ကျွန်​​တော်​နှင့်​ အင်္ကျီများ အပိုင်း ၁steemCreated with Sketch.

in #myanmar7 years ago

ကျွန်​​တော်​တွင်​ အင်္ကျီများစွာရှိပါသည်​။ လူတိုင်းတွင်​လဲ အင်္ကျီများစွာရှိပါသည်​။ ကျွန်​​တော်​သည်​ အင်္ကျီဝတ်​ပါသည်​။ လူတိုင်းသည်​လည်း အင်္ကျီဝတ်​ပါသည်​။ လူတိုင်းဝတ်​သည့်​ အင်္ကျီများမှာ တစ်​ခါတစ်​ရံတွင်​ တူညီကြပြီး အမြဲသဖြင့်​ မတူညီကြပါ။ ကျွန်​​တော်​ဝတ်​သည့်​အင်္ကျီများမှာ​တော့ သာ၍ပင်​ မတူညီကြပါ။ ကျွန်​​တော်​ဝတ်​သည့်​ တစ်​ချို့ အင်္ကျီများမှာ ပုံစံတူပြီး အ​ရောင်​မတူကြပါ။ တစ်​ချို့ အင်္ကျီများမှာစာတန်းပါ၍ တစ်​ချို့ အင်္ကျီများမှာ ဒီဇိုင်းရုပ်​ပုံပါကြပါသည်​။ ယခုအချိန်​ထိ ကျွန်​​တော်​ အင်္ကျီ​ကောင်း​ကောင်းမဝတ်​တတ်​​သေးပါ။ ငယ်​ငယ်​တုန်းကလည်း မဝတ်​တတ်​​သေးပါ။ ထို့​ကြောင့်​ ကျွန်​​တော်​ဝတ်​ခဲ့​သော အင်္ကျီများအ​ကြောင်းကို ယခုမှပင်​ ကျွန်​​တော်​ပြန်​လည်​​တွေး​တောစဉ်းစားကြည့်​မိပါသည်​။ အင်္ကျီဆိုသည်​မှာ လူတစ်​​ယောက်​၏ ကိုယ်​ပိုင်​အမှတ်​တံဆိပ်​ ကိုယ်​ယုံကြည်​ရာအရိပ်​တစ်​ခုနှင့်​ ထိစပ်​ပတ်​သက်​​နေ​လေသလားဆိုတာ စိတ်​ကူးများဖြင့်​ ကျွန်​​တော်​ဝတ်​ခဲ့​သော ကျွန်​​တော်​ဝတ်​ဆဲ​သော ကျွန်​​တော်​ဆက်​လက်​ဝတ်​​နေလိမ့်​ဦးမည့်​ အကျင်္ီများအ​ကြောင်း ကျွန်​​တော်​ဥာဏ်​မှီသ​လောက်​ ကျွန်​​တော်​ပြန်​​လည်​​တွေး​တောမိ​နေခြင်းသာဖြစ်​၏။

