မျိုးစေ့လေးတော့ ချန်စေချင်steemCreated with Sketch.

in #mu7 years ago (edited)

31044095_572532096461317_6833399079398014976_n.jpg

ဒီ Post လေးက MSU အဖွဲ့သားတွေ အပါအဝင် လူငယ်အားလုံးကိုပြောချင်တာပါ။ ဒီလိုပြောလိုက်လို့ ကျွန်တော်က အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်မဟုတ်ပါဘူး။ အသက် (၂၄) သာရှိသေးတဲ့ လူငယ်တစ်ယောက်ပါ :) :) ။

အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လူအများစုက ငွေကြေးစီမံခန့်ခွဲမှု အားနည်းတက်ကြပါတယ်။ ဒီအချက်သည် ပြေလည်သူ နှင့် မပြေလည်သူဟူ၍ လူတန်းစား (၂)ရပ်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ကျွန်တော်စာရေးထားသမျှသည် ကျွန်တော်တွေ့ကြုံခဲ့ရသမျှကို အခြေခံပြီးရေးသားခဲ့ပါတယ်။ ကျွန်တော်သည် Exchange လောကမှာ နေထိုင်ခဲ့တာအချိန်အတော်လေးရှိခဲ့ပါပြီ ဒါကြောင့် ဆရာကြီးတွေ/ လေးကြီးသူတွေ/ လူလိမ်တွေ/ အကြွေးခံသူတွေ/ လွယ်လွယ်ရ လွယ်လွယ်သုံးသူတွေ/ ငတေမာ သမားတွေ/ မျိုးစေ့ပြုတ်သူတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒီထဲမှာမှ မျိုးစေ့ပြုတ်ချင်တဲ့သူတွေအကြောင်းပြောပါ့မယ်။

Member တွေ သတိထားမိလားမသိဘူး ကျွန်တော်တို့စည်းကမ်းချက်ထဲမှာ အချိန်အတိုင်းအတာ တစ်ခုထိ Steem များကို ထုတ်ရောင်းချခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ အဲစည်းကမ်းကို ဖောက်ဖျက်လျှင် Member အဖြစ်မှ အနားပေးမယ်လို့လည်း ပြောပြီးဖြစ်ပါတယ်။ ဒါဟာ မျိုးစေ့ပြုတ်သူမဖြစ်ရလေအောင် တားမြစ်ထားတာဖြစ်ပါတယ်။

ကျွန်တော်တို့ MSU Road Map ထဲမှာ (၄)လ ကြာလျှင် Member တစ်ဦးမှာ SP (+45) တိုးဖို့ Target ထားပါတယ်။ ဖြစ်အောင်းလည်းကြိုးစားနေကြပါတယ်။

MSU သည် ရေရှည်သွားမည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ လုပ်ငန်းစတင် လည်ပတ်ချိန်မှာ အားနည်းချက်တွေ/ လုက်ငန်းနှင့် အသားမကျသေးတဲ့သူတွေရှိပါတယ်။Member များ Copy Post တစ်ချို့တင်နေတာကိုလည်း သိရှိရပါတယ်။ သို့ပင်မဲ့ အရေးယူမှုတွေမလုပ်သေးပါဘူး။ အမှန်တကယ်အရေးယူမှုတွေကို (1.5.2018) မှာ စတင်ပါ့မယ်။ MSU သည် Copy Right နှင့် သက်ဆိုင်၍ အထူးစည်းကမ်းထားရှိသော အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာလည်း အားလုံးအသိဖြစ်ပါလိမ့်မယ်။ စည်းကမ်းမလိုက်နာနိုင်သည့် Member များသည် ရေရှည်သွားလို့အဆင်ပြေနိုင်မည်မဟုတ်ပါဘူး။ အစပိုင်းတွင် Member များကျိုးစားပြီး စာတွေရေးသားကြတာ တစ်ကယ့်အားရစရာပါ။ လိုအပ်ချက်တွေရှိနေသော်လည်း ကျေနပ်ပါတယ်။ ဆက်ပြီး ကျိုးစားကြပါလို့ တိုက်တွန်းပါတယ်။

