တောင်းပန်ခြင်း (@aggamun)steemCreated with Sketch.

in #myanmar6 years ago

Steemit ကြီးက HF20 နဲ့ အဆင့်မြှင့်လိုက်ရော ကျွန်တော်လည်း တော်တော် စိတ်ဓာတ် ကျသွားတယ်ဗျ။ ကျွန်တော်တို့လို Steem Power နည်းသူတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ် သလို ဖြစ်သွားလို့ပါ။ တကယ်တော့ သူကတော့ သူ့အတွေး သူ့ အမြင်နဲ့ပေါ့ ခင်ဗျာ။

ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် လေ့လာရင်း Steemit ကြီးရဲ့ အထာလေးတွေ သဘောပေါက်စ ပြုနေတဲ့ အချိန်မှာမှ သင်းက အခုလို မပြောမဆို အဆင့်မြှင့် လိုက်တော့ အရှိုက်ကို လက်သီးနဲ့ ထိုးသလို အင့်ခနဲ့ နေတာပါပဲဗျာ။ ဟုတ်တယ်ဗျ bro @mmunited ကြီးရဲ့ ကူညီပြသပေးမှုနဲ့ အတူ bounty တွေ contest တွေကို ဝင်နွှဲရင်း ကျွန်တော့ရဲ့ account ထဲကို Steem တွေ SBD တွေ ခပ်စိပ်စိပ်လေး ဝင်ရောက်လာနေတာနဲ့ အတူ ကျွန်တော်တို့ရဲ့ admin ကြီး bro @dpakyaw နှင့် တကွ upvote တွေပေး comment တွေရေးရင်း Support ပေးခဲ့ ကြတဲ့ MSU အဖွဲ့ဝင် ညီအစ်ကို မောင်နှမများရဲ့ ကူညီဝန်းရံပေးမှုတွေကလေ အရင်က ဘာရေးတင်တင် ဘဲဥ မကွဲခဲ့တဲ့ ခြောက်ခြားဖွယ် ဆောင်းအိပ်မက်ကြီးကို မေ့ပျောက်လုနီးပါး ပျော်ရွှင် ကျေနပ်နေခဲ့ရ တာဗျ။ ကျွန်တော် ရေးပြတာ အပို တွေ မဟုတ်ဘူးဆိုတာ ကျွန်တော်က လွဲပြီး ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။

အခုဆိုရင် ကျွန်တော် ချစ်ရတဲ့ MSU အဖွဲ့ဝင် ညီအစ်ကို မောင်နှမ တွေရဲ့ post တွေ upvote တွေ ကောင်းကောင်း ပေးနိုင်ပေမဲ့ comment တွေ မပေးနိုင်တော့ဘူးဗျာ။ 😢 တစ်ရက်လောက် များ RC ကောင်းကောင်း သုံးပြီး upvote တွေ comment တွေ ပေးလိုက်ရင် စောင့်ပေရော့ လေးရက်လောက်။ RC ပြန်ပြည့်ဖို့လေ။ အဲသည့်အတွက် ဒီနေရာကနေပြီး ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ တောင်းပန်ပါတယ်ဗျာ။ အခုတလော ကျွန်တော့ ဘက်က reaction တွေ မရခဲ့ရင် reply မပြန်ခဲ့ရင်ပေါ့ဗျာ။ စိတ်မခု ကြပါနဲ့လို့။

အခုလို အဖြစ်တွေ မဖြစ်အောင် ကျွန်တော် ဒီနှစ် မကုန်ခင် Steem တွေ ဝယ်စု တော့မယ်ဗျာ။ Steem ၂၀၀ လောက်ဆို ကျွန်တော့ လှုပ်ရှားမှုနဲ့ အံကိုက်လောက်မယ် ထင်တာပါပဲ။ အခု လောလောဆယ်တော့ bro ကြီး @mmunited ရဲ့ video file လေးအတိုင်း ရေတိုအနေနဲ့ blocktrade ကနေ Steem ငှား လိုက်တော့မယ်ဗျာ။ ဟုတ်တယ်လေ ကိုယ်က MSU ကြီးကို ပစ်မထားနိုင်ဘူးလေဗျာ။ ဂုဏ်ထူးဆောင် တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင် တာဝန်တော့ ကျေချင်တာ ကျွန်တော့ ခံယူချက်ပါ။ စွပ်ပြုတ် တစ်ပွဲမှာ အဓိက ပါဝင် ပစ္စည်းအနေနဲ့ ကြက်သားတုံး မဖြစ်ရင်လည်း ဆားတစ်ပွင့် အနေနဲ့ အရသာလေး မပျက်အောင် တာဝန်ကျေပါရစေဗျာ။

ဒါကြောင့် အခုလို အစီအစဉ် တွေ မဖြစ်မြောက်ခင် စပ်ကြား တစ်ခုခု အချွတ်အချော်ရှိရင် သည်းခံပေးကြပါဗျာ။ တစ်ခါတရံ post မတင်နိုင်ရင်လည်း မေ့မသွားကြပါနဲ့နော်။

I LOVE YOU ALL MEMBERS OF MSU ALONG WITH ADMIN.


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

keep try on

yeah thx admin 👍

Posted using Partiko Android

ရေးထားတာ ကောင်းတယ် ဘရို။ SP တော့ ငှားရသေးဟန်မတူဘူး။ RC ကလဲ ၁၀% ပဲရှိတော့တယ်။ ကျွန်တော်ကလဲ upvote share ဝယ်ထားတော့ ပေးမရဘူးဖြစ်နေတယ်။ သူက အနည်းဆုံး 40 SP ရှိနေရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဘရိုလို ကြိုးစားတဲ့သူတွေ များများရှိလာရင်ကောင်းမှာပဲ။ Keep steem on.

ကျနော် ငှားလိုက်ပီ bro
bounty တွေဖန်တီးဖို့ပါ စုထားလိုက်ပီ
မေးစရာတွေတော့ ရှိသေးတယ် ဗျ 😊

Posted using Partiko Android

awwအဲ့ဒါကြောင့် postမှာreplyမတွေ့တာကို

အဲ့လိုလိုက်ကြိုးစားနိုင်တာအားကျတယ်။လေးစားတယ်ဘရို။ ကျွန်တော်တို့မြှ ခရီးသွားနေတာနဲ့ ဘာမှကို သေချာမလေ့လာနိုင်သလို ဘရိုတို့ပြောနေတာတွေလည်းလိုက်မမှီတော့ဘူးဖြစ်နေတာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62922.70
ETH 2543.02
USDT 1.00
SBD 2.83