HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၆ HIV/ AIDS (Q&A Part-6)

in #myanmar7 years ago

HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၆ HIV/ AIDS (Q&A Part-6)

HIVပိုးရှိမရှိ ​သွေးစစ်​​ဆေးခြင်း
IMG_20171021_170911.jpg

မေး။ ကျွန်​မအိမ်​​ထောင်​သက်​ ၃နှစ်​ရှိပါပြီ။ ကျွန်​မအမျိုးသားဟာ အ​ဝေး​ပြေးယာဉ်​​မောင်းတစ်​ဦးဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့အပတ်​က ကျွန်​မတို့ဇနီး​မောင်​နှံ ၂ဦးစလုံး နှစ်​ဦးသ​ဘောတူ မိမိတို့ဆန္ဒအ​လျောက်​ HIVပိုးစစ်​​ဆေးမှုပြုလုပ်​ကြပါတယ်​။ အ​ဖြေထွက်​လာ​တော့ ကျွန်​မအမျိုးသားဟာ HIV(+)ဖြစ်​​နေပြီး ကျွန်​မက​တော့ HIV(-)အ​ဖြေထွက်​လာပါတယ်​။ ကျွန်​မတို့ဘာလုပ်​သင့်​ပါသလဲ။ ​သွေးအ​ဖြေကို တခြား​နေရာ​တွေမှာ ထပ်​ပြီးစစ်​​ဆေးခံဖို့လိုပါသလား။ HIVပိုးစစ်​​ဆေးခြင်း အ​ဖြေဟာ မှားယွင်းတတ်​မှုရှိနိုင်​ပါသလား။
FB_IMG_1508581954330.jpg

ဖြေ။ ဒီ​မေးခွန်းဟာ အမျိုးသားက HIV(+)ဖြစ်​​နေပြီး အမျိုးသမီးက HIV(-)ဖြစ်​​နေတယ်​။ ဒါ​ကြောင့်​ ဘာလုပ်​သင့်​တယ်​ဆိုတာရယ်​ ​သွေးအ​ဖြေကို ​နောက်​ထပ်​အခြား​နေရာမှာ ထပ်​စစ်​​ဆေးဖို့လိုသလားဆိုတဲ့အ​မေးပါပဲ။ ဒါ​ကြောင့်​ HIVပိုးစစ်​​ဆေးပုံ စစ်​​ဆေးနည်းက စပြီးရှင်းပြချင်​ပါတယ်​။ HIVပိုးရှိမရှိ စစ်​​ဆေးတဲ့အခါမှာ ​သွေးအ​ဖြေ စမ်းသပ်​စစ်​​ဆေးမှု ၂မျိုးလုပ်​ရပါတယ်​။ ပထမဦးဆုံး ကနဦးစစ်​​ဆေးခြင်းလို့​ခေါ်တဲ့ Screening Test ကို အရင်​လုပ်​ရပါတယ်​။ အဲ့ဒီ Test ​တွေမှာသုံးတဲ့ ကိရိယာ​တွေဟာ HIVပိုးကို Sensitive လို့​ခေါ်တဲ့ HIVပိုးရှိသူကို အလွယ်​တကူ သိနိုင်​​အောင်​လုပ်​ထားတဲနည်းပါ။ ဒါ့​ကြောင့်​ တစ်​ခါတ​လေမှာ မှာယွန်းပြီး (+)အ​ဖြေထွက်​လာတတ်​ပါတယ်​။ ဒါ​ကြောင့်​ ကနဦး​သွေးစစ်​ခြင်းမှာရလာတဲ့ (+)အ​ဖြေမှန်​မမှန်​ကို ထပ်​​လောင်း အတည်​ပြုစစ်​​ဆေးခြင်း Confirmation Test ထပ်​လုပ်​ရပါတယ်​။ အဲ့ဒီ Test ၂မျိုးစလုံးနဲ့လုပ်​ပြီးမှ (+)အ​ဖြေပဲထွက်​ရင်​ အဲ့ဒီလူကို HIV(+)လို့ သတ်​မှတ်​ရတာပါ။
IMG_20171021_171028.jpg

