အလုပ္ေႂကြး ပိ (@aggamun)

in #myanmar5 years ago

အလုပ် အကြွေးတွေ နည်းနည်း နောနော မဟုတ် တင်ကျန်နေတာ။ ဒါတောင် ဒီ ပလက်ဖောင်း မှာ အောင်မြင် ထွန်းတောက် နေတာ မဟုတ်ပါ။ ကျပ်တည်းစွာ ရုန်းကန်နေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဘာမှ မက်လောက်အောင် မရသေးတဲ့ အလုပ် ဆိုပေမယ့်လည်း တစ်နေ့ တစ်နေ့ လိပ်ပတ်မလည် နိုင်အောင် ပါပဲ။ အသစ်ကို ထပ်မလှမ်း နိုင်တော့အောင် ဖြစ်နေပါပြီ။

ဂိမ်း ဘက်မှာလည်း NC ကို သာ အဓိက ကစား နေပြီး မွန်းစတားကို အဖြစ်လောက်သာ ကစား ပါတယ်။ ဆေးဝါး ဂိမ်း ကတော့ အချိန် ရပါမှ အလုအယက် လေး ဝင်ပြီး တိုကင်လေး ထုတ် အင်ဂျင်ထဲမှာ ထား ဒီလောက်ပဲ လုပ်ဖြစ်ပါတယ်။ အဲသလို အချိန်မျိုး ဆိုတာကလည်း တစ်ပတ် တခါတောင် မရရှာ ပါဘူးဗျာ။

လပ်တော့ တလုံး လောက် ဝယ်ရမယ် ထင်တယ်ဗျ။ အခု လက်ရှိ က ဖုန်း နဲ့ ဆိုတော့ အားသွင်း ချိန် မှာ ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အား နှစ်ခါ သွင်းရင် နှစ်ခါ အချိန် ပုပ်တာပေါ့။ အင်တာနက် ဖွင့် တောက်လျှောက် သုံးတာ ဆိုတော့ ဖုန်း လည်း ဘယ် ခံနိုင်ပါတော့ မလဲ။ ခဏ ခဏ ထိုးသွင်းလိုက် ဆွဲဖြုတ် လိုက် နဲ့ အားသွင်းပေါက်က မီး ထ မတောက်တာ ကံကောင်း မဟုတ်ပါလား။

အစ က စတီးမစ်က ရတဲ့ ဒေါ်လာ တွေနဲ့ လပ်တော့ စကင်းဟန်း လေးဖြစ်ဖြစ် ဝယ်မလို့ စိတ်ကူး နေတာ ခုထိ အကောင်အထည်ကို မပေါ်သေး ဘူးဗျာ။ ခုနောက်ဆုံး တော့ ကိုယ့် ဘာသာ ကိုယ်ပဲ ဝယ်ရတော့မယ် ထင်ပါတယ်။ လပ်တော့ ဝယ်ပြီးရင်တော့ လုပ်အား နှစ်ဆ ရပါပြီ။ ခုတော့ အလုပ် ကြွေးများကို ရသလောက် ဖဲ့ဆပ်ရင်း ထပ်တင်မှာ သေချာ နေတဲ့ အလုပ် ကြွေးများကို သာ မြင်ယောင်နေမိ ပါတယ်။

Written by @aggamun


Source

အလုပ္ အေႂကြးေတြ နည္းနည္း ေနာေနာ မဟုတ္ တင္က်န္ေနတာ။ ဒါေတာင္ ဒီ ပလက္ေဖာင္း မွာ ေအာင္ျမင္ ထြန္းေတာက္ ေနတာ မဟုတ္ပါ။ က်ပ္တည္းစြာ ႐ုန္းကန္ေနရတဲ့ အခ်ိန္အခါ ျဖစ္ပါတယ္။ ဘာမွ မက္ေလာက္ေအာင္ မရေသးတဲ့ အလုပ္ ဆိုေပမယ့္လည္း တစ္ေန႕ တစ္ေန႕ လိပ္ပတ္မလည္ နိုင္ေအာင္ ပါပဲ။ အသစ္ကို ထပ္မလွမ္း နိုင္ေတာ့ေအာင္ ျဖစ္ေနပါၿပီ။

ဂိမ္း ဘက္မွာလည္း NC ကို သာ အဓိက ကစား ေနၿပီး မြန္းစတားကို အျဖစ္ေလာက္သာ ကစား ပါတယ္။ ေဆးဝါး ဂိမ္း ကေတာ့ အခ်ိန္ ရပါမွ အလုအယက္ ေလး ဝင္ၿပီး တိုကင္ေလး ထုတ္ အင္ဂ်င္ထဲမွာ ထား ဒီေလာက္ပဲ လုပ္ျဖစ္ပါတယ္။ အဲသလို အခ်ိန္မ်ိဳး ဆိုတာကလည္း တစ္ပတ္ တခါေတာင္ မရရွာ ပါဘူးဗ်ာ။

လပ္ေတာ့ တလုံး ေလာက္ ဝယ္ရမယ္ ထင္တယ္ဗ်။ အခု လက္ရွိ က ဖုန္း နဲ႕ ဆိုေတာ့ အားသြင္း ခ်ိန္ မွာ ဘာမွ မလုပ္နိုင္ဘူး ျဖစ္ေနတယ္။ အား ႏွစ္ခါ သြင္းရင္ ႏွစ္ခါ အခ်ိန္ ပုပ္တာေပါ့။ အင္တာနက္ ဖြင့္ ေတာက္ေလွ်ာက္ သုံးတာ ဆိုေတာ့ ဖုန္း လည္း ဘယ္ ခံနိုင္ပါေတာ့ မလဲ။ ခဏ ခဏ ထိုးသြင္းလိုက္ ဆြဲျဖဳတ္ လိုက္ နဲ႕ အားသြင္းေပါက္က မီး ထ မေတာက္တာ ကံေကာင္း မဟုတ္ပါလား။

အစ က စတီးမစ္က ရတဲ့ ေဒၚလာ ေတြနဲ႕ လပ္ေတာ့ စကင္းဟန္း ေလးျဖစ္ျဖစ္ ဝယ္မလို႔ စိတ္ကူး ေနတာ ခုထိ အေကာင္အထည္ကို မေပၚေသး ဘူးဗ်ာ။ ခုေနာက္ဆုံး ေတာ့ ကိုယ့္ ဘာသာ ကိုယ္ပဲ ဝယ္ရေတာ့မယ္ ထင္ပါတယ္။ လပ္ေတာ့ ဝယ္ၿပီးရင္ေတာ့ လုပ္အား ႏွစ္ဆ ရပါၿပီ။ ခုေတာ့ အလုပ္ ေႂကြးမ်ားကို ရသေလာက္ ဖဲ့ဆပ္ရင္း ထပ္တင္မွာ ေသခ်ာ ေနတဲ့ အလုပ္ ေႂကြးမ်ားကို သာ ျမင္ေယာင္ေနမိ ပါတယ္။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=103

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 59036.72
ETH 2970.23
USDT 1.00
SBD 3.73