Danger zone (@aggamun)

in #myanmar7 years ago

ပုံလေးကို ကြည့်မယ်ဆိုရင် ကျွန်တော် ဘာပြောချင်လဲ မပြောဘဲနဲ့ သိနိုင် လောက် ပါတယ်။ တိုက်ဆိုင်တာလား ကံဆိုးတာလား မသိပါဘူး။ planet အသစ်မရတာ တစ်လ ပြည့်တော့မယ်။ NC update ထွက်ပြီး ကတည်းက ဆိုတော့ update ကများ ကျွန်တော့ အတွက် ကံဆိုး စေသလား ပဲ။ နောက် ဆိုရင် planet ရှာမတွေ့ခြင်း နှစ်ပတ်လည် နေ့တောင် ကျင်းပ ဖြစ်မလားပဲ။

NC ဟာ နောက်ဆုံးထွက် update မှာလည်း ပရိသတ် စိတ်တိုင်းကျ ဖြစ်လာတယ်လို့ မထင်ရပါဘူး။ ရှာဖွေ တွေ့ရှိမှု မရှိ သလောက်ဖြစ်နေတဲ့ Legendary planet အကြောင်းလည်း ပြောသံ ဆိုသံ မကြားရဘဲ အားလုံးက တိတ်ဆိတ်စွာ ပဲ ကစားလို့ နေကြပါတယ်။ ဒါဟာ ဂိမ်းတစ်ခု အတွက် ကောင်းတဲ့ လက္ခဏာ တစ်ခု မဟုတ်တာ တော့ ကျိန်းသေ ပါတယ်။

ဒီလို အခြေအနေ တွေကို NC ဘက်က တာဝန်ရှိသူများ မသိတာ တော့ မဖြစ်နိုင်ပါ။ သူတို့ ဘာကို ပုံဖော်နေသလဲ ဆိုတာ ကျွန်တော် တို့ ကစားသူများ ဘက်က တွေးကြည့်ဖို့ ကောင်းသည်။ ဒါဟာ ကစားသူ အချင်းချင်း ကြားထဲက ဂိမ်းပွဲ မဟုတ်ဘဲ ကစားသူနဲ့ ဂိမ်းပိုင်ရှင် အကြားက ဉာဏ်စမ်း ပွဲ လေး တစ်ခု အနေနဲ့ ပေါ့။ စိတ်ဝင်စားဖို့ မကောင်းဘူးလား ဗျ။

ဂိမ်းတွေ အသစ် အသစ် တွေ အထူးသဖြင့် ပရောဂျက် တွေ ရှိပေမယ့် စတင်းဈေး ကြောင့် နောက်တွန့် သွားကြတယ် ထင်ပါတယ်။ မထင်လို့ လည်း မရပါဘူး။ ပရောဂျက် တွေ ထွက်လာလေ စတင်းက ကျလာလေ ပါပဲ။ ဈေးကျ ဒဏ် မခံနိုင်လို့ ပရောဂျက်တွေ ပျက်ကုန်လည်း ပို ခက်ခဲ ပါဦး မည်။ အင်း အခုချိန်ကတော့ တကယ့်ကို စတင်း ဘလော့ဂ်ချိန်း အတွက် ခက်ခဲသော ကာလကြီးပါပဲဗျာ။


Source

ပုံေလးကို ၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္ ဘာေျပာခ်င္လဲ မေျပာဘဲနဲ႕ သိနိုင္ ေလာက္ ပါတယ္။ တိုက္ဆိုင္တာလား ကံဆိုးတာလား မသိပါဘူး။ planet အသစ္မရတာ တစ္လ ျပည့္ေတာ့မယ္။ NC update ထြက္ၿပီး ကတည္းက ဆိုေတာ့ update ကမ်ား ကြၽန္ေတာ့ အတြက္ ကံဆိုး ေစသလား ပဲ။ ေနာက္ ဆိုရင္ planet ရွာမေတြ႕ျခင္း ႏွစ္ပတ္လည္ ေန႕ေတာင္ က်င္းပ ျဖစ္မလားပဲ။

NC ဟာ ေနာက္ဆုံးထြက္ update မွာလည္း ပရိသတ္ စိတ္တိုင္းက် ျဖစ္လာတယ္လို႔ မထင္ရပါဘူး။ ရွာေဖြ ေတြ႕ရွိမႈ မရွိ သေလာက္ျဖစ္ေနတဲ့ Legendary planet အေၾကာင္းလည္း ေျပာသံ ဆိုသံ မၾကားရဘဲ အားလုံးက တိတ္ဆိတ္စြာ ပဲ ကစားလို႔ ေနၾကပါတယ္။ ဒါဟာ ဂိမ္းတစ္ခု အတြက္ ေကာင္းတဲ့ လကၡဏာ တစ္ခု မဟုတ္တာ ေတာ့ က်ိန္းေသ ပါတယ္။

ဒီလို အေျခအေန ေတြကို NC ဘက္က တာဝန္ရွိသူမ်ား မသိတာ ေတာ့ မျဖစ္နိုင္ပါ။ သူတို႔ ဘာကို ပုံေဖာ္ေနသလဲ ဆိုတာ ကြၽန္ေတာ္ တို႔ ကစားသူမ်ား ဘက္က ေတြးၾကည့္ဖို႔ ေကာင္းသည္။ ဒါဟာ ကစားသူ အခ်င္းခ်င္း ၾကားထဲက ဂိမ္းပြဲ မဟုတ္ဘဲ ကစားသူနဲ႕ ဂိမ္းပိုင္ရွင္ အၾကားက ဉာဏ္စမ္း ပြဲ ေလး တစ္ခု အေနနဲ႕ ေပါ့။ စိတ္ဝင္စားဖို႔ မေကာင္းဘူးလား ဗ်။

ဂိမ္းေတြ အသစ္ အသစ္ ေတြ အထူးသျဖင့္ ပေရာဂ်က္ ေတြ ရွိေပမယ့္ စတင္းေဈး ေၾကာင့္ ေနာက္တြန႔္ သြားၾကတယ္ ထင္ပါတယ္။ မထင္လို႔ လည္း မရပါဘူး။ ပေရာဂ်က္ ေတြ ထြက္လာေလ စတင္းက က်လာေလ ပါပဲ။ ေဈးက် ဒဏ္ မခံနိုင္လို႔ ပေရာဂ်က္ေတြ ပ်က္ကုန္လည္း ပို ခက္ခဲ ပါဦး မည္။ အင္း အခုခ်ိန္ကေတာ့ တကယ့္ကို စတင္း ဘေလာ့ဂ္ခ်ိန္း အတြက္ ခက္ခဲေသာ ကာလႀကီးပါပဲဗ်ာ။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=137

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59969.65
ETH 1578.41
USDT 1.00
SBD 0.42