THE TWO ENVELOPES

in #myanmar6 years ago

92908.jpeg
credit : google image

စာအိတ်ကလေးများ ရာဇဝင်

စာအိတ်လေး နှစ်အိတ် ဖြစ်သွားပြီ။
ဟုတ်တယ် စာအိတ်လေး နှစ်ခု ……… စားပွဲပေါ်မှာ တစ်ခုနဲ့ တစ်ခု ထပ်လျက် ။
စာအိတ် သာ စကားပြောတတ်ပါက ထိုနှစ်အိတ် အနက် တစ်ခုသော အိတ်က '' တော်သေးတယ်၊ အခုမှ ပဲ အဖော်ရတော့တယ် '' ဟု ဝမ်းသာအားရ ပြောဆိုမည်လား မသိ။
လွန်ခဲ့သော ၁၃ နှစ် မျှသော ကာလ အထိ အခုလိုအချိန် အခုလို ကာလ သို့ ရောက်လာတိုင်း စားပွဲပေါ်မှာ စာအိတ်ကလေး တစ်အိတ်သာ ရှိခဲ့တာ။
အခုလ မှစ၍ နောင် ကာလ များတွင် စာအိတ် နှစ်အိတ် စီဖြစ်တော့မည်။
ထို အခြေအနေ ကို ကြိုသိနေသလား မပြောတတ်။
ထိုစာအိတ် နှစ်အိတ်မှာ တစ်ခုကို တစ်ခု ထပ်နေသော်ငြား ငြိုငြင်သည့် အမူအရာ မရှိဘဲ တက်ကြွရွှင်လန်းစွာ နှင့် သူတို့ တာဝန် ကို ထမ်းဆောင်ရန် အသင့်အနေအထား ရှိနေကြသည်။
စာအိတ်လေးများသည် တော်တန်ရုံ မျှ သာကြောင်း မာကြောင်း ရေးပို့သော စာမျိုး ဟုတ်ဟန် မတူပေ။
စာအိတ်ပါးပါးလေးများမှ အတွင်းသို့ ဂရုတစိုက် ကြည့်ပါက ငွေစက္ကူပုံသဏ္ဌာန်ကို ခပ်ရေးရေး တွေ့မြင်နိုင်သည်။
လက်ဖွဲ့ ရန်ပြင်ဆင် ထားခြင်းလား။
ဂါရဝ ပြု ကန်တော့ရန် အတွက်လား။
လခထုတ်လို့ ရလာသော လုပ်အားခတွေလား။
ထည့်ထားသူ ကိုယ်တိုင်သာလျှင် တိတိကျကျ သိပေလိမ့်မည်။
စာအိတ်ကလေးများ လည်း သိနေပြီ ဖြစ်ပေလိမ့်မည်။
စာအိတ်လေးများ အတော်အတန် ပြည့်ပြည့် ဖောင်းဖောင်း ဖြစ်နေသည်ကို ထောက်ရှုလျှင် ထိုအိတ်များအတွင်း ငွေများ ထိုက်သင့် သလောက် ထည့်ထားပြီး ဖြစ်ကြောင်း သိနိုင်ပေ၏။
စာအိတ်တစ်အိတ်စီတိုင်း တစ်အိတ်စီတိုင်း တွင် လှပဝိုင်းစက်သော လက်ရေးများဖြင့် ရေးသားထားသော အက္ခရာ စာလုံးဝိုင်းဝိုင်း လေးများသည်လည်း စာအိတ်ကို လှပအောင် တန်ဆာဆင်ထားသည့်နှယ် ရှိနေသည်။
စာအိတ်ဖြူလွှလွှ ပေါ်တွင် မင်ပြာရောင် လက်ရေး စာလုံးလေးများသည် သူ့နေရာနှင့်သူ ကွက်တိကျလျက် တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေ၏။
ပထမ စာအိတ်တွင် ရေးသားထားသော စာများမှာ အောက်ပါအတိုင်းပင် ဖြစ်၏။

