About ears I know (@aggamun)steemCreated with Sketch.

in #myanmar6 years ago

ကျွန်တော် ဒီတစ်ခါ ပြောဆို ဆွေးနွေးချင်တာကတော့ နားအကြောင်းပါပဲ။
အင်္ဂလိပ်လို ဆိုရင်တော့ ear ပေါ့ ခင်ဗျာ။ 😊
နား အလုပ်လုပ်ပုံကို တော့ ငယ်ငယ်တုန်းက သင်ဖူး တယ် လေ။
မူလတန်းလောက်က။

ခေါင်းလောင်း တစ်လုံးကို တီးလိုက်လျှင် ခေါင်းလောင်း တုန်ခါမယ်။
တုန်ခါနေတဲ့ ခေါင်းလောင်း က အနီးအနားက လေကို တုန်ခါစေမယ်။
တုန်ခါသွားတဲ့ လေက အနီးအနားက လေကို ဆက်လက် ဆက်လက် တုန်ခါစေမယ်။
နောက်ဆုံးမှာ နားစည်က အမြှေးပါးကို လာရောက် ရိုက်ခတ်မှာ ဖြစ်ပါတယ်။
အဲသည့်အခါမှာတော့ ကျွန်တော်တို့ ခေါင်းလောင်းသံကို ကြားရမှာ ဖြစ်ပါတယ်။

ဒါကတော့ ကျောင်းက သင်ပေးလိုက်တဲ့ အသံကြားရပုံပေါ့ ခင်ဗျ။
အမြှေးပါးက အလုပ်မလုပ်တော့ရင်ဖြင့် အသံမကြားနိုင်တော့ ဘူးပေါ့လေ။

သိပ္ပံ နည်းကျကျပြောရရင် နားစည် လေးရယ် ခေါင်းလောင်းသံလေးရယ် ရှိရင် ကြားနိုင်တယ်ပေါ့လေ။
ကြားနိုင်လောက်တဲ့ အကွာအဝေးတော့ ရှိရမှာပေါ့။
ဒါဆို လုံလောက်တဲ့ အကွာအဝေးရယ် အသံရယ် နားစည်ရယ်ရှိရင် ကြားနိုင်ပြီပေါ့။
သိပ္ပံ မှာတော့ မသိဘူးဗျာ။
တကယ်လက်တွေ့မှာတော့ မကြားနိုင်သေးဘူးဗျ။

တစ်ခါတစ်လေ တစ်ယောက်ယောက်နဲ့ စကားပြောနေရင်း ကိုယ်က အတွေးလွန်နေလို့ မကြားလိုက်တာလည်း ရှိတတ်တယ်မလား။
အလုပ်လုပ်နေရင်း ဘာကပ်ပြောလိုက်လို့ ပြောသွားမှန်းမသိ တာတွေလည်း ရှိပါတယ်။
ဒါတွေ ဘာကြောင့်ဖြစ်နေသလဲ တွေးကြည့်ဖို့ကောင်းပါတယ်။

ကျွန်တော့ အနေနဲ့တော့ ပြောရရင် ဒါ အာရုံ မရတာလို့ ဆိုချင်ပါတယ်။

ကျွန်တော်တို့ဟာ လေ့လာစရာ တစ်ပုံ တစ်ပင်ရှိတဲ့ သည်လောကမှာ နေရင်း နဲ့ တကယ် အရေးပါတဲ့ ကိုယ့်ကိုယ်ကို လေ့လာခြင်း အလုပ်ကို မေ့နေတတ်ပါတယ်။
ကိုယ့် အကြောင်းကိုယ်ပဲ ဘာလေ့လာစရာ လိုမှာလဲ လို့တော့ မထင်ပါနဲ့ ။
လူဆိုတာ တစ်ခါတစ်လေ ကိုယ်က ဘာဖြစ်နေလို့ ဖြစ်နေမှန်းကို မသိတာပါ။
ဒါက ကိုယ်တွေ့ မို့လို့ အပိုင်ပြောရဲပါတယ်။
လူသည် မိမိကိုယ်ကို မသိဆုံး သတ္တဝါ ပါလို့။
မယုံဘူးလား ဒါဆို မနက်က အိပ်ရာနိုးတော့ နိုးတဲ့ အချိန်မှာ ပက်လက်လား မှောက်လျက်လား ညာစောင်းလား ဘယ်စောင်းလား ပြောကြည့် 😜

