သင်ယခု ဘာတွေလုပ်နေလဲ အပိုင်းအစ ၁
ကျွန်တော်တစ်ယောက်ထဲ ဝရံတာမှာထိုင်ရင်း မီးခိုးငွေ့လိုအတွေး ပွားနေမိသည်။ တစ်ယောက်ထဲ ကျွန်တော်နှင့်ကျွန်တော် စကားပြောနေခြင်းဆိုသည်ကပို၍မှန်လိမ့်မည်။ လူရွှင်တော်ဇာဂနာတစ်ယောက် ထောင်မှလွတ်လွတ်ချင်း ပြက်လုံးတစ်ခုကို ကျွန်တော်ကြားရသည်။ ပြက်လုံးမှာ အိုင်းစတိုင်းနှင့် လူလေးယောက်တွေ့ဆုံခန်းဖြစ်သည်။ အိုင်းစတိုင်းနဲ့ ပထမဆုံးတွေ့ဆုံသူက ကျွန်တော်မှာ IQ 170 ရှိသည်ဟုပြော၏။ ထိုအခါ အိုင်းစတိုင်းက ဒါဆို ခင်ဗျားနဲ့ ကျွန်တော်ကွမ်တမ်သီအိုရီအကြောင်း ပြောကြရအောင်ဟုဆို၏။ ဒုတိယတစ်ယောက်က ကျွန်တော်မှာ IQ 150 ရှိသည်ဟုပြော၏။ ထိုအခါ အိုင်းစတိုင်းက ဒါဆို ခင်ဗျားနဲ့ ကျွန်တော်သချာင်္အကြောင်းပြောရအောင် ဟုဆို၏။ နောက်တတိယတစ်ယောက်ကလဲ ကျွန်တော်မှာ IQ 120 ရှိသည်ဟုပြော၏။ အိုင်းစတိုင်းကလည်း ဒါဆို ခင်ဗျားနဲ့ ကျွန်တော်ရုပ်ရှင် အကြောင်းပြောရအောင် ဟုဆို၏။ နောက်ဆုံးတစ်ယောက်ကတော့ မျက်နှာငယ်လေးနှင့် ကျွန်တော့်မှာ IQ 50 ရှိတယ်ဆို၏။ ထိုအခါ အိုင်းစတိုင်းက ဒါဆို လွတ်တော်ထဲမှာ ခင်ဗျားဘာတွေပြောခဲ့လဲ ဟူသောမေးခွန်းနဲ့အဆုံးသတ်ထားပါတယ်။ ပြက်လုံးကတော့ ဘုရားပွဲတွေမှာ ပြတ်နေကြတဲ့ မရယ်မနေရအောက်လုံး အပေါစားပြက်လုံးမျိုး မဟုတ်ပါ။ စဉ်းစားစရာတွေ တစ်ထွေးကြီးဖြင့် ပြုံးရုံသာ ပြုံးရုံထားခဲ့သောပြက်လုံးဖြစ်ပါသည်။ ထိုအခါ ကျွန်တော့်မှာလဲ ဇာဂနာပြက်လုံးကို ပြုံးပြီးဆက်တွေးကြည့်ပါသည်။ လွတ်တော်အမတ်က IQ 50 ပဲရှိတယ်ဆို့တော့ ကျွန်တော်တို့ပြည်သူတွေက IQ 20ပဲရှိလို့ပေါ့လို့။ ဒါကကျွန်တော်ရဲ့ပြက်လုံးသာ။ သို့သော်ရယ်စရာမဟုတ်ပါ။ ပြက်လုံးဆိုတာဘာလဲ ကျွန်တော်မသိပါ။ လူတွေကို ပျော်ရရုံသက်သက် တစ်ဘဝလုံး လုပ်ပေးနေရတာ ပြက်လုံးလား။ လူသားတွေရဲ့ ဥာဏ်ရည်မြင့်မားလာစေရန် မှတ်သားလွယ်စေတဲ့ ရယ်စရာတွေနဲ့ တံတားထိုးခေါ်ဆောင်ပေးနေတဲ့ ဟာသရသလား။ ချာလီချက်ပလင်လား၊ Mr. Beanလား၊ ဓာတ်ဆီ၊ ဓာတ်ဆံ ဇာဂနာလား ကျွန်တော်မသိပါဘူး။ ထို့ကြောင့် ကျွန်တော်ဆက်တွေးနေပါသည်။ ကျွန်တော့်ကိုကျွန်တော် မေးခွန်းထုတ်နေပါသည်။ ကျွန်တော်နှင့် ကျွန်တော်စကားတွေ ဆက်ပြောနေကြပါသည်။
