ပျော်ရဲ့လား လို့ (@aggamun)

in #myanmar5 years ago

တစ်ပတ် အတွင်း အသစ် ရှာတွေ့ခဲ့သော Planet အသစ်များကြောင့် အခုဆို ပိုင်ဆိုင်သော Planet များ မှာ 14 ခုအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ စိတ်ထင်သလို ရှာဖွေ ခဲ့သည့်အတွက် အခုတစ်ဖန် မရှာရသေးသော နေရာ များတွင်သာ ရှာနေရသည့် အတွက် တွေ့ရှိနှုန်း ကျဆင်းခဲ့ပါတယ်။ ခုသုံးလေး ရက်ကမှ ဆက်တိုက် ဆိုသလို Planet အသစ်တွေ ချောင်ကြား မှ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တွေ့ရှိလာတဲ့ Planet အသစ်တွေက Miner တွေကို အသည်းအသန် တင်နေရ ပါတယ်။

Rank ကလည်း ကျဆင်းသွားတာ 50 နားကို ကပ်နေပါတယ်။ Miner တွေ Upgrade ဖြစ်မှသာ အပေါ်ကို ထပ်တက် နိုင်မှာဖို့ Miner တွေကို အဓိက ထားနေရခြင်း ဖြစ်ပါတယ်။ အရင် အဆင့်ကို ရောက်ဖို့ကတော့ နောက်ထပ် Planet အသစ်တွေ ရှာဖွေတွေ့ရှိဖို့ အများကြီး လိုအပ်ပါတယ်။ Nextcolony ရဲ့ Reward တွေကလည်း မလာနိုင်သေးဘဲ ကြန့်ကြာ နေပါတယ်။

ကျွန်တော်ထင် တာကတော့ တစ်ခုခုကို သူတို့ စောင့်ဆိုင်း နေသလားဘဲ။ HF အဆင့်မြင့် တာကို စောင့်နေသလား မသိပါဘူး။ ဒါဆို ရင်တော့ ဒီလကုန် အထိ ထူးခြားမှု မရှိဘဲ Nextcolony ကို ဆက်ကစား ရမှာဘဲ ဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာက Legendary Planet တွေ မလုံလောက်သေးလို့ စောင့်ဆိုင်းနေသလား မဆိုနိုင်ပါဘူး။ ဒါဆိုရင် တော့ Lagendary ကို အမြန်ရှာတွေ့ ဖို့ လိုအပ်နေပါပြီ။

Legendary ဆိုတာကလည်း ရှာတွေ့ဖို့ အင်မတန့် အင်မတန် ခက်ခဲ လွန်းလှပါတယ်။ ကျွန်တော်ကတော့ Legendary ရှာတွေ့ရင် ရောင်းစား မှာပဲဖြစ်ပါတယ်။ စိတ်ရှုပ် ခံပြီး တိုက်တာ ခိုက်တာတွေ လုပ်မနေတော့ပါဘူး။ Legendary ရှာမတွေ့ ရင်တော့ ပိုင်ဆိုင်သမျှ Planet အကုန်ရောင်းပြီး Battleship တွေ အကုန်ရောင်းပြီး သာသာယာယာပဲ ပင်မ Planet ကနေ အထိုင်ကစား ပါတော့မယ်။

အဲ့ဒီ မတိုင်ခင်တော့ Reward တွေ ရသမျှ ယူနေဦးမှာပါ။ ဒါကတော့ ကျွန်တော့်ရဲ့ Plan ပဲ ဖြစ်ပါတယ်။ တွေးထားတဲ့ အတိုင်း ဖြစ်လာမယ် ဖြစ်မလားဘူး ဆိုတာကတော့ နောက်လအတွင်းမှာ သိရတော့ မှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း NC ကစားတဲ့ အတွေ့အကြုံတွေ ဝေမျှ ပါဦးဗျာ။ Nextcolony ကစားရတာ ပျော်ရဲ့လားလို့။

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=98
Sort:  

ပျော်လိုက် မပျော်လိုက်ပါပဲ။ဂြိုလ်အသစ်လေးတွေ ကံကောင်းပြီး တွေ့ရင်တော့ ပျော်တယ်။အချိန်တွေ အကြာကြီး ရှာပြီးတော်တော်နဲ့ ဂြိုလ်အသစ် မတွေ့တဲ့အချိန်ရယ် ခဏခဏလာတိုက်ခံရတဲ့အချိန်ရယ်ဆိုရင်တော့ မပျော်တော့ဘူး။

Posted using Partiko Android

ဟုတ်တယ် ခဏ ခဏ အတိုက်ခံရတာလောက် ညစ်တာ မရှိဘူး။ အရင်း မြန်မြန် ကျေမှပဲ အေးမယ်ဗျ။

Posted using Partiko Android

ဟုတ်တယ်။

Posted using Partiko Android

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99