အာရုံ စူးစိုက်မှုဆိုတာ လည်း အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။
အရေးကြီးလို့လား မသိ အာရုံကလည်း တစ်ခုဆို တစ်ခုပဲ စိုက်လို့ရတယ်။
ငယ်ငယ်ကတော့ဗျာ သင်္ချာတွက်ရင်း သီချင်းတွေနားထောင်ခဲ့တာပေါ့။
တွက်လို့ကောင်းမှကောင်း ။
ခုတော့ မရတော့ဘူးလေ။
သီချင်းဖွင့်တာက ဖွင့်တာပဲ တွက်နေတုန်းတော့ သီချင်းက ဘယ်ရောက်နေမှန်း မသိဘူး။
သီချင်းသံကတော့ နားထဲဝင်လာနေတာပဲ။
သီချင်းကို သေသေချာချာ အာရုံစိုက်ပြီး ခံစားလိုက်ရော သင်္ချာက အဆက်ပြတ်သွားလေရော။
အစ ကပြန်စဉ်းစားပေဦးတော့။

ဆိုတော့က အာရုံ သာ မရှိရင် ခေါင်းလောင်းသံ မပြောနဲ့ ဘေးနား လာပြီး ဗုံးပေါက်ရင်တောင်မှ အော် ငါ့အနားမှာ တစ်ခုခုတော့ ဖြစ်သွားပါလား ဆိုတာလောက်သာ သိမှာ ဖြစ်ပါတယ်။

နားကလည်း သေသေချာချာ စွင့်ထားမှသာ အပြည့်အဝ ကြားနိုင်ပါမှာ။
တစ်ခါတစ်ခါ ကိုယ်ပြောချင်တဲ့ အကြောင်းပဲ စဉ်းစားနေတာကြောင့် တစ်ပါးသူ စကားကို သေသေချာချာ နားမစွင့် မိ ဖြစ်တတ်တယ်လေ။
သည်အခါတော့ အကျိုးရလဒ်မကောင်းတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် သူတစ်ပါးကို အလေးထားကြောင်း ဖော်ပြတာလည်းရောက်အောင်ရယ် ကြားသမျှ အသံများကို သေသေချာချာ နားလည် သဘောပေါက်အောင် ရယ် အာရုံစိုက် နားစွင့် ထားကြရအောင်လားဗျာ။


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

really 😺 thz u very much bro
😊
@aggamun

ဂုစိုက်​ပီးနား​စွင့်​​တတ်​​အောင်​ စကျင့်​ပါပီဗျာ😁

😊 good တာပေါ့ bro fighting!!
@aggamun

နားထောင်မရလို့ မျက်စိနဲ့ပဲကြည့်သွားတယ်နော်

ဗဟုသုတရတယ်​​ဗျာ

ဟုတ်ကဲ့ bro

@redpalestino က ဘယ်အချိန်မှာ လာပြီးvote ပေးတတ်လဲဗျ။

အချိန်က ဘယ်လိုရှာရမလဲ bro

အင်း ဘယ်လို အခြေအနေမှာ လာပြီး vote တတ်သလဲလို့မေးရမယ်နဲ့တူတယ်။ ဉပမာ ဘယ် tag တွေ သုံးရင် vote တတ်သလဲဆိုတာမျိုးပေါ့။

ဟုတ် bro ကျနော်လည်း မပြောတတ် ဘူး သူက တစ်ခါပဲ vote ပေးဖူးသေးတာ

မှန်တယ်ဗျာ အရင်တုန်းကသီချင်ဖွင့်ပြီးတွက်ရင် စာရတယ်ထင်တာ အခုဖွင့်တွက်တော့လဲစာထဲအာရုံတွေရောက်နေပြီဆို သီချင်းဘယ်လိုပြီးသွားမှန်းကိုမသိဘူး😝

👍 thz for supporting sis 😊
@aggamun

Congratulations @aggamun! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63162.99
ETH 2567.19
USDT 1.00
SBD 2.82