@angelhnin ဘဝကို အရှုံးမပေးဘဲ အဓိပ္ပာယ်ရှိစွာရှင်သန်နေထိုင်ခဲ့သူ

in #myanmar6 years ago

ဘဝကို အရှုံးမပေးဘဲ အဓိပ္ပာယ်ရှိစွာရှင်သန်နေထိုင်ခဲ့သူ (သို့) ပါမောက္ခ စတီဖန် ဟော့ကင်း (Stephen Hawking)

   ဒီနေ့မနက်မှာ ပါမောက္ခ စတီဖန် ဟော့ကင်းကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ တမုဟုတ်ချင်း ပျံ့နှံ့လာခဲ့တယ်။

တကယ်တော့… ပါမောက္ခ စတီဖန် ဟော့ကင်း (Stephen Hwaking) ဟာ Motor Neuron Disease လို့ ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးကို ခံစားနေခဲ့ရသူပါ။ အာရုံကြောချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ရဲ့အကြောတွေ တဖြည်းဖြည်းသေသွားပြီး ရောဂါဖြစ်ချိန်ကနေစပြီး အလွန်ဆုံး ၇နှစ်အထိပဲ အသက်ရှင်နေထိုင်သွားနိုင်မယ်လို့ သတ်မှတ်ခံထားခဲ့ရသူတစ်ဦးပါ။

ဒါပေမဲ့ ပါမောက္ခဟော့ကင်းရဲ့ စိတ်ဆန္ဒပြင်းပြမှုကြောင့် အသက်ရှင်နေထိုင်နေနိုင်ခဲ့တာ အသက် ၇၆ နှစ်တိုင်အောင် အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။ သူ့ဘဝရဲ့ ၄၂နှစ်တာ ကာလကို ဝှီးချဲပေါ်မှာ နေထိုင်ခဲ့ပြီး စကားမပြောနိုင်တာ ၂၈ နှစ်ရှိသွားခဲ့ပေမဲ့ သူ့ရဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ဉာဏ်ရည်ကတော့ ထက်မြက်နေခဲ့ပါတယ်။

ပါမောက္ခ ဟော့ကင်းဟာ သူ့ဘဝရဲ့ ကံအကျိုးပေးကို ကောင်းတဲ့နေရာမှာ အသုံးချနိုင်ခဲ့ပါတယ်။ သူ့ရောဂါအခြေအနေကို နားလည်လာပြီးတဲ့နောက်မှာ သူဟာ ဘဝကို အကောင်းမြင်စိတ်တွေနဲ့ ကြိုးစားခဲ့ပါတယ်။ သူဟာ အသက် ၃နှစ်မှ စကားစပြောနိုင်ပြီး အသက် ၈နှစ်အရွယ်မှ စာကို စတင်သင်ကြားနိုင်တာဖြစ်ပါတယ်။ သူဟာ ကျောင်းစာသင်ဖို့ သိပ်ပျင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

     သူ့ရဲ့ ပါရမီတစ်ခုကတော့ သင်္ချာပညာရပ်ပါ။ ဒါပေမဲ့ သူတက်ရောက်ရမယ့်ကျောင်းမှာ သင်္ချာဘာသာရပ်ကို သင်မပေးတာကြောင့် ရူပဗေဒပညာရပ်ကို လေ့လာဆည်းပူးပြီး ဘွဲ့ရအောင် ယူနိုင်ခဲ့ပါတယ်။ ရုပဗေဒနဲ့ ဘွဲ့ရပြီးတဲ့နောက်မှာတော့ သူဟာ စကြဝဠာကြီးနဲ့ ပတ်သက်ပြီးလေ့လာဖို့ Cambridge University မှာ Cosmology ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။

     အသက် ၂ဝကျော် အရွယ်မှာ သူ့ရောဂါကြောင့် သူ့ဘဝအတွက် အချိန်အနည်းငယ်ပဲ ကျန်တော့တယ်လို့ သိလိုက်ရတယ်။ ဒါပေမဲ့ သူဟာ ဘဝကို အရှုံးမပေးဘဲ အသက်ရှင်နေသရွေ့ အကောင်းဆုံးကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

