သင်​ယခုဘာ​တွေလုပ်​​နေလဲ အပိုင်းအစ ဇာတ်​သိမ်းsteemCreated with Sketch.

in #myanmar7 years ago (edited)

သင်​ယခုဘာလုပ်​​နေသလဲ အပိုင်းအစ​လေးကို ဇာတ်​သိမ်းမယ်​ဗျာ။ ကျွန်​​တော်​​နောက်​ဆုံး​တွေ့မယ်​ လူက​တော့ ကဗျာဆရာပါ။ ကဗျာဆရာရဲ့နာမည်​က ကိုမိုး​ဇော်​။ သူရဲ့က​လောင်​အမည်​က ဒိုမီ​လေးပါ။ " ဟဲလို... ကဗျာဆရာကျန်းခန့်​သာလို့မာပါစ။ ခင်​ဗျားခုဘာ​တွေလုပ်​​နေသလဲ။ လုပ်​​နေတာ​တွေက​တော့ အများကြီး ခင်​ဗျားကသာ ဘာလုပ်​​နေတယ်​ဆိုတာကို သိချင်​တယ်​။ အနုပညာအလုပ်​လား၊ မိသားစုအလုပ်​လား၊ ရပ်​ကွက်​အလုပ်​လား။ ခင်​ဗျားတို့​​ပြော​ပြော​နေတဲ့ ကမ္ဘာကြီးပူ​နွေးလာပြီဆိုတဲ့ သစ်​ပင်​စိုက်​တဲ့အလုပ်​လား။ ဒီမိုက​ရေစီအလုပ်​လား။ ကျုပ်​စိတ်​ကိုကျုပ်​ မြင့်​မားယဉ်​​ကျေးလာ​အောင်​​စောင့်​ကြ၊ ​ပြောင်းလဲ​နေတဲ့ အလုပ်​လား... ကျုပ်​က ဘယ်​လို​ပြောရမလဲ... "မဟုတ်​ပါဘူး ကဗျာဆရာ ကျွန်​​တော်​​မေး​နေတာက ခင်​ဗျားဘာ​တွေလုပ်​​နေသလဲ ဆိုတာကို​မေးတာပါ... ခင်​ဗျားလုပ်​​နေတဲ့ အလုပ်​​တွေထဲက အကုန်​လုံးကို ​ပြောချင်​လဲရတယ်​။ ခင်​ဗျားတန်​ဖိုးထား ဦးစား​ပေးလုပ်​​နေတဲ့ အလုပ်​တစ်​ခုနှစ်​ခု​လောက်​ကိုပဲ ​ပြောချင်​လဲရတယ်​"

IMG_20170921_183134.jpg

