ကျွန်ုပ်နှင့်ရွှေအိုရောင်အလွမ်းတေး ဇာတ်သိမ်း
ညနေတိုင်း... ညနေတိုင်း... ဆိုင်းဘုတ်အောက်တွင် ထိုင်ရင်းကွမ်းယာဝါးရင်း... ဒီလမ်းထဲဖြတ်လျှောက်လာသမျှ မိတ်ဟောင်းဆွေဟောင်းတွေကို လက်ပြနှုတ်ဆက်ရခြင်းမှာလည်း လေ့ကျင့်ခန်းတစ်ခုလို ရုပ်နှင့်စိတ်ကိုနုပျိုစေပြီး သူ့ဘဝကြီးကို ပိုမိုအဓိပ္ပါယ်ရှိစေလေသည်။
သူမျက်လုံးဖွင့်ကြည့်မိတော့ ဘေးမှာ သားတွေသမီးတွေ၏ ဆွေးမြေ့နေသော မျက်လုံးနှင့်တည့်တည့်တိုးမိလေ၏။
"အဖေ... အဖေ... သတိရပြီနော်"
"အဲ့တာကြောင့်ပြောတာပေါ့။ စက်ဘီးနဲ့ တစ်ယောက်တည်း လျှောက်လျှောက်မသွားပါနဲ့လို့"
လေးလံခြောက်သွေ့နေသော သူ့ပါးစပ်ဖျားမှစကားသံတို့ အလောတစ်ကြီးထွက်ကျလာသည်။ "တစ်ထောင်... တစ်ထောင်... ငါ့ပိတောက်မြိုင်"... "အဖေတစ်ထောင်ရှိပါတယ်... အဖေ လက်ဖက်ရည်သွားသောက်မယ်ဆိုလို့ သားပေးလိုက်တာလေ... ဒီမှာ... အဖေအိတ်ကပ်ထဲမှာ...."
"တော်သေးတာပေါ့။ ဘာမှမဖြစ်လို့... အဖေ့စက်ဘီးကိုကားပွတ်မိတာ၊ အရင်အဖေတို့အိမ်ကို ဝယ်သွားတဲ့လူကြီးဖြစ်နေလို့ တော်သေးတာပေါ့"
"ဟုတ်တယ်... သူက အိမ်ထဲကိုကားနဲ့ကွေ့အဝင်၊ အဖေကအိမ်ထဲကို စက်ဘီးနင်းရင်း လှမ်းငေးနေလို့ သူ့ကားနဲ့ပွတ်မိတာလို့ပြောတာပဲ..."
"ညနေတစ်ခေါက်လာဦးမယ်... အစစအရာရာ သူတာဝန်ယူပါတယ်တဲ့... လောလောဆယ် ယာယီသုံးဖို့ဆေးဖိုးတစ်သိန်းပေးသွားတယ်... စက်ဘီးကိုလည်း အသစ်တစ်စီးဝယ်ပေးမယ်တဲ့..."
သားသမီးတွေက တစ်ယောက်တစ်မျိုး သူဘာမှမသိလိုက်သည့်ဖြစ်စဉ်ကိုရှင်းပြနေကြသည်။ ခေါင်းထဲနည်းနည်းတောက်နေသော်လည်း သူအားယူပြီးထိုင်ဖို့ကြိုးစားလိုက်သည်။
"ဖြေးဖြေး... ဖေဖေ.. ဖေဖေ..."
အငယ်ဆုံးသားက သူ့ကိုထိုင်နိုင်အောင်တွဲထူပေးလိုက်သည်။ " အဲဒီ... အဲဒီ... အိမ်ကကားနဲ့တိုက်မိတာ... ဟုတ်လား" သားသမီးတွေကပြိုင်တူခေါင်းညိပ်ပြကြပြီး "ညနေကျအဖေ့ကိုလာကြည့်လိမ့်မယ်" "ဘာညနေကျငါဆီလာမယ်..." ကယောင်ကတမ်းဖြင့် သူခန္ဓာကိုယ်တစ်ခုလုံးပွတ်သပ်စမ်းမိသောအခါ ဒဏ်ရာဟူ၍ ကြီးကြီးမားမားမတွေ့ရ။ ကျောက်လမ်းနှင့်မေးစေ့ရိုက်မိပြီး သူခဏသတိလစ်သွားခြင်းပင်ဖြစ်သည်။ သားသမီးတွေကိုတစ်ခါမှအမိန့်မပေးဖူးသောသူ ဒီတစ်ခါတော့ သားသမီးတွေကျု အသံမာမာဖြင့် အမိန့်ပေးမိလေတော့၏။
"အငယ်ကောင်၊ မင်းကဆိုက်ကားတစ်စီးသွားငှါး... သမီးက ပစ္စည်းတွေသိမ်း... အခုပဲ... အဖေတို့ဆေးရုံကဆင်းကြမယ်"
ထိုအချိန်တွင် ကန့်ကွက်သ့တွေဆူညံကာသွားလေသည်။
"ဘယ်ဖြစ်မလဲအဖေရ... ဆေးရုံဆိုတာ ဆာရာဝန်ကြီးတွေဆင်းခွင့်ပြုမှဆင်းလို့ရတာ"
"ဒီတစ်ညလောက်တော့နေလိုက်ပါဦး... အဖေ"
"မနက်ဖြန်မနက်ဆရာဝန်ကြီးတွေRound လှည့်မှဆင်းဖို့ပြောကြည့်ပေါ့"
