ဓားသွားပေါ်က ပျားရည်စက်လား yamato (@aggamun)

in #myanmar7 years ago


Source

မကြာခင် အရှိန် ရလာတော့မယ့် NC နဲ့ အတူ ကျွန်တော် တို့ ကစားသမား တွေဘက်ကလည်း လိုက်ပါ ပြောင်းလဲ လုပ်ဆောင်ရမယ့် အပိုင်း တွေ ရှိပါတယ်။ သူတို့က ကစားသမား များများ ကစားလို့ ရအောင် teamwork ပုံစံ ပုံဖော်ချင်နေသလို ရင်းနှီးမြှုပ်နှံ ထားတဲ့ ကစားသမားများ ကိုလည်း အခွင့်အရေး ပေးချင်နေပုံ ရပါတယ်။ လက်ရှိ အနေအထား အရ တော့ ဘယ်လိုပဲ teamwork လို့ အော်နေပါစေ yamato ပိုင်ဆိုင်သူကသာ အသာစီး ရနေပါတယ်။

yamato ကို ဖြိုဖို့ ဆိုရင် yamato ပိုင်ဆိုင်သူများ ရဲ့ ခြေလှမ်း ကို ကြိုတင် တွက်ဆပြီး လက်ရည်တူ ကစားသမား အစုအဖွဲ့ တစ်ခုကို အခုထဲက စုထားမှ ရမှာပါ။ ကျွန်တော် ထင်တယ် yamato က နှစ်ဖက်ချွန် ဓားသွား ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ yamato က galaxy တစ်ခုလုံးရဲ့ ပစ်မှတ် လေ။ galaxy တစ်ခုလုံးက ဘယ်သူမဆို သူ့ကို ဗျင်းချင်နေတာ။ season တစ်ခုလုံး ခုခံ ထားနိုင်ဖို့ ဆိုတာ တော်တန်ရုံတော့ မလွယ်ဘူး ထင်ပါတယ်။

Yamato ကို တစ်ယောက်ချင်း skill မပြောနဲ့ clan တစ်ခုလုံး skill တောင် မလွယ်ဘူး။ အဲဒါ အမှန်ပဲ ဒါပေမယ့် clan ၄ ၅ ခု ဆက်တိုက် ဆိုရင်တော့ yamato မပြောနဲ့ yamato ဘိုးအေလည်း မခံနိုင်လောက်ဘူး။ အဲဒီမှာပဲ အချိန်ကိုက် လှုပ်ရှားမှု တွက်ချက်မှု ထုတ်လုပ်မှု ညီညာမှု တွေက စကားပြောလာပြီး တစ်ကွက် မှားရင် စားခံရပြီ။ နေလေတော့ season တစ်ခုလုံး။ အားမွေးထား လိုက်ပေတော့။

အဲ့အချိန် ပေါ့ galaxy ရဲ့ market ထဲမှာလည်း boosting တွေ blueprint တွေ planet တွေ နဲ့ စည်ကားလိုက်မယ့် ဖြစ်ခြင်း။ trader တွေ ပျော်တပြုံးပြုံး နဲ့ ပါးချိတ် တွေ ရောင်လာအောင် ပျော်ရမယ် ထင်ပါတယ်။ ဒါကတော့ ကျွန်တော် တွေးကြည့်မိတဲ့ ဂိမ်းပုံစံ ပါပဲ။ ဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မှာပါ။ သူတို့ ပြောတာ ဆုံးအောင်တော့ နားထောင်ရ ဦးမယ်။ ပြီးရင် reward point system လေးကို သေသေချာချာ ပြန်ဖတ်ပြီး မှ ထပ်ဖြည့် ရေးတော့မယ်။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=156

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 64513.52
ETH 1868.86
USDT 1.00
SBD 0.38