"အင်း.. ခင်​ဗျားတို့ အင်​တာဗျူးသမား​တွေကလဲ အ​မေးနွား​ကျောင်းသား အ​ဖြေဘုရား​လောင်းဆိုတဲ့ လူစား​တွေပဲ" ရပါတယ်​၊ ကျွန်​​တော်​​ပြောပါမယ်​... (ကဗျာဆရာဆိုတဲ့လူ သူစကားတတ်​တိုင်း ​ပြောပုံကိုက ကျုပ်​ကနွား​ကျောင်းသားဖြစ်​ပြီး သူက ဘုရာ​လောင်းတဲ့ လုပ်​ပုံ လုပ်​ပုံ တတ်​နိုင်​ဘူး​လေ သူအ​ကြောင်းသိချင်​တာပဲ သည်းခံ​ပေါ့) ကျွန်​​တော်​အတွက်​က​တော့ ကျွန်​​တော်​ လုပ်​သမျှအလုပ်​​တွေဟာ အကုန်​အ​ရေးကြီး​နေတာပဲ... ကဗျာ​ရေးတဲ့အလုပ်​ဗျာ... အဲ့ဒါက​တော့ ကျွန်​​တော်​ရဲ့ ခံကတုပ်​ပဲ ဒါ​ပေမယ့်​ တစ်​သက်​လုံး ခံကတုပ်​ထဲမှာပဲ ဝင်​တိုက်​​နေလို့မရဘူး။ လစ်​ရင်​လစ်​သလို စစ်​​ကြောင်းဖြန့်​ပြီး ထွက်​တိုက်​​နေရတဲ့ အလုပ်​​တွေကလည်းအများကြီး။ ခင်​ဗျားတို့​က​တော့ လူပိန်း​တွေး​တွေးမှာပဲ ဒီလိုလုပ်​​နေတာဟာ ​အောင်​မြင်​ချင်​လို့လား။ ​ကျော်​ကြားချင်​လို့လား... မဟုတ်​ပါဘူး... ကျုပ်​လုပ်​ချင်​လို့လုပ်​​နေတာပါ။ (​ပြောပုံကိုကြည့်​ ကိုယ်​ကလူပိန်းဖြစ်​သွားပြန်​ပြီ) လူသန်း​ပေါင်းများစွာ အရက်​​သောက်​​နေကြသလို ​သောက်​ချင်​လို့​သောက်​တာ... ဘာဖြစ်​လဲလို့​ပေါ့ဗျာ...(အရက်​​အ​ကြောင်း​ပြောလာ​တော့ ကျွန်​​တော်​​​ဘော်​ဒါနှစ်​​ယောက်​​ကိုသတိရသွားသဗျ ​မောင်​သက်​​ဇော်​နဲ့ ​အောင်​​ဇော်​​ထွေး ဒီချိန်​ဆို သူတို့​ကောင်း​နေကြပြီ) ဒါ​ကြောင့်​ကျွန်​​တော်​လုပ်​​နေတာကို ဘာ​ကြောင့်​ လုပ်​​နေသလဲဆိုတာကို​တော့ ခင်​ဗျားတို့ ရိပ်​မိ​အောင်​​တော့ ​ပြောနိုင်​ပါတယ်​...။ (​တွေ့လား သိ​အောင်​လို့ မသုံးဘူး သူ​ပြောတာကို ရိပ်​မိယုံပဲရိပ်​မိမယ်​​ပေါ့)