IQ ဆိုတာဘာလဲ။ IQဆိုတာ ဥာဏ်ရည်ဥာဏ်သွေးလား။ နှလုံးရည်လား။ စွန့်ဦးတီထွင်သူတွေ၊ လူသားအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွင်နေသူတွေ၊ သူတို့တွေဟာ IQ အမြင့်ဆုံးလူသားတွေလား။ IQ တွေရှိတယ်။ IQ တွေ တိုင်းတာလို့ရတယ်ဆိုတာကို ကျွန်တော်ယုံပါတယ်။ IQ တွေတစ်ယောက်နဲ့ တစ်ယောက်မတူဘူး ဆိုတာလည်း ယုံပါတယ်။ ဥပမာ... လက်ဗွေရာတွေတစ်ယောက်နဲ့ တစ်ယောက် မတူသလိုပေါ့။ IQ နဲ့ပတ်သက်ပြီး ဆရာဝန်ကောင်မလေးတစ်ယောက်ကို ကျွန်တော်နောက်ဖူးပါတယ်။ ငါ့ကို IQ မြင့်အောင်လုပ်ပေးစမ်းပါလို့။ ငါတို့ဆေးပညာလောကမှာ မပေါ်သေးဘူးလို့ ကောင်မလေးကပြန်ပြောပါတယ်။ ကျွန်တော်လည်း ကျွန်တော်ဘာသာကျွန်တော် IQ မြင့်အောင်လုပ်တော့မယ်လို့ ဆုံဖြတ်လိုက်ပါတယ်။ IQ အကြောင်း ကကြီးကနေ အ အထိဖော်ပြထားတဲ့ စာအုက်တွေလိုက်ရှာပါတယ်။ မတွေ့ပါဘူး။ ကျွန်တော့ရှာတာညံ့လို့ဖြစ်မှာပါ။ သိုသော် ကျွန်တော်ရဲ့ IQ ကို ကျွန်တော်စောင့်ကြည့်နေပါတယ်။ ကျွန်တော် IQ ကိုပဲ ကျွန်တော်ဖွင့်ဖတ်နေရပါတယ်။
IQ ဆိုတာလူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးလို့ပဲ ကျွန်တော်ထင်ပါတယ်။ လူတစ်ယောက်ရဲ့ ဝတ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံတွေကို ကြည့်ရုံနဲ့သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို နည်းနည်းခန့်မှန်းလို့ရတယ်လို့ ဆိုကြပါတယ်။ တစ်ချို့တွေကလဲငွေရှာကောင်းတဲ့ ချမ်းသာကြွယ်ဝတဲ့လူတွေကို IQ မြင့်တဲ့လူတွေလို့ပြောကြပါတယ်။ ကမ္ဘာကျော် လူကောင်းတွေရော ကမ္ဘာကျော်လူဆိုးတွေရော သူတို့တွေရဲ့ IQ ကို မစစ်လိုက်ရတာ ကျွန်တော်တို့ရဲ့ နစ်နာချက်ပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ IQ ကိုကျွန်တော်တို့ မစစ်လိုက်ရဘူးမဟုတ်လား။ ထို့ကြောင့်ကျွန်တော်ဖာသာ ကျွန်တော်တစ်ယောက်ထဲ IQ စစ်စခန်းကိုဖွင့်လှစ်မိနေပါတော့တယ်။ ကျွန်တော်ဖာသာကျွန်တော် စစ်မယ့် IQ စစ်စခန်းရဲဥပဒေသ ခေါင်းစဉ်ကိုတော့ သင်ယခုဘာတွေလုပ်နေသလဲ ဆိုတဲ့ ခေါင်းစဉ်ပေးလိုက်ပါတယ်။ သင်ယခုဘာတွေလုပ်နေသလဲ ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ကျွန်တော်ရဲ့ IQ ရှာပုံတော်ဖွင့်ပါတယ်။