ဒါဟာကျန်းမာ​ရေးဌာနတိုင်းမှာ လုပ်​​ပေး​နေတဲ့ HIVပိုးစမ်းသပ်​စစ်​​ဆေးခြင်း နည်းလမ်းပဲဖြစ်​ပါတယ်​။ ဒီ​မေးခွန်းထဲမှာ HIVပိုးစစ်​​ဆေးတဲ့​နေရာဟာ ဘယ်​​နေရာလဲမ​ဖော်​ပြထားပါဘူး။ အစိုးရကျန်းမာ​ရေးဌာန​တွေမှာ​တော့ ဟုတ်​ဟန်​မတူဘူး။ ကျန်းမား​ဌာန​တွေမှာ ကနဦးစစ်​​ဆေးခြင်း Screening ပြီးမှ အတည်​ပြုစစ်​​ဆေးခြင်း Confirmation test ၂မျိုးလုံးပြီမှာ ​သွေအ​ဖြေထုတ်​​ပေးပါတယ်​။ ဒါ့အပြင်​ ကျန်းမာ​ရေးဌာန​တွေမှာ ​သွေးမစစ်​ခင်​ Pre-test Counselling လို့​ခေါ်တဲ့ ​သွေးစစ်​​ဆေးမှုမတိုင်​ခင်​ နှစ်​သိမ့်​ပညာ​ပေး​ဆွေး​နွေးခြင်းကို လုပ်​​ပေးပါတယ်​။ ​သွေးဘာ​ကြောင့်​စစ်​ရတယ်​၊ (-)အ​ဖြေထွက်​လာရင်​ဘာလုပ်​ရမလဲ။ (-)အ​ဖြေထွက်​ရင်​ ဘယ်​လိုဆက်​လက်​ကာကွယ်​ထားမလဲ၊ ​သွေးအ​ဖြေထွက်​ပြီးရင်​လည်း ဘာဆက်​လုပ်​ရမလဲဆိုတဲ့ Post-test Counselling ကိုပါလုပ်​ဖို့လို​ကြောင်း ကနဦးရှင်းပြပါတယ်​။ ပြီးမှ​သွေးစစ်​​ဆေး​ပေးတာပါ။

IMG_20171021_170936.jpg

အခု​မေးခွန်းမှာအ​ဖြေထွက်​လာပြီး ဘာလုပ်​သင့်​တယ်​ဆိုတာ မသိရလို့ ဇနီး​မောင်​နှံ၂ဦးစလုံး Pre-Test Counselling လုပ်​ထားပုံမရပါဘူး။ ဒါ​ကြောင့်​ Pre-Test. Counselling မလုပ်​ထား​တော့ အ​ဖြေထွက်​လာပြီး Post-test Counselling လိုတယ်​ဆိုတာ မသိတာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ ကျွန်​မဘာလုပ်​သင့်​တယ်​ဆိုတာကို ​ဖြေရရင်​ Post-test Counselling လုပ်​ဖို့ လိုပါတယ်​လို့ အကြံပြုချင်​ပါတယ်​။ HIVစစ်​​ဆေးတဲ့အ​ဖြေဟာ မှားနိုင်​သလားလို့ဆို​တော့ ​စော​စောကရှင်းပြခဲ့သလိုပါပဲ။ Screening Test မှာထွက်​လာတဲ့အ​ဖြေကမှားနိုင်​တဲ့အလားအလာရှိပါတယ်​။ အ​ကြောင်းကသုံးစွဲတဲ့ ဓာတုဓာတ်​ပစ္စည်း​တွေ​ကြောင့်​လည်း ဖြစ်​နိုင်​ပါတယ်​။ အသုံးပြုတဲ့ ပစ္စည်း​တွေဟာ အပူချိန်​၄ဒီဂရီစင်​တီဂရိတ်​မှ ၈ဒီဂရီစင်​တီဂရိတ်​အတွင်း ​ရေခဲ​သေတ္တာထဲမှာ ​သေချာသိမ်းဆည်းသို​လှောင်​ထားရမှာ ဖြစ်​ပါတယ်​။ ဒီလိုထားသိုမှုမ​ကောင်းခဲ့ရင်​ စမ်းသပ်​ချက်​ရဲ့ အရည်​အ​သွေး ကျဆင်း​စေပါတယ်​။ ​နောက်​တစ်​ခါ အချို့အလွန်​​ကောင်းပါတယ်​ဆိုတဲ့ Test-Kit​တွေဟာ အခန်းအပူချိန်​မှာ ထားနိုင်​တယ်​ဆို​ပေမယ့်​ သူတို့သတ်​မှတ်​ထားတဲ့ အခန်းအပူချိန်​ဆိုတာ ၃၀ဒီဂရီစင်​တီဂရိတ်​​လေ။ ရန်​ကုန်​လို့မြို့ကြီး​တွေမှာ​တောင်​ အခန်းအပူချိန်​က ၃၈-၄၀ဒီဂရီစင်​တီဂရိတ်​​လောက်​ရှိ​နေတာ အညာ​ဒေသမှာဆို ပိုဆိုးတာ​ပေါ့။ ဒါ​ကြောင့်​ ဓာတုပစ္စည်း​တွေရဲ့ အရည်​အ​သွေးကျဆင်းလို့ မှားယွင်းနိုင်​ပါတယ်​။ ဒါ​ကြောင့်​ HIV Test အ​ဖြေမှားနိုင်​သလားဆိုတဲ့ အ​မေးကို​ဖြေရရင်​ Screening Test တစ်​ခုပဲမှားနိုင်​ပါတယ်​။
FB_IMG_1508582093954.jpg

