တက်လော့ crypto (@aggamun)

in #myanmar7 years ago

crypto တွေ ဈေးတက်လာတာက ဝမ်းသာ စရာပါ။ ဘာလို့ ဆိုတော့ နောက်ပိုင်းမှာ crypto များရဲ့ အပိုင်းကဏ္ဍ က အရေးကြီးလာမယ် ဆိုတဲ့ သဘော မို့လို့ပါ။ ခုချိန်က စပြီး မိမိ ယုံကြည်ရာ crypto တစ်ခုခုကို စွဲကိုင်ထားရင်ဖြင့် နောင်တစ်ချိန် အကျိုး ခံစားခွင့် အနေနဲ့ တစ်စုံ တစ်ခုသော အတိုင်းအတာ အထိ ရရှိနိုင်မယ်လို့ ထင်ပါတယ်။ အရာအားလုံးက မတည်မြဲခြင်း သဘောတွေ ရှိနေတာပဲ မဟုတ်လား။

ခုလောလော ဆယ်အထိတော့ ကျွန်တော်တို့ ယုံကြည်ထားတဲ့ စတင်းက တော့ တခြား crypto တွေ ၃ ၄ ဆ လောက် ထိုးတက်သွားပေမယ့် သူကတော့ နေမြဲ အတိုင်း ပဲ ဖြစ်ပါတယ်။ ယိုင်နဲ့ မသွားတာကိုပဲ ကျေးဇူးတင် နေရပါတယ်။ ကျွန်တော် တစ်ယောက်တည်း အမြင်ကတော့ ဈေးက တက်မယ် မတက်ဘူးတော့ မပြောနိုင်ဘူး။ ပြောနိုင်တာက မကျနိုင်ဘူး ဆိုတာပါပဲ။

24 hr အတွင်း အနိမ့် ဆုံး ဈေးနှုန်းက ပြား လေးဆယ် ဆိုတော့ ဒါက ဈေးမာလာတဲ့ သဘောလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကတော့ ၃၈ ပြား ပတ်ဝန်းကျင် ရှိခဲ့ဖူးပါတယ်။ ထပ်ပြီး တော့ မကျဘူး ဆိုရင် ဝမ်းသာ ရမှာပါ။ ဒီအတွက် နောက်တစ်ရက် နှစ်ရက် စောင့်ကြည့် လေ့လာနေဖို့ ပဲ လိုပါတယ်။

hf21 နဲ့ ပတ်သတ်ပြီးတော့ ကောင်းတယ် ဆိုးတယ် ကျွန်တော် မသိပါဘူး။ ကျွန်တော်ထင်တာက ဈေးသာ တက်ခဲ့မယ်ဆို rewards 65% ဆိုလည်း ကျွန်တော့ အတွက်တော့ မနည်းပါဘူး။ စတင်းဈေးသာ ကျခဲ့ရင် တော့ rewards က 100% ဆိုလည်း ဘေလ်ဖိုး တောင် မရဘူး ထင်ပါတယ်။ ဆိုတော့က ဈေးတက်အောင်သာ သေသေချာချာ လေး လုပ်ပေးပါ။ 65% လည်း ok ပါတယ်လို့။

written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=315
Sort:  

ဒီ​နေ့​တောင်​ ​ဈေး​တွေ ကျသွားတယ်​ 😪😪

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 62826.06
ETH 1752.35
USDT 1.00
SBD 0.39