ကျွန်တော်စိတ်ကူးထဲမှာပထမဆုံး စတင်တွေ့ဆုံဖို့ပေါ်ပေါက်လာသူကတော့ ကျွန်တော်နဲ့ ဆိုးဖော်ဆိုးဖက် ကျော်ကြီးပါ။ ဟေ့ကောင်... ဇော်ကြီး... မင်းအခုဘာတွေလုပ်နေသလဲလို့ မေးတော့ ကျော်ကြီးက အေး.. အခုငါ့အဖေပေးစားတဲ့ မိန်းမတစ်ယောက်ယူထားတယ်။ အဖေပေးတဲ့ ခြံတစ်ကွက်ယူပြီး အဖေဖွင့်ပေးတဲ့ စားသောက်ဆိုင်ဖွင့်ထားတယ်။ အလုပ်လုပ်တယ် ညအရက်သောက်ပြီး မိန်းမနဲ့အတူအိပ်တယ်။ ဒါပဲ့ပေါ့ကွ တခြားကော ဘာတွေလုပိသေးလဲဆို့တော့...ဟ... ဘာတွေလုပ်ရမလဲကွ အော်.. သိပြီ.. သိပြီ မင်းငါ့ကိုမေးချင်တာက မူးယစ်ဆေးဝါး မှီဝဲသေးလားဆိုတဲ့ကိစ္စ။ အဲ့ဒါတော့ ငါမလုပ်တော့ဘူးဟု ပြော၏။ ထိုအခါ ကျွန်တော်ကမဟုတ်ဘူးလေ... တခြားဘာညာကွိကွ ဘယ်သူ့ကို ဘယ်လို ဘယ်သူငယ်ချင်းကိုဘယ်လို ကူညီနေတဲ့ကိစ္စတွေကို ပြောတာ။ အော်... အေး... ကိုဖိုးခွားကြီးကတော့ ငါ့ဆီတစ်ပတ်တစ်ခါလောက် အရက်ဖိုးလာတောင်းတာပဲ။ ငါလဲပေးလိုက်တာပေါ့။ ပြီးတော့ဆိုင်ကချာတိတ်တွေကို ညွှန်ကြားဆုံးမ ပျော်အောင်ထား ဒီလောက်ပဲပေါ့။ အဲ့တာဆိုကျော်ကြီး မင်းတစ်ခြားဘာမှ မလုပ်တော့ဘူးလား။ လုပ်မယ်လို့ ရည်ရွယ်ထားတဲ့အလုပ်ကောမရှိဘူးလား... ဟ... ဒီလောက်ကောင်းနေတဲ့ဘဝ ငါကဘာထပ်လုပ်ရဦးမှာလဲ.... ချမ်းသာအောင်လုပ်မယ်... ငါ့မိသားစုနဲ့နေမယ်.... ပြီရင်ဒီခြံကြီးထဲမှာသေမယ်...ပြီးပြီပေါ့...ဘာလဲ... မင်းကပညာလေးမတောက်တခေါက်တတ်တယ်ဆိုပြီး ဘုန်းကြီးစာချမလို့လားကွ....။ မဟုတ်ပါဘူးကွာ... ငါ့သူငယ်ချင်းတစ်ယောက် အသက်၃၀ကျော် ထောင်ထွက်တစ်ယောက် ဘယ်လောက်ထိ ပြောင်းလဲသွားပြီလဲဆိုတာ သိချင်လို့ပါ.. ကျော်ကြီးရေ...ငါသွာပြီး...။
နောက်သူငယ်ချင်းများအကြောင်း ထပ်လာပါဦးမယ်
အတာဦး
Photo credit ; google image
ထောက်ကွက်မရှိအောင် ကေင်းတယ်လို့ပြောချင်တာ၊ နားမလည်တာလေးတစ်ခု ပါလာလို့မေးပါရစေ(မပေည်သေးဘူးလို့ ) ဒါဘာကိုပြောတာလဲ။ ဒါလေးလဲမသိဘူးဖြစ်နေလို့ပါ (မိန်းမတစ်ယေညက်ယူထားတယ်။)။
ကိုအတာရေ တစ်ခုတော့ပြောမယ် မိုးကုတ်ဆရာတော်ကြီးရဲ့စကားပါ၊ ကျွန်တော့ ဆရာရဲ့အိမ်ဘုရားကျောင်းဆောင်မှမာကပ်ထားတာ၊ ကျွန်တော့ဆရာက ဦးစိုးဝင်း တဲ့၊ ကပ်ထားတဲ့စာက "စိုးဝင်း မင်းတစ်ယောက်ထဲ တည့်အောင်နေ"
ဟုတ်ဆရာ အမှားပြင်ပေးတာကျေးဇူးတင်ပါတယ်
ဇော်ကြီး ကျော်ကြီးနဲ့. ကိုအတာ သူငယ်ချင်းသုံးယောက် 😄😄😄
😂😂😂
ကောင်းပါတယ်ဆရာအတာဦးခင်ဗျာ များများတွေးပေး ပါ များများရေးပေးပါ
ခါလီချင်ပလင် တော့မကြားဘူးပါ ချာလီချက်ပလင် နဲ့ ညီအစ်ကိုလားဆရာအတာ အတွေ့အကြုံလေးတွေသိရတော့ ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ ဆက်ပါဦးခင်ဗျာ အားပေးနေပါတယ်ဗျာ
ပြင်လိုက်မယ်ဘဒို 😁😁😁😁
good post ပါ ကိုအတာရေ!
ကျေးဇူးပါအကို
နာဘာ့လုပ်ဘာပု
😂😂😂