     ဒီလိုဆုံးဖြတ်ပြီးကြိုးစားခဲ့တာကြောင့် သူဟာ ရုပဗေဒနဲ့ စကြဝဠာဆိုင်ရာ ပညာရပ်တွေမှာ လူအများလေးစားရလောက်တဲ့ ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အာရုံကြောတွေ သေသွားခဲ့ပါပြီ၊ မျက်လုံးတွေပဲ လှုပ်ရှားနိုင်ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ဦးနှောက်ကတော့ အလုပ်လုပ်နေတုန်းပါပဲ။ သူ့ဝှီးချဲမှာ တပ်ဆင်ပေးထားတဲ့ ကွန်ပျူတာလေးနဲ့ စာရိုက်ပြီး VoiceText speech synthesizer ကနေ သူတတ်ကျွမ်းထားတဲ့ပညာရပ်တွေကို သင်ကြားပေးနေတုန်းပါပဲ။ ကမ္ဘာ့ဆွဲအားအကြောင်း၊ တွင်းနက်ကြီးတွေအကြောင်း၊ ယေဘုယျဆက်နွှယ်မှုသဘောတရားတွေအကြောင်းကို နောင်လာနောက်သားတွေအတွက် မျှဝေပေးနေတုန်းပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပါမောက္ခဟော့ကင်းဟာ သူ့ရဲ့ သိပ္ပံပညာရပ်ထူးချွန်မှုတွေအတွက် ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူ့ဘဝရဲ့ အတွေ့အကြုံတွေကို ဝေမျှချင်တာကြောင့် ကိုယ်ရေးအထုပ္ပတ္တိစာအုပ် ၂အုပ်နဲ့ အခြားစာအုပ် ၁၅ အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဘွဲ့ပေါင်း ၁၂ဘွဲ့အထိ ရယူနိုင်ခဲ့ပြီး ဗြိတိန်အစိုးရက ချီးမြှင့်တဲ့ " Commander of the British Empire" ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။

သူဟာ ဆိုးဝါးတဲ့အခြေအနေတွေကြုံနေရရင်တောင်မှ ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူ့ဘဝမှာ အဖြစ်ချင်ဆုံးက အာကာသထဲမှာထဲမှာလို ဆွဲအားမရှိ၊ ခန္ဓာကိုယ်အလေးချိန်မရှိတဲ့ အခြေအနေမျိုးပါ။ ဒါကြောင့် သူဟာ ၂ဝဝ၇ ခုနှစ်မှာ weightless flight ကို စီးပြီး အာကာသထဲရောက်နေသလို ခံစားမှုကို ရယူခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်တစ်ခုက အာကာသထဲကို ကိုယ်တိုင်သွားချင်တာဖြစ်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ ကျွန်မတို့တွေဟာ တစ်ခါတလေ ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့် အကူအညီမဲ့ပြီး အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်တတ်ကြပါတယ်။ ဘဝရည်မှန်းချက်နဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမပြောပလောက်အောင် သေးငယ်တဲ့ အခက်အခဲလေးတွေကိုတောင် လက်လျှော့ချင်တတ်ကြပါတယ်။

ကျန်းမာရေးချို့ယွင်းပြီး ကောင်းကောင်းမလှုပ်ရှားနိုင်တဲ့ ပါမောက္ခဟော့ကင်းလို လူမျိုးကတောင် ဘဝကို အရှုံးမပေးဘဲ အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေနိုင်ခဲ့တယ်ဆိုရင် ကျွန်မတို့လို အကောင်းပကတိလူတွေကရော ဘာကြောင့် မလုပ်နိုင်ရမှာလဲ။

ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ အတွေးအမြင်ကောင်းတွေပဲ လိုအပ်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိတော့ ကြာကောင်းကြာလိမ့်မယ်။ ဒါပေမဲ့ တကယ်ပြောင်းလဲနိုင်လိမ့်မယ်ဆိုတာတော့ သေချာပါတယ်။

ဒါကြောင့် အရာရာကို အကောင်းမြင်ပါ။ သင်ဘယ်သူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ထိပဲ တွေးခေါ်နိုင်စွမ်းရှိရှိ၊ ဘဝမုန်တိုင်းတွေကနေ ရုန်းထွက်လိုက်ပါ။ မျက်ရည်တွေကို သုတ်လိုက်ပါ၊ နာကျင်မှုတွေကို မေ့ပစိလိုက်ပါ၊ ပျော်ရွှင်မှုတွေကို ခံစားပြီး အလုပ်တွေကို ပိုကြိုးစားလိုက်ပါ။ သင်ဖြစ်တဲ့ဘဝရောက်အောင် ကြိုးစားပြီး ပြောင်းလဲလိုက်ပါ။

မျှော်လင့်ခြင်းဆိုတာ ဘဝကို များစွာပြောင်းလဲစေနိုင်ပါတယ်။ ပါမောက္ခ စတီဖန် ဟော့ကင်း လိုပေါ့။

RIP

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 59404.52
ETH 2610.92
USDT 1.00
SBD 2.41