အောင်ခြင်းရှစ်ပါးဂါထာအစွမ်း အပိုင်း(၁)

in #my7 years ago (edited)

မင်္ဂလာပါရှင်
အောင်းရှစ်ပါးဂါထာအကြောင်းလေးပြောပြခြင်ပါတယ် ။
ကျမအဖေက အောင်ခြင်းရှစ်ပါးဂါထာကိုအမြဲရွတ်ခိုင်းပါတယ် အနက်ျကာပါဋိကော အစကတော့ ပါဋိပဲရတာ အဖေကအနက်ကောအလွတ်ရအောင်ကျက်ထား အနက်ပါရွတ်ဆိုမှ
ပိုပြီး ထိရောက်တာ လို့ ပြောတယ်။အစကတော့ ကျက်ရမှာပျင်းတာပေါ့ အနက်ကအရှည်ကြီးပဲလေ။

အဖေကပြောပါများလာတော့ ကျမလည်းကျက်ဖြစ်သွားတယ်။အောင်ခြင်းရှစ်ပါးဂါထာကိုရွတ်ရင် အနှောက်ယှက်လည်းကင်းတယ် ကိုယ့်ဆန္ဒတွေလည်းပြည့်ဝမယ် လို့ အဖေကပြောပါတယ်။
ကိုယ့်ဖြစ်ချင်တဲ့ အရာတခု အဲ့ပေါ်မှာကိုယ့်ရဲ့စိတ်က အမြဲတမ်းအောင့်မေ့ ရင် တနေ့ ကျရင်ပြည့်လာတယ် အောင်ခြင်းရှစ်ပါးဂါထာကို တနေ့ ကို ရှစ်ခေါက်ရွတ် အနက်ကော ပါဋိကော ရွတ် လို့ အဖေကပြောပါတယ် ။

အဲ့ဒါနဲ့ကျမလည်း အစပိုင်းကတော့ကြည့်ဆိုတာပေါ့ ဆိုပါများတော့ နောက်ပိုင်းအလွတ်ရသွားတယ် ။``ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒက ကောင်းတဲ့အရာဖြစ်ရမယ် သူတပါးကို ထိခိုက်စေတဲ့ ဆန္ဒမျိုး ဖြစ်လို့ မရဘူး သူတပါးကို ထိခိုက်စေမဲ့ရည်ရွယ်ချက်မျိုးဆိုရင်တော့ ကိုယ့်ဆန္ဒကပြည့်မှာမဟုတ်ဘူး ´´အဖေကအဲ့လိုပြောပါတယ် ။

ကျမဖြစ်ချင်နေတာ တခုရှိတယ်။ ကျမဆယ်တန်းတုန်းက ကျက်ထားသမျှစာမှတ်မိအောင် ကျက်သမျှစာရအောင် စားမေးပွဲမှာလည်းပါအောင် ကျမ နေ့ တိုင်းညအိပ်တိုင်းရွတ်တယ်။တခါတလေမေ့သွားတာလည်းရှိပေါ့ ။ဆယ်တန်းဆိုတော့ စားတွေကျက်ရတော့ အရမ်းအိပ်ချင်တယ် တခါတလေ အိပ်ပျော်သွားတယ်။မရွတ်လိုက်ရဘူး။ တခါတလေ ရွတ်ရင်းအိပ်ပျော်သွားတယ် ရှစ်ခေါက်မပြည့်တဲ့အခါလည်းရှိတာပေါ့။နေ့ တိုင်းနီးပါးတော့ရွတ်တယ်။
စားမေးပွဲနီးလာတော့ တချို့ စာတွေကစားမေးပွဲ မှာပါမယ်လို့ စိတ်ထဲကထင်နေမိတာ။မသိစိတ် က သတိပေးနေတာ ဒီစာပါမယ် ထင်နေတာပေါ့နော် စာမေးပွဲမှာလည်းပါ ပါတယ်။ထင်ထားတဲ့အပုဒ်တွေပါလာတယ် ။ကိုယ်ထင်တဲ့အပုဒ်တွေပါတော့ပျော်တာပေါ့ ။အဲ့တုန်းကတော့ အောင်ခြင်းရှစ်ပါးဂါထာကြောင့်လို့ သတိမထားမိဘူးပေါ့။