သားသမီးတွေရဲ့ကန့်ကွက်သံတွေကြားမှာပဲ သက်ပြင်းမောတစ်ခုကိုချလိုက်ရင်း ခုတင်ပေါ် သူပြန်လှဲနေလိုက်သည်။ သူ့မျက်နှာချင်းဆိုင်မှာချိတ်ထားသောနာရီကိုကြည့်လိုက်တော့ နေလည်၃နာရီတိတိ။ ညနေဆိုလာမယ်တဲ့.... ညနေဆိုလာမယ်တဲ့...။ မျက်စိကိုစုံမှိတ်လိုက်ရင်း ခန္ဓာကိုယ်ကို တစ်ဖက်လှည့်ကာတစ်စုံတစ်ခုကိုကြောက်ရွံ့နေသော သူမျက်နှာပေါ်က အရိပ်အငွေ့တွေကို သားသမီးတွေမြင်သွားမှာစိုးရိမ်စိတ်ဖြင့် သူအိပ်ဟန်ပြုလိုက်သည်။
ရွှေဝါရောင်ကောင်းကင်ထဲတွင် တိမ်တွေတရွေ့ရွေ့မျောနေကြ၏။
ဆိုက်ကားပေါ်ထိုင်ရင်း သူခန္ဓာကိုယ်တစ်ခုလုံး ရွှင်မြူးပေါ့ပါးနေသလို ခံစားရသည်။ အိပ်ကပ်ထဲတွင် မနေ့ကတည်းက တည်ရှိခြဲ့သော တစ်ထောင်တန်တစ်ရွက် အားကိုးဖြင့် ညနေ၅နာရီတိတိမှာ ဆေးရုံထဲမှ သူနေထိုင်ရာအိမ်သို့ ငှက်တစ်ကောင်လို့ သူထွက်ခဲ့ခြင်းဖြစ်သည်။ ဒီလိုထွက်နိုင်ဖို့ တစ်နာရီနီးပါး အိပ်ချင်ယောင်ဆောင်ပြီးသူစောင့်ခဲ့ရသည်။ အလုပ်သင့်သောအလုပ်ကို သူလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိသော်လည်း သူလုပ်ခဲ့မိသည်။ အရေးကြီးတာက ညနေတွင် လာမယ်ဆိုသောသူနှင့် မတွေ့ရန်ပင်ဖြစ်သည်။ အရာရာကိုသူရင်ဆိုင်ရဲသည်။ သိုသော် ဒီတစ်ညနေကိုတော်ဖြင့် သူရင်မဆိုင်ရဲပေ။
၆လမ်းသွားလမ်းမကြီးပေါ်တွင် စက်ဘီးကိုယ်စီဖြင့် ကျိုင်းအုပ်ကြတစ်အုပိလို အလုပ်ပြန်လာကြသော မြို့သစ်သူ မြို့သစ်သားများ၏ အသံများဖြင့်ဝေစီလျက်ရှိသောညနေ။ ဟိုး... အဝေးမှိုင်းမှိုင်းမှုန်တောင်တန်းကြီးတွေ ဆီထွက်ခွာသွားကြသည့် ကြွပ်ဆတ်ဆတ်လေညှင်းများနှင့်ညနေ။ နန်းမြို့ရိုးထဲက နေလုံးဟာတစ်စတစ်စကျွံဝင်လို့ ညဆီရောက်ဖို့ မရပ်မနားပြေလွားနေရတဲ့ ညနေ။
တိမ်လိုလေလို လွင့်ရပေဦးမယ်။ ညနေ။ နာနာကျင်ကျင် တေးတစ်ပုဒ်လိုအလိုဆန္ဒများ ထစ်အနေခဲ့တဲ့ညနေ။ အထီးကျန်လယ်ကွင်းတွေထဲ လေတွေတဟူးဟူးတိုက်ခိုက်နေတဲ့ညနေ။ ကနောင်မင်းသားကြီးရဲ့ညနေ... မြို့မငြိမ်းရဲညနေ... ညနေ...။
သူအတွက်တော့ ဂုဏ်သိက္ခာတစ်ခုအတွက် ထွက်ပြေးလာခဲ့ရသော ညနေတစ်ခုပင် ဖြစ်လေတော့၏။
စာကအတောာ်ကောင်းတယ်၊ ရသကိုထိမိအောင်ပေးနိုင်စွမ်းတယ်၊ စာဖတ်သူကို တဆင့်တဆင့် မြင့်အောင်ခေါ်သွားနိုင်တယ်၊ ဝါကျဖွဲ့စည်းပုံကလည်းတိုတိုနဲ့ထိမိတယ်။စာဖတ်သူကို ပဟေဠိ လေးနဲ့ထိန်းညှိထားသေးရဲ့၊ ဆိုးတာက ကိုယ့်စာကိုယ် မတင်မီသေသေ ချာချာ ပြန်စစ်ပါဆရာ၊ ဒီပုံမျိုးလည်းထည့်စေချင်ပါရဲ့-
ဟုတ်ကဲ့ပါဗျ
very nice post,bro!
I've upvoted your post!
Thank you bro
အရန်းဖတ်လို့ကောင်းပြီဆို လေးထောင့်တုန်းလေးတွေကြားထဲကခံခံသွားတယ် ဗျာ ကျွှန်တော့်ဖုန်းကြောင့်ဖြစ်တာလား steemit ကဖြစ်တာလားမသိဘူး ကျွှန်တော်ရေးထားတာဖတ်ရင်ရောဖြစ်လားဟင်
Note ထဲရေးပြတင်ထားတာပဲ
သူက သင်ပေးပါဦးတဲ့
အမလေး ပြန်သင်ပေးပါဗျာ
အရမ်းကောင်းလို့
ပုံလေးတွေဘာလို့မထည့်တာလဲ
နောက်တစ်ခါပုံထည့်မယ်ဗျ
Question? What language is this sir.
Thit is Myanmar language
Thank you