ဆိုင်ကယ်ခြေရာ
ဒီ ရက်ပိုင်းတော့ စုံထောက် ဇာတ်လမ်းလေး နည်းနည်း ဖတ်မိလိုက်တယ် ။ ထိုသို့ ဖတ်မိရင်းကနေ ထူးခြားသော သူငယ်ချင်းတစ်ယောက် အကြောင်းကို ပြန်ပြီး သတိရမိလိုက်လေသည် ။ သူ၏ ဖခင် ဖြစ်သူမှာလည်း ယခင်က ရဲလုပ်ခဲ့ဖူးပြီး သူကလည်း ရဲ အလွန်ဖြစ်ချင်သူပါ ။ ငယ်ငယ်ကပင် ဘာဘဲ ဖြစ်ဖြစ် သေသေချာချာ အမှု တစ်ခု လိုက်သလိုပင် လုပ်နေမိသည် ။ ဒီလိုနှင့် သူနှင့်ကိုယ်နှင့် အရမ်းလဲ အဆက်စပ်ကြီး မဟုတ်သဖြင့် တစ်တွဲတွဲ ဖြစ်နေသော သူငယ်ချင်း မဟုတ်ခဲ့ပေ ။
တစ်ခါက ထူးထူးဆန်းဆန်း သူလိုက်သည်မှာ ဆိုင်ကယ် ခြေရာ ဖြစ်လေသည် ။ သူ့ အသိ တစ်ယောက် ကျွန်တော်နဲ့လဲ အသိပါဘဲ စိုးကြီး ဆိုပါစို့ ။ သူ့အား လိုက်ရှာရာ တွင် ဖြစ်လေသည် ။ အိမ်သို့သွားရှာရာတွင် အိမ်ကိုပင် မမေးရသေး မရှိတော့ဘူး ခုလေးတင် ထွက်သွားပြီတဲ့ သူပြောသည် ။ ဘာမှလဲ မမေးရသေး မင်းက ဘယ်လိုသိလဲ ဆိုတော့ ‘ဆိုင်ကယ်ရာ မြင်တယ်’တဲ့ ။ ‘သူစီးနေကျ supercub ထွက်သွားတဲ့ အရာ’ မြင်သတဲ့ ။ အိမ်ကိုမေးကြည့်တော့ ထွက်သွားပြီဆိုသည် ။
Image source
ထို့နောက်တွင် ထို ဆိုင်ကယ် ခြေရာ နောက်ကို သူလိုက်သည် ။ ဘယ်နားကွေ့သည် ဘယ်နားမှာ ဘယ်လိုမောင်းသည် တတွတ်တွတ် ပြောနေသည် ။ ကျွန်တော်လည်း အားနာနာနဲ့ နားထောင်ရင်း လိုက်ပေးသည် ။ တစ်နေရာ အရောက် ဒီအိမ်ထဲ သူခဏ ဝင်ခဲ့သေးတယ် ဟုဆိုသည် ။ ခုလေးတင် ပြန်ထွက်သွားတာ ကွမ်းယာဆိုင်ရောက်တော့မယ် ဆက်လိုက်မယ် တဲ့ ။စိုးကြီး ကွမ်းယာဆိုင် ကကောင်မလေးကို ကြောင် နေသည်ကို သူသိသည် ။ ကျွန်တော်လဲ အူကြောင်ကြောင်နဲ့ ထိုအိမ်ရှင် ထွက်လာသည်နှင့် ဆုံလိုက်ရာ ။ အန်တီ စိုးကြီးရောက်ခဲ့သေးလား မေးလိုက်သည် ။ ခုလေးတင် ပြန်ထွက်သွားပြီဟု ဆိုလေရာ ကျွန်တော်လဲ နည်းနည်း တော့ အံ့သြ ရလေသည် ။
ဒီလောက် ဆိုက်ကယ်ပေါင်းများစွာ သွားထားတဲ့ လမ်းကို ဘယ်လိုကြည့်ကြည့် သူ့လို မမြင်တာတော့ သေချာပါသည် ။ ထို့နောက် ထိုမှ ဆက်ထွက်လာရာ ကွမ်းယာဆိုင်တွင် စိုးကြီးအား တွေ့ရလေသည် ။ ခုတော့ ထိုသူငယ်ချင်းမှာ ရိုးရိုး လက်လုပ်လုပ်လက်စားပင် လုပ်နေပါသည် ။ သူဝါသနာပါသော်လည်း ဖြစ်ခွင့် တော့ မရခဲ့ပေ ။ ယိုးဒယားတွင် အလုပ်လုပ်နေသည် ဟုတော့ တစ်ခါက ကြားလိုက်ပါသေးသည် ။ မတွေ့ ဖြစ်သည်မှာလဲ ကြာလေပြီ ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
ဝါသနာပါသော်လည်း ရွေးချယ်ခွင့် မရလိုက်ဘူးပေါ့
ဟုတ်တယ် မဖြစ်သွားရှာဘူး
ဝိုး
Posted using Partiko Android
တစ်ကယ် အသိထဲကဆို ဘယ်သူ့ကိုပြောမန်း သိကြတယ် ။ဟီး
ဆိုင်ကယ်ခြေရာကြည့်ပြီးလိုက်သွားတာအံ့သြစရာကြီး....ဒါလည်းသူ.ရဲ့ကိုယ်ပိုင်ထူးခြားမှုထင်တယ်....
Posted using Partiko Android
ငယ်ငယ်လေးထဲက သူ့အဖေတို့လို တစ်အားဖြစ်ချင်တာ ။ အဲ့လိုနဲ့ လေ့ကျင့်ရင်း ကျွှမ်းသွားတယ် ထင်တယ် ။ သူငယ်ငယ်ကတည်းက ငါရဲဖြစ်ရင် မလိုက်နိုင်တဲ့ အမှု မရှိစေရဘူး ပြောတာ ။ တစ်ကယ်ဖြစ်ရင်လဲ အမှု လုပ်တဲ့ကောင်ဒေ မချောင်လောက်ဖူး ။
ယိုးဒယားသွားပြီး အလွတ်စုံထောက်လုပ်တာနေမှာပ
ဟုတ်တော့ မဟုတ်ဖူး ဥဥ ဘာဆိုလား စက်ရုံဆိုလား
ဟုပ်ပါ့ တချို့ တောင်သူတွေ တောင်ပေါ်နွားလွှတ်ထားပြီးပြန်သွင်းချိန်ရှာတော့ ခြေရာကြည့်ပြီး ငါ့နွားဘယ်ဆီမှာဆိုတာသိကြတယ် ။
ဟုတ်တယ်နော် ဦးယု