"ဒါဆိုလဲ​ပြောဗျာ ကျွန်​​တော်​နား​ထောင်​ချင်​ပြီ"
"ဒါဆိုကဗျာအ​ကြောင်း ကျွန်​​တော်​စ​ပြောမယ်​ဗျာ၊ ကျွန်​​တော်​ဘာ​ကြောင့်​ ကဗျာ​ရေးသလဲဆို​တော့ စာမျက်​နှာ​တွေမှာပါချင်​လို့ ​ကျော်​ကြားချင်​လို့ဗျာ။ အဲ့ဒီလိုစိတ်​နဲ့ ကဗျာ​ရေးခဲ့တာ ၁၀နှစ်​​လောက်​​ပေါ့ အခု​တော့အဲဒီလိုစိတ်​​တွေနဲ့ မဟုတ်​​တော့ဘူး။ ယုံကြည်​ချက်​နဲ့ပဲေ​ရး​တော့တယ်​။ ဝမ်​ချက်​စတာ​သေနတ်​လိုပဲ တစ်​​တောင့်​ထိုး တစ်​ချက်​ပဲ ပစ်​မယ်​။ ပစ်​မှတ်​ကို ထိရမယ်​။ ခင်​ဗျားတို့ ​ရေးခိုင်းတိုင်းလည်း ​ရေးချင်​မှ​ရေးမယ်​။ ကျုပ်​​ရေးချင်းမှ ​ရေးမယ်​။ ခင်​ဗျားတို့မကြိုက်​လဲ ကျုပ်​ကဗျာကို ကျုပ်​အသိအမှတ်​ပြု သိမ်းထားမယ်​။ ဒီလို​ပြောလို့ ကျုပ်​ကို ကဗျာဆရာလို့ မထင်​လိုက်​ပါနဲ့။ ကျုပ်​ ကဗျာဆရာမဖြစ်​​သေးပါဘူး။ ကဗျာဆရာဖြစ်​ဖို့ ကြိုးစား​နေတဲ့ လူတစ်​​ယောက်​ပါ။ ကဗျာဆိုတာ ​မှော်​ရုံ​တောကြီးပါ။ ကျုပ်​က ​မှော်​ရုံ​တောအစပ်​ကိုပဲ ​ရောက်​​နေတဲ့ ကဗျာ​ရေးသူတစ်​​ယောက်​ပါ"။ "ကျုပ်​​ပြောတာကို ခင်​ဗျားရိပ်​မိလား" ဥပမာ... ကျွန်​​တော်​​ပြောမယ်​၊ စကားလုံး​တွေရဲ့. စွမ်းအားနဲ့ စကားလုံး​တွေက လျို့ဝှက်​နက်​နဲပြင်းထန်​ပုံဗျာ.... မာယာ​ကော့ဖ်​စကီးရဲ့ ​ဘောင်းဘီဝတ်​မိုးတိမ်​ ကဗျာတစ်​ပုဒ်​နဲ့ ပီကာဆိုရဲ့ ပန်းချီကားတစ်​ချပ်​၊ တန်​ဖိုးချင်းယှဉ်​ကြည့်​ရင်​ ဘယ်​ဟာက သာလိမ့်​မယ်​ထင်​သလဲ... ဒီ​နေရာမှာ​တော့ တန်​ဖိုးဆိုတာကို ခင်​ဗျား နားလည်​ဖို့လိုလိမ့်​မယ်​။ ပီကာဆိုရဲ့ ပန်းချီကားက သန်း တစ်​ရာရလို့ ပီကာဆိုရဲ့ ပန်းချီကားဟာသာတယ်​လို့ထင်​မယ်​... တကယ်​​တော့... မဟုတ်​ဘူးဗျာ... မာယာ​ကော့ဖ်​စကီးကဗျာနဲ့ ပီကာဆိုရဲ့ ပန်းချီကား တန်းဖိုးအတူတူပဲဗျ... အနုပညာတန်​ဖိုးအရည်​အချင်း အတူတူပဲဗျ... မာယာ​ကော့ဖ်​စကီးက စကားလုံးနဲ့ ပြုလုပ်​တယ်​။ ပီကာဆိုက အ​ရောင်​နဲ့ပြုလုပ်​တယ်​။ ဒါပဲကွာတယ်​ ကျန်​တာအတူတူပဲ။ ကမ္ဘာ​ကျော်​ကဗျာနဲ့ ကမ္ဘာ​ကျော်​ပန်းချီကား အတူတူပဲ​ပေါ့... ရှုပ်​သွားမလား... မရှုပ်​ပါနဲ့ ခင်​ဗျားဘာသာ ခင်​ဗျားစဉ်းစားပါ။ ဒီတစ်​ဘဝနဲ့တင်​ အချိန်​ရပါတယ်​။ အဲ့ဒီ​တော့ ကျုပ်​ဘာ​ကြောင့်​ ကဗျာ​ရေးလဲဆိုတာကို ခင်​ဗျားစဉ်းစားလို့ရပါပြီ...။