ပထမအရွယ်​ ကျွန်​​တော်​ဝတ်​ခဲ့​သော အင်္ကျီများမှာ လွန်​စွာများပြားလှ​ပြီ။ ထိုပထမအရွယ်​ ကျွန်​​တော်​ဝတ်​ခဲ့​သော အင်္ကျီများထဲမှ ကျွန်​​တော်​၏စိတ်​ကို ကျွန်​​တော်​သ​င်္ကေတပြုဝတ်​ခဲ့​သော အင်္ကျီများမှာ ရှပ်​အင်္ကျီ​ရောင်​စုံများနှင့်​ တီရှပ်​​ရောင်​စုံများပင်​ဖြစ်​ပါသည်​။ ရှပ်​အင်္ကျီ​ရောင်​စုံ လက်​တိုလက်​ရှည်​များတွင်​ ​ကော်​လံပါ​သောရှပ်​အင်္ကျီများနှင့်​ ​ကော်​လံမပါ​သော လည်​ကတုံးအင်္ကျီများ။ ​ကော်​လံပါ​သောရှပ်​အင်္ကျီအဖြူများနှင့်​ လည်​ကတုံးရှပ်​အင်္ကျီအဖြူ​ရောင်​များကို​တော့ အလှူမင်္ဂလာ​ဆောင်​ပွဲများနှင့်​ ဘုရားသွား၊ ​ကျောင်းတတ်​ဝတ်​စုံများအဖြစ်​ သတ်​မှတ်​ကာထား​လေ၏။ ဤသို့ အဖြူ​ရောင်​အင်္ကျီများကို ဤ​နေရာတွင်​သာ ဝတ်​ရန်​သတ်​မှတ်​ခဲ့ခြင်းမှာ မိဘ၊ ဆရာ၊ သမားများ၏ ​ပြောဆိုညွှန်​ပြမှုနဲ့ ပတ်​ဝန်းကျင်​မှလူများ၏ ဝတ်​ဆင်​ပုံကိုကြည့်​ရှုရင်းမှရရှိလာ​သောမိမိ၏ ဝတ်​စားဆင်​ယင်​မှုပင်​ဖြစ်​၏။ အဖြူ​ရောင်​အင်္ကျီများကို ဝတ်​ဆင်​ထားရသဖြင့်​ မိမိကိုယ်​ကိုယ်​လည်း သန်​ရှင်းစင်​ကြယ်​​နေသည်​ဟု ထင်​မြင်​မိပြီး လူအများနှင့်​ ​တွေ့ဆုံစဉ်​မှာလည်း ယဉ်​​ကျေးချိုသာစွာ သတိအ​နေအထားဖြင့်​ ပြုမူ​ပြောဆိုတတ်​ခြင်းကို ပိုင်​ဆိုင်​ရရှိထားပါသည်​။ ဤသို့ဖြင့်​ ဘုရားသွား၊ ​ကျောင်းတက်​ ကျွန်​​တော်​၏ အဖြူ​ရောင်​ ပွဲတက်​ဝတ်​စုံ​လေးများက ကျွန်​​တော်​ကို ရွှင်​လန်း ငြိမ်​သက်​​စေပါသည်​။ သို့​သော်​ ကျွန်​​တော်​ အိမ်​ပြန်​​ရောက်​လျှင်​​ရောက်​ခြင်း ဦးစွာ စလုပ်​ရမည့်​အလုပ်​မှာ ထိုပွဲတက်​အဖြူ​ရောင်​အင်္ကျီများကို စတင်​ချွတ်​ပစ်​ခြင်းသာဖြစ်​​လေသည်​။ ထိုအဖြူ​ရောင်​အင်္ကျီများကိုချွတ်​ပစ်​ရင်း ကျွန်​​တော်​တစ်​ကိုယ်​​တော်​​တွေး​နေမိသည်​မှာ ဒီ​နေ့အဖို့ ဝတ္တရားတစ်​ခု​တော့ ပြီးဆုံးသွား​လေပြီ ဟူ၍သာဖြစ်​​လေသည်​။ ထိုစဉ်​တစ်​စုံတစ်​ခု​သောအသံများ ထိုအဖြူ​ရောင်​ အင်္ကျီကို ဘာ​ကြောင့်​ ဝတ်​ဆင်​သလဲဟု​မေးလာလျှင်​ကား ကျွန်​​တော်​မိသားစုနှင့်​ ကျွန်​​တော်​ပတ်​ဝန်းကျင်​က ကျင့်​သုံး​သော ဓ​လေ့အရသာ ကျွန်​​တော်​ဝတ်​ဆင်​ရခြင်းဖြစ်​​ကြောင်း ကျွန်​​တော်​​ပြောရ​ပေလိမ့်​မည်​။ မှန်​​ပေသည်​။ ကျွန်​​တော်​သည်​ အဖြူ​ရောင်​အင်္ကျီများကို တကယ်​မဝတ်​တတ်​​သေးပါ။ သို့​သော်​ အဖြူ​ရောင်​အင်္ကျီဝတ်​ရတာကို​တော့ ကျွန်​​တော်​ကြိုက်​သည်​။ အဖြူ​ရောင်​အင်္ကျီများသည်​ ​ရေမိုးချိုး ကိုယ်​လက်​သန့်​စင်​ပြီးမှသာဝတ်​ဆင်​၍​ကောင်း​သော အင်္ကျီဖြစ်​​သော့​ကြောင့်​ ခဏတဖြုတ်​​တော့ ကျွန်​​တော်​တို့၏ စိတ်​များသန့်​ရှင်းသွားရသည်​မဟုတ်​ပါလား။

