တီဘီရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုကိုပညာပေးခြင်း
ပြည်သူလူထုအား တီဘီရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးပညာပေးရာ၌ အောက်ပါအချက်အလက်များကို အသိပညာပေးရမည်။
တီဘီရောဂါသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် ကူစက်ရောဂါတစ်မျိုးဖြစ်ကြောင်း၊ မျိုးရိုးလိုက်သောရောဂါမဟုတ်ကြောင်း၊ တီဘီရောဂါကူးစက်ပျံ့ပွားပုံအကြောင်း၊ တီဘီရောဂါမှ ကာကွယ်ရန် နည်းလမ်းများ၊ တီဘီရောဂါသည် ကုသ၍ ပျောက်ကင်းသော ရောဂါဖြစ်ကြောင်း၊ တီဘီသံသယလူနာအဖြစ် သတ်မှတ်ရန် အဓိကလက္ခဏာများအကြောင်း၊ တီဘီသံသယလူနာ ရှာဖွေတွေ့ရှိပါက ညွန်းပို့ရန်နေရာ၊ တီဘီလူနာများအား အစွမ်းထက်သော တီဘီဆေးများဖြင့် မြိုနယ်တိုင်းတွင် အခမဲ့ ကုသပေးနေကြောင်း၊ တိုက်ရိုက်ကြည့်ရှု ဆေးတိုက်ကျွေးခြင်း၏ အရေးပါပုံအကြောင်း၊ တီဘီလူနာများအား ဆေးမှန်မှန်သောက်ရန် ပံပိုးကူညီပေးရန်၊ ညွန်ကြားထားသည့်အတိုင်း မသောက်ပဲ ဆေးကိုချန်၍ သောက်လျှင်သော်လည်ကောင်း၊ မကြာခဏ ဆေးသောက်ပျက်ကွက်နေလျှင်လည်းကောင်း၊ အလွန်အန္တရာယ်ကြီးမားပြီးကုသရန် ခက်ခဲသည့် ဆေးယဉ်ပါးသည့် ပြဿ နာဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားပေးပါသည်။
HIVအကြောင်း အသိပညာပေးခြင်း
HIVပိုးရှိနေသော လူနာတစ်ယောက်သည် အခြားသူများထက် တီရောဂါဖြစ်ရန် အလားအလာရှိ ကြောင်း၊ HIVပိုးရှိနေသော လူနာတွင် တီဘီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း၊ HIVပိုးကူးစက်နိင်သော နည်းလမ်းများ၊ မကူးစက်နိုင်သော နည်းလမ်းများအကြောင်း ရှင်းပြ၍ မိမိတွင် အန္တရာယ်ရှိသော အပြုအမူများရှိပါက ကူးစက်ခံရခြင်းမရှိရန်၊ ကာကွယ်မှုများ အသုံးပြုရန်၊ အမူအကျင့်များ ပြောင်းလဲရန် လိုအပ်ကြောင်း၊ မိမိမှ မိသားစုသို့ ရောဂါပျံ့ပွား ကူးစက်မှုကို ကာကွယ်နိုင်ခြင်း၊ အခြားသော နောက်ဆက်တွဲ ရောဂါများကို ကာကွယ်ကုသမှု ရရှိနိုင်ကြောင်း၊ မိမိ၏မိသားစုနှင့် ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြိုတင်စီစဉ်နိုင်ကြောင်း၊ HIV/AIDS အတွက်လည်း ဆေးကုသမှုခ့ယူနိုင်ကြောင်း စသည့်အကျိုးများကြောင့် HIVရှိ/မရှိ သွေးစစ်ဆေးသင့်ကြောင်း ရှင်းလင်းနိုင်သည်။
မှန်ကန်သောဆေးတွဲ၊ တိကျသောဆေးပမာဏ၊ မှန်ကန်သောနည်းလမ်းနှင့် သတ်မှတ်ထာသော အချိန်ကာလအထိ မကုသလျှင် ဆေးများယဉ်ပါးသွားနိုင်ကြောင်း၊ ဆေးယဉ်ပါးသောတီဘီရောဂါကုသရာတွင် ဆေးအမျိုးအစားများလာပြီ ကာလကြာရှည်လာကြောင်း၊ နောက်ဆုံးအဆင့်ကုသမှုဖြစ်ပြီး မိသားစုကိုလည်း ဆေးယဉ်ပါးသော တီဘီရောဂါကူးစက်နိုင်ကြောင်း။
ကျန်းမာရေးဗဟုသုတရကြပါစေ။
ဆက်လက်ဖော်ပြပါဦးမည်။
@ahtaroo
MSC- 004
ကျန်းမာရေး အသိပညာရလို့ကျေးဇူးပါ။
ဟုတ်ကဲ့ပါ
ဟုကြီးအတာ
ကျန်းမာရေး ဗဟုသုတပေးတဲ့အတွက် ကျေးဇူးပါ