A HOPE FOR THE UNEXPECTED (@aggamun)steemCreated with Sketch.

in #myanmar6 years ago
  • မမျှော်လင့်သော မျှော်လင့်ချက် တစ်စုံတစ်ရာ

အမေ ငိုတာ မဟုတ်ပါဘူး သားရယ် ……
သည်မျက်ရည်တွေကလေ ဝမ်းသာလို့ ကျတဲ့ မျက်ရည်တွေပါ သား…… ပျော်လို့ ကျလာတဲ့ မျက်ရည်တွေပါ ……
သား အမြဲတမ်း ပြောတယ်လေ … သည်လူကြီးက ဘယ်လိုမှ ပြုပြင်လို့ မရတော့ပါဘူး … လွှတ်သာ ထားလိုက်တော့ လို့ …
အခုတွေ့တယ်မလား … အမေတို့ ဘယ်လိုပြုပြင်ခဲ့တယ် ဆိုတာ … သူတို့ ဘယ်လောက် သိတတ်လိမ္မာ လာပြီ ဆိုတာလေ …
အဲဒါပဲ သား … လူတစ်ယောက် လိမ္မာလာဖို့ … အထူးသဖြင့် ဆိုးသွမ်းတဲ့သူ တစ်ယောက် … လူကောင်းသူကောင်း ဖြစ်လာဖို့ဆိုတာ သည်အတိုင်း လွှတ်ထားလို့ မရဘူးကွဲ့ …
လူကောင်း သူကောင်းတွေ အများကြီးက အချိန်တွေ အကြာကြီး … ဝိုင်းဝန်း ထိန်းသိမ်းပြုပြင်ပေး … ရှေ့ဆောင် လမ်းပြ လုပ်ပေးမှ အဆင်ပြေနိုင်မယ် သားရေ …

အခုဆို ကြည့်စမ်း … အမေတို့ မောင်နှမ ၈ ယောက်မှာ အမေက အကြီးဆုံးလေ …
ကျန်တဲ့ ညီမတွေက သူဟာနဲ့ သူ လိမ္မာရေးခြား ရှိကြပေမဲ့ … အငယ်ဆုံး မောင် နှစ်ယောက်ကတော့ ဆိုးပေလေးတွေပေါ့ …
မင်း အဖိုးနဲ့ အဖွားကလည်း သားလေး နှစ်ယောက်ထဲ ဆိုပြီး တုန်နေအောင် ချစ်ရှာကြ တယ်လေ …
မင်း အဖိုးနဲ့ အဖွားတင်မကပါဘူး အမေတို့ ညီအစ်မတွေလည်း ပါတာပေါ့လေ …
ငယ်ငယ်ကတော့ … သူတို့ ဆိုးတာ ချစ်စရာ ကောင်းပေမဲ့ ဟော … ကြီးလာတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်လာရော …
အရက် ကလေး တမြမြနဲ့ လူရမ်းကားကြီးတွေ ဖြစ်လို့ …

အမေကလည်း အိမ်ထောင်ကျသွားတော့ ကိုယ့်မိသားစုနဲ့ ကိုယ် …
တခြား အစ်မတွေကိုလည်း သူတို့က သိပ်မကြောက်တော့ သူတို့ နှစ်ကောင် အတွက် ရမ်းချင်တိုင်း ရမ်းလို့ ရနေတာပေါ့ သားရယ် …
မင်း အဖိုးနဲ့ အဖွားကိုလည်း ဒီကောင်တွေ မလေးစား ကြတော့ဘူး …
နောက်ဆုံး ရပ်ကွက်ထဲမှာ အရှက်ရစရာ ဖြစ်အောင် တုတ်တပြက် ဓားတပြက်နဲ့ ဖြစ်ပျက်သွားခဲ့တာ သားလည်း အသိ ပဲ …
တော်သေးတယ်လို့ ပြောရမယ် … ရပ်ကွက်ထဲမှာက ဟိုးအရင်ကတည်းက … နေလာတဲ့ ကိုယ့်လူအရင်းကြီးတွေမို့ပေါ့ …
တခြား နေရာမှာဆို မင်းဦးလေး နှစ်ကောင်တော့လား … တစ်ခါတည်း ထောင်ကျမှာ …

