပြပေးပါအုံးလား... သား သီချင်းတွေကို ချစ်တတ်လာပါပြီ အဖေ ရယ်... အဖေ့ ရဲ့ အာလေး လျှာလေးကြီးနဲ့ ပြောတတ်တဲ့စကားသံတွေကို သား ကြားချင်ပါသေးတယ် အဖေ...

သားရဲ့ မှားယွင်းစွာလုပ်တတ်တဲ့ အပြုအမူတွေ မှားယွင်းစွာတွေးတတ်တဲ့ အတွေးအခေါ်တွေကို ပြုပြင်ပေးဖို့ လမ်းညွှန် လမ်းပြပေးဖို့ ပြန်လာခဲ့ပါအုံးလား... အခုတော့ သားရဲ့ အမှားတွေကို ပြုပြင်ပေးဖို့ အဖေပြန်လာမယ့်အချိန်ကို သား မျှော်နေပါတယ်...အဖေ...

ပတ်ဝန်းကျင်လူတွေက မေးတတ်တဲ့ "အဖေ နဲ့ အမေ ဘယ်သူ့ကို ပိုချစ်သလဲ"လို့မေးတတ်တဲ့ မေးခွန်းအတွက် အဖေ့ရင်ခွင်ထဲကို တိုးဝင်ပြီး ဖြေပေးချင်လို့ပြန်လာခဲ့ပါအုံးလား အဖေရယ်.... သားဖြေချင်လို့ ပြန်လာခဲ့ပေးပါအုံး အဖေ... ဖြေချင်လွန်းလို့ အဖေကို သားစောင့်မျှော်နေပါတယ် အဖေ...ဆက်ဆက်ပြန်လာခဲ့ ပါနော်...


waiting.png

Image from google


အဖေဆိုသော အဖေများကို သားသမီးဖြစ်သူများ နားလည်အောင်ကြိုးစားကြစေချင်ပါသည်။ လောကကြီးမှာ မကောင်းသောအဖေများ ရှိနိုင်သော်လည်း သားသမီးများအနေဖြင့်တော့ ကျေးဇူးမတင်ချင်လျှင် နေနိုင်ပါသည်။ သို့သော် ကျေးဇူးမကန်းမိဖို့တော့လိုပါသည်။ အဖေဆိုတာ ယောက်ျားပီသသော စိတ်ဓာတ်ရှိနေသူများပါလား၊ အမေက မိန်းမ ပီသသောစိတ်ဓာတ်ရှိနေသူမို့ အဖေနှင့်တော့မတူနိုင်ကြောင်းကိုလည်း သတိရစေချင်ပါသည်။ အဖေဆိုတာ သူ့ရင်ထဲမှာ နာကျင်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ အဆင်မပြေတာတွေကို သားသမီးတွေရှေ့မှာ ထုတ်ဖော်ပြောကြားလိုခြင်း မရှိတတ်ခဲ့ပါဘူး။ နာကျင်စရာဆိုတာတွေကို မျိုသိပ်၊ ၀မ်းနည်းစရာမှန်သမျှ မြိုချ၊ ပျော်စရာဆို မျှဝေပေးနေတတ်သော ဖေဖေများအား နားလည်စာနာပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြစ် အဆုံးသတ်လိုက်ပါသည်။
သားကောင်း သမီးမွန်များဖြစ်အောင်လည်း ကြိုးစားနိုင်ကြပါစေခင်ဗျာ....

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

18-10-2017 ဗုဒ္ဓဟူးနေ့(Wednesday)

Sort:  

Good postပါbroကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

ကျေးဇူးတင်ပါတယ်

Great!
I think father is hero in family

very good, that's right

Nice, i agree with u!

အခုလိုအားပေးတာ ကျေးဇူးပါခင်ဗျာ

မှန်ပါတယ်

ဟုတ်ကဲ့ မှန်ပါတယ်ဗျာ

Father အ​ဖေ

ဟေ ဘာဒုံးဟ ဘာပြောချင်တာဒုံး နားမလည်ဘူးဟ

အားကျမိပါတယ် voteတွေရော လူကိုရော

vote ကတော့ထားပါသထိန်းရယ် လူကိုဘာအားကျစရာရှိလို့လဲ သထိန်းက သထိန်းပါဗျ

ခံစားမှုလေးတစ်ခုတော့ဖြစ်သွားပါတယ်

အော် ဒါလောက်ဆို နားလည်နိုင်ပါတယ် မလမ မိုမိုရယ်

my father is my hero

Dead sure

Good father!
..

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62966.47
ETH 2631.87
USDT 1.00
SBD 2.79