ကွယ်လွန်သူ ဖိုးဖိုး ဦး……
အား ရည်စူးလျက်
ကျန်ရစ်သူ မိသားစုများ မှ

စာ မများလှသော်လည်း လေးနက်သော အဓိပ္ပာယ်များ မရေမတွက် နိုင်အောင် ရှာဖွေ တွေ့ရှိနိုင်ပေမည်။
ဒုတိယစာအိတ်တွင် အောက်ပါအတိုင်း ရေးသားထား၏။

ကွယ်လွန်သူ ဖွားဖွား ဒေါ် ……
အား ရည်စူးလျက်
ကျန်ရစ်သူ မိသားစုများမှ

သိပ်မသိသာသော်လည်း ဒုတိယ စာအိတ်လေး သည် ပထမ စာအိတ်ထက် ပိုမို သစ်လွင်နေ၏။
သေသေချာချာ ကြည့်ပါက ထိုစာအိတ်များတွင် မမေ့အပ်သော ကျေးဇူးတရားများ၊ သားသမီးနှင့် မိဘ အပြန်အလှန် ချစ်ခြင်းတရားများ၊ မေတ္တာတရား များကို တွေ့မြင်နိုင်ပါလိမ့်မည်။
တစ်နည်းအားဖြင့် ဆိုရပေမူ စွန့်ခွာသွားသူတို့ အား ကျန်ရစ်သူ များမှ စုပေါင်း ရည်စူးလှူဒါန်း သော ကုသိုလ်ဒါန ဟုလည်း ပြော၍ ရနိုင်ပေသည်။
မကြာခင် စာအိတ်လေး နှစ်အိတ် ၏ အနားသို့ အသက်ရှစ်နှစ်ခန့် ကလေးမလေး တစ်ဦးသည် ရောက်ရှိလာ၍ စာအိတ်လေးများကို သူမ၏ နုနယ် လှသော လက်ချောင်းလေးများဖြင့် ကောက်ယူလိုက်လေ၏။
ထိုအခါ စာအိတ်လေးနှစ်အိတ် မိမိတို့ တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်မည့် စစ်သည်တော် များပမာ ကလေးမ၏ လက်ပေါ်သို့ တက်ကြွစွာ လိုက်ပါ သွားလေသည်။
ကလေးမလေးသည် သူမ၏ မိခင် ဖြစ်ဟန်တူသော မိန်းမတစ်ဦး အနားသို့ ရောက်လျှင် သွက်လက်စွာဖြင့်
'' သီလရှင်ဆရာလေးတွေကို လတိုင်း လှူနေကျ စာအိတ် ဒီမှာပါ မေမေ။ ဒါပေမဲ့ စာအိတ်က နှစ်ခု ဖြစ်သွားပီနော် ။ '' ဟု ပြောလိုက်လေ၏။
ထိုအခါ မိခင်ဖြစ်သူက ကလေးမလေးကို ရင်ခွင်ထဲ ဆွဲယူပွေ့ဖက်လျက် ကြေကွဲ ဆို့နစ်သော အသံဖြင့် အောက်ပါအတိုင်း ပြောလိုက်လေတော့သည်။
'' ဟုတ်တာပေါ့ သမီးလေးရယ် စာအိတ်က နှစ်အိတ် ဖြစ်သွား ပြီကွဲ့ နှစ်အိတ် ဖြစ်သွားပြီ …… ''


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

Good post 💟✅

ကျေးကျေး ဘဒို

သတိရတယ်ဘွားဘွားကို

ဘုတ်​သွားသဘုတ်​သွားသည်

ကျေးကျေး ပါ ခင်ဗျ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

thz for your support

ကောင်းပါတယ်ဗျာ

ဟုတ် ကျေးဇူး bro

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62966.47
ETH 2631.87
USDT 1.00
SBD 2.79