new

in #myanmar7 years ago

ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာအိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။၈. စားဖိုမှူးတစ်ယောက်လို ချက်တာဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကို http://lifehacker.com/…/top-10-things-every-budding-foodie-… ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့စ်ဘုတ်ပေါ်မှာhttps://m.facebook.com/KaeKaeFoodPalace?_rdr တို့ဟာ ထင်ရှားပြီး အနောက်တိုင်းဟင်းတွေအတွက် http://lifehacker.com/…/10%252B-dishes-and-drinks-everyone-… မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။၉. ဘာသာစကားအသစ်ကို လေ့လာတာလူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကို http://lifehacker.com/…/i-learned-to-speak-four-languages-i… မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင်www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။1200px-Arduino_ftdi_chip-1.jpg

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 67271.13
ETH 3515.41
USDT 1.00
SBD 2.70