သိမ်းငှက်နှင့်တူသောလူ

in #myanmar8 years ago

ခြစ်ခြစ်တောက်ပူနေသည့် သဲကန္တာရထဲတွင် သစ်ပင်တစ်ပင်ထဲသာရှိ၏။ ထိုသစ်ပင်သည် အပူဒဏ်ကို အံတု၍ အသက်ရှင်နေသည်။
တနေ့တွင် သဲကန္တာရကိုဖြတ်၍ သိမ်းငှက်တစ်ကောင် ရောက်လာသည်။ သိမ်းငှက်လည်း သစ်ပင်ကိုမြင်ပြီး သစ်ကိုင်းပေါ်တွင် နားလိုက်ပါသည်။ ပူခြစ်နေသည့် ပတ်ဝန်းကျင်ကိုကြည့်လျက် ပြောလိုက်သည်မှာ -
05-770x425.jpg
Images Credit - Original Source
"အို…သစ်ပင်ကြီး၊ အသင်ဟာ သိပ်ထူးဆန်းပါလား။ ဒီလောက်ပူနေတဲ့နေရာမှာ ဘာလို့ရှင်သန်နေတာလဲ။ ဘယ်သူကများ သင့်ကို လိုအပ်နေလို့လဲ"
"သင်ပါပဲ သိမ်းငှက်"
"ငါ ---- ဟုတ်လား ? ငါ မင်းကို မလိုအပ်ပါဘူး"
"မင်း ငါ့ကို မလိုအပ်ဘူးဆိုရင် ငါ့အကိုင်းပေါ် မထိုင်ဘဲ သဲပူပူပေါ်ထိုင်နေပါလား။ အခု မင်း ငါ့အကိုင်းပေါ်မှာ ထိုင်နေနိုင်တာ မင်း ငါ့ကို လိုအပ်လို့ပေါ့"
လူတစ်ချို့သည် ထိုပုံပြင်ထဲက သိမ်းငှက်နှင့်တူ၏။ မိမိကို တခြားသူက ကူညီပေးနေတယ်ဆိုတာကို မသိသည့်အပြင် ထိုသူအပေါ်တွင်ပင် ပြစ်တင်ဝေဖန်တတ်ကြ၏။ မိမိသည်သာအမှန် မိမိသည်သာ ကျွမ်းကျင်သူ တခြားသူများက မရောင်ရာဆီလူးနေသည်ဟု အပြစ်မြင်တတ်ကြသည်။
သူတို့ သတိမထားမိသည်မှာ သိမ်းငှက်ကဲ့သို့ ငှက်တွေပျံသန်းနိုင်ကြသလို သစ်ပင်ကြီးသည်လည်း အေးမြသည့်အရိပ်နှင့် လူသားတို့ အသက်ဆက်ရှင်ရန် အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်ပေးနိုင်ခြင်း ဆိုတာကိုပင်ဖြစ်၏။
မည်သူ့ကိုမျှ အထင်မသေးသင့်ပါ။ မိမိအပါအဝင် လူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ အစွမ်းအစကို အားပေးလက်ခံရပေမည်။ ထမင်းတစ်လုတ်စားခဲ့ဖူးသူသည် တစ်လုတ်ပြန်မကျွေးနိုင်လျှင်တောင်မှ ထမင်းလုတ်၏တန်ဖိုးကို အမှတ်တရ ရှိနေရမည် ဖြစ်ပါသည်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64125.65
ETH 1860.94
USDT 1.00
SBD 0.39