Who you are!!
လူတစ်ယောက် မွေးဖွား လာခဲ့သည်။
အခြားလူသား တစ်ဦး၏ ကိုးလ ဆယ်လ ဒုက္ခ ခံကာ ကြိုးစား စောင့်ရှောက်မှု ဖြင့် လူဖြစ်လာရခြင်း သာ ဖြစ်သည်။
မွေးဖွားလာသော လူသားသည် မိမိကိုယ် ကို မစောင့်ရှောက်နိုင်သေး။
တစ်နည်းဆိုရသော် အရွယ်မရောက် လူလားမမြောက်သေး။
ထိုကြောင့် ထိုမွေးလူသားကို အနီးကပ် ပြုစု ပျိုးထောင် ပေးဖို့ရာ လူသား တစ်ဦး သို့မဟုတ် နှစ်ဦး လိုအပ်ပြန်သည်။
အဘယ်ကြောင့်နှစ်ဦးတောင် လိုအပ်သနည်း။
တစ်ဦးက အနီးကပ် စောင့်ရှောက်နေချိန်တွင် အခြား တစ်ဦးက လိုအပ်သည်များကို ကူညီထောက်ပံ့ ဖြည့်ဆည်းပေးရန် ဖြစ်သည်။
ထိုမွေးလူသား အတန်ငယ် အရွယ် ရောက်လာပါက နောက်ထပ်လူသား တစ်ဦး လိုအပ်လာပြန်သည်။
မွေးလူသားသည် ဘဝခရီး တစ်လျှောက်တွင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်တတ်သည့် အလေ့အကျင့် ရရန်နှင့် မိမိ ချမှတ်ထားသော ဆုံးဖြတ်ချက်များ၏ ကောင်းကျိုး ဆိုးကျိုး များကို သိရှိပြုပြင် ထိန်းသိမ်း တတ်ရန် လိုအပ်သော အရည်အချင်းကို ပျိုးထောင်ပေးရန် ဖြစ်၏။
နှစ်အနည်းငယ် အတွင်းမှာပင် ထိုမွေးလူသား သည် ကျန်းမာသန်စွမ်း၍ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်ကာ လူလားမြောက်စ ပြုလာခဲ့သည်။
သူ့မှာ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ အိပ်မက်တွေ ရှိလာခဲ့သည်။
ထို့ကြောင့် သူ စိတ်ဝင်စားရာ အိပ်မက်နယ်ပယ်တွင် ကျွမ်းကျင်သော အောင်မြင်နေသော ဂုရုကြီးလူသားထံတွင် အတွေ့အကြုံများ လေ့လာသင်ယူပြန်သည်။
အောင်မြင်ခဲ့ဖူးသော အခြားလူသားများ၏ အတွေ့အကြုံ နည်းစနစ်များကိုလည်း ရှာဖွေလေ့လာခဲ့သည်။
သူ၏ ထက်မြက်လှသော ဉာဏ်ရည် ဉာဏ်သွေးကြောင့် လိုပဲ ဆိုဆို၊ စိတ်ပါဝင်စား သောကြောင့် ပဲလို့ ပြောပြော၊ ကံကောင်းတယ်လို့ပဲ ညွှန်းညွှန်း၊ ရည်မှန်းချက်တွေ ခိုင်မာလှတယ်ပဲ ဝေဖန်ချင် ဝေဖန် ထိုမွေးလူသားသည် နှစ်အနည်းငယ် အတွင်းမှာပင် အောင်မြင်လာခဲ့သည်။
သူ လက်ညှိုး ညွှန်ရာ ရွှေဖြစ်လာခဲ့သည်။
ကျော်ကြားလာခဲ့သည်။ ပေါက်မြောက်လာခဲ့သည်။
သြဇာ ကြီးမားလာခဲ့သည်။ ပြိုင်ဘက်ကင်း ဖြစ်လာတော့သည်။
ပြိုင်ဘက်ကင်း ဖြစ်လာသော သူ့ကို လူအများက ချီးမြှင့် မြှောက်စားကြသည်။
စံထား အတုယူ ပြောဆို လုပ်ကိုင်ကြသည်။
ထိုအခါ သူသည်အောင်မြင်မှု ဒဏ်ကို စတင် ခံစားလာရသည်။
အစ ပိုင်းတွင် မသိသာ လှသော်လည်း နောက်ပိုင်း အချိန်များတွင် ဆိုးဆိုးရွားရွား မခံမရပ်နိုင် ဖြစ်လာသည်။
ထိုအခါ အောက်ပါစကားများကို ဂယောင်ဂတမ်းဖြင့် တွင်တွင် ပြောဆိုကာ လုံးဝ အသိလွတ်သွားလေတော့၏။
ဒီလောက ကြီးက ဆီပေးမှ ဆန်ရတဲ့ လောကကြီးပါ။ ဘာမှ အလကားမရ ပါဘူး။
ကိုယ်လုပ်မှ ကိုယ်စားရတာ။ ကိုယ့်မှာ မရှိရင် ဘယ်သူမှ လာပြီး အလကား မကျွေးဘူး။
ကိုယ့်အားကိုယ်ကိုး စီးပွားတိုး
မင်းက ဘယ်လောက်တတ်သလဲ။
ဒါလေးတောင် မသိဘူးလား။
ငါ့ကို ကြည့် ဘယ်သူမှ အားမကိုးဘူး။
အဲဒါက သိပြီးသား။ မင်း ဘာမှ သင်ပေးစရာ မလိုဘူးကွ။
ဆရာ လာမလုပ်နဲ့။ ခိုင်းရင် ခိုင်းတဲ့ အတိုင်းလုပ်။ ပြန်မပြောနဲ့။
'' လောက၌ မစင် အတိပြည့်သော ကျဉ်းမြောင်းသောအရပ်တွင် နေရခြင်းသည် ဆင်းရဲ၏။ ထိုထက် မချစ်မနှစ်သက်သော သူနှင့် နေရခြင်းသည် ဆင်းရဲ၏။ ထိုထက်လည်း ကျေးဇူး မသိတတ်သောသူနှင် နေရခြင်းသည် သာ၍ ဆင်းရဲ၏။ ''
( လောကနီတိ )
''In this world living in a narrow place full of faeces is misery. Staying with a hated person is more miserable. Be with an ungrateful person! Even more.''
(LAWKANITI)
ref: လောကနီတိ ( တက်တိုး )
Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022

#myanmar
#msu
အောင်မြင်မှုဒဏ်ကို ခံနိုင်ဖို့လို့ပါတယ်
ကြိုက်တယ်ဗျာ😝
တကယ်လား
really
လူငယ်ကလောင်သွက် အားပေးပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ
@aggamun
တင်ပြပုံကောင်းပါတယ် ဘရို
very thz bro
nice post bro
thz u bro ကြီး 👍
ကောင်းပါတယ်....လောကနီတိဆိုတာ လူတိုင်းက သိသင့်တာပဲလေ
ဟုတ်ကဲ့ အစ်မ
တယ်တော်ပါလားဗျ👍👏
ရှဲ ရှဲ bro ကြီး 😊