မိသားစုအ​ရေး၊ ရပ်​ကွက်​အ​ရေး၊ ကျုပ်​အသက်​၃၀ထိ ဘာမှမလုပ်​​ပေးခဲ့ဘူး။ ထိုင်​စား၊ ရန်​ဖြစ်​၊ ​သောင်း​ကျန်း ဒါ​တွေပဲလုပ်​ခဲ့တယ်​။ ဆင်​​ခြေက​တော့ အမှန်​တရားကို ရှာ​နေတယ်​​ပေါ့။ အခု​တော့ အရင်​လို မဟုတ်​​တော့ပါဘူး။ မိသားစု ရပ်​ကွက်​ကို ဒုက္ခမ​ပေး ကိုယ့်​ထမင်းကိုယ်​စားနိုင်​​အောင်​ ကိုယ့်​ဘဝကိုယ်​ ရပ်​တည်​နိုင်​​အောင်​ ကြိုးစား​နေပါတယ်​။ မိသားစုကိုအကျိုးပြု၊ ရပ်​ကွက်​ကို သန့်​ရှင်း​အောင်​ ကြိုးစား​နေပါတယ်​။ သစ်​ပင်​လည်း စိုက်​​နေပါတယ်​။ ကမ္ဘာကြီးကိုချစ်​လို့​တော့ မဟုတ်​ပါဘူး။ ကျုပ်​မိသားစုရပ်​ကွက်​ အရိပ်​ရ​အောင်​လို့ပါ။ ဆိုးတာက ကျုပ်​သစ်​ပင်​စိုက်​တယ်​။ မယ်​ဇယ်​ပင်​ အနှုတ်​ခံရတယ်​။ ကျုပ်​တို့လမ်း​လေး တံတားပြင်​လို့ ၁၀နှစ်​သက်​တမ်း​ကျော်​ ကသစ်​ပင်​​လေး အခုတ်​ခံရတယ်​။ ဒါ​တွေကို ကျုပ်​ဘယ်​သူ့ကို သွားတိုင်​ရမလဲ။ ဒီ​ကောင်​​တွေလိုပဲ ကျုပ်​ထွက်​ရိုက်​ရမလား။ ဒါ​ပေမယ့်​ ကျုပ်​အားမ​လျော့ပါဘူး။ သ​ပြေပင်​ထပ်​စိုက်​ပါတယ်​။ အိမ်​​ရှေ့မှာတံတားပြင်​ဖို့ ​ကျောက်​တုံး​တွေချတယ်​။ သ​ပြေပင်​​လေးပိသွားတယ်​။ ဒါ​ပေမယ့်​​ သ​ပြေပင်​​လေး မ​သေပါဘူး။ ​နောက်​ထပ်​သစ်​ပင်​သုံးပင်​​လောက်​ပဲ ထပ်​စိုက်​မှာပါ။ စိမ်း​ရောင်​စိုး သစ်​ပင်​စိုက်​ပျိုး​ရေးအဖွဲဆီက သစ်​ပင်​​တွေသွား​တောင်းပြီး ထပ်​စိုက်​ဦးမှာပါ။ ဒီမို​က​ရေစီဆိုတာ​တော့ ကျွန်​​တော်​သိပ်​မသိပါဘူး။ ကျုပ်​ကွမ်းယာထုပ်​ ပလပ်​စတစ်​အိတ်​ခွံ​လေးကို စည်းကမ်းတကျစွန့်​ပစ်​ပါတယ်​။ ကွမ်းတံ​တွေးကိုလဲ သန့်​ရှင်း​နေတဲ့ ကတ္တရာလမ်း​ပေါ်​တွေမှာ မ​ထွေးပါဘူး။ မီးပွိုင့်​ရဲ့ စည်းကမ်းကိုလဲ လိုက်​နာတယ်​။ ဒီ​လောက်​ပါပဲ။ ဖူကူးယားမားရဲ့ သမိုင်းနိဂုံးလိုပဲလိုချင်​တာ အကုန်​ရနိုင်​တဲ့ လစ်​ဘရယ်​ဒီမိုက​ရေစီ... ကမ္ဘာကြီးကလဲ အားလုံးရသွားတာကို မ​ကျေနပ်​နိုင်​​သေးဘဲ သမိုင်းတ​ကျော့ ပြန်​လည်​လာဦးမယ်​ ဆိုသလို​ပေါ့။ အ​ရေးကြီးတာက ဗိုလ်​ချုပ်​​အောင်​ဆန်း​ပြောသလို ကျွန်​​တော်​တို့ ​သောက်​ကျင့်​​တွေကို ပြင်​ရပါမယ်​။ ဒါဟာကမ္ဘာမှာ အခက်​ဆုံးအလုပ်​ပါ။ ကျုပ်​က​တော့ ကျုပ်​စိတ်​​တွေကို ​ပြောင်းလဲ​အောင်​ ​စောင့်​ကြည့်​​နေပါတယ်​။ အခု... ကျုပ်​အသက်​ ၃၆နှစ်​အတွင်းမှာ ချိုး​ကွေ့သွားတဲ့ ကျုပ်​စိတ်​အ​ပြောင်းအလဲကိုလဲ ​တွေ့​နေရပါတယ်​။ မလိုတာ​တွေကို ပယ်​ပြီး လိုတာ​တွေပဲ အားစိုက်​​နေရတဲ့ လမ်း​ပေါ်ကို ​ရောက်​လုနီးပါပြီ။ ကျုပ်​အခုလုပ်​​နေတာ​တွေက​တော့ ဒါပဲဗျာ....။

