အားပေးစကား ဆိုသည်မှာ

in #myanmar8 years ago

နိဒါန်း

အားပေးစကား ဆိုသည်မှာ လူနှင့် မတည့်သော အရာ မဟုတ်ပါ။
အားပေးစကားသည် လူနှင့် တည့်ပါသည်။
လူတိုင်း လူတိုင်း အားပေးစကားကို သဘောကျနှစ်သက်ကြသည်။
အားပေးစကား ပြောတတ်သူကို ချစ်ခင် လေးစား တန်ဖိုးထားကြသည်။
အားပေးစကား တစ်ခွန်းသည် မထင်မှတ် နိုင်လောက်အောင် အကျိုးရှိပါသည်။
ပေါက်ကရ အားပေးစကားတော့ မပြောပါနဲ့ဗျာ ။

xxxxxxxxxx

ကျွန်တော် ရယ်ချင်သည်။

'' အဟက် ''

မရယ်မိအောင် ကြိုးစားနေသော်လည်း မရ။
အသံထွက် သွားမိခဲ့၏။
မရယ်ဘဲ နေနိုင်ရိုးလားဗျာ။

ဘယ့်နှယ် ပညာမတတ်ဘဲ ချမ်းသာတဲ့ သူတွေ တစ်ပုံကြီး ရှိတယ်တဲ့

သူ ဆိုလိုသော ပညာကို ကျွန်တော်သိသည်။
အတန်းပညာကို ဆိုလိုခြင်းဖြစ်သည်။
ဘွဲ့တွေ ဒီဂရီ တွေ ကို ပြောလိုခြင်း ဖြစ်သည်။
သူ့ စကားနှင့် သူတော့ ဟုတ်သလိုလိုပင်။
သို့သော် လွဲနေသည်များ ရှိနေသည်။

သူ့စကားကို ကျွန်တော် လုံးဝ သဘောမတူပါ။
ပညာဆိုသည်မှာ လုပ်သင့်သော အရာ၊ မလုပ်သင့်သော အရာကို ခွဲခြားသိမြင်နိုင်သော အစွမ်း လို့ ကျွန်တော်နားလည်ထားသည်။
ဒါကြောင့် ပညာ မတတ်ဘဲ ချမ်းသာတယ် ဆိုတာကို လက်မခံတာ ဗျ။
အနည်းဆုံး ငွေကို ဘယ်အချိန်မှာ သုံးသင့်တယ်၊ မသုံးသင့်ဘူး ဆိုတဲ့ ပညာလောက် တော့ ကျွမ်းကျွမ်းကျင်ကျင် သိကိုသိရမယ်ဗျာ။
ဒါမှ မသိရင် ဘယ်လိုချမ်းသာမှာလဲ။
ချမ်းသာလည်း ခဏပဲ။ ကုဋေ ၈၀ သူဌေးသားလို ပေါ့။

ပညာတစ်ခုမှ မတတ်ရင် ဘာမှ မဖြစ်လာနိုင်ဘူးဗျ။
ကျွန်တော် ပြောတာ အတန်းပညာ မဟုတ်ပါဘူးနော်။
အတန်းပညာက လည်း အတတ်ပညာရပ် တစ်ခုအနေနဲ့ သုံးတတ်ရင် အလွန်အသုံးဝင်ပါတယ်။
လူတစ်ယောက် ယောက် တစ်နေရာရာမှာ ထင်ရှားလာပြီဆို သေချာတယ် သူပညာတစ်ခုခုကို ကျွမ်းကျွမ်း ကျင်ကျင် သိထား တတ်ထားလို့ပဲဗျ။

ပညာရပ် တစ်ခုသည် မည်မျှပင် သေးငယ်စေကာမူ ကုန်စင်အောင် တတ်မြောက်ထားပါက အသက်မွေးဝမ်းကျောင်း ပညာ အဖြစ် အသုံးပြုနိုင်တယ်လို့ လောက နီတိက ဆုံးမထားတယ်လေဗျာ။

ဆိုတော့က ချမ်းသာသူသည် အလကား ချမ်းသာနေသည်မဟုတ်။
ဘာမှ မတတ်ရင်တောင် ငွေကို အသုံးချနည်းတော့ တတ်လိမ့်မယ်။
ဘာပညာမှ မတတ်ဘဲ ချမ်းသာတယ်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာလို့ကို ဆိုချင်တာ။
သည်တော့ အားပေး စကား အနေနဲ့ ပြောမယ်ဆိုရင်တောင် အားမငယ်နဲ့ သိလား ဘာမှ မတတ်လည်း ချမ်းသာနေတဲ့သူတွေ
ရှိပါတယ်
လို့ မပြောပါနဲ့ ဗျာ။
ရယ်ချင်လို့။


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

အနည်းဆုံးတော့အသိဥာဏ်ပညာရှိမှ ချမ်းသာနိုင်မှပေါ့နော်

သိဘူးလေ ထင်တာပဲ 😀
@aggamun

ကျေးကျေး

thx for support
@aggamun

Good post bro👍

thz u bro 😊
@aggamun

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63386.83
ETH 1683.18
USDT 1.00
SBD 0.41