သားကတောင် ပြောသေးတယ် … ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်ပြီးရော ဆိုပြီးတော့လေ …
ရဲဖမ်းလိုက်လို့ မင်းဦးလေးတွေ လိမ္မာသွားမယ်လို့ သားထင်နေတာလား …
တကယ်တော့ အဲသည်တုန်းက အမေ သဘောပေါက်သွားတာ တစ်မျိုးရှိတယ် …
သြော် … ငါ … ငါ့မောင့်တွေကို ပစ်ထားမိသလို ဖြစ်နေပါလားလို့ပေါ့ …
အခုတော့ … သူတို့ အတွက် စံပြ လူသားတစ်ယောက် လိုအပ်နေပြီ ပေါ့ …
အဲဒါကြောင့် အမေလေ … သားအဖွားတို့အိမ်ကို တစ်နေ့ တစ်ခေါက် ရောက်အောင်သွားတယ် …
အမေတို့ အိမ်နဲ့ မင်းအဖွားအိမ် … ရပ်ကွက် နှစ်ခုခြားနေပေမဲ့ … အမေ မရောက် ရောက်အောင်သွားတယ် …
ပြီးတော့ သူတို့ နှစ်ကောင်ကို စိတ်ပင်ပန်းခံပြီး ပြောဆို ဆုံးမ တယ် …
တကယ်တော့ အမေ ဘယ်လောက် စိတ်တိုတတ်တယ်ဆိုတာ … သားသိတယ်နော် …
သူတို့ တစ်တွေအပေါ် အမေ … သည်းခံတယ်ဆိုတာ သူတို့ အတွက်ပဲသား …
ဒါကို သား သဘောပေါက်မှာပါ …
ဘယ်လောက်တောင် သည်းခံခဲ့ ရသလဲဆိုတာတော့ … အမေ မပြောတော့ဘူးနော် …
သားတောင် အမေကို ကရုဏာဒေါသောနဲ့ သူတို့ကို ပစ်ထားလိုက်တော့ဗျာ … လို့တောင် ပြောခဲ့သေးတာပဲလေ …
မင်း အဖေတောင် တစ်ခါတစ်လေ စကားနာထိုးသေး …
ဒါပေမဲ့ အမေ ကြံ့ ကြံ့ ခံခဲ့ တယ် … ခံနိုင်ရည် ရှိလွန်းလို့တော့ မထင်ပါနဲ့ …
ဒင်းတို့ နှစ်ကောင် လိမ္မာ ပါစေတော့ရယ်လို့ ပေါ့ …
တစ်ခါတစ်ရံ တော့ … ဒင်းတို့ တစ်တွေ ငါ့စေတနာကို နားမလည်လေခြင်း ဆိုပြီးတော့ ဝမ်းနည်းမိပေမဲ့ … သူတို့ လေးစားလောက်တဲ့ လူ ဖြစ်အောင် နေပြ ထိုင်ပြ ခဲ့တယ် …

နောက် မင်းအဖိုး နဲ့ အဖွားကို အရင်ကထက် ပိုဂရုစိုက်တယ် …
တခြား မင်းဒေါ်လေးတွေကို လည်း မိဘကို ဂရုစိုက်ကြဖို့ … တိုက်တွန်းတယ် …
အထူး သဖြင့် သီတင်းကျွတ် လို အချိန်မျိုးမှာ … မင်းဖိုးဖိုး ဖွားဖွားတို့ကို ကန်တော့တဲ့ အခါ … အမေတို့ ချည်းပဲ မဟုတ်တော့ဘဲ … မင်းဦးလေး တို့ကို ပါ ခေါ်ပြီး … အတူတူ ကန်တော့ ကြတယ် …
ဒါကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ သား …
အမေတို့လည်း ကုသိုလ်ရ … မင်းဦးလေးတွေ လည်း အတုယူ နေတတ် ထိုင်တတ် လာအောင်ပေါ့ …
အဖိုးအဖွားကို ကန်တော့ပြီးတော့ မှ ဝါစဉ် အကြီး အငယ်လိုက် အကုန် ကန်တော့ကြရောလေ …
သားတောင် မင်းဦးလေးတွေ ကန်တော့ခဲ့ရသေးတယ်မလား …
သား ကန်တော့တုန်းက သားဦးလေး မျက်နှာကိုတော့ သတိမထားမိဘူး မလား …
နေရ ထိုင်ရခက် နေပုံကိုလေ …
သင်္ကြန်တုန်းကလည်း သား ပဉ္ဇင်းခံတုန်းကလည်း … မင်း ဦးလေးတွေကို ဖိုးဖိုး ဖွားဖွားအတွက် ဆိုပြီး … သူတို့ပါ ဒုလ္လဘ လိုက်ဝတ် ခိုင်းသေးတယ်လေ …

အဲသည်လို ကောင်းတဲ့ ကိစ္စ တွေ လုပ်တိုင်း လုပ်တိုင်း … သူတို့ကို ပါအောင် အတင်းလုပ်ခိုင်းတော့ အစပိုင်းမှာ အာပေါက်မတတ် ပြောရပေမဲ့ … နောက်ပိုင်းတော့ လျှောလျှောရှူရှူ ပဲ လုပ်လာတယ်လေ …
အခုဆို အလုပ်အကိုင် လေးတွေပါ ကိုယ်စီ ကိုယ်စီ ရှိလာကြပြီး တည်ငြိမ်လာကြတာ သားသတိထားမိလား …
အရင်လိုလည်း … အရက်တွေ သိပ်မသောက်တော့ပေမဲ့ … ထိန်းထိန်းသိမ်းသိမ်း ရှိလာပြီလေ …