ကျွန်​​တော်​လည်းကျွန်​​တော်​၏ သင်​ယခုဘာ​တွေလုပ်​​နေသလဲဆိုတဲ့ IQ မှတ်​တမ်းကို အဆုံးသတ်​ရင်း ကျွန်​​တော်​အိမ်​က​လေး၏ ဝရံတာ​ပေါ်မှာပဲ ကျွန်​​တော်​အိပ်​​ပျော်​သွားပါ​တော့တယ်​....။

@ahtaroo
Photo Credit; ပန်းချီ သွန်းခ

Sort:  

great post ahtaroo! keep it up! and thanks again for following!

Thank you bro

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဖတ်လို့ကောင်းတယ်ဗျာ

ကျေးဇူးညီ

ကာတွန်းပုံ​လေး​ကော အ​ရေးအသားအ​တွေးအခ​ကောင်းတယ်​ဗျာ
တခုပဲပြင်​စရာရှိတယ်​ အရက်​သမားဆိုတဲ့​နေရာ ​အောင်​​ဇော်​​ထွေးတစ်​​ယောက်​ပဲထားလို့မရဘူးလားဟင်

ရ​တော့ဘူး နိကမူးရင်​ရွာထဲပြသနာရှာတာကိုး😂😂😂

ဗဟုသုတ တော်တော်ရှိတဲ့ ကိုအတာပါဗျာ
ကျေးဇူးတင်ပါတယ် ကိုအတာရေ
ကိုအတာရဲ့postမှာ ခုလိုပါဝင်ခွင့်ရတာကိုပဲ
ဝမ်းသာနေမိတယ်ဗျာ

ဒါနဲ့ ကိုအတာ
ကဗျာဆရာရဲ့အသက်က နှစ်မျိုးဖြစ်နေတယ်
အနော်တို့က နှစ်ယောက်မို့ နှစ်မျီုးဖြစ်သွားတာပဲဖြစ်ရမယ်😁😁😁😁👏👏👏👏👏👏

ဟီး
ကျွန်တော်.စာဖတ်တာလောသွားတာဗျိုး
အထိ ဆိုတာနဲ့ အခု ဆိုတာကို
သေသေချာချာ မဖတ်မိတာ😁

ဟုတ် ကိုအတာ
ကျေးကျေးပါဗျာ
ကျွန်တော်စာဖတ်တာ
တစ်ခါတစ်လေ ဗမာ မဖြစ်ပဲ ရှမ်းဖြစ်သွားတယ်..
လျှမ်းပြီး ကျော်ကျော်သွားတယ်😁😁

နောက်​တစ်​ခါရှမ်းကြီးအ​ကြောင်း​ရေးမယ်​​ဝေ့

ရေးပါဝေ့ 😁🏂🏂🏂

ဒီလိုကိုမိုး​ဇော်​ရ ​ပြောချင်​တာက သူ့အသက်​၃၀ထိဘာမှမလုပ်​ခဲ့ဘူး ၃၀​နောက်​ပိုင်းမှ မိသားစုရပ်​ကွက်​အတွက်​စလုပ်တာ ၃၆က အခု​ရောက်​​နေတဲ့အသက်​ကိုရည်​ညွှန်းတာပါ

ဇာတ်သိမ်းပီလားဟ နှမြောစရာ :-D

သိမ်းလိုက်​ပြီ

ကိုယ်တက်နိုင်တဲ့ဘက်ကနိုင်ငံအကျိုးပြည်သူအကျိုးသယ်ပိုးနေတယ်လို့မြင်တယ်ဗျာ

မှန်​ပဗျာ

တော်သေးဟ ငါမပါသေးလို့ ကျေးဇူးတင်ပါတယ်

သီးသန့်​လာမယ်

ကဗျာ ဆရာဆိုကာဖြင့်
တို့နှစ်ယောက်ကို ပေါင်းစီးပါလို့
အကြောင်းကြီးအောင် သူဆွယ်
အို . . ကိုမိုးဇော်ရယ် မြင်လှည့်စမ်းပါဦး ။
အထွေးနဲ့အသက်ကယ်က
ပေါင်းဖက်ညီ အရက်သမား
တို့များအကုန် သူဖန်တီးတတ်တယ်
အကြံရယ်ထူး အတာဦး ။
အကြံထူးရယ် အသွယ်သွယ်နဲ့
သစ်ပင်ရယ် စိုက်မကြီးနိုင်လို့
ခါတစ်လေ တမူထူးခါဖြင့်
မူးတတ်တဲ့အရူး အတာဦး ။

ကွီးအတာ စိတ်မဆိုးရဘူးနော် ဦးနဲ့နောက်ဆုံးကာရန်ညီတာ အဲ့ဒီ ရူးလေးဘဲ တွေ့မိလို့ပါ ။

😁😁😁😄😄😄
အဟေ ဟေး
ကိုအတာနဲ့တွေ့မှပဲ ကဗျာဆရာတွေက စိတ်တူကိုယ်တူနဲ့
စည်းလုံးညီညွတ်တယ်ဆိုတာသိတော့တယ်ဗျိုး
နှစ်ယောက်ကနေ တစ်ယောက်ဖြစ် 😄😄😄

😁😁😁😁

အရူး​နေရာ ဦးထည့်​လဲရပါတယ်​​အေ

ရဘူး ရဘူး edit ကိုး ပြန်မလုပ်ဖူး

😂😂😂😂

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60526.80
ETH 2335.69
USDT 1.00
SBD 2.53