IMG_20140322_6_1475217835297.jpg

ထို​နောက်​ကျွန်​​တော်​ဝတ်​ခဲ့​သော​ရောင်​စုံတီရှပ်​များ...။ လူပျို​ပေါက်​အရွယ်​တွင်​ တက်​ကြွလှုပ်​ရှား​သော စိတ်​ဓာတ်​များဖြင့်​ ကျွန်​​တော်​ဝတ်​ခဲ့​သော စာတန်းပါ တီရှပ်​များ၊ ရုပ်​ပုံပါ တီရှပ်​များ၊ သူငယ်​ချင်းများနှင့်​ ဟိုသွားဒီသွားဝတ်​ခဲ့​သော အရိုး​ခေါင်းပုံ၊ မီး​တောက်​ပုံ၊ ဆိုင်​ကယ်​ပုံ၊ သိမ်းငှက်​ပုံ၊ အလံပုံပါ တီရှပ်​များ။ ဘုရားပွဲ​တော်​ညများ၊ စတိတ်​ရှိုးပွဲ​တော့ညများတွင်​ နိုင်​ငံခြားတီးဝိုင်းပုံပါတီရှပ်​များကို စွဲလန်းစွာ ဝတ်​ဆင်​ခဲ့​သော လူငယ်​တစ်​​ယောက်​၏ တက္ကသိုလ်​ ​နွေညများ။ ကျွန်​​တော်​၏ လူငယ်​ဘဝကို ​ပေါ့ပါး​ပျော်​ရွင်​​အောင်​ အားဖြည့်​ကူညီ​ပေးခဲ့​သော ဒီဇိုင်းစာတန်းပါ​ရောင်​စုံတီရှပ်​များ၊ ၄င်းတီရှပ်​များကို ကျွန်​​တော်​အဘယ့်​​ကြောင့်​ဝတ်​သလဲဆိုလျှင်​ကား ကြိုက်​၍ ဝတ်​သည်​ဟုပင်​ ​ပြောရမလို မဝတ်​နဲ့ဆို​သော တားမြစ်​သံ​တွေ ရှိ​နေ​သော်​လည်း ဝတ်​မှာပဲဟု​ပြော​နေဦးမည့်​ ကျွန်​​တော်​၏ လူငယ်​ဘဝနှင့်​ လွတ်​လပ်​ခြင်းအတွက်​အရာရာကို ဆန့်​ကျင်​ရင်း ဝတ်​ဆင်​ခဲ့​သောတီရှပ်​များ...။ ခံစာချက်​ကို ဦးစား​ပေးလို့ ဂစ်​တာတစ်​လက်​လို လွင့်​ပျံ​နေ​သော ဂျစ်​ပစီမိုးတိမ်​တီရှပ်​များ...။ ဒုတိယအရွယ်​တွင်​ ဝတ်​ဆင်​​သောအင်္ကျီများအ​ကြောင်း ဒုတိယပိုင်းတွင်​​မျှော်​.....။

10200646618886896.jpg

အတာဦး

Sort:  

post တွေများလာတာနဲ့ အရေးအသားကိုဂရုစိုက်ပြောင်းလဲပေးဖို့လေ့ကျင့်ပါ။
နောက်ဆက်တင်ဦးမယ်ဆိုရင် အရောင်တွေမှာ အသံတွေရှီတယ်၊ စိတ်ထားတွေရှိတယ်၊ အရောင်တစ်မျိုးပြောင်းဝတ်တိုင်းမိမိစိတ်အပြောင်းအလဲတစ်ခုဖြစ်တယ်။သတိထားရင်သိရတယ်၊သိသာတာက အဟောင်းနဲ့ အသစ် ဝတ်တာချင်းတူပေမယ့် စိတ်ခံစားမှု တအားကွာတယ်။ ဒါတွေပေါ်လွင်အောင်ရေးပေးပါ။ ပိုကောင်းတဲ့ post ဖြစ်လာပါလိမ့်မယ်။

ဟုတ်​ဆရာ

ကျေးဇူးကိုကြီး

အင်း
ွကျွန်တော်တော့ အရောင်သိပ်မရွေးဘူး
အကုန်ဝတ်တယ် 😁

ရသတစ်မျိုးခံစားရပါတယ်အကို

ကျေးဇူးပါ

စိတ်ဝင်စားစရာပဲ..ကိုအတာက ဆန်းပြာတာတွေ အရမ်းရေးတာပဲ..ဒါပေမယ့် အရမ်းကောင်းတယ်ဗျာ.

ကျေးဇူးပါဗျ

မျော်နေဆဲပါ ဘရို

ဟုကဲ့ပါ

I just now read your content.It's excellent content .
This post received a 😊😊 11.2% upvote from @srtechtube

thanks to @ahtaroo! ,


upvote done

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

လူနှင့် အင်္ကျီ . ကိုငှက် ကိုတောင် သွားသတိရတယ်ဗျာ။

😊😊😊

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57344.91
ETH 3100.39
USDT 1.00
SBD 2.42