ကဲ အခုနောက်ဆုံး ကြည့်စမ်း သူတို့ စိတ်နဲ့ သူတို့ ဘာသာ … အမေနဲ့ မင်းအဖေကို လာကန်တော့သွားတာ တွေ့လား …
အမေ ဝမ်းသားလိုက်တာလေ … ဘယ်လိုပြောရမှန်းကို မသိတော့ဘူး …
အမေ ဖြစ်စေချင်တဲ့ အတိုင်း သူတို့ နေတတ်လာကြပြီ …
မင်းဖိုးဖိုး နဲ့ ဖွားဖွား လည်း စိတ်ချမ်းသာနေလောက်ပြီ …
အမေ သေပျော်ပြီလေ သား …
အခုအချိန်မှာ အမေ အပျော်ဆုံးပဲ …
ဒါလောက်ထိ အမေ မမျှော်လင့်ထားခဲ့ ပေမဲ့ အခုတော့ ငါ့မောင်လေးတွေ လိမ္မာလာပြီ …
ဒါကြောင့်ပြောတာ … အမေ့ ဒီမျက်ရည်တွေကလေ ဝမ်းသာလို့ ကျလာတာပါ သားရယ် …
ဝမ်းသာလို့ ကျလာတာတွေပါ ကွယ် …


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

တရားသိအောင်ပြင်ဆင်ထားရင်ပိုအဆင်ပြေမှာပါ

အမေ ငိုတာ မဟုတ်ပါဘူး သား ရယ် ……သည်မျက်ရည်တွေ ကလေ ဝမ်းသာလို့ ကျတဲ့ မျက် ရည်  တွေပါ သား…… ပျော်လို့ ကျလာတဲ့ မျက်ရည်တွေ ပါ …… သား အမြဲတမ်း ပြောတယ်လေ … သည် လူကြီးက ဘယ်လိုမှ ပြုပြင်လို့ မရတော့ပါဘူး … လွှတ်သာ ထားလိုက်တော့ လို့ …
အခုတွေ့တယ်မလား … အမေတို့ ဘယ်လိုပြုပြင်ခဲ့တယ် ဆိုတာ … သူတို့ ဘယ်လောက် သိတတ်လိမ္မာ လာပြီ ဆိုတာလေ … အဲဒါပဲ သား … လူတစ်ယောက် လိမ္မာလာဖို့ … အထူးသဖြင့်ဆိုးသွမ်းတဲ့သူတစ်
ယောက် လူကောင်းသူကောင်း ဖြစ် လာဖို့ဆိုတာ သည်အတိုင်း လွှတ်ထားလို့ မရဘူးကွဲ့

ဒီလိုရေးရင်ရော ဘယ်လိုနေမလဲ ဘရို။


တစ်မျိုး ကြည့်ကောင်းတယ် bro ဘယ်လို လုပ်တာလည်းဗျ

<div class="pull-left">အလယ်မှာထည့်တဲ့စာသားက ဘယ်ဘက်ကိုကပ်လိမ့်မယ်။ </div>'အောက်မှာထည့်တဲ့စာသားက ညာဘက်ကို ကပ်လိမ့်မယ်။`

အလယ်မှာထည့်တဲ့စာသားက ဘယ်ဘက်ကိုကပ်လိမ့် မယ်။

အောက်မှာထည့်တဲ့စာသားက ညာဘက်ကို ကပ်လိမ့်မယ်။ @aggamun is a member of msu. He is a good contest writer I think. I wish him to success in Steemit.
@mmunited
msu 080

ဟုတ် မိုက်တယ် bro
colourful text တွေကရော

yeah 👍 thx bro

ဗိုလ်တစ်ထောင်လေ ဗိုလ်တစ်ထောင်

တိုက်ဆိုင်မှုတွေရှိသူကတော့ ချက်ချင်း သဘောပေါက်တော့တာပေါ့ကွယ်

တယ်​​ကောင်း👏👏

ကျေးဇူးပါ ခင်ဗျ

ပိုစ့်တွေမှာ သူတို့နဲ့ သင့်တော်မည့် ပုံတွေ ရှာထည်ုနိုင်ရင် ပိုကောင်းမယ် ညီ။ နောက်တစ်ချက် ကတော့ အဲ့ဒိ ပုံတွေက google ကဆိုရင် reference source ထည့်ပေးဖို့လိုပါတယ်။
[Image Source](ကိုယ့်ရဲ့ source link ထည့်ပေးပါ)

ဟုတ် ဘဒို ကျနော်က ဝတ္ထု တို သဘောမျိုး ဆိုတော့ မထည့်တော့တာပါ ကျေးဇူးပဲ အခုလို ဂရု တစိုက် ဝင်ရောက် ဖတ်ရှု ပေးတာ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 62187.20
ETH 3051.46
USDT 1.00
SBD 3.79