HIV(+)ဖြစ်​သူက​နေ (-)ဖြစ်​သူကို မကူးစက်​​အေယင်​ ကာကွယ်​ဖို့လိုပါတယ်​။ HIV(-)ဖြစ်​​နေသူကလည်း တစ်​ခါ​သွေးစစ်​ရုံနဲ့ (-)ဖြစ်​ပြီလို့ စိတ်​ချလက်​ချ​နေလို့မရပါဘူး။ HIVပိုးဟာ ခန္ဓာကိုယ်​ထဲ​ရောက်​ပြီး ၃ပတ်​က​နေ ၆ပတ်​အတွင်းမှာမှ ​သွေးထဲမှာ စစ်​​ဆေးလို့ရတာပါ။ ဒါ​ကြောင့်​ HIV(-)ဖြစ်​​နေပါတယ်​ဆိုတဲ့ အမျိုးသမီးဟာလည်း ​နောက်​၃ပတ်​နဲ့၆ပတ်​အကြာမှာ ​သွေးထပ်​စစ်​ဖို့လိုပါလိမ့်​မယ်​။ စိတ်​ချရတဲ့​နေရာမှာ စနစ်​တကိ ထပ်​မံစစ်​​ဆေးဖို့လိုပါတယ်​။ ဒါ​တွေလုပ်​ဖို့ ​လော​လောဆယ်​ အလိုအပ်​ဆုံးက​တော့ နှစ်​သိမ့်​​ဆွေး​နွေးပညာ​ပေးပြီး Post Test Counselling ပါပဲ။ အဲ့တာမှ ​နောက်​ထပ်​ HIVပိုးထပ်​စစ်​မလား၊ ဒါမှမဟုတ် အပြုအမူ ​အ​ပြောင်းအလဲ Behaviour Change လုပ်​မလား၊ အကာအကွယ် လိင်​ဆက်​ဆံ​ရေး ကွန်​ဒုံးအသုံးပြု​ရေး စသည့်​ဖြင့်​ ဘယ်​လိုလုပ်​မလဲ၊ ဘယ်​လိုလုပ်​ရမလဲ၊ ဘယ်​လို​နေထိုင်​စား​သောက်​မလဲ စတဲ့အချက်​​တွေသိ​အောင်​ နှစ်​သိမ့်​​ဆွေး​နွေးပညာ​ပေးမှု ခံယူပါလို့ တိုက်​တွန်းလိုပါတယ်​။

နောက်​အပိုင်း​တွင်​ HIVပိုးရှိသူကို နှစ်​သိမ့်​​ဆွေး​နွေး အကြံ​ပေးခြင်းအ​ကြောင်း​ရေးပါမယ်​။ ​စောင့်​​မျော်​ဖတ်​ရှု့​ပေးကြပါ။
Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004
Photo Credit; Google image and facebook image

Sort:  

သွေးစစ်စစ်နေရာတာနဲ့ကိုမချောင်ပါဘူး ဒီရောဂါ မဖြစ်တာ ကောင်းတယ် နို့မို့ဆို ပိုက်ဆံမရှိတာနဲ့တင်မြန်မြန်သေနိုင်တယ်

အကုန်​လုံးအခမဲ့ပါကွီးစိုး

အလကားဆိုရင်တော့ HIV ဖြစ်လိုက်တော့ ☺☺☺

ကွီးစိုးအတွက်​တာဝန်​ယူတယ်​ ဖြစ်​လိုက်​​တော့😜😜😜

Good Bro! I every watch post. Thank for knowledge.

Thank you bro

ထက်ပြီးရေးသားတင်ပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
အားပေးနေပါ့မယ်ဗျ

ဟုတ်​ကဲ့ပါ

Thz for sharing

ဟုတ်​ကဲ့ပါ

@driva has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ဟုတ်​...မသိတာ​တွေသိလိုက်​ရလို့​ကျေးဇူးပါ

ဟုတ်​ကဲ့ပါ

ကြောက်တယ်အဲ့ရောဂါတော့

ဟုတ်​တယ်​ဆို

Good တယ် ဆရာ ကျေးဇူးပါ

ဟုတ်​ကဲ့ပါ

HIVပိုးက ခန္ဓာကိုယ်​ထဲ​ရောက်​ပြီး ၃ပတ်​က​နေ ၆ပတ်​အတွင်းမှာမှ ​သွေးထဲမှာ စစ်​​ဆေးလို့ရကိုး.....​ကြောက်​စရာကြီး 😱

ခု​နောက်​ပိုင်း ၃လ တစ်​ကြိမ်​ ၆လတစ်​ကြိမ်​ပြန်​စစ်​ပြီး confirm လုပ်​ပါတယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63135.01
ETH 2546.56
USDT 1.00
SBD 2.64