@angelhnin

in #myanmar6 years ago

အသုံးချချင်စိတ်နဲ့ မပေါင်းပါနဲ့ 


လူတစ်ချို့ က
လူတစ်ယောက်ကို
ပေါင်းသင်းတယ်ဆိုတာက
အကျိုးကိုလို၍
ပေါင်းသင်းတတ်ကြတယ်။
.
လူတစ်ချို့ က
အသုံးချရုံစိတ်ဖြင့်
ပေါင်းသင်းတတ်ကြတယ်။
.
လူတစ်ချို့ ကတော့
စိတ်ရင်းနဲ့ 
ပေါင်းသင်းတတ်ကြတယ်။
.
လူတစ်ချို့ ကတော့
အကျိုးကိုမျှော်ပြီး
အသုံးကျလို့ အသုံးချပြီးရင်
လွှင့်ပစ်ကန်ထုတ်တတ်ကြတယ်။
.
ကိုယ့်ကို အသုံးချပြီး
အသုံးမကျတော့တဲ့အချိန်
လွှင့်ပစ်ကန်ထုတ်ခံရရင်
ဘယ်လိုနေမလဲ...?
.
လောကမှာ
စိတ်ပျက်စရာကောင်းတဲ့ လူတွေက
လိုရင်တစ်မျိုး မလိုအပ်ရင်တစ်မျိုး
ဆက်ဆံတတ်တဲ့ ပုတ်သင်ညိုလို
အရောင်ပြောင်းတတ်တဲ့
လူတွေပါပဲ။
.
ကိုယ့်အပေါ်ကို
အနစ်နာခံ ပေးဆပ်တတ်တဲ့
လူကိုကျတော့ လိုချင်ကြပြီး
ကိုယ်ကတော့ ဖြူစင်ရိုးသားတဲ့
စိတ်ရင်းပေးဖို့ တွန့် တိုနေရင်
သေချာပါတယ်
ကိုယ့်လိုလူမျိုးနဲ့  တွေ့ ကြုံရမှာပါ။
.
ထို့ ကြောင့် ..,..
မပေါင်းချင်ရင် မပေါင်းပါနဲ့ 
.
ပေါင်းသင်းတော့မယ်ဆိုရင်လည်း .
စိတ်ရင်းနဲ့ ပေါင်းပါ။

Credit
မေတ္တာဖြင့်..,.. CHOLAY-Y.G
.
.
မေတ္တာ ရေအေး

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 59471.57
ETH 2618.20
USDT 1.00
SBD 2.40