စာမေးပွဲအောင်တော့မှ အဖေနဲ့စကားပြောရင် စကားစပ်မိတော့မှ အောင်ခြင်းရှစ်ပါးဂါထာရွတ်တဲ့ အကျိုးကျေးဇူးတွေဆို တာ သတိရတာ ။
ခုချိန်ထိရွတ်တယ် ။တခါတလေ မရွတ်ဖြစ်တဲ့ရက်တွေလည်းရှိပါတယ် ။
အရင်တလောတုန်းကလည်း ကျမမောင်ဝမ်းကွဲမင်္ဂလာဆောင် သွားစရာရှိတာ ပြာသိုလ် လတုန်းကပေါ့။ မင်္ဂလာဆောင်က ဆောင်းတွင်းဖြစ်နေတော့ အနွေးထည်လိုတာပေါ့ ။အနွေးထည်ကလည်းအသစ်မရှိဘူး ။မင်္ဂလာဆောင်သွားရမှာဆိုတော့ ရှိတဲ့အနွေးထည်လည်းမဝတ်ချင်ဘူး။အနွေးထည်အသစ်လေးလိုချင်တာပေါ့။

အနွေးထည်ဝယ်ဖို့ ကလည်း လက်ထဲမှာပိတ်ဆံမရှိဘူး ။စိတ်ထဲကတမ်းတနေတာ တစ်ယောက်ယောက်ကငါ့ကိုအနွေးထည်လေးလက်ဆောင်ပေးရင်ကောင်းမှာပဲ´´အဲ့လိုတွေးမိနေတာ မင်္ဂလာဆောင်ရက်ကနီးလာပြီ သွားရဖို့ အနွေးထည်ကမရှိသေးဘူး အနွေးထည်လေးဝယ်ပေးမဲ့သူရှိရင်ကောင်းမှာပဲ ´´တွေးနေတာ အိမ်ကို ပူစာရင် တော့ရတယ် အိမ် ကလည်း လူမှုရေးတွေလိုက်ရတာ များနေတော့ မပူစာချင်ဘူး ။

သုံးရက်လောက်လည်းနေရော အမေနဲ့ ညီမလိုခင်တဲ့ အန်တီတယောက်က သူ့ သမီး ကိုအနွေးထည်လိုက်ဝယ်ပေးရင်း ကျမဖို့ လည်း ဝယ်လာတယ် ။ ကျမတို့ အိမ်နဲ့လည်းမနီးဘူးနော် ။ကျမကိုယ်တိုင်လည်းအနွေးထည်လေးလိုချင်တယ်လို့ ဘယ်သူမှထုတ်မပြောဘူး။ အနွေးထည်လေးလာပေးတော့ ကျမကမေးလိုက်တာ ဘုရားဖူးသွားတာလားအန်တီ´´မဟုတ်ဘူး အန်တီသမီးကို အနွေးထည်လိုက်ပေးရင်း သမီးကိုအမှတ်ရလို့ ဝယ်လာပေးတာ´´ တဲ့ ကျမ ပျော်သွားတာပဲ ကျမ လိုခြင်တာရလိုက်တယ်
အောင်ခြင်းရှစ်ပါးဂါထာကို နောက်ပိုင်းမှာ တင်ပေးပါမယ်
စာရှည်သွားလို့ ဒီမှာတင်ခနရပ်လိုက်ပါမယ်နော်
မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်
writer khinzarwin

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63834.78
ETH 2627.38
USDT 1.00
SBD 2.78