ဒီ Member တွေထဲမှာ မျိုးစေ့ပြုတ်ချင်သူတွေကတော့ရှိကြမှာပါ။ Member တွေရဲ လက်ရှိ SP တွေကိုလည်း Collect လုပ်ထားပါတယ်။ တစ်လတစ်ခါအမြဲ စစ်ဆေးနေမှာပါ။ Power Down ထားခြင်း/ Steem ထုတ်ထားခြင်းများမလုပ်ကြ ဖို့အကြံအေးပါရစေ။

ဒီလိုလုပ်လို့ Member တွေကိုအနိုင်ကျင့်တယ်လို့မထင်စေချင်ပါဘူး။ ဒါက ရေရှည်အတွက် အဆင်ပြေစေမည့်နည်းလမ်းတစ်ခုမို့ အားလုံးနားလည်းပေးကြပါလို့တောင်းဆိုပါရစေ။ ဒါနဲ့ Steem Password တွေကို မေ့လွယ်ပျောက်လွယ်တဲ့နေရာမှာ မထားကြပါနဲ့ဆိုပြောရင်ခဏနားပါရစေ

အဖွဲ့သားတွေ ပိုပြီးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။

@dpakyaw
Founder @ MSU
MSU NO 001

#MSU
#Myanmar

Sort:  

အားကျတယ် ကိုဒီပ
Onlineလောကမှာ အားအကျဆုံး

အကို နောက်memberထပ်ခေါ်ရင်
ဝင်ခွင့်ပေးပါအုံးနော်
ခုမှ စလုပ်တာမို့ နားမလည်သေးလို့ပါ

ကြိုးစားချက်ကတော့ အသက်နဲ့မလိုက် လေးစားပါတယ် ညီ

ကျေးဇူးပါ အကို
လုပ်နိုင်တဲ့ အရွယ်လေးမို့ ကြိုးစားနေတာပါ @komoekyaw

ချချ ညီလေး groupဖွဲထားတာလား
အောင်မြင်ပါစေFB_IMG_1523529336430.jpg

ဟုတ်ကဲ့ ကျိုးစားနေပါတယ် အကို

ား လည်ြုးစားနေပါတယ်

received_2022987001356373.gif

စာလုံးပေါင်းလေး သတိထားနော်

အော် ဟုတ်ကဲ့ အစ်ကို

အပြင်​​တော့ထုတ်​မ​ရောင်းပါဘူး
steem နဲ့ sbd ​တော့ exchange ​လေးလုပ်​ပါတယ်​ ​ဈေးအတက်​အကျ​လေး​စောင့်​ပြီး​တော့

ကျွန်တော်အကြံပေးချင်တာကတော့. SP များများစုစေချင်ပါတယ်

Respect bro😀

ကျေးဇူးပါ ခဗျ

Right rule and valuable advise.

Thank you For Your Support.
We are try the best We can.

Thanks for advice.

Yes bro
We r stronge together

မှန်ပါတယ် ကိုဒီပရေ။ ဘာမှ ထုတ်မစားပဲ sp ရသလောက် စုနေပါတယ် ။ နားမလည်သေးပေမယ့် ဆရာတွေညွှန်ကြားသလို လိုက်နာနေပါတယ်ဗျာ။

ဒီလို လုပ်တာရေရှည်အတွက်မို့ နောက်ပိုင်း နားလည်းကြပါလိမ့်မယ်။
ခုလောလောဆယ်တော့ သဘောထားကွဲချင် ကွဲကြမှာပေါ့။

အ​ကောင်းဆုံးဖြစ်​​အောင်​ ကြိုးစားပါမယ်​bro

Yes bro
Keep try on

Coin Marketplace

STEEM 0.09
TRX 0.31
JST 0.031
BTC 111745.68
ETH 3824.51
USDT 1.00
SBD 0.60